• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဆို

by ဇူးဇူး
7 December 2018
in သတင်း
A A
ရန်ကုန်တွင် ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖိုရမ်  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တွင် ကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖိုရမ် / ထက်ဝေ / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ အတိုင်း ပြတ်ပြတ် သားသား အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် “အဂတိ လိုက်စားမှု တားဆီး ကာကွယ်ဖို့ တာ ဝန် ယူမှု မြှင့်တင်ကြပါစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ယမန်နေ့က ဖိုရမ် ပြုလုပ်ရာ ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက် ခြင်း ဖြစ်သည်။

ဦးအောင်ကြည်က“နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့တဲ့စိတ်နဲ့ အများ ပြည်သူရဲ့ ရေရှည် အကျိုးစီးပွား အတွက် အဂတိ လိုက်စားမှုကို အောင်မြင်အောင် တိုက်ဖျက်နိုင်ရမယ် ဆိုတဲ့ သန္တိဋ္ဌာန်စိတ်နဲ့ ကျနော်တို့ဟာ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်ပြတ်သားသား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

အဆိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာသည် ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်သော ကျင့်ဝတ် သိက္ခာ ဆိုင်ရာ စာတမ်း ဖတ်ပွဲမှ ဆွေးနွေး တင်ပြချက်များကို ပြည်တွင်း ပြည်ပ ကျွမ်းကျင် သူများနှင့် ညှိနှိုင်း ရေးဆွဲ ထား သည့် မဟာဗျူဟာ ဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းမဟာဗျူဟာကို ယခု ဖိုရမ်သို့ တက်ရောက်လာသူများ အနေဖြင့် ဝေဖန် ထောက်ပြခြင်း၊ ဖြည့်စွက် အကြံပေးခြင်း များ ပြုလုပ်ပေးရန် ဦးအောင်ကြည်က ပြောသည်။

ဦးအောင်ကြည်က“အဂတိ လိုက်စားမှုကို တိုက်ဖျက်လိုတဲ့၊ ပြုပြင်ပြောင်းလဲလိုတဲ့ ခေါင်းဆောင်များအနေနဲ့ အဂတိ လိုက်စားမှုကို အရေးယူ မခံရဘဲ လွတ်ကင်းနေနိုင်သူ မရှိရအောင် စီမံခန့်ခွဲနိုင်မှသာ အဂတိလိုက်စားမှုကို နောက်ထပ် မဖြစ်အောင် အမှန်တကယ် တားဆီး ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်”ဟုလည်း ထည့်သွင်း ပြောဆိုသွားသည်။

ယင်းဖိုရမ်ကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီစဉ် (UNDP)၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၈-၂၀၂၁) ပါ ရည်မှန်းချက်တွင် အစိုးရ ဌာန အဖွဲ့ အစည်း များ၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်း ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် အဂတိ လိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေ ဆုံးရှုံးမှု ကို ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ လျှော့ချနိုင်ရန်ဟု ဖော်ပြထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တခုကဲ့သို့ နက်ရှိုင်းစွာ ပျံ့နှံ့နေသော အဂတိ လိုက်စားမှုကို သိသာ ထင်ရှားစွာ ကျဆင်း သွားစေရန်နှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်း တွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း ညွှန်းကိန်း သိသာထင်ရှားစွာ အဆင့် တိုးတက်လာစေရန် ဟူ၍လည်း ဖော်ပြ ပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူပုဂ္ဂိုလ်ကို ဦးမတည်ဘဲ စနစ်ကိုသာ ဦးတည် တိုက်ခိုက်ရမည် ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုတွင် မည်သူမျှ ကြားနေ၍ မျက်စိမှိတ်ထား၍ မရကြောင်း၊ မျက်စိမှိတ်ထားခြင်းသည် အမှောင်သမား ဘက်မှ ရပ်တည်ခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ ရှိသူများဖြစ်သည့် အစိုးရဌာနများ အပါအဝင် အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများသည် မျက်စိကိုဖွင့်ပြီး စောင့်ကြည့်နေခြင်းကပင် မိမိတို့ တာဝန်ယူမှုရှိကြောင်း ဖော်ပြနေခြင်း ဖြစ်သည် ဟု ဦးအောင်ကြည်က ရှင်းလင်းသည်။

“ကော်မရှင်က ကနဦး ခြေလှမ်း အနေနဲ့ ငါးကြီးကြီးကို ကြော်ပြရပါတယ်။ ငါးကြီးကြီး ကြော်နေတုန်းမှာပဲ သစ်ပင်ရဲ့ အနိမ့် ကိုင်းမှာ သီးနေတဲ့ အသီးပုပ်တွေကိုလည်း ရနိုင်သလောက် လှမ်းပြီး ခြွေချနေရပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက် ရေးကို တကယ်လုပ်လာပြီဆိုရင် ဘယ်နိုင်ငံမှာ မဆို ဒီလို စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေကို မလွဲ မသွေ ဖြတ်ကျော် ကြရမှာပဲ”ဟုလည်း ၎င်းက ဆိုသည်။

ယမန်နေ့က ဖိုရမ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင် ဦးမြင့်၊ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်၊ ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ) တို့ကလည်း ဆွေးနွေး ပြောကြားခဲ့ကြပြီး နေ့လယ်ပိုင်းတွင် “အဂတိလိုက်စားမှု တားဆီး ကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဟူသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲလည်း ပြုလုပ်သည်။

ဖိုရမ် တက်ရောက်လာသူ ဒေါက်တာ အောင်ထွန်းသက်က အဂတိ လိုက်စားမှုဟူသည် မိမိကို ယုံကြည်၍ အပ်ထား သည့် အခွင့်အာဏာကို အလွဲသုံးစား လုပ်ခြင်းဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် ပတ်သက်လျှင် ကြီးကြီး သေးသေး လုံးဝ လက်မခံ သင့်ကြောင်း အလေးပေး ပြောဆိုသွားသည်။

“ကိုယ်ကျိုး အတွက် လုပ်တာသည် Corruption။ ကျနော့် စိတ်ထဲ Culture လို့ယူဆတယ်။ အကျင့်ကို ပါနေပြီ။ အဲဒီ အကျင့်ကို ဖျက်ရအောင်။ ခွင့်လွှတ်လိုက်ပါ။ နားလည်ပေးလိုက်ပါလို့ မပြောကြပါနဲ့တော့။ ခွင့်လွှတ်စရာ နားလည်ပေး စရာ အကြောင်း တပြားမှ မရှိဘူး။ လက်ဖက်ရည်ဖိုးပေး ထမင်းဖိုးပေးတဲ့ Culture ကို ဖျောက်မှ ရမယ်လို့ ပြောချင်ပါ တယ်”ဟု ၎င်းက ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ငြိစွန်းလာပါက ဆူကြုံ နိမ့်မြင့် ရာထူးဌာနန္တရ လူပုဂ္ဂိုလ် အဖွဲ့အစည်း မခွဲခြားဘဲ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်၊ ပြန်ကြားရေး လုပ်ငန်း ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ထပ်လောင်း ပြောဆိုသည်။

“ကျနော်တို့ တနှစ်ကျော် အတွင်း လုပ်ကိုင် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အခက်အခဲတွေလည်း ရှိတယ်။ အောင်မြင် မှုတွေလည်း ရှိတယ်။ မျိုးစုံ တွေ့ကြုံရပါတယ်။ ဒီလိုတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများအပေါ်မှာ ကျေနပ်မှု ရှိသလား မေးမယ် ဆိုရင် ကော်မရှင်ရဲ့ကိုယ်စား ဖြေကြားချင်တာက ကျေနပ်မှု ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးဟန်ညွန့်က ကော်မရှင် အနေဖြင့် ၂၀၂၀ အထိ အရေးယူ ဆောင်ရွက်မည့် စီမံချက်များ (Action plan) များ ကို စနစ်တကျ ရေးဆွဲပြီး သက်ဆိုင်ရာ လူကြီးမင်းများအား တင်ပြကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဥပဒေ မူဘောင်အတွင်းက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောဆိုသည်။

ဒုတိယ အကြိမ် ကော်မရှင် ဖွဲ့စည်းသည့် ၂၀၁၇ နိုဝင်ဘာ ၂၃ မှ ၂၀၁၈ အောက်တိုဘာ ၃၁ ထိ ကော်မရှင်က လက်ခံရရှိ သည့် တိုင်ကြားစာပေါင်း ၈၉၈၄ စောင်ရှိပြီး ကော်မရှင်မှ စိစစ် အရေးယူ ဆောင်ရွက် ပြီးစီးမှု ၆၀ ရာခိုင်နှုန်း (၅၃၅၁ စောင်) ရှိကြောင်း ကော်မရှင်၏ သတင်း အချက်အလက်များတွင် ဖော်ပြထားသည်။

စုံစမ်း စစ်ဆေးသည့် တိုင်ကြားစာများ အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ လူဦးရေ ၁၂၀ ကို တရားစွဲဆို အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

Your Thoughts …
Tags: UNDPUNODCအဂတိလိုက်စားမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
27k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
ဖမ်းဆီးရမိသည့် ဆေးခြောက်ဆီများ / Khaosod

ဆေးခြောက်ဆီ ထုတ်၍ တင်ပို့သူ ဗြိတိန်နှင့် ကနေဒါ နိုင်ငံသားများ ထိုင်းရဲဖမ်းဆီး

သမ္မတဟောင်းဂျော့ဘုရှ်ကို သွားရောက်ဂါဝရပြုခဲ့တဲ့ ခွေးလေး Sully

ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတဟောင်းဂျော့ဘုရှ်ကို သွားရောက်ဂါဝရပြုခဲ့တဲ့ ခွေးလေး Sully

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved