• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်အနောက်ပိုင်း ဝင်ရောက်သည့် မုန်တိုင်းကြောင့် ၁၁ဦးသေဆုံး

by ဧရာဝတီ
5 September 2018
in သတင်း
A A
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦ အပျက်အစီးများ / South China Morning Post

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦ အပျက်အစီးများ / South China Morning Post

9.7k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံ အနောက်ပိုင်းကို ဝင်ရောက်လာသည့် အင်အားပြင်း တိုင်းဖွန်း မုန်တိုင်း ဂျက်ဘီကြောင့် အနည်းဆုံး လူ ၁၁ဦး သေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရှိကြောင်း၊ ကန်ဆိုင်းလေဆိပ်တွင် ရေဖုံးလွှမ်း၍ သောင်တင်နေသော ခရီးသည် ၃ထောင်ကို လှေများဖြင့် စတင်ပြောင်းရွေ့ပေးနေကြောင်း ဂျပန်အာဏာပိုင်တို့က ယနေ့သတင်းထုတ်ပြန်သည်။

၂၅နှစ်အတွင်း အင်အား အပြင်းဆုံးဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်းကြောင့် နေအိမ်ပေါင်း ၁သန်းထက်မနည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီး ကမ္ဘာလှည့်ခရီးသွား ၃၀၀၀ ဝန်းကျင်မှာ ဂျပန်အနောက်ပိုင်း ကန်ဆိုင်း လေဆိပ်တွင် ညလုံးပေါက်နေထိုင်ခဲ့ရကာ လေဆိပ် ဆိုင်တဆိုင်မှ အစားအသောက်များ တန်းစီဝယ် ယူနေရသော သောင်တင်ခရီးသည်များကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
ကိုရီးယားဘာသာစကားဖြင့် ဝါးမျိုခြင်းဟု အတိုကောက်ခေါ်ဝေါ်သော ဂျက်ဘီ(Jebi) မုန်တိုင်းသည် စူပါတိုင်ဖွန်းမုန်တိုင်း အမျိုးအစားဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးတိုက်ခတ်ခဲ့ သောမုန်တိုင်းလည်း ဖြစ်သည်။

လေဆိပ်တာဝန်ရှိသူများက သောင်တင်နေသောခရီးသည်များကို အနီးရှိ ကိုဘေးလေဆိပ်သို့ မြန်နှုန်းမြင့်လှေများ၊ ဘတ်စ်ကားများဖြင့် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း အစိုးရကပြောသည်။

လေဆိပ်ပြန်လည်ဖွင့်မည့်အချိန်မှာ မသေချာသေးဘဲ ရှိနေပြီး မုန်တိုင်းဒဏ်ထိတွေ့ခဲ့ရသည့် လမ်းအချို့နှင့်ရထားသံလမ်း အချို့မှာ ပိတ်ထားရဆဲဖြစ်သည်။

JXTG နိပွန်ရေနံနှင့်စွမ်းအင်ကော်ပိုရှင်းက ဂျပန်အနောက်ပိုင်း၊ အိုဆာကာမြို့ရှိ တနေ့လျှင် စည် ၁၃၅၀၀၀ ထွက်ရှိသည့် အနည်းဆုံး ရေနံသန့်စင်စက်ရုံတရုံကို မုန်တိုင်းဒဏ်ကြောင့် အအေးခံစနစ် ပျက်စီး၍ ပိတ်ထားရကြောင်း ကုန်သွယ်ဝန်ကြီးဌာနက ဆိုသည်။

ကန်ဇိုင်းဒေသတွင် အီလက်ထရောနစ်ချစ်ပ်(chip) ပြားများ ထုတ်လုပ်သည့်စက်ရုံများစွာ တည်ရှိနေသည်ဖြစ်ရာ ကမ္ဘာ့ ဒုတိယမန်မိုရီချစ်ပ်ပြားထုတ်လုပ်သော တိုရှီဘာမန်မိုရီစက်ရုံကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်နေပြီး အကယ်၍ ကန်ဇိုင်းလေဆိပ် ဆက်လက်ပိတ်ထားလျှင် အခြားလေဆိပ်မှပြောင်း၍ ချစ်ပ်ပြားများ ဆက်လက်တင်ပို့ရမည် ဖြစ်ကြောင်း ပြောခွင့်ရသူတဦးက ရှင်းပြသည်။

တိုရှီဘာကုမ္ပဏီအနေဖြင့် ဂျပန်အလယ်ပိုင်း ယောက်ကိုင်ချီတင် စက်ရုံတည်ရှိ၍ တိုင်ဖွန်းမုန်ဒဏ်မှ ကင်းလွတ်ခဲ့ရသဖြင့် ကြီးကြီးမားမားထိခိုက်မှုမရှိဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပျက်စီးမှုအခြေအနေအပေါ်မူူတည်၍ ကန်ဇိုင်းလေဆိပ်ကို ပြန်ဖွင့်ရန် ရက်အတန်ကြာအချိန်ယူရ မည်ဖြစ်ကြောင်း လေကြောင်းလိုင်းမှ အမည်မဖော်လိုသူတဦး၏ပြောကြားချက်ကို ကိုးကား၍ ယိုမေအုရီသတင်းစာက ရေးသားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ဇူလိုင်လက ရေကြီးမှုကို အစိုးရဘက်မှ တုံ့ပြန်ကိုင်တွယ်မှုနှေးကွေးခဲ့ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဝေဖန်လိုက်ပြီး ယခုအခါလည်း ကန်ဇိုင်း၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ထပ်မံတိုက်တွန်းနှိုးဆော်သည်။

ဂျက်ဘီမုန်တိုင်းသည် ဂျပန်အနောက်ပိုင်းရှိ နေရာများသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းနေရာ များသည် ပြီးခဲ့သည့်ဇူလိုင်လက မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြှုပ်ကာ လူ ၂၀၀ ထက်မနည်း သေဆုံးခဲ့ရသောဒေသများနှင့် နီးကပ်သည်။ သို့သော် လေပြင်းဒဏ်ကြောင့် ယခုတကြိမ်တွင် အပျက်အစီးအများဆုံးဖြစ်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – ဂျပန်၌ မိုးကြီး၍ ရေကြီးမြေပြိုမှုကြောင့်၆၀ဦးခန့်သေဆုံး

Your Thoughts …
Tags: ဂျပန်တိုင်ဖွန်းမုန်တိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ယူကရိန်းတွင် ဖျက်ဆီးခံထားရသည့် ရုရှားတင့်ကားတစီး / AFP

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

by ဧရာဝတီ
6 June 2023
15.5k

မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင် ဒုံးကျည်အစိတ်အပိုင်းများကို ရုရှားက ပြန်လည်တင်သွင်းသည့် မှတ်တမ်းများကို တွေ့ရသည်။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

by Sadachika Watanabe
6 November 2025
4k

မြန်မာနိုင်ငံတွင် စစ်ဖြစ်နေပြီး နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်နေသော်လည်း ဂျပန်နှင့် တောင်ကိုရီးယားက ကူညီသည့် ကြီးမားသောတံတားများ တခုပြီးတခု ပြီးစီးသည်။

စစ်ရှုံး အရှက်

စစ်ရှုံး အရှက်

by လူထုစိန်ဝင်း
24 February 2024
3.9k

အကဲ့ရဲ့ ခံရမယ့် အရှက်တကွဲ အဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားကြတာ…

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

မြန်မာ့တော်လှန်ရေးအတွက် ဂျပန်ကို အကူအညီတောင်း

by ဧရာဝတီ
6 June 2024
3.8k

မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NUG သည် ဘုံသဘောတရားများ ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Next Post
မီးဖိုချောင်သုံးပစ္စည်းအများစုဟာ ကျန်းမာရေးပြဿနာတွေထဲမှာ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေနိုင်တယ်

ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ

ရန်ကုန်-မန္တလေးအမြန်လမ်းတနေရာ / ဓာတ်ပုံ/ဧရာဝတီ

အမြန်လမ်း ယာဉ်မတော်တဆမှု ၈ လအတွင်း ၆၀ ဦးသေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved