• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် လပွတ္တာရှိ ဂဏန်းပို့ကုန်လုပ်ငန်းရပ်ဆိုင်းနေ

by ဆလိုင်းသန့်စင်
11 February 2020
in သတင်း
A A
တရုတ်ပြည်မှ ဂဏန်းအဝယ် မရှိသဖြင့် ထိခိုက်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရသည့် လပွတ္တာမြို့ရှိ ဂဏန်းဈေးကွက် / ဧရာဝတီ

တရုတ်ပြည်မှ ဂဏန်းအဝယ် မရှိသဖြင့် ထိခိုက်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရသည့် လပွတ္တာမြို့ရှိ ဂဏန်းဈေးကွက် / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ဂဏန်းပို့ကုန်လုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းနေကြောင်း သတင်းရရှိသည်။

“လပွတ္တာမြို့မှာ ဂဏန်းဒိုင် ၁၅၀ ကျော် ရှိပြီးတော့ လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဂဏန်းဖမ်းသူ၊ သယ်ပို့သူနဲ့ ဂဏန်းဒိုင် လုပ်သား၊ ကုန်ကားလုပ်သား အပါအဝင် ဆိုရင် ဒီလုပ်ငန်းအပေါ်မှာ မှီခိုနေသူ လူဦးရေ ၃ သောင်းကျော်လောက် ရှိတယ်။ ဒါတောင် အခြားမြို့တွေက လုပ်ငန်းတွေ မပါသေးဘူး၊ အခုလို တရုတ်က အဝယ်ရပ်သွားတဲ့အတွက် လပွတ္တာက ဂဏန်း လုပ်ငန်းတွေ၊ ဒီလုပ်ငန်းအပေါ် မှီခိုနေသူတွေ အကုန် အခက်အခဲတွေဖြစ်၊ အလုပ်လက်မဲ့တွေ ဖြစ်နေကြတယ်”ဟု လပွ တ္တာမြို့မှ ဂဏန်းဒိုင်လုပ်ငန်းရှင် ဦးပြည်ဟိန်းကျော်က ဧရာဝတီကို ပြောသည်။

လက်ရှိတွင် တရုတ်ပြည်မှ ဝယ်ယူခြင်း မရှိသည့်အတွက် လပွတ္တာဂဏန်း ဈေးနှုန်းများ အလွန်အမင်း ကျဆင်းသွားခဲ့သည်။ ယခင်က ၁ ပိသာလျှင် ၁၅ဝဝဝ ကျပ်ဝန်းကျင် ဈေးနှုန်းရှိသည့် ဂဏန်းများမှာ လက်ရှိတွင် ၅ဝဝဝ ကျပ်ဈေးအထိ ကျဆင်း သွားခဲ့ပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များကိုသာ အဓိက တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“အရင်တုန်းက လပွတ္တာကနေ ၁ ရက်ကို ဂဏန်းခြင်း ၅ဝဝ လောက် ရန်ကုန်ကို ပို့ရတယ်။ အခုတရက်ကို ခြင်း ၅ဝ တောင် မပို့ရတော့ဘူး။ ဈေးတွေလည်း ၁ သောင်းလောက် ကျသွားတယ်။ ဈေးကျလည်း ရတဲ့ဈေးနဲ့ ရောင်းနေကြရတာပါပဲ။ ဒီအတိုင်း ရက်ကြာမယ်ဆိုရင်တော့ လပွတ္တာ ဂဏန်းလုပ်ငန်းတွေ အကုန် ပြိုလဲသွားလိမ့်မယ်”ဟု ဂဏန်းဒိုင်လုပ်ငန်းရှင် ဦးပြည်ဟိန်းကျော်က ပြောသည်။

ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ဇန်နဝါရီလ အတွင်း ဖြစ်ပွားမှု ပိုမိုကျယ်ပြန့်လာသည့်အတွက် ဇန်နဝါရီ ၂၄၊ ၂၅နှင့် ၂၆ ရက်နေ့တို့တွင် နှစ်နိုင်ငံ အုပ်ချုပ်ရေး တာဝန်ရှိသူများက တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ယာယီပိတ်ခဲ့ကြသည်။

နယ်စပ်ဂိတ်များ ယာယီပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ချိန်တွင်လည်း တရုတ်ပြည်မှ ဝယ်ယူမှု မရှိတော့သည့်အတွက် တရုတ်ပြည် ဈေးကွက်ကို အဓိက မှီခိုရောင်းချနေရသည့် လပွတ္တာမြို့မှ ဂဏန်းဒိုင် အားလုံးနီးပါး လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ပြီး ယင်းလုပ်ငန်းအပေါ် မှီခိုနေကြသည့် လူပေါင်းသောင်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ကာ စီးပွားရေးထိခိုက်မှုများ ကြုံတွေ့နေကြကြောင်း သိရသည်။

လပွတ္တာမြို့တွင် ရန်ကုန်မှတဆင့် တရုတ်ပြည်သို့ တင်ပို့သည့် ဂဏန်းဒိုင်ပေါင်း ၁၅ဝ ကျော်ရှိပြီး လက်ရှိတွင် ဂဏန်း ဈေးကွက် ပျက်နေသည့်အတွက် ဂဏန်းဒိုင်ပေါင်း ၁၄ဝ ခန့် လုပ်ငန်းရပ်နားကာ ပိတ်သိမ်းထားကြောင်း သိရသည်။



“ဂဏန်းဒိုင်တွေရှိတဲ့ ကမ်းနားဘက်ခြမ်းက အခုဆို ခြောက်ကပ်နေတာပဲ။ ပိတ်တဲ့ဒိုင်တွေကပိတ်၊ ဖွင့်တဲ့လူကလည်း အရောင်းအဝယ် အနည်းအကျဉ်းပဲ ရှိတယ်။ အခုလိုအခြေအနေမှာ ဂဏန်းဒိုင်တွေမှာ အလုပ်လုပ်တဲ့ အခြေခံ အလုပ် သမားတွေရယ်၊ ဂဏန်းထောင်တဲ့သူတွေ၊ ဒီလုပ်ငန်းအပေါ် မှီခိုနေရတဲ့ အခြေခံလုပ်သားတွေ အဓိက ထိခိုက်ကုန်တယ်။ စားဝတ်နေရေးတွေ ခက်ခဲကုန်ကြတာပေါ့”ဟု လပွတ္တာမြို့ခံ ဦးစိုးသီဟမင်းက ပြောသည်။

မြန်မာနိုင်ငံ ဂဏန်းလုပ်ငန်းရှင်များအသင်း နာယက ဦးမြတ်ဦးကလည်း “အခုက တရုတ်က အဝယ်မရှိတော့ တင်လို့မရ တော့ဘူး။ ရန်ကုန်မှာဘဲ တချို့လည်း ဈေးတွေမှာ ချရောင်းနေကြတယ်။ ဂဏန်းအလုပ်သမားတွေလည်း တော်တော်ကို စိတ်ညစ်နေကြပြီ။ ပြည်တွင်းဈေးကွက်မှာဘဲ ရောင်းနေရတာက တန်ရာတန်ကြေး မရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သို့ တင်ပို့သည့် ဂဏန်းလုပ်ငန်း သာမက ရေထွက် ပို့ကုန်များ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများပါ ဆိုးရွားစွာ ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏလည်း ၉ဝ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူဆယ်နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနစာရင်းအရ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ယခင်က ၁ ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ကုန်သွယ်ရာမှ ယခုအခါ တရက်လျှင် ဒေါ်လာ ၁ သန်း ဝန်းကျင်အထိ ကုန်သွယ်မှုပမာဏ ကျဆင်းနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဟူဝေပြည်နယ်၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ – ကိုရိုနာဗိုင်းရပ်စ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ စာရင်းအရ တရုတ်ပြည်တလွှားရှိ လူပေါင်း ၄၂၆၃၈ ဦးသို့ ကူးစက်ခဲ့ပြီး ယင်းရောဂါကြောင့် လူပေါင်း ၁ဝ၁၆ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်လင့်

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှု မူဆယ်နယ်စပ်တွင် နေ့စဉ် ဖရဲ ၅ တန်နီးပါး စွန့်ပစ်နေရ

စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်တော့မည် ဟုဆို

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ဂဏန်းပို့ကုန်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

by ဧရာဝတီ
26 July 2025
5.9k

ထိုင်း စတော့ အိတ်ချိန်း ရဲ့ ညွှန်းကိန်းဟာလည်း ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

စစ်ကောင်စီ၏ သတ်မှတ်ရည်ညွှန်းဈေးများ အလုပ်မဖြစ်ပါ

by ဧရာဝတီ
17 December 2023
2.3k

ပဋိပက္ခအခြေအနေများနှင့်အတူ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု စသည့် အခြေအနေပေါင်းစုံ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိမည်ဖြစ်ပြီး စီးပွားရေးမှာ နလံမထူဖြစ်နေမည်

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

by ဧရာဝတီ
11 January 2024
2.2k

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီကုန်သွယ်ရေးသို့သွားရာ အာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ပိတ်ထားရသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို မြဝတီဂိတ်အစား တခြားလမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ရန် စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အလုပ်မဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

by ဧရာဝတီ
19 July 2025
1.9k

ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း…

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်း လွတ်လပ်စွာလဲလှယ်ခွင့်ရရေး လုပ်ငန်းရှင်များ တောင်းဆို

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်း လွတ်လပ်စွာလဲလှယ်ခွင့်ရရေး လုပ်ငန်းရှင်များ တောင်းဆို

by ဧရာဝတီ
27 October 2023
1.1k

လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိလာသည့် ငွေကြေးဖြတ်တောက်ခံရမှုကိစ္စရပ်ကိုသာ အဓိက ဖြေလျှော့ပေးရန် အဓိကတောင်းဆိုခဲ့ကြပြီး စစ်ကောင်စီ၏ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးက စဉ်းစားပေးမည်ဟု တုံ့ပြန်

Next Post
အဆိုတော် မာမာအေး / နေပိုင် / ဧရာဝတီ

“ကိုယ်ပိုင်သီချင်းတွေ ရှိအောင် လုပ်ကြပါ”လို့ တိုက်တွန်းတဲ့ အဆိုတော် မာမာအေး

Catwoman ဇာတ်ကောင်

DCEU ရဲ့ အမျိုးသမီးဇာတ်ကောင် Catwoman ကိုထုတ်လုပ် ရိုက်ကူးဖို့ရှိနေတဲ့ Warner Bros.

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved