• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေတရားရုံး မီးလောင်မှု သံသယ ရှိ

by မိုးမြင့်
12 January 2019
in သတင်း
A A
တိုက်တိုက်ဆိုင်ဆိုင် ထိုမီးလောင်ကျွမ်းမှုသည် ဒေါက်တာ အေးမောင် အယူခံတင်မည့် ရုံးချိန်း မတိုင်မီညတွင် ဖြစ်နေသည် / မင်းအောင်ခိုင်

တိုက်တိုက်ဆိုင်ဆိုင် ထိုမီးလောင်ကျွမ်းမှုသည် ဒေါက်တာ အေးမောင် အယူခံတင်မည့် ရုံးချိန်း မတိုင်မီညတွင် ဖြစ်နေသည် / မင်းအောင်ခိုင်

9.5k
VIEWS
Share on FacebookShare on Twitter

ဒေသတခုလုံး၏ တည်ငြိမ်မှုကို လှုပ်ခတ်စေသော ရခိုင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေစဉ် ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ရဲဌာနချုပ်မှ ခဲတပစ် အကွာရှိ တရားရုံးတရုံး ဗုဒ္ဓဟူးနေ့ညတွင် မီးလောင်ကျွမ်း ခဲ့သည်။

ထို ပဟေဠိဆန်သောမီးသည် တရားရုံးတွင် စစ်ဆေးနေဆဲ အမှုများအတွက် သက်သေ အထောက်အထားများ ဖြစ်သည်ဟု ယူဆရသော မော်တော်ဆိုင်ကယ် ၄၆ စီးနှင့် ဆိုက်ကား ၁ စီးကို လောင်ကျွမ်းစေခဲ့ကြောင်း စစ်တွေ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး မောင်မောင်အေးက ဧရာဝတီသတင်းဌာနသို့ ကြာသပတေးနေ့တွင် ဖုန်းဖြင့် အတည်ပြုပြောသည်။

ထိုမီးကြောင့် ကျပ်ငွေ ၂၇ သိန်းကျော်ဖိုး ဆုံးရှုံးပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ထိုအရာရှိ၏ အဆိုအရ သိရသည်။ ရဲဌာနချုပ်နှင့် တရားရုံး အဆောက်အအုံသည် ပေ ၃၀၀ သာ ဝေးကြောင်းလည်း သူက အတည်ပြုပြောသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုမီးလောင်ကျွမ်းမှုသည် ထင်ရှားသော ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင် အယူခံတင်မည့် ရုံးချိန်း မတိုင်မီညတွင် ဖြစ်နေသည်။

ရခိုင်အမျိုးသား ပါတီ (ANP) တည်ထောင်သူနှင့် ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို ရခိုင်တိုင်းရင်းသားလူငယ် ကိုဝေယံအောင်နှင့်အတူ ရက္ခိုင့် တပ်မတော် (AA) ၏ လက်နင်ကိုင်တိုက်ပွဲအပေါ် အများပြည်သူရှေ့တွင် ထောက်ခံပြောကြားသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက နိုင်ငံတော် ပုန်ကန်မှုဖြင့် စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။

ဒေါက်တာအေးမောင်၏ ကြားနာမှုမတိုင်မီ တစုံတဦးသည် ပြည်နယ်မြို့တော်တွင် မတည်ငြိမ်မှု ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ခဲ့ကြောင်း ဒေသခံတချို့က ခန့်မှန်းသည်ဟု စစ်တွေဒေသခံ ကို မင်းဘာချေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ ကြာသပတေးနေ့ နံနက်တွင် အမှုကို ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်လိုက် သောအခါ ပြည်နယ်တရားရုံးချုပ်က သူ၏ အယူခံကို ပယ်ချလိုက်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
28
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
25
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
199

မီးလောင်မှုသည် ရဲဌာနချုပ်နှင့်ကပ်လျှက် တရားရုံးဝန်းအတွင်း ဖြစ်ခဲ့သောကြောင့် ပြည်နယ်မြို့တော်တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကြောင်းနှင့် လုံခြုံရေး ညံ့ဖျင်းကြောင်း ကိုမင်းဘာချေက ပြောသည်။

“ပြည်နယ်ရဲဌာနချုပ်က တရားရုံးနဲ့ ကိုက်နည်းနည်းပဲ ဝေးတယ်။ ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်” ဟု ကို မင်းဘာချေက ဆိုသည်။

ဂူဂဲလ် ဂြိုဟ်တုမှ ရိုက်ကူးထားသော ပုံများအရ စစ်တွေ တရားရုံးသည် နာရီစင်သစ် အနီးတွင်တည်ရှိပြီး နောက်ဖက် ကပ်လျှက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ရုံးသာမက စစ်ဖက် ထိန်းချုပ်သည့် ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှ အရပ်ဖက် ထိန်းချုပ်သော ပြည်ထောင်စု အစိုးရရုံး ဝန်ကြီးဌာနအောက်သို့ မကြာသေးမီက လွှဲပေးခဲ့သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး နှင့်လည်း ကပ်လျှက် ရှိကြောင်းသိရသည်။

အာဏာပိုင်များသည် CCTV ရိုက်ချက်များကို စစ်ဆေးခြင်းဖြင့် သံသယရှိသူကို ဖော်ထုတ်နိုင်မည်ဟု ယူဆကြောင်း ကိုမင်းဘာချေက ပြောသည်။ လွန်ခဲ့သောလက အာဏာပိုင်များသည် ရာဇဝတ်မှုနှင့် ယာဉ်တိုက်မှု တားဆီးရန် CCTV ကင်မရာ ကျပ်ငွေ ၁ ဘီလျံဖိုး တပ်ဆင်ထားသည်။

(မိုးမြင့်သည် ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။ ၎င်း၏ Suspicions Surround Sittwe Courthouse Fire ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: စစ်တွေတရားရုံးမီးလောင်မှုသံသယမြင့်တက်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

မတ်လ ၅ ရက်နေ့တွင် လောင်သောမီးသည် တဲအိမ်အနည်းဆုံး ၂,၀၀၀ ကို လောင်ကျွမ်းပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေသည် / UNHCR

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်

by ဧရာဝတီ
6 March 2023
2.8k

၂၀၁၇ ခုနှစ် မြန်မာမှ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာသူ အများစု နေထိုင်နေသော နယ်စပ် ကော့ဘဇားမှ စခန်းအမှတ် ၁၁ တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။

စေတနာ့ဝန်ထမ်း မီးသတ်သမား ဦးမော်စီကို သူ၏ နေအိမ်တွင် တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အသက်နဲ့ ခန္ဓာတည်မြဲသရွေ့ မီးသတ်သမား လုပ်နေဦးမယ့် ဦးမော်စီ

by သဇင်လှိုင်
25 February 2020
17.7k

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်ခေါင်ရှိ သံဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 5 အဆင့်ထိ လောင်ကျွမ်းခဲ့သည်။ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သလို မီးသတ်ဝန်ထမ်း အင်အား ၅၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ရပြီး ထိုမီးသတ်သမားများထဲတွင်...

ယနေ့ မန္တလေး အောင်သာယာ ရပ်ကွက် မီးလောင်နေစဉ်

မန္တလေး အောင်သာယာရပ်ကွက် မီး၊ ကလေးတဦးသေဆုံး

by ဒီလှိုင်းဝင်း
26 May 2018
16.4k

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ အောင်သာယာရပ်ကွက်၊ ၄၄လမ်းနှင့်၄၅လမ်းကြား၊ ပိတောက်လမ်းနှင့်မြတ်လေး လမ်းကြား ရှိ ပေ၃၀×၂၀ပေ အုတ်ညှပ်နံကပ်၊သွပ်မိုး၂ထပ်နေအိမ်အောက် ထပ် အိပ်ခန်းအတွင်း ကုတင်ဘေး၌ ခြင်းဆေးခွေ မီးထွန်း ထားရာမှ မွေ့ရာသို့ကူးဆက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ဦးအောင်ဇော်မင်း၏ စက်သုံးဆီ ရောင်းချသော နေအိမ် တွင် မီးလောင်မှု ဖြစ်ပွားနေစဉ် / သားကြီး

မော်လမြိုင် ဓာတ်ဆီဆိုင် မီးလောင်မှု ကျပ်သိန်း ၁ ရာကျော် ဆုံးရှုံး

by ဉာဏ်စိုးဝင်း
14 February 2018
6.9k

အနီးအနားရှိ နှစ်ထပ်ပျဉ်ထောင်အိမ် ၂ လုံး၊ သုံးထပ်တိုက် ၁ လုံး၏ အဖီတခု၊ ဈေးဆိုင်ခန်း ၁ ခန်း အပြင် ပါပလစ်ကာ ကား ၁ စီးနှင့် ဟိုက်ဂျက် ကား ၁ စီးတို့...

သရုပ်ဆောင် အိစိကွေး  / Eisi Kway's Facebook

ပြည်သူတွေ ခက်ခဲနေကြချိန် ငွေမလိမ်ကြဖို့ အိစိကွေး မေတ္တာရပ်ခံ

by ဧရာဝတီ
18 June 2021
10.4k

ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတို့ကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့နော်။ လှူထားတဲ့ အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ်။

ဖယောင်း ဂိုဒေါင် မီးလောင်မှုု ဖြစ်ပွားမှု မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

ဒဂုံဆိပ်ကမ်း ဖယောင်းစက်ရုံ မီးလောင်မှု စုံစမ်းနေ

by ထက်ခေါင်လင်း
11 September 2019
13.1k

စိစစ်တွေ့ရှိချက်အရ လူပေါ့ဆမှုကြောင့် မီးလောင်မှု ဖြစ်သည်ဆိုလျှင် ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း၊ မီးလောင်ရသည့် အခြေအနေ၊ အကြောင်းအရင်းအပေါ် မူတည်ပြီး တရားရုံးမှ ပြစ်မှု ပြစ်ဒဏ်များကို သတ်မှတ်သွားမှာ ဖြစ်ကြောင်း သူက...

Next Post
ပုသိမ်နှင့် ငွေဆောင် အနီးရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် ဓာတ်အားလိုင်း  / MOEE

စပါးခွံမှ လျှပ်စစ် ဓာတ်အား ထုတ်မည့် စက်ရုံ ဖွင့်လှစ်မည်

အိန္ဒိယနိုင်ငံ ဒေလီတွင် နေထိုင်နေသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မိသားစုတစု၏ နေအိမ်ကို ၂၀၁၇ ခုနှစ်အတွင်းက မြင်ရစဉ် / Reuters

မြန်မာနိုင်ငံ မပြန်ရဲသော အိန္ဒိယမှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved