• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယူနန်ပြည်နယ်က မြန်မာလုပ်သား ၁၀၀၀ ကျော် နေရပ်ပြန်ရေး အစိုးရ ကူညီ

by အောင်သီဟ
30 January 2020
in သတင်း
A A
တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူများကို စစ်ဆေးပေးနေ / Thein Myo

တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူများကို စစ်ဆေးပေးနေ / Thein Myo

17.6k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သော အဆုတ်ရောင်ရောဂါ (ကိုရိုရာ ဗိုင်းရပ်စ်) အန္တရာယ်ကြောင့် ယူနန်ပြည်နယ် တွင် အလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာ အလုပ်သမား ၁၀၀၀ ကျော် နေရပ်သို့ပြန်နိုင်ရေး အတွက် အစိုးရက ကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်လျက် ရှိသော မြန်မာ အလုပ်သမား ၁၀၅၇ ဦးသည် တရုတ်နိုင်ငံ ကူမင်းမြို့ ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ ၎င်းတို့ အနေဖြင့် မိမိတို့ ဆန္ဒသဘောအရ နေရပ်ပြန်လိုကြောင်း ဆက်သွယ် အကူအညီ တောင်းခံ ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး အစီအစဉ်များကို ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းမြင့်က ဧရာဝတီသို့ ပြောသည်။

မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ယူနန်ပြည်နယ် သက်ဆိုင်ရာ ပြည်နယ်ခွဲ အစိုးရများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဂိတ်နှင့် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်မှ တဆင့် ပြန် လည် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်း ပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက် ရှိကြသော မြန်မာအလုပ်သမား ၁၀၅၇ ဦးကို ဇန်နဝါရီ၂၈ ရက်မှ ဇန်နဝါရီ ၃၀ ရက်အတွင်း ကန်ပိုက်တီး နယ်စပ်ဂိတ်မှ တဆင့်လည်းကောင်း၊ တယ်ဟုန်ပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက် ရှိကြသည့် မြန်မာ အလုပ်သမား ၁၂၈ ဦးကို ယခု ဇန်နဝါရီ ၂၉ ရက်တွင် ရွှေလီ-မူဆယ် နယ်စပ် ဂိတ်မှ တဆင့်လည်းကောင်း အသီးသီး ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒေါ်ငြိမ်းငြိမ်းမြင့် က “ဒါတွေက ဗိုင်းရပ်စ်ကြောင့် ပြန်ခေါ်ပေးတဲ့ ကိစ္စပါ။ တခြား အရင်ကလို အလုပ်အကိုင် အဆင်မပြေလို့ တခြား အကြောင်းကြောင်းကြောင့် ပြန်ချင်လို့ ပြောလာတဲ့သူတွေကိုလည်း ပုံမှန်အတိုင်း လုပ်နေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ယင်းသို့ နေရပ်ပြန်လည် ပို့ဆောင်ပေးထားသော မြန်မာအလုပ်သမားများကို ကျန်းမာရေး စစ်ဆေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန တို့ အပါအဝင် တခြားဝန်ကြီးဌာနများ ပါဝင်သော ပူးပေါင်း အဖွဲ့များ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်တွင် တွေ့ရသည့် စစ်ဆေးမည့်အဖွဲ့များ (ဓာတ်ပုံ – Thein Myo)

ယခု ရက်ပိုင်းအတွင်းတွင် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်မှ မြန်မာအလုပ်သမား ဝင်ရောက်မှုသည် တနေ့လျှင် လူဦးရေ ၃၀၀ ခန့် ရှိကြောင်း မူဆယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “အလုပ်တွေလည်း ပိတ်တော့ တရုတ်တွေက မဝင်လာတော့ဘူး။ ကျနော်တို့ နိုင်ငံထဲကို ကျနော်တို့ နိုင်ငံသားတွေပဲ ပြန်ဝင်လာတာပဲ ရှိတယ်” ဟု ဆိုသည်။

ရွှေလီ-မူဆယ် နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံထဲသို့ ပြန်လည် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ကျန်းမာရေး စစ် ဆေးခြင်း၊ အလုပ်သွားရောက် လုပ်ကိုင်ခဲ့သည့် နေရာဒေသများနှင့် မိမိနေရပ်ပြန်မည့် နေရာဒေသများ အစရှိသည့် အချက် အလက်များကို စစ်ဆေးပြီး ၎င်းတို့ ပြန်မည့် နေရာဒေသများရှိ အစိုးရအဖွဲ့အစည်းများကိုလည်း သတင်း အချက်အလက် များ ပေးပို့ပြီး ပူးပေါင်းဆောင်လျက် ရှိကြောင်း ဦးစိုင်းကျော်သိန်းက ဆိုသည်။

နိုင်ငံခြားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ယူနန်ပြည်နယ်မှ မြန်မာ အလုပ်သမား ၁၀၀၀ ကျော် ပြန်လည် ခေါ်ယူသည့် ကိစ္စနှင့် ပတ်သက်၍ သေချာသိရှိထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

လက်ရှိတွင် ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံရှိ ပြည်နယ် အနှံ့အပြား အပါအဝင် နိုင်ငံ ပေါင်း၂၀ အထိ ကူးစက်ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် ယူနန်ပြည်နယ်တွင်လည်း ဇန်နဝါရီ ၂၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့် အတည်ပြု လူနာ ၅၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်လင့်-

ဝူဟန်မှ မန္တလေးရောက် တရုတ်လူမျိုး ၇၃ ဦး သွားလာခဲ့သည့် နေရာများကို စစ်ဆေးမည်

ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်လည်ခေါ်ယူရေး ၁ လ ခန့် ကြာမြင့်နိုင် ဟုဆို

Your Thoughts …
Tags: ကိုရိုနာ ဗိုင်းရပ်စ်နေရပ်ပြန်ရေးမြန်မာလုပ်သားယူနန်ပြည်နယ်ဝူဟန်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

တတိယမ္ပိ တိန့်ရှီကျွန်း ခရီးစဉ်နှင့် တရုတ်တို့၏ ဒုတိယခြေလှမ်း

တတိယမ္ပိ တိန့်ရှီကျွန်း ခရီးစဉ်နှင့် တရုတ်တို့၏ ဒုတိယခြေလှမ်း

by ဝတ်ရည်ခိုင်မာ
2 August 2023
3.5k

တရုတ်တို့အနေနှင့် ပြည်မရှိ PDF များနှင့် အခြား တိုင်းရင်းသားအဖွဲ့များကို ဖိအားပေးရန် မဖြစ်နိုင်ပေ။

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
11 September 2023
2.8k

ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

by ယုဖြူဟန်
21 January 2025
1.8k

ထိုင်းနိုင်ငံ စဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမား ၇၂ ဦးတို့သည် လုပ်အားခမရရှိသည့်အပြင် ထိုင်းအလုပ်ရှင်က ခြိမ်းခြောက်မှုပါ ပြုလုပ်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် အလုပ်သမားများထံမှ သိရသည်။

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

by ဧရာဝတီ
31 January 2024
1.4k

လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
9 January 2024
1.4k

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ် ကျခံရမည် ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်မည်

Next Post
ကိုရိုနာဗိုင်းရပ်စ်က တရုတ်တွေ လင်းနို့သား စားလို့ ဖြစ်တာ

ကိုရိုနာဗိုင်းရပ်စ်က တရုတ်တွေ လင်းနို့သား စားလို့ ဖြစ်တာ

ယနေ့ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့သည့် AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ မိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်  /  မျိုးမင်းစိုး  / ဧရာဝတီ

AA စစ်ဦးစီးချုပ် ညီမနှင့်ယောက်ဖအမှု၌ ထိုင်း၊ လာအိုထောက်လှမ်းရေးတို့ အကူအညီ ယူခဲ့ဟုဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved