• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်းသွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

by Muktadir Rashid
27 April 2019
in သတင်း
A A
ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters

9.6k
VIEWS
Share on FacebookShare on Twitter

အကယ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးက ကာလရှည်စွာ နှောင့်နှေးနေခဲ့ပါက ဒုက္ခသည်ကလေးများ လူငယ် ဖြစ်လာသည့် အချိန်တွင် အကြမ်းဖက်ဝါဒအတွင်းသို့ သိမ်းသွင်းခံရသည့် အန္တရာယ် ရှိလာလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးရဲ အဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဒက္ကာမြို့တော် ရဲအဖွဲ့၏ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းဌာန (CTTC ) အကြီးအကဲ Monirul Islam က ဒုက္ခသည်များ ရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ပြဿနာကြီး တခုဖြစ်ကြောင်းပြောသည်။ အစိုးရအနေဖြင့် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ ပြန်ပို့နိုင်ရေးအတွက် နည်းလမ်းတခုရှာဖွေရန် ကြိုးစားနေခဲ့သည်ဟု သူက ထပ်ပြောသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
889
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
70
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
888

“ခင်ဗျားတို့ သိတဲ့အတိုင်း UNHCR အကြီးတန်းအရာရှိတွေ ဘင်္ဂလာဒေ့ရ်ှကို လာနေကြပါတယ်။ သူတို့ (ဒုက္ခသည်များ) ကို ဖြစ်နိုင်သမျှ အတိုဆုံးအချိန်အတွင်း ပြန်ပို့နိုင်လိမ့်မယ်လို့ ကျနော်တို့က အကောင်းမြင်ထားပါတယ်” ဟု သူက မြို့ တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တခု၌ ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi၊ ပြောင်းရွှေ့နေထိုင်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် António Vitorino နှင့် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် ဧပြီလ ၂၄ ရက်နေ့တွင် ရောက်ရှိနေသည်။

“ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့ နေအိမ်ကို မိမိ သဘောထားဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာ ပြန်သွားနိုင်စေရေး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဖန်တီးရေး အပါအဝင် ရိုဟင်ဂျာတွေအတွက် အဖြေများကို ရှာဖွေချိန်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုအတွက် ခိုင်မာအားကောင်းတဲ့ နိုင်ငံတကာ ထောက်ပံ့မှု ဆက်လက်ပြီး ရှိဖို့ လိုအပ်ကြောင်း ပြသရန် ဖြစ်ပါတယ်” ဟု UNHCR ၊ IOM နှင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးရုံးတို့၏ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များက မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ မွတ်ဆလင် ဒုက္ခသည်များကို ပစ်မှတ်ထားနေခဲ့ကြောင်း CTTC ၏ အကြီးအကဲက ပြောသည်။ သူတို့ကို ပြန်ပို့သည့် အချိန်အထိ ရဲတပ်ဖွဲ့က အခြားသော လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများနှင့် အတူ အခြေအနေကို သတိထားပြီး စောင့်ကြည့်သွားမည် ဟုလည်း ထပ်ပြောသည်။

“တကယ်လို့ လုံလောက်တဲ့ စောင့်ကြည့်မှုကို မလုပ်ခဲ့ဘူးဆိုရင် အနာဂတ်မှာ အခု ကလေးငယ်တွေဖြစ်ကြတဲ့ ရိုဟင်ဂျာ တွေက အကြမ်းဖက်ဝါဒမှာ ပါဝင် ပတ်သက်လာဖွယ်ရာ ရှိပါတယ်” ဟု Monirul Islam က ဆိုသည်။

ယခုအချိန်အထိမူ ဒုက္ခသည်များက နိုင်ငံတကာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်များတွင် ပါဝင်မှု မရှိသေးဟု သူက ပြောသည်။

ကုလသမဂ္ဂမှ လာရောက်ခြင်းက ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတခု မပြုလုပ်မီ တပတ်အလိုတွင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သံတမန်များ၏ အဆိုအရ အဆိုပါ အစည်းအဝေးကို မေလ ၃ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်ပိုင်းက ပြန်ပို့ရန် ပထမဆုံး ကြိုးစားမှုတခု ပျက်ပြားခဲ့ပြီးနောက် ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေးတွင် တိုးတက်မှုမရှိဘဲ ဖြစ်နေခဲ့ရသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်များက ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက နောက်ထပ် အကူအညီများ ပေးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့နောက် ကိုယ်စားလှယ် အဖွဲ့က ဒုက္ခသည်များနှင့် တွေ့ဆုံရန်၊ မုတ်သုန်ရာသီအတွက် ပြင်ဆင်မှုများကို စစ်ဆေးရန်နှင့် အစားအစာနှင့် အမိုးအကာ ဝေမျှသည့် စီမံကိန်းများကို ကြည့်ရှုရန် ကော့ဗဇားသို့ သွားရောက်ကြမည် ဖြစ်သည်။

သူတို့က စေတနာ့ဝန်ထမ်းများနှင့် စကားပြောသွားမည် ဖြစ်သည်။ ဒုက္ခသည်များ အကူညီပေးရေး ဝန်ဆောင်မှုများနှင့် အကာအကွယ် ရရှိရေးသာမက မြန်မာနိုင်ငံသို့ ပြန်သွားရေး ထူထောင်ပေးရန် အတွက် UNHCR နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေသည့် အသိအမှတ်ပြု ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း လေ့လာသွားမည် ဖြစ်သည်။

အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တွက်ချက်ရန် ရခိုင် ပြည်နယ်မှ ကျေးရွာ ၁၂၀ တွင် ကောက်ယူရန် စီစဉ်ထားသည့် စစ်တမ်းတခုကို ကုလသမဂ္ဂ တာဝန်ရှိသူများက အရွယ် အစား လျှော့ချခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးတန်းသံတမန်တဦးက ပြောကြောင်း ဒက္ကာ အခြေစိုက် New Age နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းက မြန်မာ့တပ်မတော်၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများတွင် ကျန်ရစ်ခဲ့သော ကျေးရွာ ၁၂၀ မှ ကျေးရွာ ၅၀ ခန့်တွင် စစ်တမ်းများ ကောက်ယူပြီးစီးရန် မြန်မာ အာဏာပိုင်များက ကုလသမဂ္ဂကို ခွင့်ပြုခဲ့သည်။

စစ်ဆင်ရေးများ စတင်သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ ဒုက္ခသည် ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ဒုက္ခသည်များကို ဘေးကင်လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ကြသည်။ ၎င်းထဲတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ မှ ဖြစ်ရပ်များနောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့သူများ အကျုံးဝင်သည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Delayed Repatriation Risks Breeding Rohingya Terrorists: Bangladesh Official  ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: ကလေးများဒုက္ခသည်ဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာအကြမ်းဖက်ဝါဒ
Muktadir Rashid

Muktadir Rashid

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.6k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

Next Post
မိသားစုလိုက်ပျော်ပွဲစားသွားတဲ့ လယ်ကွင်းပြင်လိုနေရာတွေမှာ  တိရစ္ဆာန်တွေမွေးမြူထားရင် ပိုတောင်ကောင်းပါသေးတယ်

မိသားစုတွေ ပျော်ပွဲစားထွက်လို့ကောင်းတဲ့ နေရာများ

သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် တနှစ်ထက်တနှစ်ပိုမိုပူလာပါတယ်

၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အပူဆုံး နိုင်ငံများ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate