• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဏာမ အပစ်ရပ်စာချုပ် ချုပ်လိုကြောင်း အစိုးရကို မြောက်ပိုင်း မဟာမိတ် အဆိုပြု

by နန်းလွင်နှင်းပွင့်
26 February 2019
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ကပိုင်းတွင် လှုပ်ရှားနေသော ကိုးကန့် တပ်ဖွဲ့ဝင်များ  /  Reuters

ရှမ်းပြည်နယ် မြောက်ကပိုင်းတွင် လှုပ်ရှားနေသော ကိုးကန့် တပ်ဖွဲ့ဝင်များ / Reuters

25.6k
VIEWS
Share on FacebookShare on Twitter

အပစ်အခတ်ရပ်စဲရေးအတွက် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲ၍ အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) များ ချုပ်ဆိုလိုကြောင်း အစိုးရဘက်ကို အဆိုပြုလိုက်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထံမှ သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့သည် အစိုးရ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် ဖေဖော်ဝါရီလ ၂၅ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် အလွတ်သဘော ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးပွဲအပြီးတွင် TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ၎င်းတို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေဖြင့် Bilateral စာချုပ်များကို ၄ ဖွဲ့ အတူတကွ ထိုးလိုကြောင်း NRPC ဘက်သို့ အဆိုပြုလိုက်သည်ဟု ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော် က “အဓိက ကတော့ ကျနော်တို့ဘက်က Bilateral ထိုးမယ်ဆိုရင် ၄ ဖွဲ့ တပြိုင်တည်း ထိုးချင်တယ်။ အဆိုပြုချက်ပေါ့။ သူတို့ဘက်ကတော့ အထက်ကို ယူသွားပြီး ပြန်တင်ပြမယ် ဆိုပြီးတော့ ပြောပါတယ်။ အဲ့လောက်ပါပဲ” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ ပဏာမအပစ် အခတ်ရပ်စဲရေးအတွက် Bilateral စာချုပ်များ လက်မှတ် ရေးထိုး လိုပြီး NRPC ဘက်မှ Bilateral ထက် ကတိကဝတ်စာချုပ်တခု (Deed Of Commitment) ကို သဘောတူ လက်မှတ်ထိုးပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ရေးထိုး စေလိုကြောင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင်တဦးက ကူမင်းအစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC ကိုယ်စားလှယ်များ အကြား အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရေး အလွတ်သဘော ညှိနှိုင်းသော် လည်း နှစ်ဖက် ဆောင်ရွက်လိုသည့် အခြေအနေများ မတူညီသဖြင့် နှစ်ဖက် အထက်ခေါင်းဆောင်များကို ပြန်လည် တင်ပြမည်ဟူသည့် သဘောတူညီမှုဖြင့် ဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်ဟု ဆိုသည်။

NRPC ဘက်မှ ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်တင့်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်စိုးနှင့် ဦးလှမောင်ရွှေတို့ သွားရောက် ဆွေးနွေးခဲ့ကြသည်။

ဧရာဝတီမှ NRPC ကိုယ်စားလှယ်များကို ဆက်သွယ်သော်လည်း လမ်းခရီးတွင် ဖြစ်နေ၍ ဆက်သွယ်မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်းမရှိပါ။

ဗိုလ်မှူး မိုင်းအိုက်ကျော် က “ဘာမှတော့ ဆုံးဖြတ်ချက် အဖြေတခုခုတော့မရဘူး။ ဒါက ပဏာမ တွေ့ဆုံဆွေးနွေးမှုတခု ဖြစ်တဲ့အတွက် နောက်တကြိမ်ပြန်တွေ့ဖို့ကိုပဲ နှစ်ဖက်က ညှိနှိုင်းဖြစ်ပါတယ်”ဟုလည်း ပြောသည်။

KIA မှသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ၊ AA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခတို့ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဆွေးနွေးပွဲသွားသည့် ၎င်းတို့၏ ခေါင်းဆောင်ပိုင်း များ ဌာနေသို့ ပြန်မရောက်သေးသဖြင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မသိရသေးပါဟု ပြောသည်။

သို့သော် KIO/KIA ဘက်မှ ကူမင်းဆွေးနွေးပွဲ မသွားမီတွင် NRPC ကိုယ်စားလှယ်များနှင့် တွေ့ဆုံပါက အနာဂတ် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးနိုင်ရေးအတွက် ပြင်ဆင်ချက်များ၊ ၇ နှစ်ကျော်ကာလတွင်း နေရပ်ရင်းကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရဆဲ ဖြစ်သည့် ဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် ဆွေးနွေးရန် ပြင်ဆင်ထားသည်များ ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဆွေးနွေးပွဲသို့ KIO/KIA ဘက်မှ အတွင်းရေးမှူး ဦးလနန် ဦးဆောင်ကာ NRPC နှင့် တွေ့ဆုံပွဲသို့ တတ်ရောက်သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

AA ဘက်မှ ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ပြီး ဆွေးနွေးပွဲ တတ်ရောက်သည်ဟု သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အပစ်ရပ်စာချုပ်များ ချုပ်ဆိုရေး ဆွေးနွေးရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ စစ်တိုင်း ၅တိုင်းတွင် အပစ်ရပ်ဆိုင်းပေးထားရာ KIO/KIA နယ်မြေတွင် ပစ်ခတ်မှုများ လတ်တလော လုံးဝမရှိဘဲ နှစ်ဖက်တပ်များအကြား ထိန်းသိမ်းနိုင်ခဲ့သည်။

အပစ်ရပ်နယ်မြေတွင် မပါဝင်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် AA နှင့် တပ်မတော်တို့မှာ အပစ်အခတ် ရပ်တန့်ခြင်း မရှိဘဲ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

AA နှင့် တပ်မတော်တို့၏ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ထိ ဒေသခံ ၅၀၀၀ ကျော် နေရပ်ရင်းများကို စွန့်ခွာထွက်ပြေးရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းနှင့် ခမောင်းဝကျေးရွာမှ အရပ်သား ၂၅၀ ကျော်လည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် သောင်တင်နေသည်။

အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရပြီး တပ်မတော်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးလည်း ကျည်ထိ သေဆုံးထားသလို AA နှင့် ဆက်သွယ်သည်ဟုဆိုကာ အရပ်သား ၁၃ ဦးကိုလည်း တပ်မတော်က တရားစွဲဆို ကာ အကျဉ်းချထားသည်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်းလုံမြို့နယ်တွင် MNDAA မှ ဇန်နဝါရီလအတွင်း အရပ်သားများကို စစ်သားသစ် စုဆောင်း သဖြင့် အရပ်သား ၈၀၀ ကျော် ထွက်ပြေးပြီး အမျိုးသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
230
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
17
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
29

စစ်သားသစ်စုဆောင်းသည်ကို အကြောင်းပြ၍ တပ်မတော်နှင့် MNDAA တို့အကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများပြန်လည် ဖြစ်ပွားထားသည်။

ကူမင်းဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုယ်စားလှယ်များနှင့် NRPC ကိုယ်စားလှယ်များအကြား စစ်ရေးအခြေ အနေများနှင့် ပတ်သတ်၍
အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ရှိမရှိကို မသိရှိရသော်လည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ၎င်းတို့ မဟာမိတ် နယ်မြေများအတွင်း ဝင်ရောက်နေသည့် တပ်မတော်၏ ထိုးစစ် ပြင်ဆင်မှုများကို လျော့ချပေးရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့ကိုယ်စားလှယ်များက တောင်းဆိုမှုများ ရှိသည်ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အပစ်ရပ် ၄ လကျော် ကာလအတွင်း Bilateral နှင့် NCA ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် စာချုပ်များ ချုပ်ဆိုရေး ဆွေးနွေးရန် ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်များသည် Bilateral ထိုးလိုကြောင်း ပြောဆိုထားကြသော်လည်း ၎င်းတို့ ပါဝင် စုဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) က NCA ကို လက်မှတ် မထိုးလိုကြောင်း ငြင်းဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ( UWSA ) ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ စုဖွဲ့ထားသည့် FPNCC က NCA ကို ငြင်းဆိုပြီး အပစ်ရပ်စာချုပ်သစ်တခုကို ချုပ်ဆိုပေးရန်နှင့် ကွန်ဖက်ဒရိတ်မူများ ပါဝင်ရေးဆွဲ ထားသည့် နိုင်ငံရေးတောင်းဆိုချက် စာတမ်းတခုကို ဆွေးနွေးပေးရန် အစိုးရကို တောင်းဆိုထားသည်။

Your Thoughts …
Tags: BilateralNRPCမြောက်ပိုင်းမဟာမိတ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
27 September 2024
5.8k

TNLA အနေဖြင့် သီပေါမြို့ကို ရရှိလျှင် နမ္မတူမြို့နှင့် လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ မြောက်ပိုင်း မဟာမိတ်တပ်များ တည်ငြိမ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

by ဧရာဝတီ
26 July 2023
5.3k

ကျနော်တို့ကတော့ အခုဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုတော့ မကြိုက်ဘူး။ မကြိုက်လို့ ဒါကို ဟန့်တားချင်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးချင်တယ်။ ကျနော်တို့က စားပွဲပေါ်မှာ လုံးဝဆွေးနွေးလို့ မရတော့မှသာ ရှိတဲ့ အင်အားကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ထားတာပဲရှိပါတယ်။...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

by ဧရာဝတီ
31 October 2023
4.5k

စစ်ရေးအခြေအနေများကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ TNLA ဘာကြောင့် ထုတ်ပြန်ခဲ့ရလဲ (ရုပ်/သံ)

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ TNLA ဘာကြောင့် ထုတ်ပြန်ခဲ့ရလဲ (ရုပ်/သံ)

by ဧရာဝတီ
26 November 2024
2.3k

၁၀၂၇ စစ်ဆင်ရေး ၂ ကြော့လုံးမှာ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေ၊ တပ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရုတ်တရက်...

တရုတ်လိုလားမှုက မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်နေလို့ TNLA ပြော (ရုပ်/သံ)

တရုတ်လိုလားမှုက မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်နေလို့ TNLA ပြော (ရုပ်/သံ)

by ဧရာဝတီ
4 May 2025
406

အာဏာသိမ်းထားတဲ့ စစ်တပ်ကို အပြီးတိုင်ဖြုတ်ချဖို့ မြန်မာနိုင်ငံသားတွေကကြိုးစားနေကြ ချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်ဖို့ကိုပဲ လိုလားနေတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လ ကပြောပါတယ်။

အကောက်ခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် / CEO Myanmar Magazine

ပြည်တွင်းအခွန် ညွှန်ချုပ် ဦးမင်းထွဋ် NRPC သို့ ပြောင်းရွှေ့ ခံရ

by ထက်နိုင်ဇော်
15 September 2020
30.7k

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကို ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဌာန(NRPC)သို့ ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ပူးတွဲ တာဝန် ထမ်းဆောင်စေရန်

Next Post
ဘန်ဘွေးကျင်း ရေတံခွန် / ဇော်ဇော် / ဧရာဝတီ

နောင်ချို ဘန့်ဘွေးကျင်း ရေတံခွန်အား ခရီးစဉ်အသစ် အဖြစ် ဖော်ဆောင်မည်

မြန်မာ ယူ ၁၆ အမျိုးသမီး ဘောလုံးအသင်း မနက်ဖြန် တရုတ်အသင်းနှင့် စကန်မည်

မြန်မာ ယူ ၁၆ အမျိုးသမီး ဘောလုံးအသင်း မနက်ဖြန် တရုတ်အသင်းနှင့် စကန်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved