• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင် အဝေးပြေးလမ်း စီမံကိန်းကို စုံစမ်းစစ်ဆေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား

by ဇာနည်မာန်
16 October 2018
in သတင်း
A A
ကချင်ပြည်နယ်ရှိ လီဒိုလမ်းမပေါ်တွင် ယာဉ်များ မောင်းနှင်စီးနင်းသူများကို မြင်ရစဉ်  / လဝီဝမ်

ကချင်ပြည်နယ်ရှိ လီဒိုလမ်းမပေါ်တွင် ယာဉ်များ မောင်းနှင်စီးနင်းသူများကို မြင်ရစဉ် / လဝီဝမ်

10.3k
VIEWS
Share on FacebookShare on Twitter

ပြည်နယ်အစိုးရ၏ အဝေးပြေးလမ်းမကြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းကို စုံစမ်းစစ်ဆေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမှ ရှေ့နေတဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့အောက်တိုဘာလ ၁၃ ရက်နေ့က တိုင်ကြားလိုက်သည်။

ပြည်နယ်အစိုးရသည် ကျပ်ငွေ ၁၁ ဘီလီယံကုန်ကျသည့် ထိုစီမံကိန်းအတွက် ပြည်နယ်လွှတ်တော်၏ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိကြောင်းနှင့် ထိုလုပ်ငန်းအတွက် တင်ဒါခေါ်ယူသည့် မှတ်တမ်းလည်း မရှိကြောင်း ဦးတင်ထွန်းသိန်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“အဲဒီ ကျပ်ငွေ ၁၁ ဘီလီယံကို ဥပဒေနဲ့ အညီ၊ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ချပေးပြီး သုံးတာ ဟုတ်မဟုတ်နဲ့ အစိုးရက စနစ်တကျ တင်ဒါခေါ်မခေါ် စုံစမ်းစစ်ဆေးပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကျနော် တိုင်လိုက်တယ်” ဟု ဦးတင်ထွန်းသိန်းက ပြောသည်။

“ပြည်နယ်အစိုးရတွေ အနေနဲ့ ဒီလိုစီမံကိန်းမျိုးအတွက် ဘတ်ဂျက်ရေးဆွဲတဲ့အခါ လွှတ်တော်ကို တင်ပြဆွေးနွေးပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ရမယ်။ ပြီးတော့ ဥပဒေအရဆိုရင် ဈေးနှုန်းအဆိုပြုချက် တင်ဒါခေါ်ယူရမယ်။ အခုကျတော့ ပြည်နယ်အစိုးရက အဲဒီလို လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်တာမဟုတ်ပဲ အဲဒီငွေတွေ ဘယ်ကရောက်လာတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဘယ်လိုကိုင်တွယ်တယ်ဆိုတာက မေးစရာဖြစ်နေတယ်” ဟုလည်း သူကပြောသည်။

ဗန်းမော်နှင့် မြစ်ကြီးနားကို ဆက်သွယ်သည့် အဝေးပြေးလမ်းမှ မိုးမောက်မြို့နယ်အတွင်းရှိ ၂၃ မိုင်ရှည်လျှားသောလမ်းပိုင်းကို ကတ္တရာခင်း အဆင့်မြှင့်တင်ရန် ပြည်နယ်အစိုးရက ထိုစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းကို Power Five Star ကုမ္ပဏီက လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

“ပြည်နယ်အစိုးရတရပ်အနေနဲ့ လွှတ်တော်ကို မလေးစားရင်၊ လွှတ်တော်ကို တင်ပြခြင်းမရှိပဲ ဒီလိုလုပ်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒေသတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်တဲ့နေရာမှာလည်း အခက်အခဲတွေ ရှိလာမယ်။ ဒီအပြင် စီမံကိန်းအတွက် ခွင့်ပြုငွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကျနော်တိုင်ရတာ” ဟု ပြောသည်။

ထိုတိုင်ကြားမှုကို အောက်တိုဘာလ ၁၃ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အင်တာနက်မှ တဆင့် တိုင်ကြားခဲ့ကြောင်းနှင့် တိုင်စာကို လက်ခံရရှိကြောင်း ကော်မရှင်က အကြောင်းပြန်ကြောင်း သူပြောပြီး တိုင်ကြားသည့် စာရွက်စာတမ်းများကို ယခုအပတ်အတွင်း စာတိုက်မှပို့မည်ဖြစ်ကြောင်းလည်း ရှင်းပြသည်။

“တိုင်စာကို လက်ခံရရှိကြောင်းကော်မရှင်က အင်တာနက်ကနေ အကြောင်းပြန်တယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုကို ဘယ်တော့၊ ဘယ်လိုစတင်မယ်ဆိုတာတော့ ကျနော် မသိရသေးဘူး။ တိုင်စာ စာရွက်စာတမ်းတွေ၊ လိုအပ်တဲ့အထောက်အထားနဲ့ တခြားစာရွက်တွေကို စာတိုက်ကနေလည်း ပို့ပြီး တိုင်ကြားပါမယ်” ဟု သူက ဆိုသည်။

အဆိုပါ စီမံကိန်းအတွက် ခွင့်ပြုငွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ-နိုဝင်ဘာ လွှတ်တော်အစည်းအဝေးအတွင်းက အခြားခေါင်းစဉ်မှပြောင်းလဲ၍ အသုံးပြုရန် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းက ဧရာဝတီသတင်းဌာနသို့ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
60
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
293

“အမှန်တော့ အဲဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့စီမံကိန်းနဲ့ ခွင့်ပြုငွေကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီးသားပါ။ အဲ့ဒါက ကုန်းလမ်းပို့ဆောင်ရေးဌာနအောက်မှာ ရှိနေတဲ့ ပြည်နယ်တွင်း လမ်းအဆင့်မြှင့်တင် တိုးချဲ့ စီမံကိန်းတွေကနေ ခေါင်းစဉ်ပြောင်း လွှဲပြောင်းပေးခွင့် တင်ခဲ့တာမှာ လွှတ်တော်က ခွင့်ပြုကြောင်း အတည်ပြုထားခဲ့တဲ့ ရန်ပုံငွေဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေနဲ့ တခြားအကြောင်းတွေကြောင့် မလုပ်နိုင်သေးတဲ့ ဆိုင်းငံ့ထားတဲ့ လမ်းတံတား စီမံကိန်းဘတ်ဂျက်တွေကနေ လွှဲပြောင်းပြီး ဒီလမ်းပိုင်းအတွက် ခေါင်းစဉ်ပြောင်း တင်ထားတဲ့ဟာပေါ့” ဟု သူက ရှင်းပြသည်။

ဝန်ကြီးဌာနသည် ထိုခွင့်ပြုငွေကို ဥပဒေနှင့် အညီ အဆိုပါ လမ်းပိုင်းအတွက် ချမှတ်ပေးခဲ့ပြီး ငွေအလွဲသုံးစားခြင်းမရှိစေရန်လည်း ကြပ်မတ်ထားသည်ဟု သူက ပြောသည်။

“ဒီ စီမံကိန်းနဲ့ ခွင်ပြုငွေနဲ့ပတ်သက်ပြီး ဒေသတွင်းမှာ ကောလဟလတွေကတော့ အများကြီး ဖြစ်နေတယ်။ လမ်းက သတ်မှတ်စံနှုန်း မမှီဘူးဆိုပြီး ပြောနေကြလို့ နေပြည်တော်က အဖွဲ့တဖွဲ့ ဒီကိုရောက်လာပြီး လမ်းအဆင့်မြှင့်တင်တဲ့လုပ်ငန်း အရည်အသွေးကို လာစစ်နေတာ ရှိတယ်။ ကျနော်တို့မှာတော့ ခွင့်ပြုငွေနဲ့ပတ်သက်တဲ့ တရားဝင် အချက်အလက် စာရွက်စာတမ်းတွေ အကုန်ရှိပါတယ်။ အဂတိကော်မရှင်အနေနဲ့ဖြစ်ဖြစ်၊ ဘယ်လိုဌာနကပဲဖြစ်ဖြစ် ဘယ်သူမဆို အချိန်မရွေးလာစစ်ရင် စစ်ဆေးခံဖို့ အသင့်ပါပဲ” ဟု ဦးဝေလင်းက ပြောသည်။

Your Thoughts …
Tags: ကချင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဝေးပြေးလမ်း စီမံကိန်း
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

by ဧရာဝတီ
15 September 2023
8.9k

အလားတူ မြစ်ကြီးနား စစ်ကြောင်းသည်လည်း ဝိုင်းမော်မြို့ တောင်ဘက် ဒဘတ်ယန်ရွာ၌ KIA နှင့် KPDF တို့၏ တိုက်ခိုက် မှုကြောင့် အကျအဆုံးများကာ ရှေ့မတိုးနိုင်ဘဲ ရပ်နေပြီး သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် အချို့၏ အလောင်းများကို စက်တင်ဘာ ၁၀ရက်က...

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

စစ်ဦးစီးချုပ်သစ်နှင့်အတူ တပ်မဟာအသစ်ပါ ဖွဲ့လိုက်တဲ့ KIA

စစ်ဦးစီးချုပ်သစ်နှင့်အတူ တပ်မဟာအသစ်ပါ ဖွဲ့လိုက်တဲ့ KIA

by ဧရာဝတီ
31 May 2024
6.5k

KIA ရဲ့ သမိုင်းဝင်နေ့ရက်ဖြစ်တဲ့ မေလ ၁၈ ရက်နေ့မှာပဲ စစ်ဦးစီးချုပ်သစ် ခန့်အပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေ့ဟာ ၁၉၆၁ ခုနှစ် သိန္နီမြို့အရှေ့တောင်ဘက်က ယခုတော့ Ja Yang ဟုခေါ်တဲ့ နေရာမှာ စစ်တပ်နဲ့...

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

သားရိုင်းကို သွေးအရသာ ပေးမသိစေရ

သားရိုင်းကို သွေးအရသာ ပေးမသိစေရ

by ရဲမျိုးဟိန်း
24 October 2023
6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ အသိုက်အဝန်းက ဖြစ်ပေါ်စေသည့် အပြစ်ကင်းလွတ်ခွင့်စနစ်၏ ထုတ်ကုန်တခုသာ ဖြစ်သည်။

Next Post
Facebook သုံးစွဲနေသူ တဦး  / မျိုးမင်းစိုး / ဧရာဝတီ

Facebook အကောင့်များ ပိတ်ရာ၌ အကြောင်းပြချက် ခိုင်လုံရန်လို ဟုဆို

သရုပ်ဆောင် ပြေတီဦး  / ဧရာဝတီ

အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved