• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

by နန်းလွင်နှင်းပွင့်
12 May 2020
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

32.1k
VIEWS
Share on FacebookShare on Twitter

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် နိုင်ငံတကာ ဖိအားများကို လျှော့ချရန် ဟန်ပြ ထုတ်ခြင်းသာ ဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝေဖန်ပြောဆိုသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “သူတို့က နိုင်ငံတကာ ဖိအားလျှော့အောင် လုပ်တာလို့ပဲ မြင်ပါတယ်။ ဟန်ပြ ထုတ်တယ် လို့ မြင်တယ်။ ကုလသမဂ္ဂက တိုက်တွန်းထားတာလည်း ရှိတယ်။ ပြီးရင် ရခိုင်ဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု တော်တော်များများကို လုပ်တယ်။ ဖိအားတွေ လျော့နည်းအောင် အခုလို ထုတ်တာလို့ပဲ မြင်ပါတယ်”ဟု ပြောသည်။

တပ်မတော် အနေဖြင့် COVID-19 အတွက် ကူညီရန် အပစ်ရပ်ဆိုင်းပေးပါသည်ဟု ပြောဆိုသော်လည်း ၎င်းတို့ လှုပ် ရှားသည့် နယ်မြေအတွင်းမှ ဒေသခံများထံသို့ လာရောက် ကူညီပေးခြင်းများ တစုံတရာ မရှိသေးပါဟု ဗိုလ်မှူး မိုင်း အိုက်ကျော်က ပြောသည်။

ထို့ပြင် အပစ်ရပ်ဆိုင်းသည့်ထဲတွင် တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေသည့် ၎င်းတို့၏ မဟာမိတ် ရက္ခိုင်စစ်တပ် (AA) လှုပ်ရှားရာ ဒေသများကို ချန်လှပ်ထားခဲ့ခြင်းကလည်း အမှန်တကယ် အပစ်ရပ်ဆိုင်းလိုခြင်း မရှိကြောင်းကို ပြသ နေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့က မေ ၁၀ ရက်ကလည်း တပ်မတော်၏ အပစ်ရပ်စဲကြောင်း ကြေညာချက်အပေါ် ဝေဖန်သည့် ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICJ) တွင် ရင်ဆိုင်နေရ သည့် ဖိအားကို လျှော့ချရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားရန် လုပ်ရပ်တခုသာ ဖြစ်သည်ဟုလည်း ထည့် သွင်း ရေးသားထားသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်း တပ်မတော်က လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟုသည့် စွပ်စွဲ ချက်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုကြောင့် ICJ တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင်ချက် ၄ ခုကို ဇန်နဝါရီ၂၃ ရက်က ချမှတ်ထားပြီး ၄ လ အကြာတွင် ချမှတ်ထားသည့်အချက်များအပေါ် လုပ်ဆောင်ချက်များအား ICJ ကို အစီရင်ခံစာ ပြန်တင်ရမည် ဖြစ် သည်။

ပထမဆုံး အစီရင်ခံစာကို မြန်မာနိုင်ငံက ယခု မေလတွင် တင်သွင်းရမည် ဖြစ်သည်။

ထိုထဲတွင် တပ်မတော်ဘက်မှ အပစ်ရပ်သည်ဟု ကြေညာသော်လည်း MNDAA လှုပ်ရှားရာ ကိုးကန့်ဒေသတွင် စစ် ရေး တင်းမာမှုများနှင့် တိုက်ပွဲများ ရှိနေဆဲ ဖြစ်ကြောင်း၊ AA လှုပ်ရှားရာ ဒေသများကို ချန်လှပ်ထားခဲ့သည့် အပေါ်တွင် ထောက်ပြ ဝေဖန်ချက်များလည်း ထည့်သွင်း ရေးသားထားသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က ၎င်းတို့TNLA တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသတွင်လည်း တပ်မတော်က မြေပြင်စစ်ကြောင်း များ လှုပ်ရှားနေဆဲဖြစ်ပြီး တိုက်ပွဲ မဖြစ်အောင် TNLA ဘက်မှ ရှောင်နေရသည့် အခြေအနေ ဖြစ်ပါသည်ဟု ဆိုသည်။

နယ်မြေခံ တပ်များ မဟုတ်သည့် တပ်မ ၃ ခုနှင့် စကခ ၂ ခု တို့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ TNLA လှုပ်ရှားသည့် နယ်မြေများတွင် ယခင်အတိုင်း လှုပ်ရှားကာ တပ်များ ဖြန့်ကျက် နေရာယူထားဆဲ ဖြစ်သည်ဟု သိရ သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ ရှောင်နေလို့ တိုက်ပွဲက မဖြစ်တာ။ မဟုတ်ရင် နေရာတကာမှာ ဖြစ်နိုင်တဲ့ အနေအထား ရှိတယ်။ သူတို့နဲ့က မိုင်အားဖြင့် ၄ မိုင်၊ ၅ မိုင်ကနေ ၁၀ မိုင် ဝန်းကျင်ကို ပတ်ပတ်လည် လှုပ်ရှားမှုတွေ ရှိနေတာ။ ရွာတွေမှာလည်း ဝင်နေတာ ရှိတယ်။ နည်းနည်း ထပ်လှုပ်ရှားလိုက်တာနဲ့ တိုက်ပွဲ အမြဲတမ်း ဖြစ်မယ့် နေရာ တွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

AA ကလည်း မေ ၁၀ ရက်က သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် တပ် မတော်၏ အပစ်ရပ်ဆိုင်းခြင်းမှာ COVID-19 ရောဂါ ထိန်းချုပ်ရေး ကာလကို ခုတုံးလုပ်ကာ ICJ တွင် ရင်ဆိုင်နေရ သည့် ဖိအားများကို လျှော့ချရန် ရည်ရွယ်ပြီး အပစ်ရပ်ရခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။

တပ်မတော်က အပစ်ရပ်ကြောင်း ကြေညာချက်၏ ပထမအပိုဒ်တွင် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတဲရက်စ် က COVID-19 ရောဂါကြောင့် ကမ္ဘာတဝန်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိ ပက္ခများကို ရပ်တန့်ပေးရန် တိုက်တွန်းကြောင်းကို ထည့်သွင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတဲရက်စ် က “ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပစ် အခတ် ရပ်စဲကြဖို့ကို ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးဟာ အခုအချိန်မှာ ကျနော်တို့ လူသား တွေအားလုံး မသွေမုချ လိုအပ်နေတဲ့ အရာပဲ ဖြစ်ပါတယ်” ဟု မတ်လ ၂၃ ရက်က ပြောဆိုခြင်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက COVID-19 ကို ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ဆောင်နိုင်ရန် အတွက်ဟု ဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေအားလုံးကို အပစ်အခတ် ရပ်ဆိုင်းပေးကြောင်းကို မေ ၉ ရက်က ထုတ်ပြန်ခြင်း ဖြစ်သည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း ထည့်သွင်း ရေးသားထားသဖြင့် AA လှုပ်ရှားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝ မြို့နယ်တို့မှာ အပစ်ရပ်ဆိုင်းသည့်ထဲတွင် အကျုံးမဝင်ပါ။

တပ်မတော်ဘက်မှ အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ တပ်မတော်မူ ၆ ချက်ထဲမှ ၄ ချက် ဖြစ်သည့် သဘောတူညီချက်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီ ချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နိုင်ငံတော် ထုတ်ပြန် ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန် ရေးသားထားသည်။

မလိုက်နာပါက တပ်မတော်ဘက်မှ လိုအပ်သလို အရေးယူပါမည် ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

KNU Concerned Group ၏ အဖွဲ့ခေါင်းဆောင် ပဒိုနော်ဇီဖိုးရာစိန်ကလည်း ကုလသမဂ္ဂ၊ အထွေထွေ အတွင်းရေးမှူး ချုပ်၏ တိုက်တွန်းချက်မှာ ကပ်ရောဂါကို တွန်းလှန်ကြရန် ကမ္ဘာတဝှမ်းလုံးရှိ ပဋိပက္ခ ဖြစ်နေသည့် နေရာတိုင်းကို အပစ်အခတ် ရပ်စဲပေးရန် တိုက်တွန်းခြင်း ဖြစ်ပြီး တပ်မတော်က တနိုင်ငံလုံးကို အပစ်မရပ်ဆိုင်းဘဲ တိုက်ပွဲများ ပြင်း ထန်နေသည့် AA လှုပ်ရှားသည့် ဒေသများကို ချန်လှပ်ခဲ့ခြင်းက ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေခြင်း ဖြစ် သည်ဟု ဝေဖန်သည်။

ပဒိုနော် ဇီဖိုးရာစိန်က “ဒါဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပြည်သူလူထုရဲ့ကျန်းမာရေးအတွက်၊ COVID-19 ကာကွယ်ဖို့အတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ သူတို့ တနိုင်ငံလုံးကို ကာကွယ်ဖို့ စိတ်ဆန္ဒ မရှိ ဘူးလို့ မြင်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ်တွင်း၌လည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ COVID-19 ရောဂါ ကာ ကွယ်ရေး လုပ်ဆောင်နေသည့် ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခြင်းသည်လည်း လူထုကျန်းမာရေးထက် နယ်မြေ စိုးမိုး ရေးကိုသာ တပ်မတော်က ပိုအလေးထားနေသည်ကို တွေ့ရသည်ဟု ပဒိုနော်ဇီဖိုးရာစိန်က ဆိုသည်။

တပ်မတော်သည် COVID-19 ရောဂါကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးတွင် ပြည်ထောင်စု အဆင့်မှစ၍ အဆင့် ဆင့် အစိုးရမှ ဖွဲ့စည်းထားသည့် ကော်မတီများတွင် ပူးပေါင်း ပါဝင်မှုများ ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်တွင်လည်း တပ်မတော်သည် အစိုးရနှင့် ပူး ပေါင်းကာ ကူညီနေကြောင်း ထည့်သွင်း ဖော်ပြထားသည့်အပြင် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်း ချုပ်ရေး လုပ်ငန်းများကို နိုင်ငံအရေး၊ အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ကူညီပါမည် ဟူ၍လည်း ကြေညာချက်၏ အဆုံးသတ်တွင် ဖော်ပြထားသည်။

တပ်မတော်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း COVID-19 ရောဂါ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း တခု ဖွင့်လှစ်ကာ စစ်ဆေးပေးနေပြီ ဖြစ်သည်။

ကျိုင်းတုံတွင် ဓာတ်ခွဲခန်း ဖွင့်လှစ်ပြီးနောက် မေ ၁၀ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တရုတ်နယ်စပ်တွင် အခြေစိုက်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုး သား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ COVID-19 နှင့် ပတ်သက် ၍ ကျိုင်းတုံတွင် လာရောက်စစ်ဆေးရန်၊ မိမိတိုင်းပြည်ကိုသာ အားကိုးသည့် စိတ်မွေးရန် ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော

COVID – 19 အရေး လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက်ပေးမည်ဟု တပ်ချုပ် ပြော

COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့

Your Thoughts …
Tags: COVID-19ICJညီနောင်မဟာမိတ် ၃ ဖွဲ့တပ်မတော်အပစ်ရပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

by ဧရာဝတီ
2 November 2023
13.7k

ကိုးကန့်ဒေသ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) နှင့် ချင်း ရွှေဟော်ဒေသတို့အား မဟာမိတ်တပ်များက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကွမ်းလုံမြို့အား သိမ်းပိုက်နိုင်ရေး ဆက် လက် ထိုးစစ်ဆင်နေ

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

လားရှိုးက ဆုတ်ပေးမယ်ဆိုတဲ့သဘောထား MNDAA မှာ မရှိဘူးလို့ ယူဆတယ်

by ဧရာဝတီ
21 January 2025
12.3k

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဆွေးနွေးပွဲပျက်သွားတာ အဲဒါကြောင့်ပဲလေ၊ စစ်ကောင်စီက နေပြီးတော့ လားရှိုးကနေ ပြန်ဆုတ်ပေးဖို့တောင်းတာ အဲဒါ သဘောမတူခဲ့ဘူး။ အဲဒီသဘောမတူတဲ့ သဘောထားကတော့ အခုထက်ထိ ဆက်ပြီး ရှိဦးမှာပဲလို့ ကျနော်ကတော့ ယူဆပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

by စောရယ်
20 January 2024
10.3k

၁၀၂၇ စစ်ဆင်ရေး နယ်မြေတွင် ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော မြို့များလည်း ပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ သဘောထားသည်လည်း မေ့မထားအပ်ဘဲ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

Next Post
ဟေတီနိုင်ငံရှိ ပြည်သူများ

ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ

ကနေဒါအဆိုတော် Bryan Adams

တရုတ်လူမျိုးရေး ခွဲခြားတဲ့ ပို့စ်ကြောင့် အဆိုတော် Bryan Adams တောင်းပန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved