• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး

by ချစ်ပိုး
16 October 2018
in Entertainment
A A
သရုပ်ဆောင် ပြေတီဦး  / ဧရာဝတီ

သရုပ်ဆောင် ပြေတီဦး / ဧရာဝတီ

31.5k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ပြေတီဦးက မလေးရှား ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးထားတဲ့ “တစ္ဆေပါလာပြီ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး သရဲကားတွေ သိပ်မရိုက်ဖြစ်တဲ့ ပြေတီဦးက ဒီဇာတ်ကားကို ပြန်ကြည့်ပြီး ကြက်သီးထခဲ့ရတယ်လို့ ဆိုပါတယ်။

“တစ္ဆေပါလာပြီ” ဇာတ်ကားရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ပတ်သက်လို့လည်း ပြေတီဦးက အခုလိုပဲ ပြောပါတယ်။

“သရဲကားက ကျနော် သိပ်မရိုက်ဖြစ်ဘူး။ ကိုညိုမင်းလွင်ရိုက်တဲ့ ညကျောင်းတုန်းကလည်း သရဲခြောက်တာမျိုးတော့ မဟုတ်ဘူး။ တစ္ဆေပါလာပြီ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကြက်သီးတွေထတယ်။ ဒီကားကအရမ်းပင်ပန်းတယ်။ သရဲတော့ အခြောက် မခံဖူးဘူး။ နယ်တွေသွားလည်း တယောက်တည်းပဲ အိပ်တာ”

“ကျနော်က အိပ်ရင် မနိုးလို့လားတော့ မသိဘူး။ ခြောက်မယ့် သရဲတောင် မခြောက်တော့ဘူး။ သရဲလည်း မကြောက်တတ်ဘူး။ နယ်တွေသွားရင်လည်း စာဖတ်စရာ ရှိရင်ဖတ်တယ်။ ပုတီးစိပ်လိုက်နဲ့တင် မအားဘူး။ ဒီဇာတ်ကားကြည့်ပြီး သင်ခန်းစာယူတတ်ရင် သူများပစ္စည်း အချောင်လိုရင် ဒုက္ခရောက်တတ်တယ်ဆိုတာကို သင်ခန်းစာယူတတ်ရင် ယူလို့ရတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးခဲ့စဉ်က ဒါရိုက်တာက မလေးရှား ဒါရိုက်တာ ဖြစ်တဲ့အတွက် ဘာသာစကား ပြောဆိုမှု အပိုင်းတွေမှာ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ပြေတီဦးက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“မလေးရှား ဒါရိုက်တာတွေနဲ့ အဓိကကြုံတွေ့ရတာက ဘာသာစကားပေါ့။ တချို့ ဟာတွေက သူတို့ဘာသာနဲ့ အဆင်ပြေအောင် ရေးထားပေမယ့် ကျနော်တို့အနေနဲ့ အဆင်မပြေတာလေးတွေတော့ ညှိရတယ်။ သူတို့ကလည်း မြန်မာ့ဓလေ့တွေ မသိတဲ့အခါ ရှင်းပြရင် တလေးတစားနဲ့ ညှိနှိုင်းပေးတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ပြေတီဦးက လတ်တလောမှာတော့ ရိုက်ကူးရေးအတွက် ပြည်ပကို မကြာခဏဆိုသလို သွားနေရပြီး အနုပညာနဲ့ ပတ်သက်ရင်လည်း ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ သရုပ်ဆောင် မင်းသား တဦး ဖြစ်ပါတယ်။

ပြေတီဦးဟာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ ခုနှစ်မှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်”၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ “အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများ” ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

Your Thoughts …
Tags: တစ္ဆေပါလာပြီပြေတီဦး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

သရုပ်ဆောင် ပြေတီဦး

အသက် ၄၀ ပြည့်သွားပြီ ဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး

by ယုမွန်ကျော်
30 November 2018
15.6k

ပြေတီဦးက အခုချိန်မှာတော့ "ပြေသုန္ဒြာ"လို့ခေါ်တဲ့သမီးတဦးနဲ့ "ပြေဓိရ" လို့ခေါ်တဲ့သားတဦးရဲ့ ဖခင်လည်းဖြစ်နေပါပြီ။

စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်သော်လည်း ကြည့်သူမရှိ ဖြစ်နေသည့် ရန်ကုန်မြို့မှ သမ္မတရုံမြင်ကွင်း  / CJ

ကြည့်သူမရှိသဖြင့် ရုပ်ရှင်ရုံအချို့ ယာယီပိတ်ထားရ

by ဧရာဝတီ
6 May 2022
19.5k

လူမဝင်တော့ တချို့က စရိတ်မကာမိဘူး။ အဲဒါကြောင့် ရုံအချို့ ပိတ်လိုက်တာ။ Paradiso ရုပ်ရှင်ရုံအချို့လည်း ပိတ်ထားတယ် ကြားတယ်။ အခုက အခြေအနေ မကောင်းဘူး။ နောက် ပိုင်တံခွန်ကားကို မျှော်လင့်ပြီး စောင့်ကြည့် တာပေါ့။ ပိုင်တံခွန်ကား ပြီးသွားရင်တော့...

ပြန်လည်လွတ်မြောက်လာသည့် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊  ပိုင်တံခွန်နှင့် ဆက်လက်အကျဉ်းချ ခံထားရသည့် စောဖိုးခွား၊ ပိုပို၊ ရဲတိုက်၊

အနုပညာရှင်အချို့ ပြန်လွတ်မြောက်သော်လည်း စောဖိုးခွား၊ ပိုပိုနှင့် ရဲတိုက်တို့ မပါသေး

by ဧရာဝတီ
2 March 2022
9.6k

အင်းစိန်ထောင်တွင်း ပုဒ်မ ၅၀၅-က နှင့် ပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံနေရသည့် Beauty Blogger ဝင်းမင်းသန်းမှာ ပုဒ်မ ၅၀၅-ကဖြင့် ကျခံနေရသည့် ပြစ်ဒဏ်များအပေါ် လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း...

ဒါရိုက်တာ ညိုမင်းလွင် ၊ သရုပ်ဆောင် ပြေတီဦး

သူငယ်ချင်း ပြေတီဦးနဲ့ အမှတ်တရတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ညိုမင်းလွင်

by ချစ်ပိုး
5 September 2019
5.6k

"ကျနော်တို့ အချင်းချင်း စနောက်လို့ စိတ်ဆိုးသွားရင် ဆိုးတဲ့သူ အလွန်ပဲ။ အရင်တုန်းကတော့ သူလည်း ဘာမှ မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှ မဟုတ်သေးဘူး။

သရုပ်ဆောင် ပြေတီဦး / ချစ်ပိုး / ဧရာဝတီ

“ငရဲဆို ချိုနဲ့လားဗျို့” ရုပ်ရှင်ကို နိုဝင်ဘာလမှာ ရိုက်ဖို့ အခုကတည်းက ပြင်ဆင်နေတဲ့ ပြေတီဦး

by ချစ်ပိုး
18 June 2019
3.7k

“ငရဲဆို ချိုနဲ့လားဗျို့ ရုပ်ရှင်အတွက် အူဝဲဆီကနေလည်း အကြံဉာဏ်တွေ ယူပါတယ်။ ဇာတ်ကောင်တွေက ဘယ်သူနဲ့ လိုက်သလဲ ဘယ်သူ့ကို ရွေးမလဲပေါ့။

Next Post
ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲဒုတိယနေ့သို့ တက်ရောက်လာသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကာချုပ် မိန့်ခွန်း၊ ဟိုတယ် ပြန်သွားတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ထိပ်သီးဆွေးနွေးပွဲ

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းတခု  / အောင်ကျော်ထက် / ဧရာဝတီ

ဒေါ်လာဈေးကစားသူ လှလေးစိန်ကို စသုံးလုံး ဖမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved