မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုဟာ အချိန်နဲ့နေရာအတိအကျ သတင်းပေးမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်တွေ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင် ပြုလုပ်တဲ့ ဝါဆိုလပြည့်နေ့ အလှူပွဲအတွက်ချက်ပြုတ် ပြင်ဆင်နေချိန် လူအုပ်စုရှိရာကို ဗုံးကျရောက်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါ ခွဲခြားလို့မရအောင် ဖြစ်သွားတဲ့ ရုပ်အလောင်းတွေ ရှိသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေ လည်း အများအပြား ရှိတယ်လို့ ဆိုကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ အစည်းအဝေးလုပ်မယ်ဆိုတဲ့ သတင်းပေးမှု ရှိခဲ့တာကြောင့်ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး ဒေသခံ ပြည်သူတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေ အပါအဝင် လူ ၂၅ ယောက်ထပ်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
#ကျိုက်မရော #ငပုအင်းရွာ #လေကြောင်းဗုံးကြဲ #အလှူပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR