• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်စစ်ပွဲ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြ

by ချစ်မင်းထွန်း
6 January 2019
in သတင်း
A A
၂၀၁၆ ခုနှစ်အတွင်း မောင်တောမြို့အနီး လုံခြုံရေးတာဝန်ယူနေသော တပ်မတော်သားများ / ဧရာဝတီ

၂၀၁၆ ခုနှစ်အတွင်း မောင်တောမြို့အနီး လုံခြုံရေးတာဝန်ယူနေသော တပ်မတော်သားများ / ဧရာဝတီ

54.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော်(AA) ၏ စီးနင်းတိုက်ခိုက်မှုကြောင့် ရှိနှင့်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြဿနာကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး လက်နက်ကိုင် တိုက်ပွဲများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျယ်ပြန့်လာမည်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူများက စိုးရိမ်လာနေသည်။

ရဲကင်းစခန်းလေးခု တိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။

ယခု တိုက်ပွဲများနှင့် ပတ်သက်၍ “နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း” ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစဉ်မှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ စတင် အခြေချခဲ့ပုံ ပေါ်သော AA တပ်ဖွဲ့သည် တပ်မတော်နှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အပြင်းအထန် ဖြစ်ပွားခဲ့၍ ထိခိုက်ကျဆုံးမှုများ များပြားခဲ့သလို တိုက်ပွဲရှောင်များလည်း ၁ သောင်းဝန်းကျင်လောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ခိုလှုံနေခဲ့ကြရသည်။

ထို့နောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ယခုနှစ် ၂၀၁၉ အတွင်းထိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့် မြို့နယ်များအတွင်း တိုက်ပွဲများ နေ့စဉ် ရပ်ဆက် နီးပါး ဖြစ်ပွားလာကာ တိုက်ပွဲရှောင် ၃၀၀၀ ကျော်အထိ ပေါ်ပေါက်လာနေပြီး ဖြစ်သည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းသည် AA အနေဖြင့် “ရက္ခိတလမ်းစဉ်” ဟုခေါ်သော ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA) အခြေစိုက်နိုင်ရမည်ဆိုသော အခြေအနေကြောင့် ဖြစ်လာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုနေကြသည်။

တိုင်းရင်းသားရေးသုတေသီ တဦးဖြစ်သူ ဦးမောင်မောင်စိုးက “ကျနော်အမြင်ကတော့ အနည်းဆုံးကတော့ သူတို့တပ်ဖွဲ့တွေ အခြေချနိုင်အောင် လုပ်မယ်လို့ဆိုတဲ့ ရည်ရွယ်ချက်လို့ဘဲ ထင်ပါတယ်။ အဲလိုပဲ ပြောလို့ ရပါမယ်၊ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ ရခိုင်မှာ အခြေချဖို့ လုံးပမ်းနေတာ ကြာပြီ၊ ၂၀၂၀ မှာ သူတု့ိ တပ်ဖွဲ့တွေ ရခိုင်မှာ အခြေချနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပဲ ဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။

တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်တွင် AA အပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဏာမအပစ်ရပ်စာချုပ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် များ ရေးထိုးရန် စစ်တိုင်း ၅ တိုင်းကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ၃၀ရက်ထိ အပစ်ရပ်ဆိုင်းပေးထားသည်။

အပစ်ရပ်ဆိုင်းထားသည့် စစ်တိုင်းများတွင် AA တပ်များ ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ မပါဝင်ပါ။

ဦးမောင်မောင်စိုးက “တပ်မတော်ဘက်ကတော့ အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ရှိလို့ မကြေညာတာပေါ့။ တဖက်ကလည်းပဲ သူက အပစ်အခတ်ရပ်စဲရေး ကြေညာမယ်ဆိုရင် ဘာဖြစ်လဲဆိုတော့ ဒီတပ်ဖွဲ့တွေရှိတဲ့ နေရာကို အသိအမှတ် ပြုရသလို ဖြစ်နေတယ်ဗျ၊ AA နဲ့ ဆွေးနွေးဖို့တော့ ရှိနေတယ်။ ဒါပေမယ့် ဘာသဘောတူညီချက်မှ မရသေးဘဲနဲ့ ဒီနေရာတွေကို AA တပ်ဖွဲ့ရှိနေတယ်ဆိုတာ တပ်မတော်ဘက်က အသိအမှတ်ပြုဖို့ ခက်ခဲပါတယ်”ဟု ရှင်းပြသည်။

လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှု၏ အရင်းခံ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်း လုံခြုံရေး ရဲကင်းများသို့ တိုက်ခိုက်ခဲ့သော ARSA အဖွဲ့ကို မြန်မာအစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၁၇ ဩဂုတ်လတွင် ကြေညာထားသည်။ ယင်းအဖွဲ့၏ နယ်ခြားဖြတ်ကျော် အလစ်အငိုက် တိုက်ခိုက်မှု ရန်ကလည်း စိုးရိမ်နေရသေးသည်။

AA ၏ ရဲကင်း ၄ ခုအား အလစ်ဝင် တိုက်ခိုက်မှုအပြီး ARSA နှင့် AA တို့၏ ဆက်ဆံရေးက မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။ ARSA အဖွဲ့နှင့်ပတ်သက်ပြီး AA ကမူ နီးစပ်သော ဆက်ဆံရေး မရှိကြောင်း ငြင်းဆိုခဲ့ဖူးသည်။ လူမျိုးစု ၂ ခုအကြား ပဋိပက္ခမှာ စစ်တပ်၏ နိုင်ငံရေးအရ ဖန်တီးလှည့်စားထားချက်ဟု ဆိုသည်။ သို့သော် ထိုအဖွဲ့ ၂ ဖွဲ့စလုံးသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားတွင် အခြေစိုက် လှုပ်ရှားနေပြီး တိုးပွားလာနေသည့် မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ရေးနှင့်လည်း သင်္ကာမကင်းစရာ ဖြစ်နေသည်။

လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)မှ အလုပ်အမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ရခိုင်ပြည်နယ်မှာ AA အခြေစိုက်လာမည့် ကိစ္စကို အစိုးရ၊ တပ်မတော်က လက်မခံနိုင်ကြောင်း၊ လူမျိုးရေး ပဋိပက္ခဖြစ်နေသည့် ဒေသတွင် လူမျိုးတမျိုးနှင့် နီးစပ်သည့် လက်နက်ကိုင်အဖွဲ့အစည်း လှုပ်ရှားလာမည့်အရေးကို နိုင်ငံတကာကလည်း လက်ခံနိုင်ခြေ မရှိကြောင်း ဆိုသည်။

“လူ့အဖွဲ့အစည်း ၂ ခု ပြဿနာရှိတဲ့အခါမှာ လူ့အဖွဲ့အစည်းတခု တဖက်နဲ့ ပိုပြီးနီးစပ်တဲ့ လက်နက်ကိုင် အဖွဲ့မျိုး အခြေခံတဲ့ဟာမျိုးကို နိုင်ငံတကာကလည်း သဘောကျတာ မဟုတ်ဘူး။ အဲဒီအနေအထားရှိတော့ အစိုးရအတွက်ကတော့ ဘေးကြပ်နံကြပ် ပေါ့ဗျာ၊ တဖက်ကလည်း ဒီဟာကို လက်ခံလိုက်တယ်ဆိုရင် နိုင်ငံတကာကလည်း ဖိအားတွေ လာမယ်ဆိုတဲ့ ပြဿနာလည်း ရှိတာကို”ဟု ပြောသည်။

တပ်မတော်၏ တန်ပြန်ထိုးစစ် အရှိန် မြင့်လာနိုင်ပြီး AA ဘက်မှလည်း မြို့တွင်း မိုင်းခွဲမှုများနှင့် ပြောက်ကျား တိုက်ခိုက်မှုများ ဖော်ဆောင်လာခြင်းကြောင့် အရပ်ဖက် ပစ်မှတ်များပါ ထိခိုက်လာနိုင်ကြောင်း MIPS မှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာသော ယာဉ်တန်း မြောက်ဦးနှင့် မင်းပြားမြို့နယ်အကြား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ မည်သည့် အဖွဲ့အစည်းကမျှ တာဝန်မခံပေ။

AA သည် ဘူးသီးတောင်မြို့နယ်၊ နွားရုံဆောင်က စခန်းမှူး အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘူးသီးတောင်မြို့နယ်က တာဝန်ရှိသူတို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ကျည်တထောင့်စီနှင့် သတိပေး စာတစောင်စီကို ပေးပို့ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က AA အနေဖြင့် တခြားတိုင်းရင်းသားများဖြင့် ပူးပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားလိုကြောင်း ဆန္ဒရှိပါက ရခိုင်ဒေသက စစ်ရေးလှုပ်ရှားမှုကို လျှော့ချသင့် ကြောင်း၊ တပ်မတော်ဘက်ကလည်း လျှော့ချသင့်ကြောင်း ဆိုသည်။

“အဲဒီဒေသမှာ အခုချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်လာတာဟာ ဓာတ်ဆီပုံးထဲကို မီးခြစ်ဆံ ခြစ်ထည့်လိုက်သလို ဟုန်းကနဲ ထတောက်နိုင်တဲ့ အနေအထားဖြစ်နေလို့ ၂ ဖက်စလုံးက ဒီကိစ္စကို ရပ်ဆိုင်းဖို့ တောင်းဆိုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

AA သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အရှေ့တောင် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်နှင့်လည်း ထိတွေ့ ဆက်ဆံနေရသည့် အဖွဲ့အစည်းဖြစ်ရာ FPNCC မှ ခေါင်းဆောင်များနှင့် မစ္စတာ ဆွန်ကော်ရှန်တို့ ကြားဝင် စေ့စပ်မှုဖြင့် ရခိုင်ပြည်နယ် ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက“ဒီစစ်ပွဲကြီးက ကြီးလာမယ်ဆိုရင် ကျနော်တို့ အခါတိုင်းလိုပါပဲ ကျနော်တို့ ဘယ်လောက်ပဲနေနေ နိုင်ငံရေးအရ အဖြေထွက်နိုင်မယ့် အခြေအနေမရှိဘူး၊ တခြားမှာ ပြည်သူတွေအတွက်ပဲ ဒုက္ခတွေ့စေမယ့် သဘောဖြစ်နေတယ်။ အဲတော့ ၂ ဖက်စလုံးပါပဲ တပ်မတော် ကပဲ ဖြစ်ဖြစ်၊ ဘယ်ဖက်ကပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်ဆိုပြီး ဆွေးနွေးမှု စဖို့လုပ်သင့်တယ်။ အဲတော့ FPNCC က ခေါင်းဆောင်တွေနဲ့ သော်လည်းကောင်း၊ FPNCC ကို အကြံပေးနေတဲ့ မစ္စတာ ဆွန်ကော်ရှန်တို့လို ပုဂ္ဂိုလ်ကလည်းကောင်း ဒီပွဲတွေကို ရပ်ဖို့ ပြောသင့်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချပြီး သေဆုံးသူများအပေါ် ဝမ်းနည်း ကြေကွဲ ရကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးကလည်း ထုတ်ပြန် ကြေညာခဲ့သည်။ “သက်ဆိုင်ရာဘက်အသီးသီးမှ ကိုယ့်ပြုမူဆောင်ရွက်မှုကို ထိန်းချုပ်ကာ သက်ဆိုင်ရာ ပြဿနာများကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အတူတကွ ထိန်းသိမ်း ကာကွယ်ရန် တိုက်တွန်းလိုကြောင်း” ရေးသားသည်။

AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကမူ နိုင်ငံတော်သမ္မတမှ တပ်မတော်၏ စစ်တိုင်းများအားလုံးတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို တပြိုင်နက်တည်း ရပ်ဆိုင်းပေးရန်၊ ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သော AA အား ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်တန့် ပေးရန် တောင်းဆိုထားသည်။

AA က မိမိတို့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းက ဒေသအတော်များများမှာ အခြေကုပ်ယူထားပြီး ဖြစ်ကြောင်းနှင့် ၂၀၂၀ ရက္ခိတလမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၅ ရက်က AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဧရာဝတီနှင့်အင်တာဗျူးမှာ ပြောထားသည်။

“၂၀၂၀ Arakan Dream ဆိုတာကတော့ ကျနော်တို့ ရက္ခိတအိပ်မက် ၂၀၂၀ ဖြစ်တယ်။ ကျနော်တို့ ပြောချင် တာက ရက္ခိတ လမ်းစဉ်အတိုင်း ကျနော်တို့ တသွေမတိမ်း ချီတက်နေတယ်။ ရက္ခိတလမ်းစဉ်ကို အကောင် အထည် ဖော်နေတယ်”ဟု ၎င်းက ပြောသည်။

AA သည် ၂၀၂၀ ရက္ခိတအိပ်မက်ကို အကောင်အထည် ဖော်နေသည်ဟုဆိုသည့်တိုင်း ရက္ခိတလမ်းစဉ်ဆိုသည့် အဓိပ္ပာယ်ကို တိကျ ရှင်းလင်းသော အဓိပ္ပာယ်ဖွင့်ဆိုမှုကိုဖြင့် မပြောပေ။

ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက “ရက္ခိတလမ်းစဉ်ဆိုတာ ကျနော်တို့လည်း ရှင်းရှင်း လင်းလင်း မသိဘူးဗျ၊ ဒါတွေက ကာယကံရှင်တွေက ဘယ်လို သဘောထားလဲတော့ မသိဘူး၊ ဒါပေမယ့် ကျနော်ထင်တာကတော့ ရက္ခိတလမ်းစဉ်ဆိုတာ စစ်မှန်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ပြီးရင် ဒီဖက်ဒရယ်ပြည်ထောင်စု တခု တည်းဆောက်ရေးအောက်မှာ ရခိုင်လူမျိုးတွေအနေနဲ့ ဆုံးရှုံးနေတဲ့ အမျိုးသားအခွင့်အရေးတွေ ရရှိအောင်လုပ်တယ်လို့ပဲ ကျနော်တို့ နားလည်တယ်၊ ဒါက ကျနော်တို့ နားလည်တာပဲ ရှိတယ်နော်။ သူတို့ဘက်က ဘယ်လိုရှိတယ်ဆိုတာတော့ မသိဘူး”ဟု သူ့ အမြင်ကို ပြောပြ သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

AA အနေဖြင့် တပ်မတော်က စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကြောင်းနှင့် ၂ ဘက် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ပေးထားခြင်းကို အာရုံစိုက်သင့်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်နိုင်ရေးဘက်ကို ပိုမိုအာရုံစိုက် ပြီး စစ်ရေးလှုပ်ရှားမှုများကို မြင့်တင်နေလျှင် ရခိုင်ပြည်နယ်သည် ဒုတိယ ဆီးရီးယားဖြစ်သွားနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ရခိုင်မှာလည်း ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ရခိုင်သမ္မတ နိုင်ငံထူထောင်ရေး အမျိုးသားရေးကို မျှော်မှန်းနေ တဲ့ လမ်းကြောင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှု အောက်မှာ ရှိနေတယ်၊ တဖက်ကလည်း နိုင်ငံတကာ ရဲ့ဖိအားအောက် မှာ ရှိနေတဲ့အောက်မှာ ဒီကိစ္စက ကျနော်တို့ အသေအချာ မကိုင်တွယ်နိုင်လို့ရှိရင် ဒုတိယ ဆီးရီးယား ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းပါတယ် ခင်ဗျာ။ အဲလို မဖြစ်စေချင်ဘူး၊ ဒါကြောင့်မလို့ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင်တော့ ဘက်အသီးသီးကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တာပါ။ စစ်ရေးတွေ လျှော့ပြီး ဆွေးနွေးအဖြေရှာပါလို့”

ဆက်စပ်ဖတ်ရှုရန် – နောက်ကျောကို AA ဓားနဲ့ထိုးဟု နယ်ခြားစောင့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုး ပြော

Your Thoughts …
Tags: AAငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရခိုင်စစ်ပွဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ASUS ရဲ့ ပထမဆုံး Chrome OS Tablet

ASUS ရဲ့ ပထမဆုံး Chrome OS Tablet ထွက်ရှိ

သရုပ်ဆောင်မိုးယုစံ  / ယုဖြူဟန် / ဧရာဝတီ

“အငြိမ့်ကနေရင်း မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး”

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved