• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေပြင်းတိုက်ခတ်မှု ဖြစ်စေသည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေဟု မိုး/ဇလ ပြော

by သဇင်လှိုင်
12 May 2020
in သတင်း
A A
မေ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းမပေါ်ရှိ စက်ရုံအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ် / ဇော်ဇော် / ဧရာဝတီ

မေ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းမပေါ်ရှိ စက်ရုံအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ် / ဇော်ဇော် / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး အဆိုပါ ဖြစ်စဉ်ကို ယခုလကုန်ပိုင်းအထိ သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။

အဆိုပါ မိုးတိမ်တောင်ဖြစ်စဉ်သည် နိုင်ငံတွင်း အပူချိန်များ မြင့်တက်နေမှုကြောင့်  ဖြစ်ပြီး အဖြစ်အများဆုံးကာလသည် ဧပြီလနှင့် မေလတွင် ဖြစ်ကြောင်း မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ဦးကျော်မိုးဦးက “အပူချိန်တွေ တအားမြင့်တက်လာတော့ မိုးတိမ်တောင် ဖြစ်စဉ်တွေ အဖြစ်များလာတာ။ မိုးတိမ် တောင်တွေက လေပြင်းတိုက်မယ်၊ မိုးသီးကြွေမယ်၊ လျှပ်စီးလက်မယ်၊ မိုးကြိုးပစ်မယ် ဒီလိုမျိုး ဖြစ်စဉ်တွေ ဖြစ်တာပေါ့။ ဒါတွေကို တားဆီးဖို့ ဆိုတာလည်း မလွယ်ဘူး။ ဒါတွေကို ခန့်မှန်းချက် ထုတ်ဖို့ပေးကိုတောင် တော်တော်ခက်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူက စဖြစ်တဲ့ အချိန်ကမှ ပြိုကွဲသွားတဲ့ အချိန်အထိက အချိန်တိုလေး” ဟု ပြောသည်။

ထိုကဲ့သို့ ဖြစ်စဉ်သည် ယခင်က မြန်မာနိုင်ငံ အထက်ပိုင်းတွင်သာ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်ပိုင်းများတွင် တနိုင်ငံလုံးနီးပါး အပူချိန်များ မြင့်တက်နေသည့်အတွက် နိုင်ငံအဝှမ်းတွင် ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် လိုအပ်ကြောင်း မိုး/ဇလ က သတိပေးသည်။

ဦးကျော်မိုးဦးက “အရင်တုန်းကတော့ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာပဲ ဖြစ်တယ်ပေါ့။ အခုနောက်ပိုင်းကတော့ နေရာဒေသ အားလုံးနီးပါးလောက်မှာ ဖြစ်လာတဲ့ အနေအထားမျိုး ရှိတယ်။ အရင်က နေ့အပူချိန်မြင့်တက်တာက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ အထက်ပိုင်း ဒေသတွေမှာ များတာပေါ့။ အခုက တနိုင်ငံလုံး အပူချိန်မြင့်တာကို ခံစားနေရတော့ အပူပျံတဲ့ တိမ်တွေ ဖြစ်ထွန်းမှု များလာရင် မိုးတိမ်တောင်တွေ စုဖွဲ့ပြီးတော့ လေပြင်းတိုက်တာတွေ ဖြစ်တတ်တယ်” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် အပူချိန် မြင့်မားလျက်ရှိနေပြီး အချို့သောမြို့များတွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

 

မေ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းမပေါ်ရှိ စက်ရုံအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ်/ဇော်ဇော်/ဧရာဝတီ

ရန်ကုန်မြို့၏ အပူချိန်သည် ယခင် ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်သာ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကာ ယခုနှစ် ဧပြီလတွင် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး  နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ထို့ပြင် ချောက်မြို့အပူချိန်သည် ယခင် ၄၇ ဒသမ ၁ ဒီဂရီ စင်တီဂရိတ် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ရာမှ ယခုလ  ၈ ရက်နေ့တွင် နှစ်ပေါင်း ၅၂ နှစ်အတွင်း ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့သည်။

ယခင်က အပူချိန် ၄၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်သာ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကြို့ပင်ကောက်မြို့၏ အပူချိန်သည် မေလ ၈ ရက်နေ့တွင်  ၄၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး  နှစ်ပေါင်း ၃၅ နှစ်အတွင်း စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အနှံ့တွင် ဧပြီလ ၉ ရက်နေ့မှ မေလ ၁၁ ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် အိမ်အရေအတွက်မှာ ၄၄၀ လုံးခန့်ရှိပြီး တစိတ်တပိုင်းပျက်စီးသည့် အိမ်အရေအတွက်သည်  ၇၁၀၀ ခန့်ရှိသည့်အပြင် ဘာသာရေး အဆောက်အဦ အလုံး ၁၄၀ ပျက်စီးမှု ရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရက်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ ၆ ဦးရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ သေဆုံးမှုများ ၊ ထိခိုက်မှုများအတွက် ထောက်ပံမှုများ ပြုလုပ်လျက်ရှိပြီး ဧပြီလ ၉ ရက်နေ့မှ မေလ ၁၁ ရက်နေ့အတွင်း ထောက်ပံ့မှု တန်ဖိုး စုစုပေါင်း ကျပ်သန်း ၃၇၀ ကျော်ရှိပြီ ဖြစ်ကြောင်း  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။

၎င်း က “ပြိုကျပျက်စီးတဲ့ အိမ်တွေဆို အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့တယ်။ သေဆုံးတဲ့သူဆိုရင်လည်း တယောက်ကို ၃ သိန်းနှုန်း ထောက်ပံ့တယ်။ ဒဏ်ရာရတဲ့သူဆို ဆေးရုံတက်ပြီး ကုသရရင် ၅ သောင်းထောက်ပံ့တယ်။ လုံးဝပြိုသွားတဲ့ အိမ်တွေဆိုရင် ကယ်ဆယ်ရေး ပစ္စည်းပါ ပေးတယ်။ တစိတ်တပိုင်းပြိုတာ ဆိုရင်တော့ ပစ္စည်းမပေးဘူးပေါ့။ ဘေးသင့်တဲ့ ပြည်သူတွေ လူဦးရေ အလိုက် ဆန်ရိက္ခာပါ ပေးတယ်” ဟု ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ အများဆုံးဖြစ်ပေါ်နေပြီး  ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ထိခိုက်မှုအများအပြားရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

You may also like these stories:

မေလဆန်း၌ မုန်တိုင်းငယ်ဖြစ်ပေါ်ရန်ရှိ၊ ဧရာဝတီတိုင်းသို့ ဦးတည်နိုင်ဟု မိုး/ဇလ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အားပျော့သွားဟု မိုးဇလဆို

Your Thoughts …
Tags: မိုးတိမ်တောင်လေပြင်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မှန်ရိပ်ကလေး

မှန်ရိပ်ကလေး

by အောင်သင်း
28 December 2025
185

မှန်ရိပ်ကို တကယ်ထင်မှားပြီး ဝမ်းမြူးစွာ အစာကောက်နေသည့် ဥဒေါင်းပျိုမလေးကို ကြည့်ရင်း ကာမဘုံသားတို့၏ သနားစရာ ဘဝကို တရားကျမိလျက် ကရုဏာ ပွားနေမည်...

ဇွန် ၃ ရက်နေ့က မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း လူ ၅ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည် / မြတ်ထွဋ်(မြိတ်) / facebook

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

by သဇင်လှိုင်
4 June 2020
21k

မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်လည်း မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစိုးရပိုင် KRT ရုပ်သံလိုင်းကလည်း အဝါရောင် ဖုန်မှုန့်တွေနဲ့အတူ ဗိုင်းရပ်စ်လို အန္တယ်ရှိ အရာဝတ္ထုတွေ ပါလာနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဘက်ကနေ ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်နေ

by Aurora
25 October 2020
24.3k

မြောက်ကိုရီးယား သတင်းစာရဲ့ ဖော်ပြချက်မှာ ပြည်သူတွေဟာ အဝါရောင်ဖုန်မှုန့်ပါ လေပြင်းတိုက်ခတ်ချိန်ဖြစ်လို့ အပြင်ထွက် လှုပ်ရှားသွားလာတာတွေကို ရှောင်ကြဉ်ဖို့ ရေးသားထားပါတယ်။

မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည့် လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာမှ မောင်ဝင်းကို /  ပြည်ထဲရေး

ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရ၍ ၂ ရက်အတွင်း လူ ၃ ဦး သေဆုံး

by ဆလိုင်းသန့်စင်
5 May 2018
8.7k

မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးနေကြောင်း ဒေါက်တာထွန်းလွင်ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့ - MCCW ၏ စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်တွင် ဧပြီလက တိုက်ခတ်သည့် လေပြင်းကြောင့် လူနေအိမ်တချို့ ပျက်စီးနေပုံ / MOI

ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး

by ဆလိုင်းသန့်စင်
6 June 2020
16.7k

ဧရာဝတီတိုင်း၌ ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းတိုက်ခတ်မှုများအပြင် မိုး ကြိုး ပစ်ခတ်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ လူ ၇ ဦးသေဆုံးကာ ၄...

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ မိုးဦးရာသီ / အောင်ကျော်ထက် / ဧရာဝတီ

မြန်မာနိုင်ငံအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုး/ဇလ သတိပေး

by သဇင်လှိုင်
23 April 2020
7.1k

လေပွေလှိုင်းများ၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်

Next Post
ကစ္စပနဒီအနီးရှိ ကျောက်တော်မြို့ဝင် လမ်းဆုံ / မင်းအောင်ခိုင်  / ဧရာဝတီ

ကျောက်တော်က မွတ်ဆလင်ရွာထဲ လက်နက်ကြီးကျကွဲ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved