• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်နယ်စပ်မှ ပြန်လာသောလူနာ ရွာက လက်မခံ၍ လပွတ္တာဆေးရုံတွင် ထားရ

by ဆလိုင်းသန့်စင်
6 February 2020
in သတင်း
A A
တရုတ်နယ်စပ်မှ ပြန်လာသော လူနာအမျိုးသမီးကို လပွတ္တာဆေးရုံသို့ ပို့ဆောင်နေစဉ်  / ဧရာဝတီ

တရုတ်နယ်စပ်မှ ပြန်လာသော လူနာအမျိုးသမီးကို လပွတ္တာဆေးရုံသို့ ပို့ဆောင်နေစဉ် / ဧရာဝတီ

7.7k
VIEWS
Share on FacebookShare on Twitter

တရုတ်-မြန်မာနယ်စပ်မှ လပွတ္တာမြို့သို့ ပြန်လည် ရောက်ရှိလာသူ အမျိုးသမီးလူနာ တဦးအား ကျေးရွာဒေသခံများက လက်မခံသည့် အတွက် လပွတ္တာမြို့၃ မိုင် ဆေးရုံ၊ သီးသန့်ခန်းတွင် ထားရှိကာ ကုသပေးမှုများ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ ပိန္နဲကွင်း ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးမှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လွယ်ဂျယ် ဒေသတွင် သွားရောက် အလုပ် လုပ်ကိုင်ပြီးနောက် ကျန်းမာရေး မကောင်းသည့်အတွက် လွယ်ဂျယ် တိုက်နယ်ဆေးရုံတွင် ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ ရက်က တက်ရောက် ကုသခဲ့ပြီး ဖေဖော်ဝါရီ လ ၂ ရက်တွင် ၎င်း၏ ဇာတိ ပိန္နဲကွင်းရွာသို့ ပြန်ရောက်လာခဲ့ကြောင်း သိရသည်။

ရွာသို့ ပြန်ရောက်ပြီးနောက် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဖေဖော်ဝါရီလ ၅ ရက်က လပွတ္တာမြို့တွင် ဆေးစစ်မှုများ ပြုလုပ် ပြီး ပိန္နဲကွင်းရွာသို့ ပြန်လာချိန် ကျေးရွာဒေသခံများက ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေသည်ဟု သံသယရှိသည့် အတွက် ရွာထဲ အဝင်မခံ ဟုဆိုကာ လူစုလူဝေးဖြင့် ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လပွတ္တာမြို့နယ် အုပ်ချုပ်ရေး အဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အဆိုပါ အမျိုး သမီး လူနာအား ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် လပွတ္တာမြို့ ၃ မိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

လပွတ္တာမြို့ ၃ မိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက “သူက တရုတ်နယ်စပ်ကလည်း ပြန်လာတယ်၊ ကျန်းမာရေး ကလည်း မကောင်းတော့ သူ့ကို ရွာကလူတွေက ကြောက်ပြီး လက်မခံတာတွေ ဖြစ်လာတဲ့အတွက် ဆေးရုံက သီးသန့် ခန်းမှာ ထားရှိပြီး လိုအပ်သလို ပြုစု စောင့်ရှောက်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တဦး တရုတ်နယ်စပ်မှ လပွတ္တာမြို့သို့ ပြန်ရောက်နေကြောင်း ဖေဖော်ဝါရီလ ၅ ရက်က လပွတ္တာမြို့နယ် တဝိုက်တွင် သတင်းများ ပျံ့နှံ့ခဲ့သည့်အတွက် ဒေသခံများကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးလူနာကို ရွာက လက်မခံသည့် အဖြစ်အပျက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လပွတ္တာမြို့နယ်၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျန်ကီးက “အဲဒီ ကလေးမလေးကို သူ့ရွာက အဝင်မခံတော့ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ကျန်းမာရေးဌာနက ဆရာမတွေ ပူးပေါင်းပြီး ပဲ့ထောင်နဲ့ လပွတ္တာကို ခေါ်လာတယ်။ ကျနော်တို့ အဖွဲ့တွေက လပွတ္တာ ဆိပ်ကမ်းကနေ ဆေးရုံအထိ လိုက်ပို့ပေးခဲ့တယ်။ အခုတော့ သူ့ကို သီးခြား ကုသဆောင်မှာ ထားရှိ ကုသပေးနေ ပါတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးတွင် ဆေးပညာ ကျင့်ဝတ်အရ ထုတ်ဖော်ပြော၍ မရသည့် ရောဂါတခုရှိနေပြီး တီဘီရောဂါလည်း သံသ ယရှိကြောင်း၊ သို့သော် လက်ရှိမှာ ခရီးပမ်းခြင်းနှင့် အားနည်းနေပြီး၊ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသော ကာလဖြစ်သည့်အတွက် လွယ်ဂျယ် ဆေးရုံ တာဝန်ရှိသူများက သူမ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများအား ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) ထံ ပို့ဆောင် စစ်ဆေးထားကြောင်း ဒေါက်တာ နှစ်ဆန်းဦးက ဆိုသည်။

“သူ့ကို ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာလို့တောင် ကျနော်တော့ မသတ်မှတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက လွယ်ဂျယ်မှာ ဆေးရုံတက်ရက်နဲ့ တွက်ကြည့်ရင် ၁၆ ရက်လောက် ရှိပြီဆိုတော့ တကယ်သာ ဝူဟန် ဗိုင်းရပ်စ် ဖြစ်ရင် သူ့ရောဂါအခံနဲ့ဆို ဒီအချိန်ဆို သူ့ အသက်အန္တရာယ် စိုးရိမ်နေရပါပြီ။ အခုက ဘာမှမဖြစ်ဘဲ လွယ်ဂျယ်ကနေ လပွတ္တာအထိ တယောက်ထဲ ပြန်လာနိုင်တယ်။ အခုဆေးရုံမှာ ဓာတ်မှန် ရိုက်ကြည့်တာ့ အဆုတ်ရောင်တဲ့ လက္ခဏာတွေ မရှိဘူး။ အခြေအနေ ကောင်းပါ တယ်” ဟု ဒေါက်တာ နှစ်ဆန်းဦးက ပြောဆိုသည်။

ယနေ့တွင် လပွတ္တာမြို့နယ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လူနာ အမျိုးသမီး နေထိုင်ရာ လပွတ္တာမြို့နယ်၊ ပိန္နဲကွင်း ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာ ဒေသခံပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

“သူ့ကို ကောင်းအောင် ကျနော်တို့ ကုသပေးပါမယ်။ ကျေးရွာမှာလည်း ဒေသခံ ပြည်သူတွေကို ကျနော်တို့ ကျန်းမာရေး ဝန်ထိမ်းတွေ လွှတ်ပြီးတော့မှ အသိပညာပေးမှုတွေ လုပ်ပါမယ်။ ပြည်သူတွေလည်း အသိပညာ ရရှိပြီး လူနာလည်း ကျန်း မာသွားတဲ့အခါ သူ့ကို အေးချမ်းစွာနဲ့ ရွာကိုပြန်နိုင်အောင် ကျနော်တို့ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ နှစ် ဆန်းဦးက ပြောသည်။

ကိိုရိုနာဗိုင်းရစ်မှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ တောကောင်များ၊ သားငါးအစိမ်းများ ရောင်းချသော ဈေးတခုမှ ဒီဇင်ဘာလ အတွင်း စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အချိန်တိုအတွင်း ကူးစက်ခံရသူ အရေအတွက် အလျင်အမြန် တိုးပွား လာသည့်အတွက် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ် WHO က ကြေညာထားသည်။

ဖေဖော်ဝါရီလ ၆ ရက် အထိစာရင်းများအရ ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံတဝန်းလုံး၌ လူပေါင်း၂၈၀၁၈ ဦး ကူးစက် ခံထားရပြီး ဖေဖော်ဝါရီလ ၅ ရက် တရက်ထဲမှာပင် ကူးစက်ခံရသူ အရေအတွက် ၃၆၉၄ ဦး တိုးပွားလာခဲ့သည်။

ထိုလူနာများထဲမှ လူပေါင်း ၅၆၃ ဦး သေဆုံးကာ လူပေါင်း ၁၁၅၃ ဦးမှာ ရောဂါဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာခဲ့ ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားဖော်ပြသည်။

တရုတ်ပြည်မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၆ ဦးရှိပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမော္ဘဒီးယား နိုင်ငံများ အပြင် ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်ဝမ်၊ မကာအို၊ အိန္ဒိယ၊ ယူအေအီး၊ နီပေါ၊ သီရိလင်္ကာ၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ရုရှား၊ အီတလီ၊ ဖင်လန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ စပိန်စသဖြင့် နိုင်ငံပေါင်း၂၈ နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက် ရှိကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဝူဟန်တုတ်ကွေး၊ ဖေ့ဘွတ်နှင့် မြန်မာ့သတင်းတုများ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

နေပြည်တော်က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အခြေအနေကောင်း

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် တရုတ်နိုင်ငံသားအား ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်လပွတ္တာ၊ ပိန္နဲကွင်းကျေးရွာ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

by Aurora
6 March 2020
10.9k

Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

by မျိုးပပစန်း
6 April 2020
11.2k

တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

Next Post
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်က တရက်ထက် တရက် ပိုပိုတိုးလာပါတယ်။

ထိုင်းနိုင်ငံကို သွားလည်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေး မှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီး / သီဟလွင် / ဧရာဝတီ

ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved