• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

by မျိုးပပစန်း
6 April 2020
in သတင်း
A A
ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

11.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း အတွင်းရှိ အသေးစားနှင့် အလတ်စား ငွေချေးလုပ်ငန်း (Microfinance) ဆောင်ရွက်နေသော လုပ်ငန်း တချို့မှာ လတ်တလော ဖြစ်ပွားနေသော COVID-19 ကြောင့် စီးပွားရေး အခက်အခဲကို ထောက်ထား၍ ပြန်ဆပ်ရမည့် ချေးငွေများကို ဆိုင်းငံ့ပေးထားကြောင်း သိရသည်။

လတ်တလော ဆိုင်းငံ့ပေးသည့် Microfinance ကုမ္ပဏီ၊ အစုအဖွဲ့များမှာ Best Merchant Finance ကုမ္ပဏီ၊ BG Microfinance ကုမ္ပဏီ၊ Microfinance Delta International ကုမ္ပဏီ၊ Unique Quality Microfinance (ယူနစ်ကွာလတီ) ကုမ္ပဏီ၊ BNK Capital Myanmar ကုမ္ပဏီ၊ DAWN ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီ၊ BRAC Myanmar ကုမ္ပဏီ၊ ဗွီးရှင်း ဖန်း(ဒ်) မြန်မာ၊ ASA Microfinance ၊ Pact Myanmar Microfinance အစရှိသည့် ကုမ္ပဏီများက ပြန်ဆပ်ငွေများ ပေး သည့် ကာလကို ဆိုင်းငံ့ထားကြောင်း ထုတ်ပြန် ကြေညာထားကြသည်။

တချို့ Microfinance ကုမ္ပဏီများသည် ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ အစရှိသည့် မြို့နယ်များတွင် ချေးငွေများ ဝန်ဆောင်မှု ပေးထားပြီး တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

အမည်မဖော်လိုသူ Microfinance ကုမ္ပဏီ ဝန်ထမ်းတဦးက “ကျမတို့ ကုမ္ပဏီကတော့ ရပ်ကွက်ထဲ ချေးတာ ဖြစ်တယ်။ COVID-19 ကြောင့် တွေ့ကြုံနေရတဲ့ စီးပွားရေး အခက်ခဲတွေ ပြေလည်ဖို့ ပြန်ဆပ်ငွေ ကာလကို ရွှေ့ဆိုင်းပေးလိုက်တာ ဟုတ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

Best Merchant Finance ကုမ္ပဏီနှင့် DAWN ငွေကြေး ဝန်ဆောင်မှုများသို့ အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ တွင် ပြန်လည် ဖြေကြားခြင်းမရှိပေ။ လူမှုစာမျက်နှာတွင် တင်ပြထားခြင်းကိုသာ အသုံးပြုရန် ပြောကြားခဲ့သည်။

ရန်ကုန် တမြို့လုံးတွင် အသေးစားနှင့် အလတ်စား ငွေရေး၊ ကြေးရေး လုပ်ငန်း ကုမ္ပဏီ၊ အစုအဖွဲ့များ (Microfinance) လုပ်ငန်းပေါင်း ၉၀ နီးပါး ရှိပြီး ယင်းလုပ်ငန်းများ အနက် ကုမ္ပဏီ ၁၀ ခုဝန်းကျင်က ပြန်ဆပ်ငွေများ လတ်တလောတွင် ၁ လ ဆိုင်းငံ့ပေးကြောင်း သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က “ကျနော်တို့က လောလောဆယ် အခြေအနေ စောင့်ကြည့်ဆဲပဲ ရှိသေးတယ်။ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ကတော့ ချေးငွေတွေကို ပြန်လည် ကောက်ခံတာကို ဧပြီလ ၃၀ ရက်အထိ ကောက်ခံတာကို ရွှေ့ဆိုင်းပေးဖို့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဒေသန္တရ အမိန့်ရှိပါတယ်။ ကျနော်တို့လည်း ဒါတွေကို တင်ပြထားပါတယ်။ ပြင်ဆင်နေပါတယ်” ဟု ပြန်ဆပ် ငွေများ ပေးဆောင်မည့် ကာလနှင့် ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။

ပြန်ဆပ်ငွေများ ဆိုင်းငံ့ပေးမှုနှင့် ပတ်သက်၍ တိုင်း ၃ ခုမှ တင်ပြထားမှုကို အထက်သို့ တင်ပြထားပြီး ပြည်ထောင်စု အစိုးရ အဖွဲ့၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာတနိုင်ငံလုံးအနေနှင့် Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးထားသည်မှာ ၁၉၃ ခု ရှိပြီး လိုင်စင်အသစ် ထုတ်ပေးရန် လျှောက်ထားသည်မှာ ၇ ခု ရှိကြောင်း ၎င်းက ပြောသည်။ လတ်တလောတွင် လိုင်စင် အသစ်များ ထပ်မံချထားပေးရန် မရှိကြောင်း သိရသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ယခုအချိန်တွင် COVID-19 ကြောင့် ဝင်ငွေနည်းပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန်နှင့် ချေးငွ ဝန်ဆောင်မှုပေးသော ဝန်ထမ်းများမှ ရပ်ကွက်၊ ကျေးရွာများအတွင်း ကူးလူး သွားလာရသဖြင့် ရောဂါပိုမိုပျံ့နှံ့ကူးစက်မှု ဖြစ်လာနိုင်၍ အစိုးရအဖွဲ့များမှ ဒေသန္တရ အမိန့်ထုတ်ကာ ချေးငွေ၊ ငွေကောက် ခံသည့် လုပ်ငန်းများအား ၁ လ ရပ်ဆိုင်းရန် ထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်တွင် ဒွန်း (DAWN Microfinance) ကုမ္ပဏီမှ ချေးငွေယူထားသူ ဒေါ်လှဆန်းက “ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျမတို့ကို ပြောတယ်။ ပြန်ဆပ်မယ့် ကာလကို ၁ လ ဆိုင်းငံ့ပေးတယ်။ လာမယ့် မေလမှ ဆပ်ရမယ်ပေါ့။ တပတ်ကို တခါ ကျမတို့က ပေးရတယ်။ အခုက ကပ်ရောဂါ COVID-19 ဖြစ်တော့ အလုပ်တွေကလည်း မကောင်းဘူး။ ယောကျ်ားကလည်း ဆိုက်ကား ဆွဲမကောင်း၊ ကျမကလည်း ဈေးရောင်းမကောင်းတော့ ချေးငွေ ဆပ်ဖို့ သူများဆီက တဆင့်ပြန်ဆွဲပေးရမှာ အခု နောက်ဆုတ်ပေးတော့ ဝမ်းသာလိုက်တာ” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အထည်ချုပ် စက်ရုံများ အပြီး ပိတ်သိမ်းခြင်း၊ ယာယီပိတ်ခြင်းများ ရှိနေပြီး အခြေခံ လူတန်းစာများ၊ လက်လုပ်လက်စား သမားများမှာလည်း လတ်တလောတွင် ငွေကြေး ရှာဖွေရန်ခက်ခဲမှုများ ရှိနေသည်။

ထိုသို့ ပြန်ဆပ်ငွေများ ပေးဆောင်သည့် ကာလ ဆိုင်းငံ့ပေးသည့် ကုမ္ပဏီများ ရှိသော်လည်း တချို့ ကုမ္ပဏီများမှာ ဖြေ လျှော့ပေးခြင်း မရှိပေ။

တာမွေမြို့နယ်မှ ဝန်ထမ်း တဦးက “ကျမက လစာရ ဝန်ထမ်း ဆိုပေမယ့် ဒီကာလက အပြင် မထွက်ရတာတွေ စားနပ် ရိက္ခာ ကြိုတင် ဝယ်ရတာတွေ ရှိတော့ ပိုက်ဆံက လိုတယ်။ AEON Microfinance ကနေ ပစ္စည်း ဝယ်ထားတာ။ အဲဒီ ကုမ္ပဏီကတော့ လကုန်ပြီး ၂ ရက်နေ့မှာ ငွေသွင်းပေးရတယ်။ သူကတော့ ဆိုင်းငံ့ မပေးထားသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့နေသဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ စက်ရုံ အလုပ် ရုံများ ပိတ်သိမ်းခြင်း၊ အလုပ်လက်မဲ့ များပြားလာခြင်း၊ အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး အခက်အခဲ များလည်း ကြုံတွေ့နေရကြောင်း သိရသည်။

You may also like these stories:

ညွှန်ကြားချက်မရှိဘဲ လမ်းနေရာ ပိတ်ဆို့တားဆီးမှုမလုပ်ရန် ရန်ကုန်တိုင်းအစိုးရ အမိန့်ထုတ်ပြန်

ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ

Your Thoughts …
Tags: Microfinanceကိုရိုနာဗိုင်းရပ်စ်ချေးငွေဆိုင်းငံ့ပြန်ဆပ်ကာလ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
557

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီမှု ဆိုင်းငံ့ကြောင်း ထိုင်းကြေညာ (ရုပ်/သံ)

နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီမှု ဆိုင်းငံ့ကြောင်း ထိုင်းကြေညာ (ရုပ်/သံ)

by ဧရာဝတီ
11 November 2025
182

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်ရပ် သဘောတူစာချုပ်ကို ဆိုင်းငံ့လိုက်ပြီလို့ ထိုင်းဝန်ကြီးချုပ်က နိုဝင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
152

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

Next Post
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေချိန် အိမ်ပြင်မထွက်ပဲ ဘယ်လိုစျေးဝယ်ကြမလဲ (ရုပ်/သံ)

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေချိန် အိမ်ပြင်မထွက်ပဲ ဘယ်လိုစျေးဝယ်ကြမလဲ (ရုပ်/သံ)

အနည်းဆုံး လုပ်ခလစာနှင့် ပတ်သက်ပြီး  ယခုနှစ် ဇန်နဝါရီလပိုင်း က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတခု / ထက်ဝေ / ဧရာဝတီ

COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved