အာဏာသိမ်းထားတဲ့ စစ်တပ်ကို အပြီးတိုင်ဖြုတ်ချဖို့ မြန်မာနိုင်ငံသားတွေကကြိုးစားနေကြ ချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်ဖို့ကိုပဲ လိုလားနေတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လ ကပြောပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလိုက်နာမှာဖြစ်သလို၊ မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ရဲ့ ချစ်ကြည်ရေးမူဝါဒဟာမြန်မာပြည်သူ တစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့သလို မြန်မာအရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တောက်လျှောက် ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့မီးစိမ်းပြမှုကြောင့်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ခဲ့ကြပေမယ့် တကယ်တမ်း တရုတ်ဟာ စစ်ဆင်ရေး စတင်ချိန်ထဲက ဆက်တိုက် ဖိအားပေး စွက်ဖက်မှုတွေ ရှိနေခဲ့တယ်လို့ TNLA က ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #တရုတ် #၁၀၂၇ #ဖိအားပေး #စစ်ကောင်စီ #မြောက်ပိုင်းမဟာမိတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













