• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စောင့်ကြည့်ကာလအတွင်း စည်းကမ်းဖောက်ဖျက် သူများကို တရားစွဲထောင်ချပြီ

by လဲ့လဲ့
3 April 2020
in သတင်း
A A
ထိုင်းနိုင်ငံမှ တဆင့် ပြည်တော်ပြန်လာသူများ / ကျော်ခ / ဧရာဝတီ

ထိုင်းနိုင်ငံမှ တဆင့် ပြည်တော်ပြန်လာသူများ / ကျော်ခ / ဧရာဝတီ

28k
VIEWS
Share on FacebookShare on Twitter

စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း နေထိုင်သူများသည် COVID-19 နှင့် ပတ်သက်ပြီး အစိုးရချမှတ်ထားသည့် အမိန့်များအား လိုက်နာခြင်းမရှိသူများကို တရားစွဲဆို၊ ထောင်ချခြင်းများ စတင်ပြုလုပ်နေပြီကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် စောင့်ကြည့်ခံတဦးကို ဧပြီလ ၂ ရက်နေ့က စည်းကမ်း ချိုးဖောက်ခြင်းကြောင့် ပုလဲမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၆ လ အမိန့်ချလိုက်သည်။

ထိုင်းနိုင်ငံမှ ပြန်လာသူ ထိုအမျိုးသားသည် ပုလဲမြို့နယ်ရှိ အ.ထ.က ကျောင်းတွင် စောင့်ကြည့်ကာလ ၁၄ ရက် အတွင်းရှိနေစဉ် အစိုးရ ထုတ်ပြန်ထားသည့် ဥပဒေကို ဖောက်ဖျက်သည့်အတွက် ပုလဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲခံရသူသည် ကျောင်းအုတ်တံတိုင်းအား ကျော်ကာ အရက်သောက်ခြင်း၊ အရက်မှုးပြီး စေတနာ့ ဝန်ထမ်း များအား ပြဿနာရှာသည့်အပြင် ရှင်းပြပြောဆိုပေးသော တာဝန်ရှိ သူများကိုလည်း ပြန်ရန်ပြုခြင်းများကြောင့် ၎င်းကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၃၀ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၆ လကျခံရန် ပုလဲမြို့နယ်တရားရုံးမှ အမိန့်ချလိုက်သည်။

ပုလဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက် က “စရောက်တဲ့နေ့ကတည်းက သူတို့ကို မေးရင် မဖြေချင်တဲ့ပုံစံမျိုးတွေ ဂျစ်ကန်ကန်တွေ လုပ်ပေမယ့် ကျနော်တို့က ဘာမှမပြောတော့ နောက်ပိုင်း ပိုဆိုး ဆိုးလာတယ်။ ညဘက်ကို ကျနော်တို့ မရှိတဲ့အချိန် အရက်သောက်ပြီး စေတနာ့ဝန်ထမ်းတွေကို ရန်ရှာနေလို့ ဒီက အုပ်ချုပ်ရေးမှူးနဲ့ ရဲဝန်ထမ်းသွားပြီး ရှင်းတာကို သူတို့က ပြန်ရန်လုပ်လို့ တရားစွဲလိုက်တာ” ဟု ပြောသည်။

၎င်းက “ဒီကောင်လေးကို ထိန်းမနိုင်သိမ်းမရဖြစ်တဲ့အချိန်မှာ သူ့နောက်မှာ ၄ ယောက်လောက် ရှိတယ်။ သူတို့ က အုပ်စုဖွဲ့ပြီး ပြဿနာရှာဖို့ ဖန်တီးနေတာ။ ရဲလက်ထဲထည့်လိုက်တဲ့အချိန်မှာ ဗီဒီယိုရိုက်ပြီး ဖေ့ဘွတ်တင်မယ် လို့ ခြိမ်းခြောက်သေးတယ်။ ဒီလိုမှ မလုပ်ရင် နောက်မှာက မဟုတ်တာလုပ်မယ့်သူ အများကြီး ရှိတယ်”ဟု ဆက်ပြောသည်။

ပုလဲမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအပြင် ပြည်တွင်းခရီးသွားများကိုလည်း ၁၄ ရက်စောင့်ကြည့်ကာလ အဖြစ် ပုလဲအ.ထ.က ကျောင်းတွင် ထားရှိရာ လက်ရှိတွင် စောင့်ကြည့်ခံ ၅၂ ဦးနေပြီး ၎င်းတို့ကို စောင့်ရှောက် ပေးနေသည့် စေတနာ့ဝန်ထမ်း ၃ ဦးရှိကြောင်း သိရသည်။

နိုင်ငံခြားမှ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ပြည်လည်ဝင်ရောက်လာသူများ အနေဖြင့် အုပ်ချုပ်ရေးဌာန(သို့) ကျန်းမာရေးဌာနသို့မဖြစ်မနေ သတင်းပို့ကာ ပြန်ရောက်သည့်နေ့မှ စ၍ ၁၄ ရက် သတ်မှတ်နေရာများတွင် နေထိုင်ကြရမည်ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ထိုဒေသန္တရအမိန့်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စာထုတ်ထားသည်။

ဦးဇော်ထက် က “ကျနော်တို့က COVID-19 ကို လက်ရှိအနေအထားအရ အသိတရားနဲ့ ထိန်းလို့မရတော့ဘူး။ ကျနော်တို့က ဒေသန္တရအမိန့်နဲ့ လုပ်မှ ရတော့မယ်။ ဒီလိုလုပ်မှသာလျှင် ကျနော်တို့က COVID-19 ကာကွယ်ရေး ကိစ္စက တော်တော်လေး ထိရောက်မှာဖြစ်တယ်” ဟု ပြောသည်။

ပုလဲမြို့တွင် ကျေးရွာပေါင်း ၁၉၀ ရှိပြီး လူဦးရေအားဖြင့် ၂ သိန်းခန့် ရှိကာ ထိုကျေးရွာရှိ လူငယ်အများစုက တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် အလုပ်သွားလုပ်ကြသူ များစွာရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က “စစ်ကိုင်းတိုင်းတခုလုံးမှာ စောင့်ကြည့်ခံရတဲ့ သူတွေကို တရားစွဲထားတဲ့ အမှုက ဒါနဲ့ဆို ၄မှုရှိပြီ။ သူ့ကို စောင့်ကြည့်ကာလ ၁၄ရက်ပြည့်ရင် အကျဉ်းထောင်ကို ပို့မှာပါ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ပုလဲမြို့နယ်တွင် စည်းကမ်းဖောက်ဖျက်မှုကြောင့်လည်းကောင်း၊ တမူးမြို့နယ်တွင် မင်္ဂလာပွဲ ကျင်းပခြင်းကြောင့်လည်းကောင်း၊ ရေဦးမြို့နယ်တွင် ထိုင်းမှ ပြန်လာပြီး ဆေးစစ်မခံပဲ ထွက်ပြေးခြင်း ကြောင့်လည်း ကောင်း၊ ခင်ဦးတွင် အလှူပွဲပြုလုပ်ခြင်းကြောင့် အဆိုပါ လေးဦးစလုံးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲထားသူ ၄ ဦးရှိသည့်အနက် ပုလဲမြို့နယ်မှ စောင့်ကြည့်လူနာကို ပထမဆုံး အကြိမ် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာတွင်လည်း (Facility Quarantine) သတ်မှတ်နေရာတွင် ကျန်းမာရေး စောင့်ကြည့်မှု ခံယူခြင်းမရှိပဲ ထွက်ပြေးခဲ့သဖြင့် ၎င်းအား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဝက်လက်မြို့မ ရဲစခန်းမှ သိရသည်။

၎င်းသည် ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား တဦးဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန် ခန့်က ကူကြီးကျေးရွာသို့ ပြန်လည်ရောက်ရှိလာသဖြင့် COVID -19 စောင့်ကြည့်နေရာ (Facility Quarantine အ.ထ.ကခွဲ သစ်ဆိမ့်) တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရာမှ မတ်လ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ထွက်ပြေးသွားခြင်းဖြစ်သည်။

၎င်းကို စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မူလ ထားရှိရာ COVID -19 စောင့်ကြည့်နေရာ (Facility Quarantine အ.ထ.ကခွဲ သစ်ဆိမ့်) သို့ ပြန်ပို့ထားကြောင်း၊  အမှုဖွင့်ထားပြီဖြစ်၍ စောင့်ကြည့်ကာလ ၁၄ ရက်ပြီးပါက တရားရုံးတင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၊ နွားထိုးကြီးမြို့နယ်တွင်လည်း လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲများ မပြုလုပ်ရဟု တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိပဲ အလှူပွဲပြုလုပ်ခဲ့သဖြင့် ဒေါ်အုန်းခင်အား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က တရားလိုပြုလုပ်ကာ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၃၀(က)ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

နွားထိုးကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက “သူ့ကို မတ် ၂၉ ရက်နေ့မှာ တရားဝင်စာနဲ့ တားတယ်။ သူက ထပ်လုပ်တော့ အမှုဖွင့်လိုက်တာပေါ့။ နောက် သူက အသက်ကြီးနေ တာကြောင့် အာမခံပေးထားပါတယ်။ ဖမ်းချုပ်မထားပါဘူး” ဟု ပြောသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင်လည်း စောင့်ကြည့်စင်တာ – Community based quarantine center တခုမှ ထွက်ပြေးကာ နေအိမ်၌ပြန်လည်နေသူကို လေးမျက်နှာ မြို့နယ်တရားရုံးက ဧပြီလ ၂ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။

လေးမျက်နှာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ကိုဇော်လွင်ဆိုသူမှာ တရုတ်နိုင်ငံမှ ပြန်လာသည့်အတွက် အုပ်ချုပ် ရေးတာဝန်ရှိသူများက လှော်ကထားကျေးရွာ အထက်တန်းကျောင်း၌ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာ တွင် ၁၄ ရက်ထားရှိကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စောင့်ကြည့်မှုများ ပြုလုပ်နေစဉ် ဧပြီလ ၁ ရက်နေ့ညက စင်တာမှထွက်ပြေးကာ ရွာ၌ပြန်လည်နေထိုင်ခဲ့သည်။

ထို့ကြောင့် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများက စောင့်ကြည့်စင်တာတွင် ပြန်လည်နေထိုင်ရန် ကိုဇော်လွင်ကို ဖြောင်းဖျပြောဆိုသော်လည်း လက်မခံဘဲ ငြင်းဆန်နေသည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ လေးမျက်နှာမြို့နယ်တရားရုံးတွင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ ရုံးတော်က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လေးမျက်နှာမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင် က “ကိုဇော်လွင်က ဧပြီ ၁ ရက်နေ့ညက ထွက်ပြေးတယ်။ နောက်နေ့မနက်ကို တာဝန်ရှိသူတွေက စင်တာမှာ ပြန်နေဖို့ မေတ္တာရပ်ခံတာကို ကလန်ကဆန်လုပ်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးက ရဲလွှတ်ပြီးတော့ ဖမ်းဆီးပြီးတရားတင်စွဲခဲ့ရာမှာ ရုံးတော် ကနေ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသောအဖွဲ့အစည်း (သို့မဟုတ်) အရာရှိသည် ကူးစက်ရောဂါ ထိမ်းချုပ်ရေးနှင့်ပတ်သတ်သည့် အမိန့်ထုတ်ပြန်နိုင်ပြီး အဆိုပါအမိန့်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

Your Thoughts …
Tags: စစ်ကိုင်းတရားစွဲထောင်ချ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

by ဧရာဝတီ
5 June 2025
7.9k

နိုင်ငံတဝန်း နယ်မြေနှင့်စစ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ၊ စစ်ခေါင်းဆောင်၏ အားနည်းချက်များအပေါ် ဝေဖန်ပြစ်တင်သည့် စစ်တပ်ထောက်ခံသူများ ဖမ်းဆီးခံရလျက်ရှိရာ ဇွန် ၂ ရက်တွင် ဇော်ဘုန်းဟိန်းဆိုသူ ဖမ်းခံရပြန်သည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

by ဧရာဝတီ
19 February 2025
5.5k

လက်ရှိ တည်သီးတောရွာအပြင် ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်လာလိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစပြီး ပျူစောထီးများ အလင်းဝင်လိုပါကလည်း လက်ခံပေး မည်ဖြစ်ကာ...

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့  ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

by ဧရာဝတီ
24 January 2024
4.7k

ဇန်နဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် ချပေးရာတွင် တော်လှန်ရေးအဖွဲ့များ ရှိရာဘက်သို့ ကျရာက်ခဲ့ခြင်းကြောင့် ၄၀ မမ အပါအဝင် လက်နက်ခဲယမ်းများကို ရရှိခဲ့သည်

Next Post
ပုသိမ်စက်မှုဇုန်ရှိ Amava Appareal အထည်ချုပ်စက်ရုံ / ဆလိုင်းသန့်စင်

ပုသိမ် Amava အထည်ချုပ်စက်ရုံမှ လုပ်သား ၄၅၀ ကျော် အလုပ်ရပ်နားခံရ

ကစ္ဆပနဒီတံတားအနီးရှိ ကျောက်တော်မြို့ဝင် လမ်းဆုံ / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်မြို့တွင် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွား၊ အရပ်သားများ ဒဏ်ရာရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved