• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

by မောင်မောင်စိုး
26 June 2020
in ဆောင်းပါး
A A
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ မောင်နှမကို ၂၀၁၉ စက်တင်ဘာလအတွင်း မြင်ရစဉ် / ဇော်ဇော် 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ မောင်နှမကို ၂၀၁၉ စက်တင်ဘာလအတွင်း မြင်ရစဉ် / ဇော်ဇော် 

27.5k
VIEWS
Share on FacebookShare on Twitter

လက်နက်ကိုင်ပုန်ကန်မှုများနှင့် မြန်မာပြည်

ရခိုင်ပြည်နယ်တွင် အခြားတိုင်းရင်းသားများကဲ့သို့ပင် မိမိတို့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ယူမှရမည်ဟူသည့် အယူအဆသည် ၁၉၄၇ ခုနှစ်ကတည်းက တည်ရှိပြီးဖြစ်သည်။ အစောပိုင်း လက်နက်ကိုင်ပုန်ကန်မှုများ ကျဆုံးခဲ့သော်လည်း အဆင်းရဲဆုံးပြည်နယ်တခုအဖြစ် ရပ်တည်နေသော ရခိုင်ပြည်နယ်အတွက် လက်နက်ကိုင် တိုက်ခိုက်မှ ရမည် ဟူသည့် အယူအဆသည် ရှင်သန်ဆဲဖြစ်သည်။ ဤကား ပထမအချက်ဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

20 May 2025
578
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.8k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
320

ထို့ပြင် ဒုတိယအချက်အနေဖြင့် ၁၉၈၈ နောက်ပိုင်း တိုးထွက်လာသော အယူအဆ တခုမှာ လက်နက်ကိုင်မှ လူရာဝင် သည်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆမှာ အကြောင်းမဲ့ထွက်ပေါ်လာသော အယူအဆမဟုတ်ပေ။ ၁၉၈၉ ခုနှစ်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အစိုးရကြား ငြိမ်းချမ်းရေးယူသောအခါ တိုင်းရင်းသား လက်နက်ကိုင်များအား အသိအမှတ်ပြုခံရခြင်း၊ နိုင်ငံတော်အဆင့်ဆွေးနွေးခြင်းများအပြင် ၎င်းတို့အဖွဲ့နှင့်၎င်းတို့ ဒေသများ အတွက် အခွင့်အရေးရခြင်းတို့ကို တွေ့မြင်နေရသော်လည်း လက်နက်ကိုင်ဆောင်နိုင်ခြင်းမရှိဘဲ မြို့ပေါ် နိုင်ငံရေး လုပ်ဆောင်နေသူများမှာ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်ကွပ်ခံနေရသောအခါ ထိုအယူအဆသည် ပို၍ ရှင်သန်လာသည်။

တတိယအနေဖြင့် UWSA “ဝ”ဒေသနှင့် NDAA မိုင်းလားဒေသတို့တွင် ကိုယ့်တပ်၊ ကိုယ့်အုပ်ချုပ်ရေးနှင့် လွတ်လပ်စွာ ရပ်တည်နိုင်ပြီး ဒေသလည်း ဖွံ့ဖြိုးတိုးတက်လာသည့်အခြေအနေသည် အခြားတိုင်းရင်းသားများ အားကျဖွယ်ဖြစ်သည်။ ထိုသို့ ရပ်တည်လာနိုင်သည်မှာလည်း အနှစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အပြင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေနှင့်လည်း ဘောင်ဝင်သည့် အခြေအနေမဟုတ်ပေ။ သို့သော် ဤသို့ရပ်တည်နိုင်သည်မှာ တောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့ ရှိ၍ သာ ဖြစ်သည်ဟု အများကကောက်ချက်ချထားပေးရာ အခြားတိုင်းရင်းသားများသည်လည်း ထိုသို့အခြေအနေမျိုး ရရှိ နိုင်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့ အင်အားတောင့်တင်းအောင် တည်ဆောက်မှရမည်ဟူသည့် အမြင်ပေါ်လာသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

စတုတ္ထအနေနှင့် လက်ရှိ မြို့ပေါ်ဥပဒေတွင်း တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍဖြစ်သည်။ အချို့ပြည်နယ်များ တွင် ပြောင်းရွှေ့အခြေချသူ များပြားသောကြောင့် ဒေသခံတိုင်းရင်းသားပါတီများ တိုးမပေါက်ဖြစ်နေသည်။ ရခိုင်၊ ရှမ်းကဲ့သို့ တိုင်းရင်းသားပါတီများ အများစု အနိုင်ရသည့်ပြည်နယ်များတွင်လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်မရှိ။ ပြည်လွှတ်တော်ကလည်း လုပ်ပိုင်ခွင့်နည်းပါးသည့်အပြင် ပြည်မအာဏာရပါတီကလည်း တိုင်းရင်းသားပါတီများအား ပြည်နယ်အရေးကိစ္စများတွင် ဆွေးနွေးဖက်အဖြစ် သဘောထားခြင်း မရှိသည့် အခြေအနေများအောက်တွင် မြို့ပေါ်ဥပဒေတွင်းလမ်းကြောင်းအား ယုံကြည်မှု နည်းပါးလာခြင်းသည် အထူးသဖြင့် တက်ကြွသည့်လူငယ်များအား လက်နက်ကိုင်လမ်းကြောင်းသို့ တွန်းပို့သကဲ့သို့ ဖြစ်နေသည်။

ပဉ္စမအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုပြဿနာဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆို၍ ပြည်ထောင်စုတရပ် တည်ဆောက်မည် ဆိုခဲ့သော်လည်း အမှန်တကယ် ပြည်ထောင်စုတရပ် မတည်ဆောက်နိုင်ခဲ့ပေ။ ဖဆပလခေတ် တလျှောက်လုံးတွင်လည်း ပြည်ထောင်စုမဖြစ်ခဲ့ဘဲ တပြည်ထောင်စနစ်ကျင့်သုံးပြီး ဗဟိုမှ အလုံးစုံချုပ်ကိုင်သော စနစ်ဖြင့်သာ သွားခဲ့သည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် ၂၀၁၀ အထိ အနှစ် ၅၀ ကာလ တွင်လည်း ဗဟိုမှအကြွင်းမဲ့ ချုပ်ကိုင်သည့် ဗဟိုချုပ်ကိုင်မှု အားကြီးသည့် တပြည်ထောင်စနစ်ဖြစ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲမှစတင်သည့် ၂၀၀၈ အခြေခံဥပဒေသည် ဖက်ဒရယ်အခြေခံများပါသည် ဆိုသော်လည်း လက်တွေ့ တွင် ပြည်နယ်များရှိ ပြည်နယ်လွှတ်တော်များသည် ပြည်နယ်အစိုးရဖွဲ့ခွင့်မရှိ၊ ပြည်နယ်လွှတ်တော်သည် အရေးပါသော ဆုံးဖြတ်ချက်များ၊ ဥပဒေများ ချမှတ်နိုင်ခြင်း မရှိပေ။

ထိုအခြေအနေအောက်တွင် ပြည်နယ်များ၏တန်းတူရေး၊ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တိုင်းရင်းသားတို့ တောင်းဆို တိုက်ပွဲဝင်ကြရာတွင် မြို့ပေါ်ဥပဒေတွင်း နည်းလမ်း သာမက လက်နက်ကိုင်လမ်းကြောင်းသည် ၎င်းတို့ ရွေးချယ်စရာတခု ဖြစ်လာပေသည်။

ဆဌမအနေနှင့် တိုင်းရင်းသားဒေသများသည် တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း၊ အခြား တိုင်းပြည် နယ်စပ်များနှင့်ကပ်လျက် တည်ရှိခြင်းစသည့် အကြောင်းအချက်များရှိသည်။ ထိုအချက်အလက်များအောက်တွင်ဒေသတွင်း လှည့်လည် စစ်ကစားနိုင်ခြင်း၊ ပြည်ပမှ အကူအညီရ ယူနိုင်ခြင်း၊ လက်နက်ခဲယမ်း မီးကျောက်ရရှိနိုင်သည့် လမ်းကြောင်းများရှိခြင်း စသည့် လက်နက်ကိုင်ပုန်ကန်နိုင်သည့် အခြေအနေများ ရှိနေပေသည်။

သတ္တမအချက်အနေနှင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာအရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အမျိုးသားရေးကြွေးကြော်သံသည် ၎င်းတို့၏တိုင်းရင်းသားလူမျိုးများအား စည်းရုံးနိုင်စွမ်းနှင့် ထောက်ခံမှု ရယူနိုင်စွမ်းရှိသည်။

သို့ဖြစ်ရာ ဤအကြောင်းအချက်များအရ မြန်မာပြည်ရှိတိုင်းရင်းသားများသည် ၎င်းတို့နိုင်ငံရေးရည်မှန်းချက်အတွက် လက်နက်ကိုင်ပုန်ကန်နိုင်ရန် ရေခံမြေခံရှိနေပြီး ရွေးချယ်စရာတခုလည်းဖြစ်နေသည်။ ထို့ကြောင့်လည်း တိုင်းရင်းသား ပြည်နယ်တိုင်းတွင် လက်နက်ကိုင်ပုန်ကန်မှုများ ရှိနေခြင်းသည် မြန်မာပြည်၏ ထူးခြားချက်ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

မည်သည့်တိုင်းပြည်တွင်မဆို အစိုးရနှင့် စစ်တပ်သည် ပုန်ကန်သူများကို အမြစ်ပြတ်ချေမှုန်း လိုသည်သာဖြစ်သည်။ သီရိလင်္ကာကဲ့သို့ အမြစ်ပြတ်ချေမှုန်းရေးကို လိုလားကြသည်သာဖြစ်သည်။ မြန်မာပြည်တွင်လည်း တပ်မတော်အနေဖြင့် ပုန်ကန်သူများအား နှိမ်နင်းခဲ့သည့် ဂုဏ်ယူစရာဖြစ်ရပ်များရှိခဲ့သည်ကို ငြင်းပယ်ရန်မရှိပေ။ လွတ်လပ်ရေးရပြီး တပြည်လုံး ပုန်ကန်သူများ ပြည့်နှက်နေပြီး ရန်ကုန်အစိုးရဟု သမုတ်ခံနေရသည့် အခြေအနေမှ တိုင်းပြည်နေရာအများစုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ပြည်မရှိ အထင်ကရပုန်ကန်သူများဖြစ်သည့် ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ပြည်ပြေးဟု ခေါ်သည့် ဦးနု၏ ပဒပ စသည်တို့ကို ချေမှုန်းနိုင်ခဲ့သည်။ ရခိုင်ရှိပုန်ကန်သူများအား အင်အားချိနဲ့စေပြီး နယ်စပ်သို့မောင်း ထုတ်ကာ ရခိုင်တွင် အခြေမချနိုင်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ခွန်ဆာ၏ MTA အား လက်နက်ချခိုင်း နိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း KNU အား အကွဲကွဲ အပြားပြား ဖြစ်စေခဲ့သည်။ မွန်ပြည်သစ်ပါတီအား အင်အားချိနဲ့ စေခဲ့သည်။ ပလောင်လက်နက်ကိုင်အဖွဲ့အား လက်နက်ချစေနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးယူထားသော အဖွဲ့အချို့အား နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ပြီး နောက်ပိုင်းတွင် ပြည်သူ့စစ်အချို့အား လက်နက်ဖြုတ်သိမ်းနိုင်ခဲ့သည်။ ကိုးကန့်အဖွဲ့ MNDAA အား တိုက်ထုတ်နိုင်ခဲ့ပြီး ကိုးကန့်ဒေသအား ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့သော် အောင်မြင်မှုများမှာ တပ်မတော်အတွက် ဂုဏ်ယူစရာဖြစ်သကဲ့သို့ ရှေ့ဆက်မည့် လမ်းကြောင်းအတွက် အတွေ့အကြုံများလည်းဖြစ်သည်။

သို့သော် လက်တွေ့ဖြစ်ပေါ်နေသည်များကိုလည်း ထည့်သွင်းတွက်ချက်ရန်လိုပေသည်။ ဗကပတို့အား ချေမှုန်း နိုင်ခဲ့သည် ဆိုသော်လည်း ဗကပတို့ ရယူခဲ့သည့် ပန်ဝါဒေသ၊ ကိုးကန့်ဒေသတို့နှင့်ပတ်သက်၍ တပ်မတော်က ရလဒ် ပြောင်းယူနိင်ခဲ့သည်။

သို့သော် “ဝ” ဒေသ၊ မိုင်းလားဒေသ စသည့် ရလဒ်များကို ပြောင်းလဲနိုင်ခြင်းမရှိပါ။ ထို့အတူ ကချင်ပြည်နယ်ရှိ KIA သည်လည်း အင်အားကောင်းစွာဖြင့် ရပ်တည်နိုင်ဆဲဖြစ်သည်။ အများစုလက်နက်ချသည့် ခွန်ဆာ၏ MTA မှ ကျန်ခဲ့သည့် စဝ်ရွက်စစ်သည် ယနေ့အခါ အင်အားတစုံတရာ တောင့်တင်းသည့် RCSS အဖြစ် ရပ်တည်နိုင်သည်။ မြောက်ပိုင်း SSA တပ်မဟာ ၂ ခုအား ပြည်သူ့စစ်အသွင် ပြောင်းနိုင်ခဲ့သော်လည်း ကျန်ခဲ့သည့် တပ်မဟာတခုထဲမှ ငြင်းဆန် တုန့်ပြန် တိုက်ခိုက်ပြီး SSPP/SSA အဖြစ် ရပ်တည်နေနိုင်ခဲ့သည်။

အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရသည့် ရခိုင် ဒေသ၊ တိုက်ထုတ်ခံခဲ့ရသည့် ကိုးကန့်ဒေသနှင့် လက်နက်ချခဲ့သည့် ပလောင် (တအာင်း) ဒေသတို့တွင် ယခင်ထက်ပိုအားကောင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များ အလျှိုလျှို ပြန် ပေါ်လာ သည်ကို တွေ့ရသည်။ လုုံးဝလက်နက်ချခြင်း၊ ချေမှုန်းခံရခြင်းအနေအထားမှပင် အသစ်ပြန်လည်ထိုးထွက်လာသည် ကိုတွေ့မြင်နေရသည်။

သို့ဖြစ်ရာ အကွဲကွဲအပြားပြားဖြစ်နေသော KNU၊ အင်အားချိနဲ့နေသည်ဟု ယူဆရသည် KNPP နှင့် မွန်ပြည်သစ်တို့ အင်အားပြန်၍ ကောင်းမလာနိုင်တော့ဟု တထစ်ချ သတ်မှတ်၍ မရနိုင်ပေ။ ထို့ပြင် မွန်ပြည်သစ်ပါတီသည် ပြည်တွင်းစစ် အစောပိုင်းကာလက တဖွဲ့လုံးနီးပါး လက်နက်ချပြီးမှ ပြန်၍လက်နက်ကိုင်ကာ အင်အား တောင့်တင်းလာသည့် ဖြစ်စဉ်ရှိသည်။ ဤအချက်များကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေသည်။

တခုလုံးခြုံ၍ ကြည့်လျှင် ပြည်တွင်းစစ် နှစ် ၇၀ ကျော်သမိုင်းတွင် မြန်မာပြည်အစိုးရ အဓိကအားဖြင့် တပ်မတော်သည် ပြည်မရှိ လက်နက်ကိုင်ပုန်ကန်သူများအား အမြစ်ပြတ် ရှင်းလင်းချေမှုန်းနိုင်သည်။ သို့သော် တောင်တန်းဒေသ၊ တိုင်းရင်း သား ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိပေ။ ဤသည်မှာ နိုင်ငံရေး ရည်မှန်းချက်၊ စစ်ဆင်နိုင်သော ရေမြေအနေအထားနှင့် ပြင်ပအကူအညီစသည့် အချက်များနှင့် သက်ဆိုင်ပေသည်။

ဤသို့သောအခြေအနေများအောက်တွင် လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကို ထည့်သွင်း တွက်ချက် လိုပါသည်။ နိုင်ငံရေးအရဆိုလျှင် မြန်မာပြည်အစိုးရ အဓိကအားဖြင့် တပ်မတော်အား ၁၉၈၈ ခုနှစ်မှစ၍ အနောက် နိုင်ငံများက ဗြောင်အတိအလင်း ဆန့်ကျင်ခဲ့သည်။ ၂၀၁၅ NLD အစိုးရတက်ပြီး အပြောင်းအလဲရှိနိုင်သည်ဟု မျှော်လင့်ရသော်လည်း ၂၀၁၇ မွတ်ဆလင်ဒုက္ခသည် အရေးအခင်းပြီးနောက် ပြောင်းလဲမှု မရှိသည့်အပြင် မွတ်ဆလင်နိုင်ငံများ၏ ဆန့်ကျင်ခဲ့မှုပါ ထပ်ဆင့် ခံခဲ့ရသည်။

ထိုသို့ ဆန့်ကျင်သည့် နိုင်ငံများသည် မြန်မာပြည်၏ နိုင်ငံရေးစနစ် အပြောင်းအလဲ အတွက် ရည်ရွယ်ကြသကဲ့သို့ တပ်မတော်အား ဆန့်ကျင်သူများအားလည်း ပုံစံအမျိုးမျိုးဖြင့် အကူအညီပေးသည်ကို တွေ့ရသည်။ နိုင်ငံရေးအရ မဆန့်ကျင်သည့် နိုင်ငံများကလည်း ကြားနေကြသည်များပြီး မြန်မာအစိုးရ၊ တပ်မတော်ဘက်မှ နိုင်ငံရေးအရ ရပ်တည် ပေးသည်မှာ တရုတ်တနိုင်ငံတည်းဟု ဆို၍ရသည်။ ကုလသမဂ္ဂတွင် မြန်မာအတွက် ဗီတိုအာဏာသုံးပေးနေသော တရုတ်သည်ပင် တရုတ်- မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်လျှင် ထိန်းညှိသည့်ပေါ်လစီကို ကျင့်သုံးသည်ကို တွေ့ရသည်။

စီးပွားရေးအရဆိုလျှင် COVID-19 ရောဂါပြန့်ပွား၍ တကမ္ဘာလုံးစီးပွားရေးအရ ထိခိုက်နေသည့်ကာလတွင် မြန်မာ့ စီးပွားရေးတခုတည်း ကွက်၍ ဦးမော့လာမည့် အခြေအနေမရှိပေ။ COVID အလွန် မြန်မာ့စီးပွားရေး၊ နိုင်ငံတကာ စီးပွားရေးသည် မျှော်မှန်းသည်ထက် ပို၍ဆိုးဝါးနိုင်သည်။ စစ်ရေးအရဆိုလျှင် မြန်မာပြည်တိုင်းရင်းသားတိုင်းလိုလို လက်နက်ကိုင်ပုန်ကန်နေပြီး တပြည်လုံးတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အား ၁ သိန်းခန့် ရှိနေသည်ဟု ခန့်မှန်းရသည်။

ထိုအင်အားများကို အနှစ် ၇၀ အတွင်း အမြစ်မဖြတ်နိုင်သကဲသို့ လာမည့် အချိန်တိုအတွင်းတွင်လည်း အမြစ်ပြတ် ချေမှုန်းရန်မလွယ်ကူသည့်အပြင် အဖွဲ့သစ်များ ပေါ်လာနိုင်သည့် အခြေအနေများကိုလည်း ကြုံနေရသည်။ ဤသို့သော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများအောက်တွင် မြန်မာပြည် ပြည်တွင်းစစ် သို့မဟုတ် လက်နက်ကိုင်ပုန်ကန်မှု များကို ဖြေရှင်းရန် တွေ့ဆုံ ဆွေးနွေးခြင်းသာ အဖြေဖြစ်သည်ဟု သုံးသပ်ရပေသည်။

ရခိုင်ပြည်နယ်အရေးသုံးသပ်ချက်

အထက်တွင် ဖောပြထားသော အချက်အလက်များကို ခြုံငုံသုံးသပ်ရပါက လက်ရှိရခိုင်ပြည်နယ်စစ်ပွဲများအတွင်း တပ်မတော်သည် ကြည်း၊ ရေ၊ လေ သာလွန်အင်အားသုံး၍ တိုက်ခိုက်နိုင်သည်။ ရခိုင်ပြည်နယ်၏အဓိက မြို့ပြများနှင့် အဓိက ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းထားနိုင်သည်။ သို့သော် သွားလာရန်ခက်ခဲသော တောတောင်များ ပေါ်တွင် လွယ်လင့်တကူ စစ်ဆင်ရန် ခက်ခဲနေပြီး ရခိုင်လူထု ထောက်ခံမှု၌ တပန်းရှုံးနေရာ အချိန်တိုအတွင်း AA အား အမြစ်ပြတ် ချေမှုန်းနိုင်ရန် လွန်စွာခဲယဉ်းသည်။

AA သည် တစုံတရာအင်အားရှိပြီး သင့်တင့်သည့် ထောက်ပံ့မှုများ ရအောင်ဖန်တီးနိုင်ကာ တိုက်ပွဲရလဒ်တချို့ကိုလည်း ဖော်ထုတ်နိုင်ပြီး ရခိုင်လူထုထောက်ခံမှု ရရှိနေသဖြင့် ရခိုင်နှင့် ပလက်ဝ အတွင်း ပြောက်ကျားအခြေခံ စခန်းအနေနှင့် ခြေကုပ်ယူနိုင်သည့် အခြေအနေ ရရှိနေသည်။ တဆက်တည်းတွင် AA တို့ ရခိုင်ပြည်နယ်တွင်း ထိုးဖောက် ဝင်ရောက် လာပြီးနောက် ရခိုင် ပြည်သူ့အာဏာပိုင်အဖွဲ့အစည်း Arakan People Authority (APA) ဆိုသည်ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ APA ကွန်ရက်သည် အစိုးရနှင့် တပ်မတော်ထိန်းချုပ်ထားသည့် မြို့ပြနှင့်ကျေးလက်များအား ထိုးဖောက်၍ အုပ်ချုပ်ရေးအာဏာ ထူထောင်လျက်ရှိသည်ကို တွေ့ရသည်။ သို့သော် AA သည် အချိန်တိုအတွင်း တပ်မတော်အား အပြုတ်တိုက်နိုင်ရန်တော့ မဖြစ်နိုင်ပေ။

အစိုးရအနေဖြင့်လည်း AA နှင့် ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည် ဆိုသော်လည်း AA အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည်။ ထိုသို့ ကြေညာထား၍ တပ်မတော်အနေနှင့် AA အား အပြုတ်ချေမှုန်းလမ်းကြောင်းကို ရွေးချယ် ထားပြီး အကြမ်းဖက်အဖွဲ့ AA အား အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့်တန်းတူ သဘောမထားနိုင်ဟု ဆိုနေသည်။ ဤအခြေအနေသည် လက်တွေ့တွင် ပိုမိုပြင်းထန်သည့် စစ်ပွဲဆီသို့ ဦးတည်နေသည်။

ရခိုင်တွင် စစ်ပွဲများဆက်လက်ပြင်းထန်နေပါက သူ၏မဟာမိတ်များရှိရာ မြောက်ပိုင်းသို့လည်း စစ်မီးကူးစက်နိုင်သည့် အလားအလာရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းသို့ပါ ပြင်းထန်စွာသက်ရောက်သည့် နိုင်ငံတကာအခြေအနေ ကြီးကြီးမားမား ပြောင်းလဲမှု မရှိပါက စစ်ပွဲသည် ရှည်ကြာပြင်းထန်နေမည်သာဖြစ်သည်။

အထက်ပါအကြောင်းအချက်များအရ COVID-19 ကြောင့် စီးပွားရေး ကျပ်တည်းနေသောကာလတွင် စစ်ပွဲများကြောင့် ကုန်ကျသည့် စစ်စားရိတ်ထောင်းခြင်းအပြင် စစ်ဘေးသင့်ဒေသများတွင် ပြည်သူများ အတိဒုက္ခရောက်ပြီး ကုန်ထုတ်လုပ်မှု ကျဆင်းကာ စီးပွားပျက်ကြခြင်းကြောင့် တိုင်းပြည် စီးပွားရေးအရ ပိုမိုခက်ခဲသော အခြေအနေကို ရင်ဆိုင်ရပေမည်။ ထို့ပြင် ရခိုင်စစ်ပွဲနှင့်အတူ လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်-ဗမာမုန်းတီးရေး ပြောဆိုရေးသားမှုများကို တွေ့နေရပေရာ စစ်ပွဲနှင့်အတူ တိုင်းပြည်စည်းလုံး ညီညွတ်မှု ပျက်ပြားသော အခြေအနေကို ပိုမိုရင်ဆိုင်ရဖွယ်ရှိနေပေသည်။

ဤသို့သော အခြေအနေများအောက်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ ထိုအကျပ်အတည်းမှ ထွက်ပေါက် ဖြစ်ပေလိမ့်မည်။

၂၀၁၈ ခုနှစ်အကုန်ပိုင်းကစ၍ တပ်မတော်ရော AA အပါ မြောက်ပိုင်း ၄ ဖွဲ့ကလည်း အချိန်ကာလသတ်မှတ်၍ အပစ်အခတ် ရပ်စဲရေး တဖက်သတ်ကြေညာခြင်းများကို အပြန်အလှန်ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးပြုလုပ် ခြင်းသည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း နှစ်ဖက်တွေ့ဆုံ ဆွေးနွေး သဘောတူညီမှု မရရှိဘဲ ပြသနာ ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ရခိုင်လက်နက်ကိုင်ပြဿနာအပါအဝင် တိုင်းရင်းသားများအရေး ဖြေရှင်းရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ပြဿနာကို ဖြေရှင်းရေးသည် အရေးကြီးသည်မှန်သော်လည်း အခြေခံဖြေရှင်းရမည့် ပြဿနာမှာ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာဖြစ်သည်ကို အလေးထားဆုပ်ကိုင်ဖြေရှင်းရန်လိုသည်။ တိုင်းရင်းသားပြည်နယ်များ အခွင့်အရေးနှင့် ပတ်သက်၍ လိုလားသည့် ပြည်နယ်ပုံစံ မတူကြသော်လည်း ဆွေးနွေးပွဲ စကားဝိုင်းတွင် ညှိနှိုင်း အဖြေရှာကြရန်လိုအပ်သည်။ ပါဝင်သည့်ဘက်အားလုံး လက်ခံနိုင်သည့် အဖြေတရပ်ဖြစ်ရန် လိုသည်။

အဆိုပါအခြေခံပြသနာကို ဖြေရှင်းနိုင်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင် ပေလိမ့်မည်။

ရခိုင်စစ်ပွဲအပါ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေထွက်ပေလိမ့်မည်။ တွေ့ဆုံဆွေးနွေးခြင်းသာ အကြပ်အတည်း၏ ထွက်ပေါက်ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပြင်းထန်သော ရှည်ကြာသော စစ်ပွဲသံသရာက ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပေ။

ပြီးပါပြီ။ ။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄)

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၆)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

Your Thoughts …
Tags: AAANPဇာတ်ကောင်များတပ်မတော်ပြောက်ကျားစစ်ပွဲရခိုင်စစ်ပွဲ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
သရုပ်ဆောင် ချစ်သုဝေ  / Chit Thu Wai's Facebook

ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ ချစ်သုဝေ

ကျောင်းပြန်တက်ရတော့မယ့် သားသားမီးမီးတွေအတွက် အလွယ်တကူ အွန်လိုင်းကပဲ ကျောင်းဝတ်စုံဝယ်ကြမယ်

ကျောင်းပြန်တက်ရတော့မယ့် သားသားမီးမီးတွေအတွက် အလွယ်တကူ အွန်လိုင်းကပဲ ကျောင်းဝတ်စုံဝယ်ကြမယ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate