• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆေးကုသခံနေသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ဝန်ကြီးဦးဇာနည်အောင် ခေတ္တ တာဝန်ယူ

by မြတ်ပြည့်ဖြိုး
1 November 2019
in သတင်း
A A
မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ခေတ္တတာဝန်ယူထားသည် ဦးဇာနည်အောင်

မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ခေတ္တတာဝန်ယူထားသည် ဦးဇာနည်အောင်

28.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူ နေရသဖြင့် တိုင်းလျှပ်စစ်ဝန်ကြီးအား ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် တိုင်းလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က “ဝန်ကြီးချုပ်က ကျန်းမာရေးအရ ဘန်ကောက်မှာ ဆေးစစ်နေတာ ဟုတ်တယ်။ ဒါကြောင့် သူ့တာဝန်တွေကို ကျနော့်ကို ယာယီ လွှဲပေးခဲ့တာပါ။ တာဝန် တွေက ပုံမှန် ရုံးလုပ်ငန်း တာဝန်တွေပါပဲ။ ဘာမှထွေထွေထူးထူး မရှိပါဘူး” ဟု ဧရာဝတီကို ပြောပြသည်။

ခေတ္တဝန်ကြီးချုပ်အဖြစ် မည်မျှကြာ တာဝန်ထမ်းဆောင်ရမည် ဆိုသည်ကိုမူ ၎င်းက အသေးစိတ်ပြောကြားခြင်း မရှိပေ။

တိုင်းအစိုးရအဖွဲ့ အတွင်း မူအားဖြင့် ဝန်ကြီးချုပ်သည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့ကို အဓိက တာဝန်ယူသလို အရေးတကြီး ဆုံးဖြတ်ရန်ကိစ္စရပ်များ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအား အစိုးရအဖွဲ့ အစည်းအဝေး (Cabinet) ဆုံးဖြတ် ချက်ဖြင့် ဆောင်ရွက်လေ့ ရှိကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်က တိုင်းအစိုးရ အဖွဲ့အတွင်း ဌာနအလိုက် ဝန်ကြီးများအား သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ပေးထားပြီး ဖြစ် သဖြင့် ယခုလို ဝန်ကြီးချုပ် ကျန်းမာရေးအရ ခေတ္တတာဝန်မှ အနားယူထားစဉ် တာဝန်ထပ်ပိုလာခြင်း မရှိကြောင်း အမည် မဖော်လိုသော တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦးက ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ်သည် အောက်တိုဘာ၂၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပါတီ၊ အစိုးရနှင့် လွှတ်တော်တို့ တွေ့ဆုံပွဲသို့ တက်ရောက်မှု အပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် ကျန်းမာရေး စစ်ဆေးမှုခံ ယူနေသည်မှာ ယနေ့ အချိန်ထိ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

တိုင်းဝန်ကြီးချုပ်နှင့် နီးစပ်သည့် ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က “ဘာမှ သေ ချာ မသိရသေးဘူး။ ထောင်ထဲမှာ ရခဲ့တဲ့ ရောဂါလို့ပဲ ပြောတယ်။ အခု လောလောဆယ် အခြေအနေကတော့ ဆေးစစ်နေ တုန်းပဲလို့ သိရသေးတယ်။ ဆရာက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက နေမကောင်း ဖြစ်နေတာ။ သူနိုင်ငံခြား မသွား ခင် ဖုန်းရတော့ ထိုင်းခဏ သွားပြီး ဆေးစစ်လိုက်ဦးမယ် ဆိုတာလောက်ပဲ ပြောပြသွားတာ” ဟု ဧရာဝတီကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း အရွေးချယ်ခံခဲ့ရသလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရ မြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒ နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတဦး ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည်

လူထုက ပါတီတခုတည်း ကြည့်၍ မဲပေးမည် မဟုတ်တော့ကြောင်း NLD သတိပေး

Your Thoughts …
Tags: တိုင်းလျှပ်စစ်ဝန်ကြီးမန္တလေးတိုင်းဝန်ကြီးချုပ်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ဒီတော်လှန်ရေးခရီးက အောင်မြင်မှာ မလွဲဘူး (ရုပ်/သံ)

ဒီတော်လှန်ရေးခရီးက အောင်မြင်မှာ မလွဲဘူး (ရုပ်/သံ)

by ဧရာဝတီ
18 November 2024
1.7k

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ တော်လှန်ရေးခရီးဟာ လက်ရှိအတိုင်း အားလုံးစုပေါင်းပြီး ဆက်သွားမယ်ဆိုရင် အောင်မြင်မှာမလွဲဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ဇနီး ဒေါက်တာ ယုယုမေ က ပြောပါတယ်။

အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်နေအိမ် / MDY image (Telegram)

ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်အိမ်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်

by ဧရာဝတီ
10 May 2023
4.9k

ဒေါက်တာဇော်မြင့်မောင်၏ အိမ်မှာ အမရပူရမြို့နယ် အိုးတော်ရပ်ကွက် သိမ်ကြီးဈေး တောင်ဘက် အမရပူရ မြို့မရဲစခန်းနှင့် ငယ်တိုးအုပ်ချုပ်ရေးမှူးရုံးကြားတွင် တည်ရှိပြီး ပေါက်ကွဲမှုကြောင့် အိမ်မှာ အနည်းငယ် ထိခိုက်ပျက်စီးသွား ကြောင်း သိရသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် / ဧရာဝတီ

ဒေါက်တာဇော်မြင့်မောင် အမှုများ ဒီဇင်ဘာလအတွင်း အပြီးသတ်အမိန့်ချဖွယ်ရှိ

by ဧရာဝတီ
11 November 2021
6.3k

စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မများအတွက် အပြစ်မရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က တရားခွင်တွင် ငြင်းဆို ထားသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားမှုများကိုလည်း မိသားစုဝင်များက ရှင်းပြ ငြင်းဆိုထားကြသည်။

Next Post
Kim Kardashian နဲ့ မင်းသမီး ဂျန်နီဖာလိုပက်ဇ်

ဂျန်နီဖာလိုပက်ဇ်နဲ့အတူ ရုပ်ရှင်တကားမှာ ပါဝင်လာမယ့် Kim Kardashian

သရုပ်ဆောင် ရွှေသမီး / Shwe Tha Mee's Facebook

“သခင်ကြီးနဲ့ ငါးပိတို့စရာ” ဇာတ်ကားမှာ စကား မပြောဘဲ သရုပ်ဆောင်ထားတဲ့ ရွှေသမီး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved