• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ

by ညီညီသူ
13 May 2020
in Trend
A A
ဟေတီနိုင်ငံရှိ ပြည်သူများ

ဟေတီနိုင်ငံရှိ ပြည်သူများ

4.1k
VIEWS
Share on FacebookShare on Twitter

ဟေတီနိုင်ငံအတွက်တော့ ဆင်းရဲဒုက္ခနဲ့ အကျပ်အတည်းကာလတွေဆိုတာ မထူးဆန်းတော့တဲ့ အရာတခုလို ဖြစ်နေပါပြီ။ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေတာတွေ၊ ကမ္ဘာကို တုန်လှုပ်စေတဲ့ အလုပ်လက်မဲ့ပြဿနာတွေ၊ နိမ့်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ စတာတွေဟာ ဟေတီနိုင်ငံအနေနဲ့ အမြဲလိုလိုကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာ အရပ်ရပ်တွေပါ။

အခုအချိန်မှာတော့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးက ငတ်မွတ်ခေါင်းပါးမှုဘေး ကိုပါ ဟေတီနိုင်ငံအတွက် ယူဆောင်လာခဲ့ပါတယ်။

ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ (PAHO) က ဒါရိုက်တာဖြစ်သူ Dr.Carissa F.Etienne ကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေခြင်းက အငတ်ဘေးကို ဖြစ်ပေါ်နိုင်စေတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဟေတီနိုင်ငံရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Pierre Honnorat ကလည်း ငတ်မွတ်ခေါင်းပါးမှုဘေးဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောပါတယ်။

ဟေတီနိုင်ငံက လူ ၄ သန်းနီးပါးဟာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားခင်အချိန်ကတည်း အငတ်ဘေး ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကုန်ဈေးနှုန်း ကြီးမားတဲ့အပြင် စီးပွားရေးပိတ်ဆို့ ကန့်သတ်ချက်တွေလည်း ရှိနေတဲ့အတွက်ကြောင့် ဟေတီနိုင်ငံဟာ ကြီးမားတဲ့ဆင်းရဲတွင်းထဲ ရောက်ရှိနေတယ်လို့ Honnorat က ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (၂၀၂၀) ရဲ့ အစီရင်ခံစာထဲမှာလည်း ဟေတီနိုင်ငံဟာ စားနပ်ရိက္ခာ မလုံ လောက်တဲ့အတွက်ကြောင့် ၂၀၁၉ ခုနှစ်မှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အများပြည်သူအတွက် ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ နှေးကွေးနေတာ၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေတာနဲ့ အလုပ်လက်မဲ့ဦးရေ များပြားနေတာ၊ စီးပွားရေး ကျဆင်းနေတာတွေကိုလည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စီးပွားရေးပညာရှင်တယောက်ကလည်း ကပ်ရောဂါဆိုးကြောင့် တကမ္ဘာလုံးနီးပါး စီးပွားရေးတွေ ကျ ဆင်းနေတဲ့အတွက် သွင်းကုန်ကိုသာ အားကိုးနေရတဲ့ ဟေတီနိုင်ငံအတွက် ပိုပြီးခက်ခဲတဲ့ အခြေအနေကို ရောက်လာတယ်လို့ ဆိုပါတယ်။

ငွေလွှဲလုပ်ငန်း ၊ ပို့ကုန်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ အားလုံးပျက်ဆီးသွားနိုင်တဲ့အတွက် ဟေတီနိုင်ငံအနေနဲ့ အခြေခံကုန်ပစ္စည်း တင်သွင်းမှု နည်းသထက်နည်းလာပြီး ငွေကြေးဖောင်းပွမှုကလည်း မနှစ်ကထက် ပိုမိုမြင့်မားလာတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ အခြေခံစားသောက်ကုန်တွေကိုတောင် ဝယ်ယူနိုင်ခြင်း ရှိတော့မှာ မဟုတ်ဘူးလို့ ဝါရှင်တန်အခြေစိုက် စီးပွားရေးနဲ့ မူဝါဒ သုတေသနစင်တာမှ Jake Johnstone က ပြောပါတယ်။

Caradeux ဒုက္ခသည် အခြေချစခန်းမှာ နေထိုင်နေတဲ့ အသက် ၄၀ နှစ်အရွယ် Miguel Wilner ဟာ ၂၀၁၀ ဟေတီငလျင်ကာလတုန်းက နေအိမ်ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ ဒုက္ခသည် အခြေချစခန်းမှာ လျှပ်စစ်မီးအသုံးပြုမှု နည်းပါးသလို သတင်းအရင်းအမြစ်တွေလည်း ရှားပါတယ်။

သူနဲ့အတူနေထိုင်ကြတဲ့ ဟေတီနိုင်ငံသားတွေဟာ အမှောင်ကမ္ဘာမှာ နေထိုင်နေရတဲ့ လူသားတွေ ဖြစ်နေကြချိန်မှာပဲ COVID-19 က သူတို့ပတ်ဝန်းကျင်ကို လွှမ်းမိုးထားပါတယ်။ Wilner အနေနဲ့ လည်း ကပ်ရောဂါဆိုးကြီးက သူတို့အခြေချနေထိုင်နေတဲ့စခန်း ဆိုးဆိုးရွားရွားပြဿနာတွေယူ ဆောင်လာမှာကို ထိတ်လန့်နေပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
135
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Wilner က “ဒီမှာနေထိုင်ကြသူတွေဟာ ဆာလောင်မှုကြောင့် နေ့စဉ် သေဆုံးနေကြရပါတယ်။ အခြေချစခန်းမှာ နေထိုင်ကြသူတွေကလည်းနေ့စဉ်လိုလို သေဆုံးနေကြသူတွေကို ဘာအကူအညီမှ မပေးနိုင်သလို ဘာတွေဖြစ်ပျက်နေပြီလဲ ဆိုတာကိုလည်း သူတို့အနေနဲ့ သိနိုင်စွမ်း မရှိပါဘူး။နေ့စဉ်ဆိုသလို ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းအနည်းငယ်မျှလောက်ကိုသာ ကြားသိရပါတယ်” လို့ ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကလည်း ဟေတီ နိုင်ငံသား ၃၄၀၀၀ ကျော်ဟာ ဟေတီနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်အခြေချစခန်း ၂၂ နေရာမှာ နေထိုင်နေကြရတယ်လို့ အစီရင်ခံထားပါတယ်။ ဟေတီနိုင်ငံမှာ COVID-19 ကူးစက်သူပေါင်း ၂၀၉ ယောက်ရှိနေပြီး ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

Ref: CNN

You may also like these stories:

ပြည်တော်ပြန်တွေကြောင့် COVID-19 လှိုင်းအသစ် ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှား

COVID-19 ကူးစက်မှု လျော့သွားတာကြောင့် ဗီယက်နမ်မှာ ကျောင်းများ ပြန်ဖွင့်ပြီ

နိုင်ဂျီးရီးယားမှာ Lockdown အမိန့် ချိုးဖောက်တာကြောင့် ဟိုတယ် ၂ လုံး ဖြိုချ

Your Thoughts …
Tags: ဟေတီနိုင်ငံအငတ်ဘေး
ညီညီသူ

ညီညီသူ

Similar Picks:

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

by ရိုးကျော်
20 January 2024
2.4k

သံတွဲဒေသရဲ့ ထင်သာမြင်သာရှိတဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွား လာရေးလုပ်ငန်းတွေကို ပိတ်ဆို့လိုက်သလို လုပ်ငန်းအားလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ စက်သုံးဆီ ရောင်းဝယ်ဖောက် ကားမှုတွေကိုပါ ကန့်သတ်လိုက်တာပါ။

ရန်ကုန်မြို့မှ ပြည်သူအချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်က တွေ့ရစဉ် / AFP

အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်

by ဧရာဝတီ
26 April 2023
12.2k

အနောက်ဘင်္ဂလားပြည်နယ်မှ ဗီဒီယို ဘလော့သမားတဦးသည် အိမ်အပေါ်ထပ်တွင် ဒယ်အိုးအတွင်း ကြက်ဥ တလုံးဖောက်ချပြီး ကြက်ဥမွှေကြော် လုပ်ပြသည်။

အမိုးကို တာပေါ်လင်စများဖြင့် မိုးထားရသော မြောက်ဦးက အိမ်တလုံး

မိုခါမုန်တိုင်းအပြီး တလအကြာ ရခိုင်ပြည်နယ်ကို အငတ်ဘေးနှင့် ပျက်ဆီးမှုများ ခြိမ်းခြောက်နေ

by ဧရာဝတီ
15 June 2023
4.9k

ရခိုင်ပြည်နယ်သည် အစားအစာ၊ အထောက်အပံ့၊ အမိုးအကာ နှင့် အကူအညီ အသည်းအသန် လိုအပ်နေဆဲဖြစ်သည်။

ချင်းတွင်းတံတားသည် စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် မကွေးတိုင်းသို့ ဆက်သွယ်ထားသည် / RNA

ချင်းတွင်းတံတားမှ စားနပ်ရိက္ခာဖြတ်သယ်ခွင့် စစ်ကောင်စီ ပိတ်ပင်

by ဧရာဝတီ
4 May 2023
3.1k

လူတသန်းကျော် အငတ်ဘေး ကြုံနိုင်ကြောင်း စစ်ကိုင်းတိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက် ရန်ကုန်မြို့တော်ခန်းမရှေ့ / ဧရာဝတီ

အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေး

by ဧရာဝတီ
13 May 2021
41.2k

အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးသည် ပြိုကွဲသည်အထိ ကြီးမားသည့် အန္တရာယ်အဖြစ် ၂၀၀၅ ခုနှစ်နောက်ပိုင်း မကြုံဘူးသည့် ဆင်းရဲနွမ်းပါးမှုအဆင့်နှင့် ရင်ဆိုင်ရတော့မည်။

Next Post
ကနေဒါအဆိုတော် Bryan Adams

တရုတ်လူမျိုးရေး ခွဲခြားတဲ့ ပို့စ်ကြောင့် အဆိုတော် Bryan Adams တောင်းပန်

Twitter ကုမ္ပဏီရဲ့ CEO Jack Dorsey

ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved