• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်

by ဧရာဝတီ
3 February 2022
in သတင်း
A A
ဖေဖေါ်ဝါရီ ၃ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ ရဲစခန်းကို KIA နှင့် PDFတို့မှ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ပစ္စည်းများ / Public Voice Television

ဖေဖေါ်ဝါရီ ၃ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ ရဲစခန်းကို KIA နှင့် PDFတို့မှ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ပစ္စည်းများ / Public Voice Television

9.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေကုပ်စခန်း ၂ ခုကို ကချင်လွတ်လပ် ရေးတပ် (KIA) နှင့် ကချင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း KIA ထံမှ သိရသည်။

မိုးညှင်းမြို့တောင်ဘက် ၁၆ မိုင်အကွာ မန္တလေး-မြစ်ကြီးနား ကားလမ်းမဘေးရှိ မော်ဟန်ရွာ နယ်မြေရဲစခန်းကို ယနေ့ နံနက် ၃ နာရီခွဲတွင် KIA ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီသို့ ပြောသည်။

“မနက် ၃ နာရီကျော်ကတည်းက ဝင်တိုက်တယ်လို့ ကြားပါတယ်။ မနက်မိုးလင်းချိန်မှာ ပြီးသွားတာပေါ့။ အဲဒီနောက်တော့ စခန်းကို ဝင်စီးပြီးနောက် ဖျက်ဆီးလိုက်တယ်လို့ သတင်းရပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကို KIA တပ်မဟာ ၈ လက်အောက်ခံ အမှတ် (၃၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပြင်းပြင်းထန်ထန် ခုခံမှု မရှိကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင် ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မော်ဟန်ရဲစခန်းကို သိမ်းပိုက်ခဲ့သည့် အမှတ် (၃၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် Mohnyin Revolution အဖွဲ့မှ ဦးစောကလည်း တိုက်ပွဲမှာ သိပ်မကြာလိုက်ကြောင်း၊ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် ရဲတပ်ကြပ် ၁ ဦး သေဆုံးခဲ့ သည်ဟု သိရကြောင်း ဧရာဝတီသို့ ပြောသည်။

“၁ နာရီ မပြည့်ပါဘူးဗျ တိုက်ရတာ။ တိုက်ပွဲက အရမ်းမကြာဘဲ ပြီးပါတယ်။ ရဲဘက်က ဖရဲသီးတွေ အဆိုအရ စခန်းမှူး ကောင်းမြတ်ကိုကိုနဲ့ အခြားအဆင့်တယောက် ပျောက်နေကြောင်း ပြောထားတာ ရှိပါတယ်။ ဒီဘက်က အထိ အခိုက်တော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများမှ ထုတ်ပြန်သည့် ဓာတ်ပုံများအရ KIA နှင့် PDF များသည် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံမှ AK 47 ရိုင်ဖယ် ၁ လက်၊ BA-93 စက်သေနတ် ၂ လက်၊ BA-94 စက်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၄ လုံးနှင့် ကျည်ဆန်များ သိမ်းဆည်းရမိထားကြောင်း တွေ့ရသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့တောင်ဘက် ဂျာရာယန်ကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်း ကို KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း (၆) မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည်လည်း ရှိကြောင်း KIA ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဂျာရာယန်စခန်းကို KIA ဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း KIA ဘက်ကမူ စခန်းသိမ်းဆည်းရမိသည့် အခြေအနေနှင့် ပတ်သက်၍ အတည်ပြုခြင်း မရှိသေးပါ။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဂျာရာယန်လည်း ဝင်တိုက်တယ်ဆိုတဲ့သတင်း ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ပြီးသွားတယ် ဆိုတာကတော့ အခုထိ မရသေးပါဘူး” ဟု ဆိုသည်။

ဖားကန့်မြို့နယ် ဒေသခံ အမျိုးသမီးတဦးကလည်း ဂျာရာယန်ရွာဘက်တွင် စစ်ကောင်စီတပ်နှင့် အမည်မသိ လက်နက်ကိုင် တပ်များအကြား ယနေ့နံနက် ၃ နာရီ ဝန်းကျင်ကတည်းက တိုက်ပွဲဖြစ်နေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
87

“ဂျာရာယန်မှာ ဖြစ်တာပေါ့။ ဂျာရာယန်နဲ့ ကပ်လျက် ၅ မိုင်၊ ၆ မိုင်မှာလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အထိအခိုက် ရှိတယ် မရှိဘူး ဆိုတာတော့ မသိသေးပါဘူး။ ဖားကန့်အခြေစိုက် ဗျူဟာကုန်း၊ တပ်မ ၃၃ လက်အောက်ခံပေါ့။ အဲဒီကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ပေးနေပါတယ်။ မနက် ၃/၄ နာရီလောက်မှာ စကြားရတယ်။ ပစ်သံခတ်သံ၊ ပေါက်ကွဲသံတွေပေါ့။ အခုလည်း ကြားနေရပါတယ်။ လက်နက်ငယ် အသံတွေလည်း ကြားရပါတယ်” ဟု ၎င်းက ဆိုသည်။

KIA နှင့် PDF တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခြေကုပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီဝန်းကျင်က ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ကြား ဆွမ်ပီယန် ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်ဖွဲ့ဝင်များနှင့် PDF Putao မှ တပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်လည်း ရှိသည်။

PDF Putao က ထုတ်ပြန်ထားသည့် ဓာတ်ပုံများထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် MA ချေမှုန်းရေး ရိုင်ဖယ်များ၊ အီနာဂါဗုံးသီးများ၊ ကျည်အိမ်များနှင့် ကျည်ကာ အင်္ကျီအချို့ကို KIA နှင့် PDF တပ်ဖွဲ့ဝင်များက သိမ်းဆည်း နေကြောင်း တွေ့ရသည်။

ထို့ပြင် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး အသက်ရှင်လျက် ဖမ်းမိခဲ့သေးကြောင်း PDF ပူတာအိုက သတင်းထုတ်ပြန်ခဲ့သည်။

KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၌သာမက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ အမှတ် ၂၄၁ ခြေလျင်တပ်ရင်းအား သွားရောက် တိုက်ခိုက်ခဲ့မှုလည်း ရှိကြောင်း သိရသည်။

KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့ သည် စစ်ကောင်စီစခန်းကို နံနက် ၇ နာရီ ဝန်းကျင်တွင် ဗုံးပစ်လောင် ချာဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

KIA ဘက်က ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခဲ့သဖြင့် ကွတ်ခိုင်မြို့ အခြေစိုက် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ အသင်းသား ၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း KIA နှင့် စစ်ကောင်စီ လက်အောက်ခံတပ်များကြား တိုက်ပွဲပေါင်း ၄၀၀ ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးဌာနမှ သိရသည်။

You may also like these stories:

ပူတာအိုက စစ်ကောင်စီ တပ်စခန်း KIA နှင့် PDF ပူးပေါင်း သိမ်းပိုက်

Your Thoughts …
Tags: KIAPDFခြေကုပ်စခန်းစစ်ကောင်စီတိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကောလင်းမြို့အထွက်တွင် တွေ့ရသည့် ဒေသခံ PDF တချို့  / ကောလင်း PDF

ကောလင်း၊ ပင်လည်ဘူးမှ Non CDM ဝန်ထမ်းများ တပတ်အတွင်း နုတ်ထွက်ရန် သတိပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများရေတွက်နေပုံ / ဧရာဝတီ

ပြည်နယ်နှင့်တိုင်း ရွေးကော်အဖွဲ့ဝင်ဟောင်းများကို ပြစ်ဒဏ်များချနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved