သတင်း

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်တော့မည် ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှုကို လာမည့် ဖေဖော်ဝါရီ လကုန်ခန့်တွင် စတင် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ သည်။

ယမန်နေ့က ရန်ကုန်မြို့၊ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သည့် ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ် ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီး ဒေါက်တာမြင့်ထွေးက “အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ (US CDC) မှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပတ်သက်၍ Hands on Training လာရောက် သင်ကြားပေးမည် ဖြစ်၍ ဇီဝလုံခြုံရေးအတွက် လိုအပ်မည့် ပြင်ဆင်မှုများကို လုပ်ဆောင်ထား စေလို ကြောင်းနှင့် ဖေဖော်ဝါရီ လကုန်ခန့်တွင် ဓာတ်ခွဲပစ္စည်းများ ရရှိနိုင်ပါက ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုကို မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နိုင်မည်ကို သိရှိရကြောင်း” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင် ကြီးက “ဟုတ်ပါတယ်။ ဝန်ကြီးပြောထားတဲ့ အတိုင်းပါပဲ။ ဒီဟာနဲ့ပတ်သက်လို့ ကျမတို့နဲ့ မိတ်ဖက် အဖွဲ့အစည်းကနေ စမ်းသပ်တဲ့ ပစ္စည်းတွေ မကြာခင် ရောက်ပါမယ်။ မကြာခင် ဆောင်ရွက်နိုင်ပါလိမ့်မယ်” ဟု ဧရာဝတီကို အတည်ပြု ပြောပြသည်။

လိုအပ်သည့် (ဓာတ်ခွဲစစ်ဆေးသည့်) ပစ္စည်းများကို ထောက်ပံ့မည့် ဂျပန်၊ ထိုင်း၊ US CDC အပါအဝင် မိတ်ဖက် အဖွဲ့အစည်း များစွာ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ထိုင်းမှ ဓာတ်ခွဲစမ်းသပ်ရာတွင် လိုအပ်သည့် ဓာတ်စမ်း ပစ္စည်း (reagent) ၂၅ ဦးစာ ယနေ့ ရောက်ရှိနေပြီး custom clearance ကိစ္စပြီးစီးပါက ယနေ့ညနေ (သို့) မနက်ဖြန် တွင် ရောက်ရှိမည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နေ့လယ်ပိုင်းက အသိပေး တင်ပြထားသည်။

ဆက်လက်၍ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဂျပန်နိုင်ငံ (NII) မှ reagent ၂၅ ဦးစာ ရောက်ရှိ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် US CDC မှ reagent ၁၂၅ ဦးစာ ရောက်ရှိမည်ဖြစ်ကြောင်း၊ mask နှင့် တခြားလိုအပ်သည့် ပစ္စည်းများလည်း ထပ်မံရောက်ရှိမည်ဖြစ်ပြီး ဆေးရုံများသို့ ပေးပို့ထားကြောင်း လည်း ဖော်ပြထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများကို ဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်ရန် ပြည်ပ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်ကာ စစ်ဆေးနေရခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်နေ့အထိ စောင့်ကြည်လူနာ ၉ ဦး၊ သံသယ လူနာ ၁ ဦးရှိပြီး ဆေးရုံတက်ရောက် ကုသနေသည့် လူနာ ၁၀ ဦးရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထိုနေ့အစည်းအဝေးတွင် ပြော ဆိုသွားသည်။

ဆက်လက်၍ ၎င်းက ဓာတ်ခွဲအဖြေ စုစုပေါင်း ၁၃ ခုအား ရည်ညွှန်းဓာတ်ခွဲ ပေးပို့ထားပြီး ဖြစ်ပြီး ၇ ယောက်သည် Negative ဖြစ်ကြောင်း၊ ၆ ယောက်မှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေပြီး အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန အနေဖြင့် လူနာများ၏ ဓာတ်ခွဲစမ်းသပ်မှုနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ လုပ်ဆောင်နေကြောင်းကို တွေ့ရှိရ သည်ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပြီး ကမ္ဘာတဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း ၃၄၈၈၆ ဦး ရှိသည့်အနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ၃၄၅၈၉ ဦးရှိကြောင်း သိရသည်။

You may also like these stories:

ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး

တရုတ်နယ်စပ်မှ ပြန်လာသောလူနာ ရွာက လက်မခံ၍ လပွတ္တာဆေးရုံတွင် ထားရ

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

Did you find apk for android? You can find new Free Android Games and apps.
Loading