• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှု မူဆယ်နယ်စပ်တွင် နေ့စဉ် ဖရဲ ၅ တန်နီးပါး စွန့်ပစ်နေရ

by မျိုးပပစန်း
11 February 2020
in သတင်း
A A
မြန်မာ့ ဖရဲများ / ဧရာဝတီ

မြန်မာ့ ဖရဲများ / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအရှိန်ကြောင့် မူဆယ်နယ်စပ်တွင် တရက်လျှင် ဖရဲ ၅ တန်နီးပါးခန့် စွန့်ပစ်နေရကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “လက်ရှိ အခြေအနေက ဘာမှ တိုးတက်မှု ရှိမလာဘူး။ ဈေးမရဘူး။ ရောင်းမရတဲ့ ကားတွေက အများကြီး။ ဥပမာ–ဒီနေ့ အစိုးရက အစီး ၁၀၀ လောက်ဝင်တယ်ဆိုရင် အစီး ၃၀ လောက်ပဲ ရောင်းရတယ်။ သခွားကတော့ တော်တော် ကုန်ပါတယ်။ အခု စွန့်ပစ် ရတဲ့ ဖရဲတွေလည်း နေ့စဉ် ရှိနေတယ်။ တရက်ကို ၄ ၊ ၅ တန်လောက်က စွန့်ပစ်နေရတယ်။ ဒီထက် ရက်ကြာလာရင် ပိုပြီး စွန့်ပစ်ရမယ်” ဟု ပြောသည်။

ယခု ဖေဖော်ဝါရီ ၁၀ ရက်တွင် ဈေးကွက်အခြေအနေ ကောင်းမည်ဟု မျှော်လင့်ထား သော်လည်း အခြေအနေမှာ တိုးတက်မှုရှိမလာသေးသဖြင့် ကုန်စည်ဒိုင်အနေနှင့် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ တောင်သူများ အတွက် တောင်းဆိုမှု တခု ပြုလုပ်ရန်လည်း စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ဦးစိုင်းခင်မောင် က “ဒီရက်ပိုင်းတွေမှာ တခုခုတော့ လုပ်မယ့် အစီအစဉ် ရှိတယ်။ အစိုးရအနေနဲ့ အခွန်နှုန်းထားတွေ လျှော့ချပေးမလား။ ဂျူတီဖရီးလုပ်ပေးမလား။ တခြား အထောက်အပံ့ လုပ်ပေးဖို့ တောင်းဆိုဖို့ စီစဉ်နေတယ်”ဟု ရှင်းပြသည်။

သို့သော် တရုတ်နိုင်ငံရှိ ရောဂါဖြစ်ပွားမှု နည်းသည့် ပြည်နယ်တချို့တွင် လုပ်ငန်းခွင် ပြန်ဝင်သည့် လုပ်သားများလည်း ရှိနေပြီး တရုတ်အစိုးရအနေနှင့်လည်း ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဘဏ်များ ပြန်ဖွင့်ရန်လည်း ရှိသည့်အတွက် တောင်သူများအနေနှင့် ဈေးကွက် အခြေအနေကို စိတ်ရှည်၊ လက်ရှည်စောင့်ရမည့် အနေအထားသာ ရှိနေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တခြားသော နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ လာအို အစရှိသည့် အိမ်နီးချင်း နိုင်ငံများကို သစ်သီးဝလံများတင်ပို့ရန် ကြိုးစားနေသော်လည်း လတ်တလော တင်ပို့ရန်မှာ မဖြစ်နိုင်သေးကြောင်း ကုန်သည်များက ပြောဆိုသည်။

ဦးစိုင်းခင်မောင်က “ဘာလို့လည်း ဆိုတော့ ထိုင်းကုမ္ပဏီတခုနဲ့ ကျနော် ဆက်သွယ်ကြည့်သေးတယ်။ သူက လက်မခံနိုင်ဘူးတဲ့။ ထိုင်းကို ဖရဲ ဝင်ဖို့ က သူတို့ဘက်မှာလည်း စိုက်ပျိုးတဲ့ သူတွေ ရှိတော့ အခက်အခဲတွေ နည်းနည်းရှိတယ်လို့ ပြောတယ်”ဟု ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
458
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
167
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

လက်ရှိ အခက်အခဲများကြောင့် သစ်သီးဝလံ ကုန်စည်ဒိုင်ထဲသို့ ဝင်ရောက်သော ဖရဲ၊ သခွား ကားများကို ယခင်က ကားတစီးလျှင် ကျပ် ၅၀၀၀ ကောက်ခံသည့် ကုန်စည်ဒိုင် ဝင်ကြေးကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၃ ရက်အထိ ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ဆက်လက်၍လည်း လိုအပ်ပါက ရက်ထပ်တိုးသတ်မှတ်ပေးမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန် သစ်သီးဝလံ ကုန်စည်ဒိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကုန်စည်ဒိုင်ဝင်ကြေး လျှော့ချပေးသော်လည်း ဇုန်ကွင်း ဝင်ကြေး ကား ၁ စီးလျှင် တရုတ် ယွမ် ၂၀၀ ကို ကင်းလွတ်ခွင့် ပေးမထားပေ။

မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က “အခုလ ၁၀ ရက်နေ့ ဖွင့်မယ်ဆိုပြီး မဖွင့်ဖြစ်ဘူး။ ထပ်ပြီးတော့ ၁၄ ရက် နောက်ဆုတ်လိုက်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှ ပြန်ဖွင့်မယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်ရှိ ဂိုဒေါင်ထဲတွင် ဆန်လက်ကျန် ၂ သောင်းမှ ၃ သောင်းဝန်းကျင်အထိ ရှိနေပြီး သကြားအိတ်ရေ သိန်းနှင့် ချီ ရှိကြောင်း၊ သို့သော် လက်ရှိတွင် သကြား၊ ဆန်နှင့် ပြောင်းအရောင်းအဝယ်မှာ လုံးဝ ရပ်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် မြန်မာဘက်သို့ သွင်းကုန်အနေနှင့်လည်း ယခင်ထက် ဝင်ရောက်မှုများ နည်းပါးနေကြောင်း ၎င်းက ပြောသည်။

ဖရဲ သခွားကုန်သည်များ အဆင်ပြေစေရန် အတွက်လည်း စီးပွားကူးသန်းနှင့် ရန်ကုန်တိုင်း အစိုးရ တို့မှ ပူးပေါင်း၍ ရန်ကုန် မြို့အတွင်းကား များဖြင့် လှည့်လည် ရောင်းချခြင်း၊ ကန်တော်ကြီးမြေပဒေသာကျွန်း အနီးရှိ ဆင်ဖြူတော်ရှေ့နေရာ တွင် ရက်သတ္တပတ်ခန့် ဈေးကွက်ဖော် ဆောင်ခြင်း၊ ပုဇွန် တောင်မြို့နယ် စက်ဆန်းရှိ စီးပွား ကူးသန်းဌာနပိုင် ဆန်ဂိုဒေါင် လေးလုံးတွဲ တခု၊ ကြက်ဘဲဈေးအနီး စီးပွားကူးသန်း ပိုင် မြေ ၁ ဧကခွဲနှင့် တညင်းကုန်းဈေး နှင့် ရွှေပိတောက်ဈေး တို့တွင် ဖရဲသီးရောင်းချနိုင်ရန် မြေနေရာများ ချပေးသော်လည်း မူဆယ်ဈေးကွက်ကို မျှော်၍ ရောင်းချသူ မရှိသေးကြောင်း မြန်မာနိုင်ငံ ဖရဲ သခွား စိုက်ပျိုး ထုတ်လုပ် ရောင်းချ တင်ပို့သူများ အသင်း (ဗဟို) မှ သိရသည်။

မြန်မာနိုင်ငံ ဖရဲ သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချတင်ပို့သူများအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးနိုင်ဝင်း က “မြေနေရာတွေကို ကုန်သည် တွေက လာတော့ ကြည့်တယ်။ မူဆယ်ဘက်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်ကို နှစ်ရက်လောက် စောင့်ကြည့်ချင်သေးတယ်။ နောက် ၃၊ ၄ ရက်လောက်ကြာရင် လာရောင်းချင်တယ်လို့ ပြောသွားတယ်။ မူဆယ် ဈေးကွက်ကို မျှော်နေကြသေးတယ်” ဟု ပြောသည်။

ယခု ဖေဖော်ဝါရီ ၁၀ ရက်တွင် မူဆယ်ဈေးကွက် ပြန်ကောင်းမည်ဟု အထင်နှင့် ဖရဲကား အစီး ၁၀၀ ကျော်နှင့် သခွားမွှေး ကားအစီး ၂၇ စီးခန့် တက်သွားသော်လည်း ဖရဲကား အစီးရေ ၁၀ စီးခန့်ပင် ရောင်းချနိုင်၍ ဈေးကွက်မကောင်းဟု  ဦးနိုင်ဝင်းက ပြော သည်။

ဈေးကွက်အတွင်း၌ ဖရဲ ကား ၁ စီးလျှင် တရုတ်ယွမ် အများဆုံး ယွမ် ၁၃၀၀၀ မှ အနည်းဆုံး ယွမ် ၃၀၀၀ နှင့် အရောင်းအဝယ် ရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် တောင်သူများအနေနှင့် မိမိတို့ရောင်းချမည့် သစ်သီးဝလံများကို ပွဲစား၊ ကုန်သည်များနှင့် ညိုနှိုင်းခြင်း၊ ဈေးကွက် အခြေအနေကို လေ့လာခြင်း ပြုလုပ်သင့်ကြောင်း၊ ထိုသို့ စုံစမ်းရောင်းချခြင်းမရှိလျှင် ဝယ်လက်မရှိ၍ အရူံးနှင့် ယဉ်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

လပွတ္တာမြို့နယ် တရားရုံးအတွင်း၌ ဘိလစ်စာရေးဖြစ်သူ ကြိုးဆွဲချသေဆုံး

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်တော့မည် ဟုဆို

စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ဖရဲမူဆယ်နယ်စပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

by ဧရာဝတီ
23 January 2024
1.6k

တိုက်ပွဲ မဖြစ်ပွားခင်က တရုတ်နိုင်ငံဘက်သို့ သွားရောက်အလုပ် လုပ်ကိုင်ပါက တရက်လျှင် လုပ်အားခ တရုတ်ငွေ ယွမ် ၈၀ ခန့် ရသော်လည်း ယခု တိုက်ပွဲများ ဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့် အချိန်တွင် တရုတ်ဘက်သို့ သွားရောက်...

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

ပြည်တွင်း ဖရဲ၊ သခွား စိုက်ပျိုးရေးလုပ်ငန်းများ လာအို ရွှေ့

by ဧရာဝတီ
11 November 2024
1.4k

စီးပွားရေး ဈေးကွက်အနေဖြင့်လည်း လာအိုနိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် လုပ်ကိုင်နိုင်သလို သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲမရှိသဖြင့် ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် စိတ်အေးအေးနှင့် လုပ်ကိုင်၍ ရသဖြင့် ပြောင်းရွှေ့သွား ခြင်းဖြစ်ကြောင်း

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Next Post
မင်းသား ဟယ်ရီနဲ့ ဇနီး မီဂန်

ဓနသဟာယနေ့ပွဲကို တက်ရောက်ဖို့ ဟယ်ရီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ဖိတ်ကြား

ဂျပန်ဘီလီယံနာ Yusaku Maezawa

Twitter မှာ လူတွေကို ဒေါ်လာ ၉ သန်း အလကားပေးမယ့် ဂျပန်ဘီလီယံနာ Yusaku Maezawa

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved