• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီမိုကရေစီမှာ နှုတ်မိန့်တွေ အကျုံးမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by ထွန်းထွန်း
18 March 2019
in သတင်း
A A
ဘားအံမြို့သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး

ဘားအံမြို့သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး

21.1k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီစနစ်အား သုံးစွဲသည့်နိုင်ငံတွင် တဦးတယောက်၏ နှုတ်မိန့်ဖြင့် လုပ်၍ရမည် မဟုတ်ဘဲ ဥပဒေစည်းမျဉ်းများအတိုင်းသာ တရားဝင် ညွန်ကြားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် ဘားအံမြို့လူထုတွေ့ဆုံပွဲတွင် ပြောသည်။

ဘားအံမြို့ရှိ မြေကွက်တခုအား ပြည်နယ်အစိုးရ၏ နှုတ်မိန့်အရဟုဆိုကာ ကုမ္ပဏီတခုမှ အင်အားသုံး ကျူးကျော်မှုှုနှင့်ပတ်သက်ပြီး ဒေသခံတဦး၏ တင်ပြမှုအပေါ် ၎င်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အမှုအား ဗဟိုအစိုးရမှ ပြည်နယ်အစိုးရနှင့်ဆွေးနွေးကာ အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ ဒီမိုကရေစီစနစ်ကို သုံးစွဲတဲ့နိုင်ငံမှာ မည်သူ့နှုတ်မိန့်နဲ့မှ ဘာမှလုပ်လို့မရဘူးဆိုတာ အားလုံးကို ထင်ထင်ရှားရှား နားလည်စေချင်ပါတယ်။ ကျမတို့လည်း နှုတ်မိန့်နဲ့မရပါဘူး၊ နှုတ်မိန့်နဲ့လုပ်တယ်ဆိုရင် အစကတည်းက အကျုံးမဝင်ဘူးလို့ သတ်မှတ်လို့ ရပါတယ်” ဟုပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
163
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
33
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
68

ထို့ပြင် မြေယာကျူးကျော်မှုများနှင့် ပတ်သက်၍လည်း သတိပေးပြောကြားခဲ့ပြီး တရားဥပဒေချိုးဖောက်သည့် ကျူးကျော်မှုများကိုလည်း သူဌေးဖြစ်ဖြစ်၊ တောင်သူလယ်သမားဖြစ်ဖြစ် လုံးဝလက်ခံမည် မဟုတ်ကြောင်းနှင့် နေစရာအတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရများထံ ချဉ်းကပ်သင့်ကြောင်းလည်း ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ နေစရာ ထိုင်စရာမရှိတဲ့ ပြည်သူလူထုဟာ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရကို ချဉ်းကပ်ပါ၊ သက်ဆိုင်ရာ အစိုးရတွေက ဘယ်လိုနေစရာရှိအောင် ပြုလုပ်ပေးရမလဲဆိုတာ စီမံကိန်းချပြီး ပြုလုပ်ပေးပါ့မယ်။ တရားဥပဒေကို ချိုးဖောက်ပြီးတော့ ကျူးကျော်မှုကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ သူဌေးတွေ ကျူးကျော်ရင်လည်း လကက်မခံနိုင်ပါဘူး” ဟု ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုတွေ့ဆုံပွဲအပြီးတွင် ရသေ့ပျံဂူသို့ သွားရောက်လေ့လာခြင်းနှင့် ဘားအံ ကွန်ပျူတာတက္ကသိုလ် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုခဲ့ပြီး နောင်ကမြိုင်ကျေးရွာလူထုနှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ဒေသခံအများစုက တင်ပြခဲ့သည့် လယ်ယာမြေပြသနာများနှင့် ပတ်သက်ပြီး အစိုးရမှ အရေးကြီးလုပ်ငန်းစဉ်အနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသခံတောင်သူများ၏ လယ်ယာမြေပိုင်ဆိုင်ခွင့်မှာလည်း အင်မတန် အရေးကြီးကြောင်း ၎င်းကပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကရင်ပြည်နယ်သို့ရောက်ရှိနေစဉ် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် ဖွင့်လှစ်မည့် မြဝတီ- မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားဖွင့်ပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ဘားအံမြို့လူထုတွေ့ဆုံပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
သရုပ်ဆောင် အောင်ရဲလင်း  / ဇော်ဇော် / ဧရာဝတီ

အကယ်ဒမီနဲ့ ပတ်သက်ပြီး "ကံပါရင် ရမှာပဲ"လို့ ပြောတဲ့ အောင်ရဲလင်း

NSCN-K မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအန်ကန့်နှင့် ဦးကျော်ဝမ်းစိန်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၈ ခုနှစ် ဇူလိုင်လက တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး တက်ရောက်လာစဉ်  / ထက်ဝေ / ဧရာဝတီ

NSCN-K ခေါင်းဆောင် တချို့ ထိန်းသိမ်းခံထားရဟု နာဂဒေသ ဦးစီး အဖွဲ့ပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved