• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်၌ စစ်ပွဲကြောင့် ကလေးများ ကျောင်းမတက်နိုင်သည့် အရေး လွှတ်တော်တွင် ဆွေးနွေး

by မိုးမိုး
6 August 2019
in သတင်း
A A
ရခိုင် စစ်ရှောင် စခန်းတခုတွင် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက စစ်ဘေးရှောင် ဒုက္ခသည် ကလေးငယ်များကို တွေ့ရစဉ်  / ဧရာဝတီ

ရခိုင် စစ်ရှောင် စခန်းတခုတွင် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက စစ်ဘေးရှောင် ဒုက္ခသည် ကလေးငယ်များကို တွေ့ရစဉ် / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းနေအရွယ် ကလေးများ ပညာ သင်ကြား ခွင့် ရရှိရေးနှင့် ဆောင်ရွက်ပေးမှု အခြေအနေကို အစိုးရအား ရခိုင် အမတ်က ယနေ့ လွှတ်တော်တွင် မေးခွန်း ထုတ်လိုက် သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ်(AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေရ သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ် များ ရှိ စစ်ဘေးရှောင် ဒုက္ခသည် ၅ သောင်းနီးပါး ရှိကြောင်း သိရသည်။

ယင်း ဒုက္ခသည် ၅ သောင်းထဲမှ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေး အတွက် မည်ကဲ့သို့ ဆောင်ရွက် ထားသည်ကို သြဂုတ်လ ၆ ရက်က လွှတ်တော်၌ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) မှ ဦးခင်မောင် လတ်က မေးခွန်း မေးမြန်းခြင်း ဖြစ်သည်။

၎င်းက“ကျောင်းသားတွေဟာ ဗုံးသံ၊ သေနတ်သံတွေ ကြားမှာ ထွက်ပြေးလာရတဲ့ အတွက် အိမ်ထောင်စုစာရင်းမရှိ၊ ကျောင်းထွက် လက်မှတ်မရှိ ၊ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာ မရှိ ဖြစ်နေပါတယ်”ဟုလည်း လွှတ်တော်သို့ တင်ပြ သည်။

ထို့ကြောင့် စစ်ဘေးရှောင် ကလေးငယ်များအတွက် ကျောင်းဝင်ခွင့်နှင့် ပညာသင်ကြားခွင့် အပြည့်ရရှိရေးတို့ကို အဓိက လိုအပ်နေကြောင်း၊ တိုက်ပွဲများကြားမှ ရှောင်ပြေးလာရပြီး မိဘများနှင့် တကွဲတပြားစီ အတူ မနေထိုင်ရသည့် အတွက် စိတ်ဓာတ် ကြံ့ခိုင်ရေးနှင့် မြှင့်တင်မှုပေးရန် လိုအပ်လျက် ရှိကြောင်းလည်း ဦးခင်မောင်လတ် က ပြောဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ပညာရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးဝင်းမော်ထွန်း က“ကျောင်းပြောင်း လက်မှတ်၊ အိမ်ထောင်စု စာရင်း မရှိသော် လည်း ပညာသင်ကြားခွင့် ရရှိရန် ထိုအချက်လက်များအား ဖြေလျှော့ရန်အတွက် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် လာရောက် ဖြေကြားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၇ ခုမှ စစ်ဘေးရှောင် စခန်း ၅၃ ခုတွင် ကျောင်းသား ကျောင်းသူပေါင်း ၂၀၀၀ ကျော် (၂၁၉၂ ဦး) အတွက် ပညာသင်ကြားရေး ဆောင်ရွက်ပေးထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီစဉ်ဖြင့် ဒုက္ခသည် စခန်း များ ဆောက်လုပ်သည့် အနီးဆုံး ကျောင်းတွင် ဝင်ဆံ့မှု ရှိသလောက် လက်ခံ သင်ကြားမည် ဖြစ်သလို၊ မရှိပါကလည်း ယာယီကျောင်းဆောင် ဆောက်လုပ် သင်ကြားရန် စီစဉ်ထားကြောင်း ဒု ဝန်ကြီးက ဆက်လက် ပြော သည်။

ထို့ပြင် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များ၊ ကျောပိုးအိတ်များကိုလည်း ထောက်ပံ့ ပေးထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သို့သော် မြေပြင်တွင် စစ်ဘေးရှောင် ကလေးများ ပညာ ဆက်လက်သင်ကြားနိုင်ရေး အတွက် ပညာရေး ရန်ပုံငွေမှ ဖြစ်စေ၊ အထူး ရန်ပုံငွေမှ ဖြစ်စေ ထုတ်ယူသုံးစွဲရန် လိုအပ်နေကြောင်းလည်း ဦးခင်မောင်လတ်က လွှတ်တော်၌ ဆွေးနွေးသွားသည်။

စစ်ဘေးရှောင်နေရသည့် လူဦးရေ ၅ သောင်းခန့်တွင် အမျိုးသမီးများနှင့် ကလေးငယ်များက အခက်အခဲ ဒုက္ခ အများ ဆုံး ခံစားနေရကာ အစိုးရက ဆောက်လုပ်ပေးသည့် စခန်းများသည်လည်း အဆင်မပြေကြောင်း၊ စစ်ဖြစ်ပွားသည့် နေရာ တိုင်းတွင် ဒေသခံ ပြည်သူများ၏ ဘဝ သက်သာရန် မရှိကြောင်း၊ အားလုံး ပျက်စီးဆုံးရှုံးသည့် အပြင် ကျောင်းနေ အရွယ် ကလေးငယ်များ ပညာဆုံးခန်းတိုင် မသင်ကြားရဘဲ ကျောင်းပြင်ပ ရောက်ရှိသွားသည့် ကလေးငယ် များစွာ ရှိနေကြောင်း ဦးခင်မောင်လတ်က လွှတ်တော် အစည်းအဝေး အပြီး မီဒီယာများကို ပြောသည်။

ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်လှိုင်ဝင်းက ပညာရေးစနစ် မြင့်မားရန်နှင့် ကလေးတိုင်း ပညာသင်ကြားရန်အတွက် အစိုးရက ဆောင်ရွက်မှုများ ရှိနေသော်လည်း စစ်ဘေးရှောင် နေရာဒေသများတွင် မဆိုထားဘဲ ရန်ကုန်ကဲ့သို့ မြို့ကြီးများ၌ပင် ကျောင်းနေအရွယ် ကလေးများ ကျောင်းကို ရောက်မလာသူများ ရှိနေကြောင်း ပြောဆိုသည်။

၎င်းက“စစ်ဘေးရှောင်ဒေသတွေမှာ ပညာသင်မှု ပံ့ပိုးပေးမှု အပိုင်းကို မဆိုထားနဲ့ မြို့ပေါ်ကို ကြည့်ရင် သိသာပါတယ်။ မြို့ပေါ်မှာတောင် လိုအပ်ချက်တွေ များနေတာကိုး”ဟု ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် စခန်း ၆၀ ခန့်၊ ခိုလှုံနေသည့် ဒုက္ခသည် ဦးရေ ၄၆၀၀၀ ကျော် ရှိပြီး ထိုထဲမှ နှစ်သောင်းခန့်မှာ ကျောင်းနေအရွယ် ကလေးများ ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်း အရုံး (REC) စစ်တမ်းများအရ သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှစ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွား နေခြင်း ဖြစ်သည်။

Your Thoughts …
Tags: ကျောင်းနေအရွယ် ကလေးရခိုင်စစ်ပွဲ
မိုးမိုး

မိုးမိုး

...

Similar Picks:

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

by ဧရာဝတီ
10 August 2024
502

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ အနည်းဆုံး ၁၀၀၀ ရှိကြောင်း ချောင်ဒရီပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် / ဧရာဝတီ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

by အဂ္ဂအောင်
10 May 2022
41.6k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး / အောင်ကျော်ထက် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

by မောင်မောင်စိုး
11 June 2020
66.8k

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ မောင်နှမကို ၂၀၁၉ စက်တင်ဘာလအတွင်း မြင်ရစဉ် / ဇော်ဇော် 

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

by မောင်မောင်စိုး
26 June 2020
27.5k

ရခိုင်စစ်ပွဲအပါ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေထွက်ပေလိမ့်မည်။

AA ၏ လူအင်အား ၄၀၀၀ ခန့် ရခိုင်မြောက်ပိုင်းတွင် ဖြန့်ခွဲလှုပ်ရှားနေသည်ဟု ခန့်မှန်းသုံးသပ်ရပါသည် / အောင်ကျော်ထက်

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

by မောင်မောင်စိုး
12 June 2020
45.6k

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းသည်နှင့် လိုအပ်ချက်များ များပြားပေသည်။

၂၀၂၀ မတ်လအတွင်း AA အား  NLD အစိုးရက မတရားသင်းအဖြစ် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လည်းကောင်း ကြေညာခဲ့သည် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

by မောင်မောင်စိုး
19 June 2020
30.7k

NLD အများစုပါဝင်သည့် လွှတ်တော်များတွင် ရခိုင်အရေးဆွေးနွေးသည်ကို မတွေ့ရပေ။

Next Post
ရေကြီးနစ်မြုပ်မှု ဖြစ်ပွားသည့် ငပုတောမြို့နယ် ဝက်ကော် ကျေးရွာရှိ နေအိမ်များ  / ဧရာဝတီ

မြစ်ရေ မြင့်တက်၍ ငပုတော၌ အိမ်ခြေ ၁၆၀ ကျော် နစ်မြုပ်

အိမ်အကူ မကရင်မအမှု သံသယတရားခံ တပ်မတော်အရာရှိကတော်ကို ရုံးထုတ်မြင်ကွင်း  / ထက်ဝေ

မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved