• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီတပ် လေကြောင်း အားသာမှု ဆုတ်ယုတ်လာ

by Zachary Abuza
24 January 2024
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီတပ် လေကြောင်း အားသာမှု ဆုတ်ယုတ်လာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က ကချင်ပြည်နယ် မြောက်ပိုင်းတွင် ကချင် KIA တိုက်ခိုက်မှုကြောင့် ပျက်ကျလာသည့် စစ်ကောင်စီ ရဟတ်ယာဉ် အပျက်အစီး / CJ

8.4k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော အောက်တိုဘာလတွင် အတိုက်အခံအင်အားစုက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြန်မာစစ်တပ်အတွက် အရေးအပါဆုံး ကျဆုံးမှုများအနက် တခုမှာ လေယာဉ် သုံးစင်းဖြစ်သည့် အမောင်းသင် ဂျက်လေယာဉ် နှစ်စင်းနှင့် Mi-17 အကြီးစား ရဟတ်ယာဉ် တစင်းတို့ ဆုံးရှုံးခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းလည်း ဆုံးရှုံးခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းအားသာမှု လုံးဝ ရသင့်စရာဖြစ်သည်။

ပဋိပက္ခ ပထမ နှစ်နှစ်အတွင်း အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အကောင်းဆုံး လေကြောင်းကာကွယ်ရေးမှာ လေတပ်လေယာဉ်မှူးများကို အင်တာနက်တွင် ထုတ်ဖော်ခြင်းသာ ဖြစ်သည်။ လက်စဖျောက်နိုင်ရန် ၎င်းတို့၏ လိပ်စာများကို ဖော်ထုတ်ခြင်းဖြစ်သည်။

တဖြည်းဖြည်းဖြင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် စစ်တပ်၏ လေကြောင်း အားသာမှုကို လက်နက်တပ် ဒရုန်းများ ဖြန့်ကြက်ပြီး ထိထိရောက်ရောက် ဒုက္ခပေးသည်။

အရေးပါသောအချက်မှာ စစ်ကောင်စီသည် လေကြောင်းကို ပိုမိုမှီခိုလာရချိန်တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) သည် လေကြောင်း ကာကွယ်ရေးစနစ်များ စတင်ဖြန့်ကြက်လာခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆင်ရေး အရှိန်မြင့်လာခြင်းကြောင့် မနိုင်မနင်း ဖြစ်နေသော လေယာဉ်များတွင် ပြုပြင်ထိန်းသိမ်းရေး ပိုမိုလုပ်ဆောင်ရန်လည်း လိုအပ်လာသည်။

အရေးပါသောအချက်မှာ စစ်ကောင်စီသည် လေကြောင်းကို ပိုမိုမှီခိုလာရချိန်တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) သည် လေကြောင်း ကာကွယ်ရေးစနစ်များ စတင်ဖြန့်ကြက်လာခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆင်ရေး အရှိန်မြင့်လာခြင်းကြောင့် မနိုင်မနင်း ဖြစ်နေသော လေယာဉ်များတွင် ပြုပြင်ထိန်းသိမ်းရေး ပိုမိုလုပ်ဆောင်ရန်လည်း လိုအပ်လာသည်။

စစ်တပ်၏ ထိုဆုံးရှုံးမှုများသည် အကြောင်း သုံးခုကြောင့် အရေးပါသည်။

ရှမ်းပြည်မြောက်ပိုင်း ရှေ့တန်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ဝင်များ / AFP

ပထမအချက်မှာ ဒေသတွင်းစံနှုန်းအရ မသေးငယ်သော်လည်း မြန်မာလေတပ်သည် သာလွန်စွမ်းအား မရှိပေ။ ထိပ်ဆုံးတွင် SU-29 ၃၁ စင်းခန့်ရှိပြီး ရုရှားမှ မကြာသေးမီက ပေးပို့ထားသည့် SU-30 ၄ စင်းရှိသည်။

တရုတ်နှင့် ပါကစ္စတန် ပူးပေါင်းထုတ်လုပ်ပြီး မကြာသေးမီက ပေးပို့ထားသည့် JF-17 ဘက်စုံသုံး တိုက်လေယာဉ်များသည် ကိုယ်ထည်အက်ကွဲခြင်းနှင့် အခြား ပြုပြင်ထိန်းသိမ်းရေး ပြဿနာများကြောင့် မြေပြင်တွင်သာ ရပ်ထားရသည်ဟု ဆိုသည်။

ပျံသန်းနိုင်စွမ်း ပြဿနာများ

စာရင်းအရဆိုပါက မြန်မာတွင် ဂျက်တိုက်လေယာဉ် ၄၀ ခန့်ရှိသော်လည်း ထိုလေယာဉ်များသည် သက်တမ်းအိုနေသည့် တရုတ်လုပ် ရုရှားမှ ပုံတူကူးထားသော ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က လေယာဉ်များဖြစ်သည်။ ထိုလေယာဉ်များ သက်တမ်းကျော်နေသည်မှာ အတော်ကြာပြီဖြစ်သည်။

မြန်မာလေတပ်တွင် တရုတ်ပုံစံ MiG-19 ဖြစ်သည့် Nanchang Q-5s အစင်း ၂၀ ရှိသည်ဟု ယူဆရပြီး ၁၉၉၄ -၂၀၀၁ ကာလအတွင်း တင်သွင်းထားသည့် ၃၆ စင်းမှ လျော့ကျလာခြင်း ဖြစ်သည်။ တရုတ်ပုံစံ MiG-21 ဖြစ်သည့် Chengdu J-7 ၂၁ စင်းလည်း မြန်မာလေတပ်တွင် ရှိသည်။ ၁၉၉၀-၁၉၉၉ ကာလအတွင်းက ဝယ်ယူထားသည့် အစင်း ၆၀ မှ လျော့ကျလာခြင်း ဖြစ်သည်။

မြန်မာလေတပ်တွင် တရုတ်ပုံစံ MiG-19 ဖြစ်သည့် Nanchang Q-5s အစင်း ၂၀ ရှိသည်ဟု ယူဆရပြီး ၁၉၉၄ -၂၀၀၁ ကာလအတွင်း တင်သွင်းထားသည့် ၃၆ စင်းမှ လျော့ကျလာခြင်း ဖြစ်သည်။ တရုတ်ပုံစံ MiG-21 ဖြစ်သည့် Chengdu J-7 ၂၁ စင်းလည်း မြန်မာလေတပ်တွင် ရှိသည်။ ၁၉၉၀-၁၉၉၉ ကာလအတွင်းက ဝယ်ယူထားသည့် အစင်း ၆၀ မှ လျော့ကျလာခြင်း ဖြစ်သည်။

ထိုလေယာဉ်များနက် ဘယ်နှစင်း ပျံသန်းနိုင်စွမ်းရှိသေးသည်ကို ကောင်းစွာ မသိရပေ။

စစ်တပ်သည် စစ်ဆင်ရေးများအတွက် ရုရှားလုပ် Yak-130 အမောင်းသင်လေယာဉ် ၁၈ စင်းကို အားကိုးသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလေတပ်သည် FTC-2000G ဟု ခေါ်သည့် Guizhou JL-9 အမောင်းသင် ဂျက်လေယာဉ် ခြောက်စင်းခန့် လက်ခံရရှိသော်လည်း ထိုလေယာဉ်များသည် စွမ်းဆောင်ရည် မကောင်းဘဲ ဘေးအန္တရာယ် ကင်းရှင်းမှု ပြဿနာရှိသည်။

မြန်မာလေတပ်သည် မြေပြင်ကို ထောက်ကူပေးနိုင်သော အရေအတွက် မသိရသည့် တရုတ်လုပ် K-8 အမောင်းသင် လေယာဉ်များကိုလည်း သုံးသည်။

ဒုတိယအချက်မှာ အပိုပစ္စည်း အစိတ်အပိုင်းများကို အဓိက တင်သွင်းပေးသည့် စင်ကာပူမှ ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ၊ စစ်ကောင်စီရနိုင်သည့် နိုင်ငံခြားငွေမရှိခြင်းနှင့် ရုရှား၏ ယူကရိန်းစစ်ပွဲ အပါအဝင် အခြား ဝယ်ယူရေးကွင်းဆက် ပြဿနာများကြောင့် ထိုလေယာဉ်များ၏ ၂၀ ရာခိုင်နှုန်းသာ ပျံသန်းနိုင်ဖွယ်ရှိသည်ဟု မိမိတို့ယူဆသင့်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အရေးယူပိတ်ဆို့ခံထားရသော Sky Aviator ကုမ္ပဏီ ဒါရိုက်တာနှင့် အခြားသူ နှစ်ဦးတို့ စင်ကာပူ ဒေါ်လာ ၅၀၈,၉၂၅ (အမေရိကန် ဒေါ်လာ ၃၈၂,၃၈၀) ကို စင်ကာပူမှ ခိုးထုတ်မှုဖြင့် အရေးယူခံရသည်။ စင်ကာပူတွင် ရုံးခန်းတခန်း ဖွင့်ထားသည့် Sky Aviator သည် လေတပ်အတွက် အပိုပစ္စည်းဝယ်ရန် အလွန်များပြားသည့် ကန်ထရိုက်ရထားသည်။ အရေးယူပိတ်ဆို့ခံထားရသည့် အခြားကုမ္ပဏီတခုဖြစ်သည့် Sky Royal Hero Company Limited သည် ရုရှားလုပ် ဂျက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးနှင့် အပိုပစ္စည်းများအတွက် ကန်ထရိုက်ရထားသည်။

မြန်မာလေတပ်သည် ထိုလေယာဉ်များအတွက် လိုအပ်သည့် စီစဉ်ထားသော ပြုပြင်ထိန်းသိမ်းမှုများ မလုပ်ဘဲ ပျံသန်းမှု ပိုမိုများပြားစွာ ပြုလုပ်နေသည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်သည်။

မြန်မာလေတပ်သည် ထိုလေယာဉ်များအတွက် လိုအပ်သည့် စီစဉ်ထားသော ပြုပြင်ထိန်းသိမ်းမှုများ မလုပ်ဘဲ ပျံသန်းမှု ပိုမိုများပြားစွာ ပြုလုပ်နေသည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှု တိုးလာ

စစ်ရေးလေ့ကျင့်ခန်းတွင် ရဟတ်ယာဉ်ပေါ်မှ စစ်သားများကို မြေပြင်သို့ ချပေးနေစဉ်

စစ်တပ်က ကတိပေးထားသည့် တန်ပြန်ထိုးစစ် အကောင်အထည် မပေါ်ပေ။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်သား ၄,၀၀၀ ကျော် လက်နက်ချပြီး အခိုင်အမာ မှတ်တမ်းတင်ထားပြီးဖြစ်သော စစ်သားစုဆောင်းသည့် ပြဿနာများကြောင့် စစ်တပ်တွင် များပြားလှသော စစ်ဇုန်များ၌ မြေပြင်ထိုးစစ်ဆင်ရန် လုံလောက်သော တပ်အင်အား မရှိတော့ဘဲ တာဝေးပစ် အမြောက်များနှင့် လေကြောင်းတိုက်ခိုက်မှုများကို အားကိုးနေရသည်။

လွတ်လပ်သော သုတေသနလုပ်ငန်းတခုက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တလတည်းတွင်ပင် လေကြောင်း တိုက်ခိုက်မှု ၃၃၆ ကြိမ်လုပ်ကြောင်း ထက်ဝက်ခန့်မှာ ၁၀၂၇ စစ်ဆင်ရေးလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင် တပ်များဖြစ်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကို တိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မတန်တဆ အလုပ်လုပ်နေရသည့် ရဟတ်ယာဉ်အကြီးစား ၁၂ စင်းအနက် တစင်း ဆုံးရှုံးသွားခြင်းသည် စစ်တပ်၏ တန်ပြန်ထိုးစစ်အတွက် အရေးပါသော ဆုံးရှုံးမှုဖြစ်သည်။ နည်းဗျူဟာအရ ၎င်းတို့၏ အားသာချက်များအနက် တခုမှာ လေကြောင်းမှ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်ထောက်ပံ့နိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် အဓိကကျသော လမ်းမကြီးများ ဆုံးရှုံးနေချိန်တွင် ပိုမိုအရေးပါသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က Guizhou JL-9/FTC-2000G ကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပစ်ချသည်ဟု ပြောသော်လည်း ထိုအချက်အတွက် အထောက်အထား မရှိသလောက်ပင် ဖြစ်သည်။ ထိုလေယာဉ် ကောင်းကင်မှ ကျလာသည်ကို ပြသထားသည့် ဗီဒီယိုတွင် မီးခိုး သို့မဟုတ် ရန်သူပစ်ခတ်သည့် လက္ခဏာ မရှိသောကြောင့် အင်ဂျင်ပျက်ပြီး ပျက်ကျခြင်း ဖြစ်နိုင်သည်။

မည်သို့ဆိုစေကာမှု ထိုအချက်သည် တတိယအချက်သို့ ဦးတည်စေသည်။ မြန်မာလေတပ်သည် ရန်သူပစ်ခတ်မှုကြောင့် လေယာဉ်များ ဆုံးရှုံးနေသည့်ဆိုသည့်အချက် ဖြစ်သည်။

K-8 အမောင်းသင် လေယာဉ်ပျက်ကျရခြင်းမှာ စက်ချို့ယွင်းသောကြောင့် ဖြစ်သည်ဟု စစ်တပ်က ပြောသော်လည်း ကရင်နီတပ်များက ထိုလေယာဉ်ကို ၎င်းတို့ပစ်ချသည်ဟု ပြောသည်။

KIA က Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစင်းကို ပစ်ချခဲ့ပြီး လိုက်ပါလာသူ ခြောက်ဦးစလုံး သေဆုံးကြောင်း ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြောသည်။

ရဟတ်ယာဉ်များနှင့် အမောင်းသင် လေယာဉ်များသည် လက်နက်ငယ်ကြောင့် ထိခိုက်နိုင်ပြီး အထူးသဖြင့် ၎င်းတို့ကို မြေပြင်တိုက်ခိုက်ရေးအတွက် သုံးသောအခါ ထိခိုက်နိုင်သည်။

ရဟတ်ယာဉ်များနှင့် အမောင်းသင် လေယာဉ်များသည် လက်နက်ငယ်ကြောင့် ထိခိုက်နိုင်ပြီး အထူးသဖြင့် ၎င်းတို့ကို မြေပြင်တိုက်ခိုက်ရေးအတွက် သုံးသောအခါ ထိခိုက်နိုင်သည်။

တရုတ်ကို ကြည့်နေရ

သို့သော် ထိုဖြစ်ပေါ်တိုးတက်မှုများသည် ထိုလေယာဉ်များကို ပစ်ချရာတွင် မည်သည့် လက်နက်ကို သုံးသနည်းဆိုသည့် မေးခွန်းကို ဖြစ်စေသည်။

၂၀၁၉ ခုနှစ်က တည်ထောင်မှု နှစ် ၃၀ ပြည့်အခမ်းအနားတွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စစ်လက်နက်များ ပြသစဉ် / ဧရာဝတီ

ပုခုံးထမ်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (MANPADs) ပိုင်ဆိုင်သည့် တခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဖြစ်သည်။

မကြာသေးမီကအထိ UWSA သည် ပဋိပက္ခတွင် မပါဝင်ဘဲ စစ်ကောင်စီကို ထောက်ခံခြင်း မရှိသလို NUG နှင့် ပူးပေါင်းခြင်းလည်း မရှိပေ။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ကြားနေကြောင်း မကြာသေးမီက ကြေညာသော်လည်း ထိုအဖွဲ့သည် ညီနောင်မဟာမိတ်များထံမှ မြို့နယ် နှစ်ခုရသည်။

UWSA သည် အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် NUG သို့ လက်နက်ရောင်းသော်လည်း လေယာဉ်ပစ် MANPADs များ ရောင်းချခြင်းကို ရှောင်ကျဉ်သည်။

ထိုသဘောထား ပြောင်းလဲသွားပါသလား။ ပြောင်းလဲသွားသည်ဆိုလျှင် ယခုမှ မည်သည့်အတွက် ပြောင်းလဲသွားသနည်း။ တရုတ်က စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် ထိုလက်နက်များကို UWSA က မရောင်းဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် တရုတ်က ထိုသို့ရောင်းရန် ခွင့်ပြုခဲ့ပါသလား သို့မဟုတ် ထိုအဖွဲ့များသည် တရုတ်ဒေါသကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသလားဟု မေးစရာရှိသည်။

Mi-17 ရဟတ်ယာဉ်ကို တရုတ်လုပ် FN-6 MANPAD ဖြင့်ပစ်သည်ဟု KIA က ပြောသည်။ KIA သို့ ထိုသို့သော လက်နက်များ လွှဲပြောင်းပေးခြင်းကို တခါမှ ဝန်ခံခြင်းမပြုဘဲ တရုတ်၏မူဝါဒသည် အကြီးအကျယ် ပြောင်းလဲသွားသည့်လက္ခဏာ ဆောင်နေနိုင်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
668

ဇန်နဝါရီလ ၁၇ ရက်နေ့က လေယာဉ်ပျက်ကျခြင်းသည် စက်ချို့ယွင်းသောကြောင့် ဖြစ်သည်ဆိုလျှင်ပင် KIA သည် ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာပြီး အသုံးချသည်ဟု ဆိုရမည်။ အခြား အကြောင်းများ မရှိလျှင်ပင် လေယာဉ်မှူးများကို အကြောက်တရားဖန်တီးရန် အသုံးချနိုင်သည်။

သေချာသောအချက်မှာ မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမို မှီခိုလာရချိန်တွင် အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ရပြီး ငွေကြေး မလုံလောက်သောကြောင့် လေယာဉ်ကို ပုံမှန် ပြင်ဆင်မှု မလုပ်နိုင်တော့ပေ။ တချိန်တည်းတွင် အတိုက်အခံ အင်အားစုများသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အကန့်အသတ်ဖြင့် သုံးလာနိုင်ကြသည်။

သို့သော် သေချာသောအချက်မှာ မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမို မှီခိုလာရချိန်တွင် အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ရပြီး ငွေကြေး မလုံလောက်သောကြောင့် လေယာဉ်ကို ပုံမှန် ပြင်ဆင်မှု မလုပ်နိုင်တော့ပေ။ တချိန်တည်းတွင် အတိုက်အခံ အင်အားစုများသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အကန့်အသတ်ဖြင့် သုံးလာနိုင်ကြသည်။

အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးအတွင်း အရာရာကဲ့သို့ပင် စစ်ကောင်စီ၏ လေကြောင်းအားသာမှုသည် ကျဆင်းလာပြီဖြစ်သည်။

(RFA ပါ Zachary Abuza ၏ Myanmar Military’s Air Superiority Slipping Away Amid Sanctions And Opposition Attacks ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်)

You may also like these stories:

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ

စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ

လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEROsMANPADSMNDAANUGPDFsTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်သုံးဖွဲ့တန်ပြန်ထိုးစစ်တိုက်လေယာဉ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းဒရုန်းတိုက်ခိုက်မှုလေကြောင်း ကာကွယ်ရေးစနစ်လေကြောင်းတိုက်ခိုက်မှုလေယာဉ်ပစ်ဒုံးကျည်လေယာဉ်အပိုပစ္စည်းအမျိုးသားညီညွတ်ရေးအစိုးရအရေးယူပိတ်ဆို့မှု
Zachary Abuza

Zachary Abuza

ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်း တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်

ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved