• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်ကြောင်း သဟိဂ်သို့ ရပ်နီးရပ်ဝေးမှ လာပြသကြ

by ကျော်ဖြိုးသာ
11 December 2019
in သတင်း
A A
ဒီဇင်ဘာ ၁၀ ရက် သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ကြားနာပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်

ဒီဇင်ဘာ ၁၀ ရက် သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ကြားနာပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်

8.8k
VIEWS
Share on FacebookShare on Twitter

တချို့သည် နာရီပိုင်းကြာ လေကြောင်းခရီးုဖြင့် ရောက်လာပြီး တချို့က ဘတ်စ်ကားများဖြင့် နယ်စပ်ဖြတ်ကျော်ရောက်ရှိလာကြသည်။

အနည်းငယ်သောသူများကမူ သြစတြေးလျနှင့် မြန်မာနိုင်ငံကဲ့သို့သော ဝေးကွာသည့် နိုင်ငံများမှ လေကြောင်းခရီးဖြင့် ရောက်လာကြသည်။

၎င်းတို့အားလုံး၏ ခရီးစဉ်မှာ သဟိဂ်သို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲပြီး ဂမ်ဘီယာ နိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုခြင်းအတွက် ဥပဒေဆိုင်ရာအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဟု အစိုးရက ကြေညာသောအခါ နိုင်ငံတဝှမ်းမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများသည် လျှင်မြန်စွာ တုံ့ပြန်ကြသည်။

၎င်းတို့သည် မြို့ကြီးများသည် လူထုစုဝေးပွဲများ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်ဟူသော စာတမ်းများကို မြှောက်တင် ကိုင်ဆောင်ကြသည်။ ဒီဇင်ဘာလ ၁၁ နှင့် ၁၂ ရက်နေ့များတွင် အများပြည်သူရှေ့မှောက် ကြားနာစစ်ဆေးခြင်းတွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အချိန်တွင် လူထုစုဝေးပွဲများ ပိုမိုကျင်းပရန်လည်း စီစဉ်ထားကြသည်။

နိုင်ငံတကာတရားရုံး တည်ရှိရာမြို့သည်လည်း ချွင်းချက်မဟုတ်ပေ။ ဥရောပတိုက် အတွင်းအပြင်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ရာပေါင်းများစွာတို့သည် သဟိဂ်သို့ လာရောက်ပြီး ၎င်းနှင့် သွေးစည်းညီညွတ်မှုကို ပြသကြသည်။ အထူးသဖြင့် ကြားနာစစ်ဆေးမှုသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သောအခါ ထိုအချက်ကို ပြသကြသည်။

“ကျနော်တို့နဲ့အတူ လူ ၃၀၀ လောက် ရောက်လာမယ်လို့ မျှော်မှန်းတယ်” ဟု သဟိဂ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည် ဆိုသည့် လူထုလှုပ်ရှားမှုကို ဦးဆောင်သူ ကိုမိုးကျော်က ပြောသည်။ ထိုအဖွဲ့သည် မြန်မာနိုင်ငံတော်အတိုင်ပင်ခံ သဟိဂ်တွင် နေထိုင်စဉ်အတွင်း စိတ်ဓာတ်ရေးရာထောက်ခံမှုကို ပေးရန်ရည်ရွယ်သော အဖွဲ့ဖြစ်သည်။

လာရောက်ထောက်ခံသူ အများစုမှာ ဥရောပနိုင်ငံများဖြစ်သော ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ဒိန်းမတ်နှင့် အခြားနိုင်ငံများတွင် နေထိုင်သူများ သို့မဟုတ် ပညာသင်ယူနေသူများဖြစ်ကြောင်း သူက ပြောသည်။ တချို့သောသူများမှာမူ သြစတြေးလျကဲ့သို့ ဝေးကွာသော နိုင်ငံများမှ လာသူများဖြစ်ကြောင်းလည်း သူက ပြောသည်။

ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တွင် ကျင်းပသော လူထုလှုပ်ရှားမှုများတွင် ICJ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်ရေးရာ ထောက်ခံမှုကို ပြသရန် မြန်မာနိုင်ငံမှလာရောက်သူ နှစ်ဒါဇင်ပါဝင်ရန် စီစဉ်ထားသည်။

လူထုလှုပ်ရှားမှုကို စီစဉ်သူများ၏ ထုတ်ပြန်ကြေညာချက်အရ ထိုလူထုလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်မှာ ကြားနာစစ်ဆေးမှုကို တက်ရောက်ရန်နှင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်သော ဆုံးဖြတ်ချက်ကို ထောက်ခံရန်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်ရန် များစွာလိုသေးကြောင်း ထိုရည်မှန်ချက်အောင်မြင်ရေးအတွက် တက်ကြွသော ထောက်ခံမှုများစွာလိုကြောင်း ဥရောပနိုင်ငံများကို အသိပေးရန်အတွက် ထိုသို့ရဲရင့်သော ဆုံးဖြတ်ချက်ကို ထောက်ခံရန်ဖြစ်ကြောင်း ပွဲစီစဉ်သူများ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည်ခရီးသွားမည်ဆိုသည့် အစိုးရ၏ ထုတ်ပြန်ကြောညာချက်ကြောင့် သူနှင့်စိတ်သဘောထား တူညီသူများက လူထုလှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်ကြခြင်း ဖြစ်ကြောင်းလည်း ကိုမိုးကျော်က ပြောသည်။

“တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်လာမယ်လို့ကျနော်တို့ မျှော်လင့်မထားဘူး” ဟု သူက ပြောသည်။

ကြားနာစစ်ဆေးမှုသို့တက်ရောက်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုများ ရရှိထားသော်လည်း သူသည် မြန်မာ့တပ်မတော်ကို ကာကွယ်ရန် ICJ သို့ လာရောက်သည်ဟူသော ယူဆချက်များအတွက် နိုင်ငံတကာက ဝေဖန်နေကြသည်။ မြန်မာ့တပ်မတော်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ အပေါ် ပြုလုပ်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း အင်အားအလွန်အကျွံသုံးသည်ဟု စွပ်စွဲခံနေရသည်။ ထိုစစ်ဆင်ရေးများကြောင့် လူ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ထို စစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်းပြောသည်။ မြန်မာအစိုးရနှင့် တပ်မတော်တို့က ထိုစွပ်စွဲချက်များကို ငြင်းဆန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစုံတခုသော အုပ်စုကိုယ်စား နိုင်ငံတကာတရားရုံးသို့လာရောက်သည်ဟု မယုံကြည်ကြောင်း ထိုလူထုလှုပ်ရှားမှုကို စီစဉ်သူကပြောသည်။

“သူက ခေါင်းဆောင်ကောင်းပီသစွာ နိုင်ငံအတွက်လုပ်နေတာ။ ဒီနေ့ခေတ်မှာ သာမန်လူတွေတောင်မှ လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံကြဘူး။ သူလည်း ဒါတွေကိုလက်ခံမယ်လို့ ခင်ဗျားထင်လား။ သူက ပြဿနာရဲ့ ရင်းမြစ်အကြောင်းရင်းကို ဖော်ထုတ်ဖို့ ကြိုးစားနေတာလို့ပဲ ကျနော်ထင်တယ်။ အခုလိုလာရောက်တာဟာ နောက်ထပ်အကြောင်းရင်းတွေလည်း ရှိန်ိုင်တယ်” ဟု သူက ပြောသည်။

နယ်သာလန်နိုင်ငံရှိ မြန်မာအသိုင်းအဝန်းက စတင်အဆိုပြုခဲ့သော လူထုလှုပ်ရှားမှုအတွက် အစီအစဉ်များတွင် အခြားနိုင်ငံများမှ လာရောက်ပူးပေါင်းလိုသော မြန်မာများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် မြန်မာနိုင်ငံသားအများအပြား သဟိဂ်သို့ လာရောက်မည်ဟု လေ့လာသိရှိသောအခါ အမ်စတာဒမ်နှင့် ရော့တာဒမ်မှ မြန်မာများသည် ထိုသူများအတွက် ၎င်းတို့၏ နေအိမ်များကို တံခါးဖွင့်ပေးကြပြီး ထောက်ခံသူ ၆၀ ကျော်ကို ၎င်းတို့နေအိမ်တွင်ထားရန် ကြိုဆိုကြသည်ဟု လန်ဒန်မှ မမိုးဖြူသန့်၏ အဆိုအရ သိရသည်။ သူမသည် အခြားနိုင်ငံများမှရောက်ရှိလာသူများကို ကူညီရန် နယ်သာလန်တွင် လူထုလှုပ်ရှားမှုကို စီစဉ်သူများနှင့် အနီးကပ်လုပ်ဆောင်နေသူဖြစ်သည်။

“မြန်မာလူမျိုးတယောက်က သူခရီးသွားနေလို့ သူ့တိုက်ခန်းသော့ကို ကျမတို့ကို ပေးထားတယ်။ သူ့တိုက်ခန်းက လူ ၆ ယောက်လောက်နေလို့ရပြီး အစားအသောက် အပြည့်အစုံရှိနေတယ်” ဟု သူက ပြောသည်။

အချို့သော ထောက်ခံသူများအနေဖြင့် ဒီဇင်ဘာလ ၁၁ နှင့် ၁၂ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို ပြသခြင်းအတွက် စွန့်လွှတ်မှုတချို့ပြုလုပ်ခဲ့ရသည်။ ထိုနှစ်ရက်လုံးသည် အလုပ်ဖွင့်ရက်များဖြစ်သောကြောင့် အလုပ်သမားများသည် အလုပ်မှ ခွင့်ယူကြရသည်။ ဆွီဒင်နိုင်ငံ လမ်းတက္ကသိုလ်တွင် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့အတွက် တက်ရောက်နေသော မလဲ့နှင်းစိုး ကဲ့သို့သော ကျောင်းသူကျောင်းသားများအတွက် သဟိဂ်သို့သွားရောက်သောကြောင့် ကျောင်းမတက်နိုင်ကြပေ။

လူထု လှုပ်ရှားမှုတွင်ပါဝင်ရန် ဒီဇင်ဘာလ ၁၂ ရက်နေ့တရက်လုံး ကျောင်းတက်နိုင်မည်မဟုတ်ကြောင်း အသက် ၃၁ နှစ်အရွယ်ရှိ မလဲ့နှင်းစိုးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ နိုင်ငံကို ကာကွယ်နေချိန်မှာ နိုင်ငံသားတယောက်အနေနဲ့ ကျမယုံကြည်နေတာက ကျမတို့သူနဲ့အတူ ရပ်တည်ဖို့ပဲ” ဟု သူက ပြောသည်။ သူသည် ဆွီဒင်အစိုးရ ပညာသင်ဆုဖြင့် ပညာသင်ယူ နေသူဖြစ်သည်။

ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့များတွင် ကျင်းပသော လူထုလှုပ်ရှားမှုများတွင် ICJ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာထောက်ခံမှုပေးရန် မြန်မာနိုင်ငံမှ လာရောက်သူ ၂ ဒါဇင်ခန့်ပါဝင်ရန် စီစဉ်ထားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ထိုခရီးစဉ်သည် နိုင်ငံတော်ခရီးစဉ်မဟုတ်ဘဲ အထူးသဖြင့် လုံခြုံရေးဆိုင်ရာ အကြောင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည် သဟိဂ်သို့ မလာသည်ကို ပိုမိုနှစ်သက်ကြောင်း မပိုးဖြူသန့်က ပြောသည်။

“တခုခုဖြစ်ရင်ဘာလုပ်မလဲ။ ကျမတို့နိုင်ငံရဲ့ တခုတည်းသောမျှော်လင့်ချက်ကို ဆုံးရှုံးလိမ့်မယ်” ဟု သူက ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြောင်း သိရသောအခါ သူလေးစားရသော အမေအတွက် မည်သည်ကို လုပ်ဆောင်ပေးရမည်ကိုသာ စဉ်းစားကြောင်း သူက ပြောသည်။

“ကျမက သူ့ကို ယုံကြည်မှုရှိကြောင်းပြနိုင်တယ်။ ဒါကြောင့် သဟိဂ်က လူထုလှုပ်ရှားမှုမှာ ပါဝင်တာ” ဟု မပိုးဖြူသန့်က ပြောသည်။

သို့သော် သဟိဂ်သို့ သွားရောက်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများသာ မဟုတ်ပေ။ အင်္ဂါနေ့က ဂမ်ဘီယာနိုင်ငံမှ ဥပဒေအဖွဲ့က နှုတ်ဖြင့်ထွက်ဆိုသောအခါ ရိုဟင်ဂျာနှင့် ၎င်းတို့ကို ထောက်ခံသူ အုပ်စုတစုက မြန်မာအစိုးရပြုတ်ကျပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ရှက်ဖွယ် ဟု အော်ဟစ်ကြသည်။ ထိုသို့ဆန့်ကျင်ကန့်ကွက်မှုသည် မြန်မာနိုင်ငံကချေပမည့် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စတင်မည်ဟု မျှော်လင့်ရသည်။

(သဟိဂ်မြို့မှ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာ ကျော်ဖြိုးသာ ပေးပို့ရေးသားသော Myanmar Supporters Travel From Near and Far to Show Solidarity With State Counselor in The Hague ကို ဆီလျော်အောင် ဘာသာပြန်သည်။)

 You may also like these stories:

ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

Your Thoughts …
Tags: ICJနယ်သာလန်နိုင်ငံတော်အတိုင်ပင်ခံရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုသဟိဂ်
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

Next Post
မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး လုပ်ငန်းကို နှစ် ၃၀ ကျော် ပါဝင်ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်း / Equality Myanmar

တိုင်းပြည်လည်း မနာစေချင်ဘူး၊ အမှန်တရားကိုလည်း ရပ်တည်စေချင်တယ်

အဆိုတော်ရှိုင်း / ဝေဝေနှင်း / ဧရာဝတီ

“Now & Ever” ရုပ်ရှင်မှာ ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ အဆိုတော် ရှိုင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved