• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တီးတိန်တိုက်ပွဲ လေကြောင်းမှ ဗုံးကြဲ၍ အိမ်များ ထိခိုက်ပျက်စီး

by မေရီခိုင်
27 May 2024
in သတင်း
A A
တီးတိန်တိုက်ပွဲ လေကြောင်းမှ ဗုံးကြဲ၍ အိမ်များ ထိခိုက်ပျက်စီး

လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိမှန်ပျက်စီးခဲ့သည့် တီးတိန်မြို့ရှိ နေအိမ်အဆောက်အအုံတချို့/CJ

814
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် မေ ၂၆ ရက် ညပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်များ ကြားတိုက်ပွဲများဖြစ်ပွားနေရာ ယနေ့ နံနက် ၆ နာရီဝန်းကျင်၌ မြို့ပေါ် လွယ်ဘွာလ်ရပ်ကွက်သို့ လေယာဉ်ဖြင့် ၈ ကြိမ်ထက်မနည်း ဗုံးကြဲသဖြင့် အိမ်များထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီလော်ဘီချန်နယ်များတွင်လည်း လွယ်ဘွာလ်ရပ်ကွက် မိုးလုံလေလုံအားကစားကွင်း နှင့် ပိုးချည်စက်ရုံတို့တွင် တော်လှန်ရေးတပ်များ ခိုအောင်းနေ၍ Y 12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ရဲစခန်းဝင်း ၆ခန်းတွဲ အိမ်ရာနှင့် မြို့နယ်မှူး ရုံးအသစ်ပေါ် ကြခဲ့ကြောင်း၊ ရဲအရာရှိ တပ်သားများ ကျဆုံးကြောင်း၊ အဖမ်းခံရသည့် ရဲများလည်း ရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရသေးပေ။

ချင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF Zoland) ပြောခွင့်ရသူတဦးက လက်ရှိတွင် တီးတိန်မြို့ပေါ်ရှိ စစ်တပ်စခန်းတခုကို ချင်းညီနောင်ပူးပေါင်းအဖွဲ့များသိမ်းပိုက်ရရှိထားပြီး ဖြစ် ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

၎င်းက “အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ ကျနော်တို့ မြို့သိမ်းနိုင်ဖို့အတွက် ဆက်ပြီး တိုက်နေပါတယ်။ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့လေယာဉ်ကလည်း ဆက်တိုက် လာနေပါတယ်” ဟု ပြောသည်။

ထို့ပြင် တီးတိန်မြို့တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့မှ အရှင်ဖမ်းမိထားကြောင်းလည်း ၎င်းက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
51
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
22
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
60
လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိမှန်ပျက်စီးခဲ့သည့် တီးတိန်မြို့ရှိ နေအိမ်အဆောက်အအုံတချို့/CJ

ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တီးတိန်မြို့ပေါ်၌ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံတချို့ ကြိုတင် တိမ်း ရှောင်ကြသလို လက်ရှိတွင် မြို့ထဲရှိဒေသခံများအပြင် တွန်းဇံမြို့မှတိမ်းရှောင်လာသည့် စစ်ရှောင်များပါ ထပ်မံ ထွက်ပြေးနေရသည်။

တီးတိန်မြို့ခံတဦးက “တပ်ကုန်းကလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်။ သတင်း စ ကြားကတည်းက ပြေးတဲ့သူတွေ လည်း ရှိတယ်။ တချို့ကတော့ မြို့ထဲကို လေယာဉ်လာမယ်လို့ မထင်လို့ ဒီတိုင်းနေ ကြတာ ရှိတယ်။ အခုတော့ အကုန် လုံးနီးပါး ပြေးကြပြီ။ တွန်းဇံက ပြေးလာတဲ့သူတွေလည်း ထပ်ပြေးရတာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။

တီးတိန်မြို့စစ်ရှောင်အများစုမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် နီးစပ်ကျေးရွာများကို ထွက်ပြေး တိမ်းရှောင်နေကြ ကြောင်း သိရသည်။

မေလ ၂၆ ရက်နံနက်ပိုင်း ၂ နာရီတွင်လည်း တီးတိန်မြို့၊ မွောလ်ဘင်းကျေးရွာနှင့် ဗန်တဲကျေးရွာတို့ကို တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ဗုံးကြဲခဲ့သောကြောင့် ဒေသခံ သားအဖ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံတချို့ ဒဏ်ရာရရှိခဲ့သည်။

တီးတိန်မြို့ပေါ် တိုက်ပွဲအတွင်း PDF Zoland တပ်ဖွဲ့၏ တပ်ရင်း ၄၊ တပ်ခွဲ ၁၊ တပ်စု ၂၊ တပ်စိတ် ၃ မှ ဒုတပ်စိတ်မှူး ကို ဆွတ်မုန် (Tv. Suut Mung) တို့ သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်လာချိန်တွင် စစ်ကောင်စီတပ်သည် လေကြောင်းဗုံးကြဲမှုများကို ပိုမို လုပ်ဆောင်လာနိုင်သည့် အတွက် တီးတိန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အရေးပေါ် ဗုံးခိုကျင်းများ တူးထားကြရန် PDF Zoland ပြောခွင့်ရသူက သတိပေးထားသည်။

You may also like these stories:

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

တွန်းဇံမြို့အထွက်၌ စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်

Your Thoughts …
Tags: ချင်းညီနောင်တပ်ဖွဲ့စစ်ရှောင်တီးတိန်ဗုံးကြဲလေကြောင်း
မေရီခိုင်

မေရီခိုင်

Similar Picks:

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

by ဧရာဝတီ
21 October 2023
11.1k

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အခြေစိုက်ထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ-၆ ဌာနချုပ် နေရာအား ယမန်နေ့ညနေပိုင်း၌ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

ပစ်မှတ်အတိအကျ ဗုံးကြဲခံလိုက်ရတာ (ရုပ်/သံ)

by ဘုန်းအောင်
21 July 2024
10.4k

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုဟာ အချိန်နဲ့နေရာအတိအကျ သတင်းပေးမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်တွေ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Next Post
ဝိုင်းမော်၌ အရပ်သားယာဉ်တန်း ပစ်ခတ်ခံရ

ဝိုင်းမော်၌ အရပ်သားယာဉ်တန်း ပစ်ခတ်ခံရ

လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved