• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

by ဧရာဝတီ
15 September 2023
in သတင်း
A A
နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

ကချင်လွတ်လပ်ရေး တပ်မတော် KIA မှ ကချင်စစ်သားများ/Reuters

8.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာဝန်းကျင်၌ ပိတ်မိနေသည့် စစ်ကောင်စီတပ်များထံ စစ်ကူလာသော စစ်ကြောင်း အတိုက်ခံရပြီး ကား ၁၀စီးခန့် ပျက်စီးကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဇူလိုင် ၃ ရက်ကတည်းက KIA ဌာနချုပ် လိုင်ဇာမြို့သို့ ဦးတည်လာသည့် အင်အားရာဂဏန်းပါ စစ်ကောင်စီစစ်ကြောင်းမှာ မြစ်ကြီးနား – ဗန်းမော်ကားလမ်းဘေး နမ်ဆန်ယန်ရွာ အရှေ့ဘက် နမ်ဆန်ချောင်းဘေးရှိ လေးလုံးခန်းရွာတွင် KIA တပ်များ၏ တိုက်ခိုက်မှုကြောင့် ပိတ်မိနေခြင်းဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
29
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
24
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
38

ထိုတပ်ကိုကူရန် မြစ်ကြီးနားနှင့် ဒေါ့ဖုန်းယန်မှ စစ်ကြောင်းနှစ်ကြောင်း စေလွှတ်ခဲ့ရာ စက်တင်ဘာ ၉ ရက်က ဒေါ့ဖုန်းယန်မှ လာသည့် ကား အစီး ၂၀ကျော်ပါ စစ်ကြောင်းသည် မြို့မြောက်ဘက် ၃ မိုင်အကွာရှိ ခလားယန်ရွာဝန်းကျင်၌ KIA နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့၏ ပိတ်ဆို့တိုက်ခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။

KIA မှ ဗိုလ်မှူးကြီးနော်ဘူက “၁၀ ရက်နေ့မှာ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာရှိတယ်။ ကားတွေလည်း တချို့က ပျက်စီးသွားတယ်။ မီးလောင်သွားတယ်။ ၁၁ ရက်မှာ သူတို့ကားတွေကို ဒေါ့ဖုန်းယန်ဘက် ပြန်ခေါက်သွားတယ်။ ပျက်စီးသွားတဲ့ ကားတွေကိုလည်း ဒေါ့ဖုန်းယန်မှာ ပြန်စုထားတယ်” ဟု ဆိုသည်။

အလားတူ မြစ်ကြီးနား စစ်ကြောင်းသည်လည်း ဝိုင်းမော်မြို့ တောင်ဘက် ဒဘတ်ယန်ရွာ၌ KIA နှင့် KPDF တို့၏ တိုက်ခိုက် မှုကြောင့် အကျအဆုံးများကာ ရှေ့မတိုးနိုင်ဘဲ ရပ်နေပြီး သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် အချို့၏ အလောင်းများကို စက်တင်ဘာ ၁၀ရက်က မြစ်ကြီးနားဘက်သို့ ပြန်သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဘတ်ယန်ရွာနှင့် ဂျာပူရွာကြားတွင် ရှိနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ခလားယန်တိုက်ပွဲတွင် ပျက်စီးသွားသော စစ်ကောင်စီကား / Kachin News Group

၎င်းက “ဗန်းမော်၊ ဒေါ့ဖုန်းယန် ဘက်ကလာတဲ့ စစ်ကူကတော့ မပေါင်းစည်းရသေးဘူး။ မြစ်ကြီးနားဘက်ကနေလာတဲ့ စစ်ကြောင်းကလည်း အများကြီး လိုသေးတာပေါ့” ဟုဆိုသည်။

နမ်ဆန်ယန်ကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းတွင် စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံတပ်များ ခလရ ၁၃၆ ၊ ခမရ ၅၆ ၊ ခမရ ၃၇ ၊ ခမရ ၃၂၁ စသည့် တပ်ရင်းများပါဝင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

KIA ဘက်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းများ ၊ လှုပ်ရှားတပ်မဟာ အမှတ် (၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များ အဓိက တိုက်ခိုက်နေကြောင်း သိရပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ KPDF တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်အချို့က ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနား – ဗန်းမော်ကားလမ်း တလျှောက် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ် ရှေ့တိုးလာပါက တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း ဆိုသည်။

ခလားယန်တိုက်ပွဲတွင် ပျက်စီးသွားသော စစ်ကောင်စီကား / Kachin News Group

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားရာဂဏန်းခန့်ဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် လိုင်ဇာမြို့ အနောက်မြောက်ဘက် ၁၃ မိုင်နီးပါးအကွာရှိ KIA ဗဟိုဌာနချုပ်အတွက် လုံခြုံရေးအရ အရေးပါသည့် နမ်ဆန်ယန်တွင် KIA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် လိုင်ဇာမြို့ကိုသိမ်းယူရန် အင်အားအသင့် စုဖွဲ့လာခြင်းဖြစ်ကြောင်း ရေးသားမှုအချို့ရှိခဲ့သော်လည်း ၂ လကျော်အကြာအထိ တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်။

စစ်ရေးလေလာနေသူ တဦးကလည်း စစ်ကောင်စီတပ်သည် တပ်ရင်း ၁၀ ရင်းခန့်သုံးကာ KIA ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လတ်တလောတွင် အင်အားဖြည့်တင်းရန်မလွယ်ကြောင်းပြောသည်။

၎င်းက “လက်ရှိ အင်အားနည်းတော့ သူထပ်ထိုးလို့ မရဘူး၊ လောလောဆယ် ရောက်တဲ့နေရာမှာ ရပ်ပြီး ဆိုင်ထားပြီး တပ် အင်အား ထပ်ဖြည့်ပြီးမှပဲ ထိုးလို့ရမယ်ထင်တယ်။ တပ်အင်အားဖြည့်ဖို့ကလည်း လောလောဆယ်အခြေအနေက သိပ် မလွယ်ဘူး ဒါပေမယ့် မဖြစ်ဖြစ်အောင် နမ်ဆန်ယန်မှာ ဆက်တိုက်ချင်တယ်ဆိုရင်တော့ တခြားဒေသက တပ်တွေကို မဖြစ်ဖြစ်အောင် ထုတ်ရလိမ့်မယ်နဲ့တူတယ်။ အချို့ကို ထပ်ဖြည့်ပြီးမှပဲ ထပ်ထိုးလိမ့်မယ်ထင်တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ရှေ့ဆက်တိုးပါက KIA သည် ချေမှုန်းရေးတိုက်ပွဲများ လုပ်ဆောင်လာနိုင်ကြောင်း သူက ဆိုသည်။

“စစ်ကောင်စီက ဆက်တိုးရင်တော့ KIA က ဆက်တိုက်မယ့်သဘောပဲ။ သူကတော့ ခံစစ်နဲ့သတ်မှာပဲ ခဲယမ်း မီး ကျောက်လည်း ပြည့်စုံနေတာကိုး။ ထိုးလာတဲ့ တပ်ကတော့ လမ်းကြောင်းမှာအတိုက်ခံရမယ်။ သူ့စခန်းသွားထိုးရင် အတိုက်ခံရမှာပဲ။ KIA ဘက်ကတော့ သွားတိုက်စရာမလိုဘဲ ချေမှုန်းရေးရတဲ့ တိုက်ပွဲပဲ” ဟု စစ်ရေးလေ့လာသူက သုံးသပ်သည်။

You may also like these stories:

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲပြင်းထန်

ကချင်တွင် ဒေသခံများအား ဖမ်း၍ လူသားဒိုင်းအဖြစ် အသုံးပြုနေ

Your Thoughts …
Tags: KIAကချင်ကချင်လွတ်လပ်ရေးတပ်မတော်ဒေါ့ဖုန်းယန်နမ်ဆန်ယန်မြစ်ကြီးနားဝိုင်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစား

ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate