• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် တရုတ်နိုင်ငံသားအား ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု

by ထွန်းထွန်း
3 February 2020
in သတင်းတို
A A
လတ်တလော ဝူဟန်တုတ်ကွေး သံသယလူနာများကို လက်ခံရာ ဝေဘာဂီဆေးရုံ အဝင် / မျိုးမင်းစိုး

လတ်တလော ဝူဟန်တုတ်ကွေး သံသယလူနာများကို လက်ခံရာ ဝေဘာဂီဆေးရုံ အဝင် / မျိုးမင်းစိုး

14.5k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ၊ မရှိ သံသယဖြင့် ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေး ခံနေရသည့် တရုတ်နိုင်ငံသား အား ရောဂါပိုး မရှိကြောင်း အတည်ပြုနိုင်ခဲ့သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ယနေ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နေ့လည်က သတင်းထုတ်ပြန် ကြေညာလိုက်သည်။

ယင်းကဲ့သို့ စောင့်ကြည့်နေစဉ်အတွင်း တရုတ်အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
138
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.5k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
894

အဆိုပါ တရုတ်နိုင်ငံသားသည် ကွမ်ကျိုးမြို့မှ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ကိုယ်အပူချိန် အနည်းငယ် မြှင့်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်နာခြင်း လက္ခဏာများကြောင့် လေယာဉ်ကွင်းမှ တဆင့် ဝေဘာဂီ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခံရကာ သံသယဖြင့် စောင့်ကြည့် ကြပ်မတ်ထားခြင်း ဖြစ်သည်။

၎င်းနှင့်အတူ လေယာဉ် ၁ စင်းတည်း အတူစီးနင်းလာရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ကာ စောင့်ကြည့်နေခဲ့သော်လည်း ဆက်လက် စောင့်ကြည့်ရန် မလိုအပ်တော့သည့်အတွက် တပါတည်း ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

လက်ရှိတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးနှင့် ညောင်ရွှေပြည်သူ့ဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့်ကုသနေသည့် အသက် ၂ နှစ် ၂ လအရွယ် ကလေးငယ်(မြန်မာနိုင်ငံသူ)နှင့် အသက် ၂၆ နှစ်အရွယ် ကိုရီးယားနိုင်ငံသား အမျိုးသားတို့တွင် ကမာ္ဘ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ထားသော 2019 Novel Coronavirus ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရသော်လည်း ပိုမိုသေချာစေရန် သီးသန့် ထားရှိကာ စောင့်ကြည့်လျက် ရှိသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ကြယ်ခေါင်မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၃၈ နှစ် အရွယ် အမျိုးသားတဦးမှာလည်း ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများ တွေရသဖြင့် မင်းပြားဆေးရုံ သီးသန့်ခန်းတွင် သံသယလူနာအဖြစ် စောင့်ကြည့်လျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်(စ်) သံသယဖြင့် စောင့်ကြည့်နေသူ ၄ ဦးခန့်ရှိနေသေးပြီး နေပြည်တော်ဆေးရုံတွင် ၁ ဦး၊ ကျိုင်းတုံဆေးရုံတွင် ကလေးငယ်တဦးနှင့် မိသားစုဝင် ၅ ဦး၊ မင်းပြားမြို့တွင် အမျိုးသား ၁ ဦးနှင့် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတွင် ထိုင်ဝမ်နိုင်ငံသား ကလေးငယ် ၁ ဦးတို့ ရှိနေသေးကြောင်းလည်း ဝန်ကြီးဌာနက ကြေညာထားသည်။

ဇန်နဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းက ဝူဟန်မြို့မှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ပညာတော်သင် ကျောင်းသား ၅၉ ဦးကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးသန့်ထားကာ စောင့်ကြည့်လျှက်ရှိသည်။

You may also like these stories:

နေပြည်တော်က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အခြေအနေကောင်း

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသော တရုတ် လေယာဉ် ပြန်လည် ထွက်ခွာ

ယူနန်ပြည်နယ်က မြန်မာလုပ်သား ၁၀၀၀ ကျော် နေရပ်ပြန်ရေး အစိုးရ ကူညီ

ဝူဟန်မှ မန္တလေးရောက် တရုတ်လူမျိုး ၇၃ ဦး သွားလာခဲ့သည့် နေရာများကို စစ်ဆေးမည်

ဝူဟန်မှ ပြန်ခေါ်သူ ဂျပန်များထဲ ၃ ဦး ဗိုင်းရပ်စ်တွေ့၊ ၂ ဦး ရောဂါလက္ခဏာ မပြ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်တရုတ်နိုင်ငံသား
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မြဝတီကျားဖြန့်မှ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားတဦး သေဆုံး

မြဝတီကျားဖြန့်မှ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားတဦး သေဆုံး

by ဧရာဝတီ
27 February 2025
1.5k

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ(ကျားဖြန့်)မှ ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ အနက် တရုတ်နိုင်ငံသားတဦး ယမန်နေ့၌ သေဆုံးခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

by ဧရာဝတီ
23 December 2024
1.3k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

by ဧရာဝတီ
6 March 2025
559

BGF က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများ လုံးဝပပျောက်အောင် ရှင်းလင်းသွားမည်ဟု ပြောထားပြီး စစ်ဆင်ရေးကာလအတွင်း ကျားဖြန့်လုပ်ငန်းများ ရပ်ဆိုင်းထားရန် ပြောသော်လည်း ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှ မြန်မာနိုင်ငံသား တဦး ၊ မြဝတီမြို့ရှိ လုပ်ငန်းခွင်မှ မြန်မာနိုင်ငံသား တဦး...

မော်ချီး ဗုံးကြဲခံရမှု တရုတ်နိုင်ငံသားတဦးနဲ့ ဒေသခံတွေသေဆုံး (ရုပ်/သံ)

မော်ချီး ဗုံးကြဲခံရမှု တရုတ်နိုင်ငံသားတဦးနဲ့ ဒေသခံတွေသေဆုံး (ရုပ်/သံ)

by ဧရာဝတီ
27 April 2025
283

ကရင်နီပြည်၊ ဖားဆောင်းမြို့က မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတဦးအပါအဝင် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ ကြတယ်လို့ မြေပြင်က သတင်းအရင်းအမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

လိုင်ဇာကို အသေခံဒရုန်းနဲ့တိုက်လို့ တရုတ်နိုင်ငံသား ၂ ဦးထိ (ရုပ်/သံ)

လိုင်ဇာကို အသေခံဒရုန်းနဲ့တိုက်လို့ တရုတ်နိုင်ငံသား ၂ ဦးထိ (ရုပ်/သံ)

by ဧရာဝတီ
17 October 2025
228

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အာဏာသိမ်း စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံသား ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လိုင်ဇာမြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၀၀ ကို စတင်ပြန်ပို့ (ရုပ်/သံ)

ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၀၀ ကို စတင်ပြန်ပို့ (ရုပ်/သံ)

by ဧရာဝတီ
20 February 2025
121

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုက လွှဲပြောင်းပေးထားတဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်က တဆင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်လွှဲပြောင်းပါတယ်။

Next Post
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၄ ဦး တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၄ ဦး တွေ့ရှိ

ဂီတမှူး နိုင်ဇော် / ဧရာဝတီ

အစ္စဏီ ပြစ်ဒဏ် လျှော့ပေါ့ရေး ဂီတသမားများနဲ့အတူ ကမ်ပိန်းလုပ်သွားမယ့် ဂီတမှူး နိုင်ဇော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved