• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြောင့် ရသေ့တောင် ဒေသခံ ၄၀၀ ကျော် စစ်တွေသို့ တိမ်းရှောင်လာ

by မင်းအောင်ခိုင်
30 December 2019
in သတင်း
A A
စစ်တွေမြို့ ဓညဝတီ ရပ်ကွက် ဓမ္မရာမ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်း  / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေမြို့ ဓညဝတီ ရပ်ကွက် ဓမ္မရာမ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်း / မင်းအောင်ခိုင် / ဧရာဝတီ

6.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော် ကားလမ်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးများ ပစ်ခတ်မှု ကြောင့် ဒေသခံ ၄၀၀ ကျော် စစ်တွေမြို့ပေါ်သို့ တိမ်းရှောင်လာသည်။

ရသေ့တောင် မြို့နယ် အငူမော် (ကုန်တန်း) ကျေးရွာအနီး ကားလမ်းမ ဝန်းကျင်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ပိုင်း က မိုင်းပေါက်ကွဲမှုနှင့်အတူ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင် စစ်တပ် (AA) အဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွား ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
45

အငူမော် ကျေးရွာသူ ဒေါ်လှသန်းကြည်က“ကျမတို့ အငူမော်ရွာ အနီး ကားလမ်းမ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ကြ တယ်။ စစ်တွေ ကမ်းဘက်ကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာ ရှိတယ်။ လက်နက်ကြီး ကျည်ဆန်တွေ ရွာအနီးမှာ လာကျတယ်။ ရွာက အပင်ကြီးတွေ လှုပ်ပါတယ်။ ရွာမှာ ဆက်မနေရဲတော့ဘူး။ ကျည်လာကျမှာ စိုးရိမ်ပြီး ဒီကို ပြေးလာ ကြတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာကြသည့် ကျေးရွာများမှာ ရသေ့တောင်မြို့နယ် အတွင်းက အငူမော်၊ မကျည်း ချောင်း၊ အငူမော် (ကုန်တန်း) ပေါက်တောပြင်၊ သာစည်ကုန်း၊ ကျောက်တန်း စသည့် ကျေးရွာများဖြစ်ပြီး လက်ရှိ အချိန်တွင် စစ်တွေမြို့ ဓညဝတီ ရပ်ကွက် ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းတွင် ဝင်ရောက် ခိုလှိုနေကြသည်။

မကျည်းချောင်း ကျေးရွာမှ တိမ်းရှောင်လာသူ ဒေါ်ဝေမဦးကလည်း“ကျမတို့ အိမ်တွေကို စွန့်ခွာပြီး မပြေးချင်ဘူး။ တိုက်ပွဲ ဖြစ်တယ်ဆိုရင် ပြားပြား ဝပ်နေလို့ရသေးတယ်။ အခုက လက်နက်ကြီး ကျည်ဆန်တွေက ရွာနားကို လာကျနေ ပြီ။ ကျည်ဆန်လာကျမှာကို စိုးရိမ်တယ်။ အဲဒီနေ့က ရွာအနောက်ဘက်ကို ကျည်လာကျတယ်။ ရွာနဲ့ နီးနီးလေးပဲ။ သစ်ပင်တွေ အိမ်တွေ တုန်ခါ သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ရွာသားများက မည်သည့် ပစ္စည်းမျှ ယူချိန်မရဘဲ မြစ်ကူး၍ တိမ်းရှောင် လာကြရသည့်အတွက် ချက်ပြုတ် စားသောက်ရန် အိုးခွက် ပန်းကန်းများနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်းလည်း ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ ဓမ္မရာမ ကျောင်းတိုက်အတွင်း ခိုလူံနေကြသော စစ်ဘေးရှောင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဆန်အိတ်တချို့နှင့် မြို့ပေါ် အရပ်ဘက် အဖွဲ့အစည်း များက ဟင်းသီး ဟင်းရွက် တချို့ေ ထာက်ပံ့ ပေးထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် အတွင်းမှ လူ ၃၀ ကျော် ထပ်မံ တိမ်းရှောင်၍ ရောက်ရှိ လာသည်ကို တွေ့မြင်ခဲ့ရသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က“အခု ထွက်ပြေးလာကြတာက ရသေ့တောင် မြို့နယ်အတွင်းက မယူကမ်းဒေသ တခုလုံးလို့ ပြောလို့ ရတယ်။ သူတို့ အဓိက လက်နက်ကြီးကျည် ကျမှာကို ကြောက်တာ။ တခြား မြို့နယ်တွေမှာလည်း လက်နက်ကြီး ကျည်ဆန်လာကျလို့ သေဆုံးတဲ့ ဖြစ်စဉ်တွေကို သူတို့ ကြားနေရတော့ အဲဒီလိုဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးလာကြတာလို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားသည့် အငူမော် ကားလမ်းသည် စစ်တွေ တဘက်ကမ်းတွင် တည်ရှိပြီး ပင်လယ် ကမ်းခြေကို ပတ်၍ မောင်တော မြို့နယ်အတွင်းသို့ ဖောက်လုပ်ထားသော ကားလမ်းမ တခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုသည် တနှစ်ကျော်အထိ ရှိလာပြီ ဖြစ်ကာ စစ်ဘေးရှောင် အရေအတွက်လည်း ၁ သိန်း နီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: AAစစ်တွေတပ်မတော်ရသေ့တောင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နှစ်စဉ်ဝင်ကြေးအခမဲ့နဲ့ ပြုလုပ်ကျင်းပလျက်ရှိတဲ့ Myanmar Countdown 2020

ရန်ကုန်မြို့ New Year ညမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲများ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ်

မြင်းခြံထောင် ဆူပူမှု ထိန်းနိုင်ပြီဟု အကျဉ်းဦးစီးပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved