• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
27 April 2019
in သတင်း
A A
ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး /  ကျော်ခ / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ

34.5k
VIEWS
Share on FacebookShare on Twitter

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည်နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေး က “ISIS ရဲ့ လှုပ်ရှားမှုက ဘာလဲဆိုတော့ သူတို့က Home Grown Cell တွေ မွေးတာပေါ့။ ပြည်တွင်းက အဓိက ကျတယ်။ အပြင်က ဝင်လာတဲ့ အကြမ်းဖက်သမားတွေက ဒီပြည်တွင်းမှာရှိတဲ့ အစွန်းရောက်တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားတဲ့ သဘောပေါ့။ ဒီသီရိ လင်္ကာ ဖြစ်စဉ်ကို ကြည့်လိုက်ရင်လည်း အလားတူပဲ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက်စိကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရသည်။

အဆိုပါ ပြောဆိုချက်သည် သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသော သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းများကို အသေခံ ဗုံးခွဲ ရာတွင် အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုအပြီး နောက်ဆက်တွဲဖြစ်သည်။

အကြမ်းဖက် နှိမ်နင်းရေးနှင့် ပက်သက်၍ အာဆီယံနိုင်ငံတွင်းရှိ မိတ်ဆွေနိုင်ငံများ၏ သတင်းအချက် အလက်များအရ မြန်မာနိုင်ငံကို မည်သို့မည်ပုံ ပစ်မှတ်ထားလာသည်ကို သိရကြောင်း၊ ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများထံမှ ဖော်ထုတ်ရရှိသည့် သတင်းများ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။

“အင်ဒိုနီးရှားဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို အကြိမ်ဖန်များစွာ သတိပေးထားတာ ရှိပါတယ်။ သူတို့ဖက်မှာလည်း အင်ဒိုနီးရှား မှာလည်း အကြမ်းဖက် တိုက်ဖျက်ရေးကို ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။ သူတို့မှာလည်း လက်ရှိ အကြမ်းဖက် တိုက် ခိုက်မှု အန္တရာယ်ပေါ့။ သူတို့လုပ်တာကတော့ အစွန်းရောက် လျော့ချရေးပေါ့”ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရပိုင်း၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများက အကြမ်းဖက်အန္တရာယ် ကြိုတင်ကာကွယ်ရေးကို အထူးဦးစားပေးပြီး လုပ်ဆောင်နေသလို တချိန်တည်းတွင် ပြည်တွင်းရှိ အစွန်းရောက်အကြမ်းဖက်လိုစိတ်များ နည်းပါးသွားစေရန်လည်း လုပ်ဆောင် နေကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောသည်။

ရခိုင်ဒေသမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိသွားပြီး နေရပ်ရင်းသို့ မပြန်နိုင်သည့် ဒုက္ခသည်များသည် အချိန်ကြာမြင့်လာ သည်နှင့်အမျှ ယင်းဒုက္ခသည်စခန်းရှိ လူငယ်များကြား မကျေနပ်မှုများ ပေါက်ဖွားလာသည့် အခြေခံအပေါ်တွင် ISIS အစွန်းရောက် များက အလွယ်တကူ စည်းရုံးနိုင်သည့် အနေအထား ရှိနေကြောင်း ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းကတော့ ဆီးရီးယားမှာလို ISIS တပ်မတော် တရပ်ဖွဲ့ ပြီး တိုက်ခိုက်မှုမျိုး ထက်စာရင် သီရိလကာၤမှာလို အသေခံဗုံးခွဲ တိုက်ခိုက်မှုမျိုးတွေကို ပိုပြီးတော့ လုပ်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် ခြေကုတ်ယူနိုင်တဲ့ အကြောင်းအရင်း ဖြစ်လာလိမ့်မယ်”ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းကို ISIS အကြမ်းဖက်များ ဝင်ရောက်ချင်သလို လက်ရှိတွင် ရက္ခိုင့် တပ်မတော် (AA) နှင့်လည်း တိုက်ပွဲ ဖြစ်ပွားနေ ရာ နိုင်ငံတကာကလည်း ဖိအားပေးနေသည့် နေရာတခု ဖြစ်သဖြင့် ဒေသဆိုင်ရာ ပြဿနာများ၏ ဆုံချက်တခု ဖြစ်လာပြီး ကိုယ့် ပြည်နယ်၊ ကိုယ့်နိုင်ငံအတွက် အန္တရာယ် ကြုံလာနိုင်သည့် အခြေအနေမျိုး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက ပြောသည်။

ဦးဖေသန်း က “ဘာသာရေး အစွန်းရောက်တွေက အသက်အသေခံပြီး လုပ်လာမယ်ဆိုရင်တော့ ကျနေ်ာတို့ နိုင်ငံက ဘူးလဲရာ ဖရုံဆင့် ဆိုသလို နဂိုကတည်းက ပြဿနာရှိနေရာကနေ ပိုဆိုးလာမှာတော့ သေချာတယ်။ AA နဲ့လည်း အပြင်းအထန် စစ်ပွဲ ဖြစ်နေတယ်။ အဲဒီ အချိန်မှာ ARSA ကလည်း ဝင်လာမယ်ဆိုရင်တော့ တော်တော်ကို ဒေသတည်ငြိမ်ဖို့ အတွက် ထိန်းသိမ်းရ တော်တော်ကို ခက်သွားမယ်” ဟု သုံးသပ်သည်။

၎င်းက ဆက်၍ “အဲဒါကြောင့် တိုင်းရင်းသား ဖြစ်တဲ့ AA နဲ့ ငြိမ်းချမ်းရေးကို ပထမဆုံး ရယူစေချင် တယ်။ AA ကို Border Guard နယ်ခြားစောင့် အနေနဲ့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး အနေနဲ့ပဲ ဖြစ်ဖြစ် အခြေစိုက်ခွင့်ပြုရင် ARSA က ဝင်လာဖို့ မလွယ်တော့ဘူးလို့ မြင်တယ်။ ဒီဘက်က ရခိုင်ပြည်သူတွေ လက်မခံဘူးဆိုရင် ARSA ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ရေးအရ မဖြေရှင်းဘဲ နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာရန် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် စုပေါင်း အရေးဆို ထားသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
127
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
58

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ် ၇ မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆၆ ခု ရှိပြီး စစ်ရှောင် လူဦးရေ ၃၄၀၀၀ ကျော် ဘေးဒုက္ခနှင့် ကြုံတွေ့ နေရကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရကမူ ရက္ခိုင့် တပ်မတော် (AA) နှင့် မွတ်စလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်သည့် ARSA တို့ကို မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် နေပြည်တော်တွင် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ များကြား အဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေး သဘောတူညီခဲ့ကြသည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ်တွင် AA နှင့် ARSA တို့ကဲ့သို့ အခြေစိုက် လှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့ တချို့ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ၂ နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျက် ရှိနေသည့် အနေအထား ဖြစ်သည်။

Your Thoughts …
Tags: ISISရခိုင်ပြည်နယ်အကြမ်းဖက်အဖွဲ့ဦးဇော်ဌေးဦးမောင်မောင်စိုး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Avengers: End Game ဇာတ်ကား

ပြသချိန် သုံးနာရီကျော် ကြာပြီး ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Avengers: End Game

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်းသွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved