• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည်

by ထွန်းထွန်း
29 October 2019
in သတင်း
A A
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးကို ဦးဆောင်မည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာအောင်မိုးညို / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးကို ဦးဆောင်မည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာအောင်မိုးညို / ဧရာဝတီ

44.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးက အဓိက ဦးဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဦးဆောင်မည့်သူ ၄ ဦးမှာ NLD ပါတီ ဒု ဥက္ကဋ္ဌ -၂ ဒေါက်တာ ဇော်မြင့်မောင်(မန္တလေးတိုင်း ဝန်ကြီးချုပ်)၊ ဗဟို အလုပ်အမှု ဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် ဒေါက်တာ အောင်မိုးညို(မကွေးတိုင်း ဝန်ကြီးချုပ်) တို့ ဖြစ် ကြသည်။

ထို့အတွက် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညိုအား အတွင်းရေးမှူး အဖွဲ့ဝင်-၃ အဖြစ် NLD ပါတီက ယနေ့ (အောက်တိုဘာလ ၂၉ ရက်) တွင် ရာထူးတိုးကာ အတည်ပြု ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါက်တာ မျိုးညွန့်က “ဒုဥက္ကဋ္ဌ -၂ ရယ် အတွင်းရေးမှူး ၃ ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဦးဆောင်သွားဖို့ ဆိုပြီး ရည်ရွယ်ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ပါတီလုပ်ငန်းတွေ သွက်လက် လျှင်မြန်ဖို့နဲ့ စည်းရုံးရေးလုပ်ငန်းတွေ တိုးချဲ့တာ အားလုံးက အောင်နိုင်ရေးအတွက် အကျိုးသက်ရောက်ပါတယ်။ ၂၀၂၀ အောင်နိုင်ရေး ကြိုတင် ပြင်ဆင်တဲ့ သဘောလည်း ပါပါတယ်။ ဒီ ၄ ဦးက အဓိက ဦးဆောင်သွားမှာပါ” ဟု ပြောသည်။

NLD အနေဖြင့် လတ်တလောတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေရာအတွက် အပြောင်းအလဲ ပြုလုပ်ရန် မရှိသေး ဘဲ ဒေါက်တာ အောင်မိုးညိုအား အတွင်းရေးမှူး-၃ အဖြစ် ခန့်အပ်လိုက်ခြင်းသည် မကြာခဏ မေးခွန်းထုတ်လေ့ရှိကြ သည့် ပါတီအား အစဉ်လိုက် အဆင့်ဆင့် တာဝန်ယူကြမည့် ရာထူး အစဉ်အဆက်အား ပြသချင်၍ ဖြစ်ကြောင်းလည်း ၎င်း က ရှင်းပြသည်။

ဒေါက်တာအောင်မိုးညိုက “ဘာမှတော့ အထူး ပြောစရာတော့ မရှိပါဘူး။ တာဝန်ပေးတယ်ဆိုတော့ အတတ်နိုင်ဆုံး ကျေ ပွန်အောင် ထမ်းဆောင်ရမှာပေါ့လေ။ အတွင်းရေးမှူး ၃ ဆိုတော့ သာမန် ဗဟိုအလုပ်အမှုဆောင်ထက် ပိုပြီးတော့ တာဝန် ကြီးမှာပါ။ ရာထူးတိုးတယ် မတိုးတာထက် တာဝန်ကြီးတာတော့ အမှန်ပဲ”ဟု ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
486
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တိုင်းနှင့်ပြည်နယ် အသီးသီးမှ လက်ရှိ ဝန်ကြီးချုပ်များမှာ ပြန်လည် ပါလာနိုင်ဖွယ် ရှိနေပြီး ၎င်းတို့၏ ၅ နှစ်တာ အုပ်ချုပ်ရေး အတွေ့အကြုံများသည် ပါတီအတွက် အဖိုးမဖြတ်နိုင်သည့် အရာများ ဖြစ်ကြောင်းလည်း ဒေါက်တာ မျိုးညွန့်က ပြောသည်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက “ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကြိုးစားပြီး လုပ်ရမှာပါ။ လာ မယ့် ရွေးကောက်ပွဲမှာ ကျန်းမာရေး အရ ကောင်းနေမယ်၊ တာဝန်လဲပေးမယ် ဆိုရင်တော့ ပြိုင်ရမှာပါပဲ” ဟု ဆိုသည်။

NLD ပါတီအနေဖြင့် လူထုအကျိုးပြု လုပ်ငန်းများနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာတွင် ၂၀၂၀ ရွေးကောက်ပွဲ အလွန် အစိုးရ ဖွဲ့စည်းရေး အတွက် လျာထား/ စဉ်းစားထားသူများ ရှိသော်လည်း စာရင်းနှင့် တကွ ပြုစုသတ်မှတ်ရန်အထိ မရှိသေးကြောင်း ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ အနေဖြင့် ပါတီတခုတည်းကိုသာ ကြည့်ပြီး မဲပေးတော့မည် မဟုတ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ကာ ဝမ်းစာပြည့်နေရန် လိုအပ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌ-၂ ဒေါက်တာ ဇော်မြင့်မောင်က အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လွှတ် တော်၊ ပါတီ သုံးပွင့်ဆိုင် တွေ့ဆုံပွဲ၌ သတိပေးထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

လူထုက ပါတီတခုတည်း ကြည့်၍ မဲပေးမည် မဟုတ်တော့ကြောင်း NLD သတိပေး 

ဒီမိုကရေစီ စစ်မှန်မှုမရှိသေးဟု NLD ပြော 

NLD တိုင်းရင်းသားကော်မတီက တိုင်းရင်းသားပါတီများကို ယှဉ်ပြိုင်ရုံပဲလား 

NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ 

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲNLD ပါတီ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုး

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

by ဧရာဝတီ
5 April 2023
12.7k

သွားရောက်တွေ့ဆုံ နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုးနှင့် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်တို့ဖြစ်သည်။

တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

by ထက်နိုင်ဇော်
4 October 2019
28.8k

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ပြောရေးဆိုခွင့် ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ ပြောဆိုမှုအရ တပ်ချုပ်မှာ နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံပါ

ပြီးခဲ့သည့် ဧပြီ ၇ရက်က ဖျက်ဆီးခံလိုက်ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ် NLD ပါတီရုံး(CJ )

NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ

by ဧရာဝတီ
12 April 2023
38.2k

ထိုသို့ ဖျက်ဆီးခြင်းများကို ညအချိန်၌ ပြုလုပ်လေ့ရှိပြီး အရပ်ဝတ်ဖြင့်လူအုပ်စုတစုက လာရောက်၍ ဖျက်ဆီးနေကြခြင်း ဖြစ်ကြောင်း ပါတီဝင်များနှင့် ဒေသခံများထံက သိရသည်။

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

by ကျော်စွာမိုး
2 September 2019
115.1k

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ

ရွေးကောက်ပွဲ အနိုင်ရ၍ အောင်ပွဲခံနေသော နေပြည်တော်ရှိ NLD ထောက်ခံသူများ/သီဟလွင်

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

by Bertil Lintner
14 November 2020
40.4k

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သောပါတီများကို ထောက်ခံခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံရေးအရှိတရား အသစ်တခုဖြစ်သည့် NLD ကို ရုတ်တရက် နားလည်လက်ခံသွားသည်။

ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေကြသူများ/ထက်ဝေ/ဧရာဝတီ

သူတို့ နိုင်ငံသားတာဝန်ကျေခဲ့ပြီ

by မေစစ်ပိုင်
8 November 2020
6.4k

မဲဆန္ဒနယ်အလိုက် နေရာများစွာမှာ မည်သည့်ပါတီက ကိုယ်စားလှယ်တွေ အနိုင်မလဲ။ တိုင်းရင်းသား မဲဆန္ဒ နယ်မြေတွေကလည်း တိုင်းရင်းသားအသံတွေကိုယ်စားပြု ထွက်ပေါ်လာဖို့ ဘယ်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရ လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Next Post
၂၀၁၇ ခုနှစ် NCA ဒုတိယအကြိမ်မြောက် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းဖတ်ကြားအပြီး / Reuters

ခြေ/ဥ ပြင်ဆင်ရေး တိုင်းရင်းသားများ၏ တောင်းဆိုမှုကို ဦးစားပေးရမည်ဟု တပ်ချုပ် ပြော

တရားရုံးရောက် အမှုတွဲတွေ ဘယ်လောက်မှန်ကန်လဲ သုံးသပ်ဖို့လို (ရုပ်/သံ)

တရားရုံးရောက် အမှုတွဲတွေ ဘယ်လောက်မှန်ကန်လဲ သုံးသပ်ဖို့လို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved