• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်နဝင်းဆည်ဘောင် နေရာတချို့ တပေခန့် နိမ့်ကျ၍ အက်ကွဲကြောင်းများဖြစ်ပေါ်

by ကောင်းမြတ်မင်း
24 January 2019
in သတင်း
A A
တောင်နဝင်းဆည် ဘောင်ပေါ်တွင် သွားလာနေသည့် ခရီးသွားများ / ကောင်းမြတ်မင်း / ဧရာဝတီ

တောင်နဝင်းဆည် ဘောင်ပေါ်တွင် သွားလာနေသည့် ခရီးသွားများ / ကောင်းမြတ်မင်း / ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တံမံ တာဘောင်၏ ပေ ၁၀၀ နီးပါးခန့်မှာ အောက်သို့ တပေခန့် နိမ့်ဆင်းသွားပြီး အက်ကွဲကြောင်းများလည်း ဖြစ်ပေါ် လာကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းက ငလျင်လှုပ်ခတ်မှု ၄ကြိမ် ဖြစ်ပြီးနောက် ဇန်နဝါရီ ၅ရက် နေ့တွင် တာဘောင် တလျှောက်ရှိ  ပေ ၆၀၀၀နှင့် ၆၁၀၀ ကြားရှိ တွင် ၃လက်မ အကျယ်ရှိပြီး အရှည် ၃၅ ပေအရှည်ရှိ အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ပေ ၁၀၀ခန့် အောက်သို့ နိမ့်ဆင်းသွားခြင်း ဖြစ် ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချရေးစီးဦးဋ္ဌာန ဒုဦးစီးမှူး ဦးဇော်ဝဏ္ဏက ဧရာဝတီကိုပြောသည်။

“ဒီနားမှာ ငလျင်က ၄ ခါလောက် လှုပ်တယ်၊ ငလျင်ကြောင့် အောက်ခံကျောက်တွေ နည်းနည်း ရွေ့သွားတဲ့ အတွက်နည်း နည်း အက်သွားတယ်၊ တချို့နေရာတွေ ၂ပေခွဲ၊ ၃ပေ နက်တယ်၊ လာစစ်တဲ့ ပညာရှင်တွေကတော့ စိုးရိမ်စရာမရှိဘူး လို့ ပြောတယ်၊ ဘူမိပညာရှင်တွေ လာတိုင်းပြီး ပြင်ဆင်မှုတွေ လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆည်မြောင်းနှင့် ရေအသုံးချရေးစီးဦးဋ္ဌာန (ထိန်းသိမ်းရေး) ဦးစီးမှူး ဦးစိုးမင်းက တာဘောင်နိမ့်ကျမှု နှင့် ကွဲအက်ခြင်းကို ဇန်နဝါရီလ ၁၃ရက်နေ့က စနစ်တကျ တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး၊ တရက် ၂ကြိမ် တိုင်းတာမှုများ ပြုလုပ်၍ သက်ဆိုင်ရာ သို့ အစီရင်ခံ တင်ပြနေကြောင်း၊  မိုးမကျခင် ပြင်ဆင်အပိုင်း ကို အပြီးသတ် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောသည်။

“တပေလောက် နိမ့်တယ် ဆိုတာ ဘေးက မူလ တာဘောင် အနေအထားကနေ တဖြည်းဖြည်းနိမ့်ကျ တာပါ။ အက်ကြောင်းလေးတွေ စပေါ်လို့ လူကြီးကို အကြောင်းကြားရာကနေ တိုင်းတာတော့မှ နိမ့် ကျနေတယ်ဆိုတာကို သတိထားမိတာ၊ ဆိုး ဆိုးဝါးဝါး နိမ့်ကျတာ မဟုတ်ပါဘူး။ အက်ကြောင်းက ကျောက်ကြားတွေမှာတော့ ၂ လက်မခွဲ ၃ လက်မပတ်ဝန်းကျင် လောက်ပဲ အက်တာပါ။ တာဘောင် ပေါ်မှာတော့ တလက်မပတ်ဝန်းကျင်လောက်ပါပဲ။” ဟု ဦးစိုးမင်းကဆက်ပြောသည်။

တောင်နဝင်း ရေလှောင်တမံ စတင် ဆောက်လုပ်စဉ်က ပါဝင်ခဲ့သည့် ဂျပန်ပညာရှင်ကိုယ်တိုင် လာ ရောက်စစ်ဆေးကာ ကြီးကြီးမားမားပြဿနာတစုံတရာမရှိနိုင်ကြောင်းနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဆည်းမြောင်းမှတာဝန်ရှိသူများ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့၍ စိုးရိမ်စရာ အခြေအနေမရှိကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ် ရေး မှူးတို့အား ရှင်းလင်းပြောကြားထားကြောင်း ဆည်းမြောင်းတာဝန်ရှိသူများမှ ပြောကြားခဲ့သော်လည်း ပေါက်ခေါင်းမြို့နယ် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြောင်း ပေါက်ခေါင်းမြို့ အမှတ် ၃ ရပ်ကွက်နေ ဦးစန်းအောင်ကပြောသည်။

“ငလျင်လှုပ်တဲ့နေ့က ပတ်ကြားအက် သွားတယ်လို့ကြားတယ်။  စိတ်မချရဘူးလေ ဒီဟာကို ဘယ်သူ ကမှ တိတိကျကျ မပြောတာ စိုးရိမ်မှုတော့ရှိတာပေါ့။ ဆွာတမံဆိုရင်ကြည့်လိုက် မီဒီယာတွေပြောတယ် မစိုးရိမ်ရပါဘူးဆိုပြီး ဖြစ်သွားတော့ ဘယ်သူက တာဝန်ယူခဲ့လဲ ခံစားတော့ ပြည်သူတွေပဲ ခံစားရ တာလေ။” ဟု ဦးစန်းအောင်ကပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
50
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
210
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

ပေါက်ခေါင်းမြို့အရှေ့ဘက် ၂ မိုင်ခန့်ရှိ တောင်နဝင်းဆည်ကို  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ODA ချေးငွေဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်  ပြီးစီးခဲ့သည်။ငွေ ကျပ်သန်းပေါင်း ၁၄၇၂. ၆၅ သန်း ကုန်ကျခဲ့ကြောင်း သိရသည်။

ပြည်၊ သဲကုန်း၊ ပေါက်ခေါင်းစသည့် မြို့နယ်များရှိ စိုက်ပျိုးမြေဧက တသောင်းနီးပါး ရေပေးဝေနိုင်ပြီး၊ ရေလှောင် ပမာဏ ဧကပေ ၂၈၇၀၀၀ ရှိ၍ မြန်မာနိုင်ငံတွင် ရေမြုပ်ဧရိယာအကျယ်ဆုံး အဆင့် ၅ ရှိသည့် ရေလှောင်တမံကြီး ဖြစ်ကာ လက်ရှိတွင် ရေလှောင်ပမာဏ ဧကပေ ၂၂၀၀၀၀ သိရသည်။

Your Thoughts …
Tags: ငလျင်တောင်နဝင်းဆည်ပေါက်ခေါင်းပြည်
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.7k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.4k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

Next Post
သရုပ်ဆောင်ကင်းကောင်ရဲ့ ဈာပနအခမ်းအနား  /  ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင်ကင်းကောင်နဲ့ အမှတ်တရများပြောတဲ့ အနုပညာရှင်များ

ကမ္ဘာကျော်မင်းသမီး Michelle Yeoh

'Crouching Tiger, Hidden Dragon' မှာ ဒဏ်ရာတွေရခဲ့တဲ့အကြောင်း ပြောတဲ့ Michelle Yeoh

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved