• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တီးတိန် Case 1 လူနာ ဆေးစစ်ရလာဒ် ပထမအကြိမ် Negative တွေ့ရှိ

by လဲ့လဲ့
24 April 2020
in သတင်း
A A
ချင်းပြည်နယ်တွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ တလအတွင်း Covid-19 လူနာ ၅ ဦးတွေ့ရှိထားသည်  / Bawi M Lian

ချင်းပြည်နယ်တွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ တလအတွင်း Covid-19 လူနာ ၅ ဦးတွေ့ရှိထားသည် / Bawi M Lian

7.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် COVID-19 ရောဂါပိုးရှိသူ ၅ ဦး ရှိနေသည့်အနက် ပထမဆုံးတွေ့ရှိခဲ့သည့် Case 1 သည် ၆ ကြိမ်မြောက် စစ်ဆေးမှုအပြီးတွင် ပထမဆုံးအကြိမ် Negative တွေ့ရှိပြီ ဖြစ်ကြောင်း ကပ်တဲလ်ရွာမှ တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးကျော်က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ဖြိုးကျော်က “Case 1 က Negative ပထမဆုံးအကြိမ် ဖြစ်သွားတာပေါ့။ ကျန်တဲ့သူတွေကတော့ စစ်ဖို့အချိန်လိုသေးလို့ အခု Positive ပေါ့။ စစ်တာက ပထမဆုံး Positive တွေ့တာနဲ့ တပတ်နေရင် ပြန်စစ်တယ်။ အခု case 1 ကိုလည်း ၄၈ နာရီ ကြာရင် နောက်တခေါက် ထပ်စစ်လို့ Negative ပဲ ဆိုရင်တော့ ကျန်းမာသွားပြီလို့ ပြောလို့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်မှ Case 1 ကို ယခင်က ၅ ကြိမ်ဆက်တိုက် ဆေးစစ်ရာတွင် Positive ပြနေခဲ့ရာမှ ယခုသည် ပထမဆုံး Negative တွေ့ရှိခြင်းဖြစ်ပြီး ကျန်လူနာ ၄ ဦးကိုလည်း သတ်မှတ်နေ့ရက်အလိုက် စစ်ဆေးပေးနေသည်ဟု သိရသည်။

Case 1 နေထိုင်ခဲ့သည့် ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်ကလည်း “ဟုတ်ကဲ့ ကျနော်တို့လည်း သတင်း ကြား ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ အခုရွာမှာက အဝင်အထွက် ကန့်သတ်လိုက်တော့ ပြဿနာ နည်းနည်း ရှိပေမယ့်လည်း အစိုးရက အဆင်ပြေအောင် လုပ်ပေးထားပါတယ်” ဟု ပြောသည်။

၃၆ နှစ်အရွယ် Case 1 သည် မတ် ၁၃ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဖျားခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရပြီးနောက် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့သို့ ပိုးရှိကြောင်း ကြေညာခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ စပြီး ပိုးတွေ့သူလူနာအား တီးတိန်ပြည်သူ့ ဆေးရုံ ပို့ဆောင်ကာ သီးသန့်ခန်းအတွင်း၌ စောင့်ကြည့်ကုသမှု ပြုလုပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ရောဂါပိုးတွေ့ရှိကြောင်း ကြေညာလိုက်သည်နှင့် တပြိုင်နက်ထဲ ကပ်တဲလ်ရွာကို ဝင်ထွက် သွားလာခွင့် ၁၄ ရက် ပိတ်ထားခဲ့ရာမှ လူနာနံပါတ် ၁ နှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ဓါတ်ခွဲ စစ်ဆေးရာတွင် တလ အတွင်း ပိုးရှိ လူနာ ၄ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပိုးရှိလူနာတွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ကျေးရွာနှင့် လွယ်ဘွာလ်းရပ်ကွက်ရှိ မာန်ဂင့်လမ်း၊ ကမ်း ဟောက် လမ်း၊ ဒေါ်မန်ငိုက်ဇင့်နေအိမ်၊ ဦးဆုံဒိုခမ် နေအိမ်တွင် နေထိုင်သူများအနေဖြင့် ပြင်ပသို့ သွားလာခြင်း မပြုရန်နှင့် ပြင်ပမှ လူများသည်လည်း အဆိုပါနေရာများသို့ ဝင်ရောက်ခြင်း မပြုရန် တီးတိန်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဧပြီလ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရက လူနာထပ်မံတွေ့ရှိခဲ့သည့် နေရာများအား သွားလာဝင်ထွက်ခွင့်ကို ၁ ပတ်ခြင်း တိုးမြှင့်သွားရန် ဧပြီလ ၂၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်ဟု ချင်းပြည်နယ်အစိုးရထံမှ သိရသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကလည်း လာမည့် ၁ ပတ် အတွင်း ရောဂါ ပြန့်ပွားမှု မရှိပါက Lockdown ကို ဖြေလျော့သွားမည်ဟု ဆိုသည်။

လက်ရှိတွင် တီးတိန်မြို့နယ်သို့ ပြည်ပမှ ဝင်ရောက်လာသူ ၂၂၉ ဦးအနက် ၆၀ ဦးသည် Home Quarantine ဝင်နေပြီး ကျန်သူများက တီးတိန်မြို့ရှိ အထက်တန်းကျောင်းတွင် Quarantine ဝင်နေသည်ဟု သိရသည်။

ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်ရှိပြီး လူဦးရေ ၃၆၆၀ ရှိပြီး ဒေသခံများက တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ကြသည်ဟု သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဆက်စပ်လင့်

ကပ်တဲလ်ရွာ Lockdown ကာလ ၇ ရက် ထပ်တိုး

တီးတိန် နံပါတ် ၁ လူနာ ၅ ကြိမ်မြောက် စစ်ဆေးမှု Positive သာ ဖြစ်နေ

Your Thoughts …
Tags: COVID-19ကပ်တဲလ်ရွာတီးတိန်
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း

ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း

by မေရီခိုင်
21 June 2024
5k

လက်လွှတ်ခဲ့ရသော စစ်တပ်စခန်း နှစ်ခုမှာ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ် ကနေဒီတောင်စခန်းနှင့် သိုင်းငင်းစခန်းတို့ ဖြစ်ပြီး အဆိုပါစခန်းနှစ်ခုသည် စစ်ရေးအရ အရေးပါသည့် ကလေး-တီးတိန်လမ်းမပေါ် တည်ရှိသည်။

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

by မေရီခိုင်
27 May 2025
4.3k

ချင်းတော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ခုခံတိုက်ခိုက်နေခြင်းကြောင့် အဆိုပါစစ်ကြောင်းသည် ကလေး မြို့နှင့် ၁၇ မိုင်အကွာ မွာလ်ပီးရွာဘက်၌ ဟန့်တား ထားနိုင်

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်း ထိန်းရန်ကြိုးစားရာမှ တိုက်ပွဲဖြစ်

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်း ထိန်းရန်ကြိုးစားရာမှ တိုက်ပွဲဖြစ်

by မေရီခိုင်
2 November 2025
855

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်တွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များ သိမ်းထားသည့် မွှာပီးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဘက်က ပြန်လက်လွှတ်လိုက်ရသည်။

တီးတိန်တိုက်ပွဲ လေကြောင်းမှ ဗုံးကြဲ၍ အိမ်များ ထိခိုက်ပျက်စီး

တီးတိန်တိုက်ပွဲ လေကြောင်းမှ ဗုံးကြဲ၍ အိမ်များ ထိခိုက်ပျက်စီး

by မေရီခိုင်
27 May 2024
814

ထို့ပြင် တီးတိန်မြို့တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့မှ အရှင်ဖမ်းမိထားကြောင်းလည်း ၎င်းက ပြောသည်။

ချင်းတော်လှန်ရေးအဖွဲ့တို့ ကနေဒီတောင်နှင့် သိုင်းငင်းစခန်း လက်လွှတ်ရ

ချင်းတော်လှန်ရေးအဖွဲ့တို့ ကနေဒီတောင်နှင့် သိုင်းငင်းစခန်း လက်လွှတ်ရ

by မေရီခိုင်
10 November 2025
758

ကလေးဘက်မှတက်လာသည့် စစ်ကြောင်းသည် သိုင်းငင်းနှင့် ၁၄ မိုင်ခန့်အကွာ မွာလ်ပီးရွာ ဝန်းကျင်တွင် ရောက်ရှိနေသလို ကလေးမြို့တောင်ပိုင်းရှိ ကလေး- ဂန့်ဂေါလမ်းမှ ထွက်လာသည့် စစ်ကြောင်းတခုက ချင်းညီနောင်တပ်များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာပြီး ဖလမ်းမြို့နယ်၊ ဝေဘူလမြို့သို့...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

Next Post
အလုပ်လက်မဲ့တွေကို လှူဒါန်းနေတဲ့ ထိုင်းဘုန်းကြီး တပါး

ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ထိုင်းမှာ အလှူအတန်း လုပ်

ဧပြီ ၂၄ ရက်နေ့က ဝန်းသိုမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိငလျင် လှုပ်ခတ်ရာပြ မြေပုံ / မိုး/ဇလ

မြေငလျင်များ ဆက်တိုက် လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved