• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝိုင်းမော်၌ အရပ်သားယာဉ်တန်း ပစ်ခတ်ခံရ

by ဧရာဝတီ
27 May 2024
in သတင်း
A A
ဝိုင်းမော်၌ အရပ်သားယာဉ်တန်း ပစ်ခတ်ခံရ

ဝိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာအနီး ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများနှင့် ပိတ်မိနေသော အရပ်သားများကို ကယ်ထုတ်နေကြစဉ်/ JaoPyinnar Sara’s Facebook page

782
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တိုက်ပွဲများကြား ပိတ်မိနေခဲ့သည့် အရပ်သား ၁၀၀ ကျော်လိုက်ပါသည့် ယာဉ်တန်း ယမန် နေ့ ညပိုင်းက ခါးရှီရွာအနီး လမ်းပေါ်၌ စစ်တပ်က ပစ်ခတ်သဖြင့် ၂၄ ဦး ဒဏ်ရာရကာ ၈ ဦး အသက်အန္တရာယ် စိုးရိမ်ရ ကြောင်း သိရသည်။

၎င်းတို့သည် ရွှေညောင်ပင်ရွာအခြေစိုက် ခြေမြန်တပ်ရင်း- ခမရ ၃၂၁ တပ်ရင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်ခဲ့ချိန်က ပိတ်မိခဲ့ကြသည့် အရပ်သားများဖြစ်ကြပြီး လတ်တလော မြေပြင်တိုက်ပွဲများ ငြိမ်သက်နေစဉ် ကားများ၊ ဆိုင်ကယ်များဖြင့် ဝိုင်းမော်မြို့ဘက်သို့ ထွက်ခွာလာကြခြင်းဖြစ်သည်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက “ သူတို့က ဘီဘရာရွာကနေ လာကြတယ်ပြောတယ်။ ငှက်ပျောခြံ၊ ရာဘာခြံ၊ ရွှေမှော်တို့မှာ အလုပ်လုပ်တဲ့သူတွေ၊ ဝိုင်းမော်မြို့နားမှာပဲ အပစ်ခံရတာ၊ ကျနော်တို့ပို့လိုက်တာတော့ သေဆုံးတာ မရှိဘူး၊ ဒဏ်ရာရတာ ၂၄ ယောက်ရှိတယ်၊ စိုးရိမ်ရတာတော့ ၈ ယောက်ရှိတယ်၊ သူတို့ကို မြစ်ကြီးနားဆေးရုံပို့လိုက်ပြီ” ဟု ပြောသည်။

ကချင်ဒေသအခြေစိုက်သတင်းဌာနများက ယာဉ်တန်းတွင် KIA က ပြန်လွှတ်ပေးလိုက်သည့် ခမရ-၃၂၁ တပ်ရင်းမှ တပ် မိသားစုဝင်အချို့လည်း လိုက်ပါခဲ့ကြောင်းနှင့် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးကြောင်း ဖော်ပြကြ သည်။

ထိုအခြေအနေပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ညပိုင်းတွင် ဝိုင်းမော်မြို့အနီး နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပစ်ခတ်ခံရသည့်ယာဉ်တန်းတွင် တပ်မိသားစုဝင်များ ပါမပါအား မသိရသေး ကြောင်း ဧရာဝတီသို့ပြောသည်။

၎င်းက “ ရှေ့တန်းသမားတွေကပဲ ပြန်လွှတ်ပေးတာလားတော့ မသိဘူး၊ ကျနော်တို့လည်း စုံစမ်းနေပါတယ်၊ ညက အဲဒီမှာ ပစ်ခတ်သံတွေကြားရတယ်တော့ ပြောတယ်၊ ဒါပေမယ့် တိုက်ပွဲကတော့ မရှိဘူး။ စစ်ကောင်စီဘက်က အခုလိုပဲ ရမ်းပစ်တာ” ဟု ပြောသည်။

မေလ ၂၁ ရက်က KIA မှ ဝိုင်းမော်မြို့အနီးရှိ ရွှေညောင်ပင်ရွာမှ ခမရ ၃၂၁ ကို သိမ်းပိုက်ခဲ့သည်။

ပစ်ခတ်ခံရသည့် အရပ်သားများအား ဦးဆောင်ကူညီကယ်ဆယ်ခဲ့သည့် ဝိုင်းမော်မြို့နယ်မှ ဝါရှောင်ဆရာတော်ကလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရသူတဦးအား ကယ်ထုတ်နေသည့်အခြေအနေနှင့် ပစ်ခတ်ခံရမှုကြောင့် ကားပျက်စီးနေသည့် အခြေအနေများအား ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယနေ့ဖော်ပြထားသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာခြားသည့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ခမရ-၃၂၁ တပ်ရင်းအပါအဝင် တပ်စခန်း ၁၀ခု ထက်မနည်း မေလ ၁၈ ရက်မှစတင်ကာ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် စစ်တပ်က ဝိုင်းမော်မြို့နယ် ခကွမ်ရွာ ခြေလျင်တပ်ရင်း ခလရ- ၅၈နှင့် မြစ်ကြီးနားမှ လက်နက်ကြီး များဖြင့် နေ့စဉ်ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုများရှိနေသည်။

ဝိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာအနီး ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများနှင့် ပိတ်မိနေသော အရပ်သားများကို ကယ်ထုတ်နေကြစဉ်/ JaoPyinnar Sara’s Facebook page

ပြီးခဲ့သော မေလ ၂၁ ရက်ကလည်း စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ခပ်ချိုရွာ ကွက်သစ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ ထဲမှ နှစ်ဦးမှာ ဆေးကုသနေစဉ် ထပ်မံသေဆုံးခဲ့သည့်အတွက် ထိုဖြစ်စဉ်တွင် စုစုပေါင်း ၈ ဦးအထိ သေဆုံးခဲ့ရကြောင်း ဝိုင်းမော်မြို့တွင် နေထိုင်သူတဦးက ပြောသည်။

KIA ပူးပေါင်းတပ်များက ဝိုင်းမော်မြို့အား ရှေ့တန်းလုံခြုံရေးယူထားသည့် ရွှေညောင်ပင်ရွာအခြေစိုက် ခလရ-၃၂၁ တပ်အား သိမ်းပိုက်ပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်း မြေပြင်ထိုးစစ်များမရှိသော်လည်း ဒေသခံများမှာ မြို့တွင်းတိုက်ပွဲများ ဖြစ်လာ မည်ကို စိုးရိမ်၍ ဝိုင်းမော်မြို့မှ တိမ်းရှောင်မှုများရှိနေသည်။
ပြီးခဲ့သည့်မတ်လ တိုက်ပွဲစကတည်းက ရွှေညောင်ပင်၊ ဂါရာယန်နှင့် ကဇုရွာတို့ဘက်မှ ပြောင်းရွှေ့လာသူများအပြင် ယခုတိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများ ထပ်တိုးလာသဖြင့် ဝိုင်းမော်မြို့အနီးတဝိုက် ရွာများတွင် စစ်ဘေးရှောင် ထောင်နှင့်ချီရှိနေပြီး အခက်အခဲများ ကြုံနေရကြောင်းလည်း ဝိုင်းမော်မြို့ခံ စစ်ဘေးရှောင်တဦးကပြောသည်။

ဝိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာအနီး ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများနှင့် ပိတ်မိနေသော အရပ်သားများကို ကယ်ထုတ်နေကြစဉ်/ JaoPyinnar Sara’s Facebook page

၎င်းက “အခုတကြိမ် တိုက်ပွဲတွေ ပြန်စဖြစ်တော့ ထပ်ပြီးရောက်လာကြတဲ့သူတွေနဲ့ မူလစခန်းကလူတွေကို အရင်က လှူဒါန်းနေတဲ့ အလှူရှင်တွေ ကိုယ်တိုင်လည်း ဒုက္ခသည်တွေ ဖြစ်သွားကြတာပေါ့နော်၊ အဲဒီမှာ နေရာထိုင်ခင်း အခက် အခဲတွေ ထပ်ထပ်ပြီး တိုးပွားလာတယ်၊ ကျန်းမာရေးကိစ္စတွေ၊ အိမ်သာ၊ ရေ၊ ဆေးဝါးကုသရေးကိစ္စတွေ အင်မတန် အခက်အခဲတွေကြုံတွေ့နေရတယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်များ ခိုလှုံနေကြသကဲ့သို့ အချို့သော ပြည်သူများမှာ မြစ်ကြီးနားမြို့ဘက်သို့ တိမ်းရှောင်နေကြသည့်အပြင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊ ဂွေထုရွာနှင့် နောင်ချိန်းကျေးရွာဘက်ကိုလည်း တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း

KIA ထိုးစစ် ဝိုင်းမော်မြို့ကို ခြိမ်းခြောက်လာ

ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: KIAခမရ-၃၂၁စစ်ဘေးရှောင်တိုက်ပွဲလက်နက်ကြီးဝိုင်းမော်အရပ်သားယာဉ်တန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

Next Post
လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

လိင်စိတ်ခံယူမှု ကွဲပြားသူတွေကျင်းပတဲ့ပွဲမှာ မြန်မာလိင်တူချစ်သူနှစ်ဦး လက်ထပ် (ရုပ်/သံ)

အောင်ဇေယျစစ်ကြောင်းနှင့် ကရင်ပူးပေါင်းတပ် ဘုရားကုန်းအနီး တိုက်ပွဲဖြစ်

အောင်ဇေယျစစ်ကြောင်းနှင့် ကရင်ပူးပေါင်းတပ် ဘုရားကုန်းအနီး တိုက်ပွဲဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved