• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်

by ထက်နိုင်ဇော်
15 August 2019
in သတင်း
A A
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

70.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့ တို့ရှိ တပ်မတော် အဆောက်အဦများကို ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် အဖွဲ့တို့က ယနေ့နံနက် စောစောပိုင်းတွင် တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်မှာ ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ် အချိန်က လက်နက်ကြီးနှင့် အပစ်ခံရပြီး အနည်းဆုံး လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းထဲတွင် တာဝန်ထမ်းဆောင်နေသည့် အရပ်သား တဦး သေဆုံးသွားကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ကျောင်းထဲကို လက်နက်ကြီး ကျည် ၅ လုံးလောက် ကျရောက် ပေါက်ကွဲတာ ရှိတယ်။ အဲဒီထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားတဦး သေတယ်။ စစ်သည်တယောက် ဒဏ်ရာ ရတယ်။ အဆောက်အဦးတချို့ ထိခိုက်သွားတာ ရှိတယ်”ဟု သူက ပြောသည်။

ထို့ပြင် ပြင်ဦးလွင်အထွက်ရှိ စစ်ဆေးရေဂိတ်တခုလည်း အပစ်ခံရသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ တချိန်တည်းမှာပင် ပြင်ဦးလွင်မြို့ အထက်ရှိ နောင်ချိုမြို့ ရှိ တပ်ရင်း ဌာနချုပ်တခုလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

“တပ်ရင်းဌာနချုပ်တခုကို ပစ်ခတ်သွားတာ ရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူး။ ပြင်ဦးလွင်ကိုတော့ လုံခြုံရေးအရ ထိန်းချုပ်လိုက်ပြီ။ နောင်ချိုဘက်မှာတော့ အခုချိန်အထိ သတင်းပေါ်နေတုန်းပဲ ရှိသေးတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းပြသည်။

နောင်ချိုမြို့အထွက် Asia World ဂိတ် မီးရှို့ခံလိုက်ရပြီး ယင်းဂိတ်ရှိ ဝန်ထမ်းများမှာလည်း အဝိုင်းခံထားရကြောင်း၊ မနက် ၅ နာရီ ဝန်းကျင်တွင် စတင်ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဂုတ်တွင်းရှိ မူးယစ်ဆေးဝါးဖမ်းဆီးသည့် ဂိတ်ကိုလည်း ဝင်သိမ်းထားကြောင်း ယင်းနေရာအနီးသို့ ရောက်ရှိ နေသူ အမျိုးသား တဦးက ပြောသည်။

“မနက် ၅ နာရီ ဝန်းကျင်လောက်က စတယ်ခင်ဗျ။ ဂုတ်တွင်းမှာ ရှိတဲ့ မူးယစ်ဂိတ်ကို ဝင်သိမ်းတယ်။ Asia World ဂိတ်ကို မီးရှို့တယ်။ အဲဒီက ဝန်ထမ်းတွေကို ဝိုင်းထားတယ်။ Asia World ဂိတ်ဆိုတာ နောင်ချိုမြို့ အဝင်ကို ရောက်နေပါပြီ ခင်ဗျာ။ ပြောရရင် မြို့ လူနေ ရပ်ကွက် အစပ်နားကို ရောက်နေပြီ။ လောလောဆယ် ကြားနေတာတော့ TNLA က လုပ်တာလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ကားတစီးကိုလည်း ကျပ် ၃ သောင်း တောင်းခံနေသလို ဖုန်းများလည်း အသိမ်းခံရကြောင်း၊ နောင်ချိုမြို့ အထွက်တွင် တပ်မတော်၏ တပ်ရင်း ၁၁၄၊ ၁၁၅ တို့နှင့် ယင်းလက်နက်ကိုင်များအကြား တိုက်ပွဲ ဖြစ်နေကြောင်း သိရသည်။

“ကားလမ်းတွေပိတ်နေတယ်။ ပြင်ဦးလွင်ဘက်ခြမ်းကိုလည်း သွားမရဘူး။ နောင်ချိုဘက်ခြမ်းလည်း လာမရပါဘူး။ လူနာတချို့ တောင် ပြင်ဦးလွင် ပို့မလို့ မရလို့ နောင်ချိုဆေးရုံ ပြန်ပို့ထားရတယ်။ အစောပိုင်းမှာ ၃ ဦး ဒဏ်ရာရတယ်။ ၂ ဦးက ခေါင်းမှာ တဦးက ပေါင်မှာပါ”ဟု ယင်းအမျိုးသားက ဆက်လက် ပြောကြားသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ TNLA အဖွဲ့ ပြောခွင့်ရသူ မိုင်းအိုက်ကျော်က “ပြင်ဦးလွင် DSAသင်တန်းကျောင်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တိုက်ခိုက်တယ်ဆိုတာ အတည်ပြုလို့ ရပါတယ်။ ဒီမနက် ၅ နာရီခွဲလောက်မှာ တိုက် တာဖြစ်တယ်။ တိုက်ပွဲနဲ့ပတ်သက် တဲ့ အသေးစိတ် အချက်အလက်တော့ မသိရသေးပါဘူး။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ နယ်မြေတွေမှာ ထိုးစစ်တွေ တအားပြင်းထန်နေလို့ စစ်မျက်နှာကို ပြန်ပြောင်းပြီးတော့ စစ်ဆင်ရေးလုပ်တာ ဖြစ်တယ်။ ကျနော့်နယ်မြေမှာဆို စစ်ရေးဖိအားတွေ ပိုပြီး တော့ ပြင်းထန်လာတယ်။ ဒါကြောင့် တဖက်ကို စစ်မျက်နှာ ပြန်ပြောင်းရတာပေါ့”ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

တပ်မတော်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသည့် ၆ လအတွင်း စစ်တိုင်း ၅ တိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု ၆၁ ကြိမ်ရှိခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့ (SSA) ဝမ်ဟိုင်း တို့ ဖြစ်ပြီး စုစုပေါင်း ၄၂ ကြိမ် ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

တာမိုးညဲက တပ်မတော် တပ်ရင်းဌာနချုပ်ကို TNLA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်

Your Thoughts …
Tags: TNLAတပ်မတော်တပ်မတော် နည်းပညာတက္ကသိုလ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
မင်းသား နဲ့ Liam Hemsworth နဲ့ အဆိုတော် Miley Cyrus

Miley Cyrus ကျန်းမာစေဖို့နဲ့ ရှေ့လျှောက်ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့တဲ့ Liam Hemsworth

HTC ရဲ့ Wildfire X စမတ်ဖုန်း

HTC က Wildfire X စမတ်ဖုန်းနဲ့ အိန္ဒိယစျေးကွက်သို့ ပြန်လည်ဝင်ရောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved