• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော

by ထွန်းထွန်း
12 May 2020
in သတင်း
A A
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UWSA (ဝ)၊ NDAA (မိုင်းလား) အဖွဲ့တို့ တွေ့ဆုံနေမှု / cincds.gov

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UWSA (ဝ)၊ NDAA (မိုင်းလား) အဖွဲ့တို့ တွေ့ဆုံနေမှု / cincds.gov

18.3k
VIEWS
Share on FacebookShare on Twitter

ကူးစက်ရောဂါ COVID-19 ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်ပြီး မိမိတိုင်းပြည်ကို အားကိုးရန် လိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က UWSA (ဝ) နှင့် NDAA (မိုင်းလား) အဖွဲ့တို့အား တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) တာဝန်ရှိသူများအား မေလ ၁၀ ရက်က တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
68
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
543
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
349

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နယ်စပ်ဒေသများမှ ပြန်လည် ဝင်ရောက်လာပြီး Quarantine ပြုလုပ်ထားသူများ၏ အချက်အလက်များကို မှတ်တမ်းထားရှိရန် လိုပြီး အချက်အလက်များ မှန်ကန်မှု ရှိစေရေး စစ်ဆေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆေး အကာအကွယ်ပေးခြင်း လုပ်ငန်းများအတွက် တပ်မတော် ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သွားလာမှု စည်းကမ်းများကို စနစ်တကျ လိုက်နာကြရန် လိုအပ်ကြောင်း၊ အကယ်၍ ဆေးစစ်မှုများ ပြုလုပ်ရန် လိုအပ်ပါက ကျိုင်းတုံတွင် လာရောက် စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေးထားကြောင်းနှင့် မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုကြောင်း” ပြောဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ UWSA အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ၊ NDAA အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UWSA (ဝ)၊ NDAA (မိုင်းလား) အဖွဲ့တို့ တွေ့ဆုံနေမှု (ဓာတ်ပုံ- cincds.gov)

COVID-19 ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်ပြီး UWSA နှင့် NDAA အဖွဲ့တို့အနေဖြင့် ၎င်းတို့ ထိန်းချုပ် ဒေသအတွင်း အဝင်အထွက် စိစစ်ကန့်သတ်မှုများနှင့် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများအား တရုတ်နိုင်ငံဘက်မှ ဆေးအဖွဲ့များက နည်းပညာ အကူအညီ ပေးအပ်မှုများရှိသကဲ့သို့ မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင် ရွက်မှု ရှိကြောင်း ပြောကြသည်။

ထို တွေ့ဆုံမှုနှင့် ပတ်သက်ပြီး UWSA တပ်ဖွဲ့ လာရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “နဂိုကတည်းက ကျနော်တို့ ဗဟို ဌာနချုပ် ပန်ဆန်းမှာ အစိုးရဆေးရုံ ရှိနေပြီးသားပဲ။ အခုချိန်ထိ ကောင်းမွန်စွာ လည်ပတ်နေတယ်။ ဆိုလိုတာက အရင် ကတည်းက ကျန်းမာရေးပိုင်း ဆိုင်ရာတွေ ပူးပေါင်းမှု ရှိပြီးသား။ ရှေ့ဆက် ပူးပေါင်းဖို့က မခက်ပါဘူး။ တပ်ဘက်က ဒါမျိုး ကူညီမယ်ဆိုတော့ ကျနော်တို့ ဝမ်းသာကြိုဆိုပါတယ်။ လူကြီးပိုင်းတွေ များများတွေ့ဆုံဖို့ ကျနော်တို့ နဂိုကတည်းက ပြော နေတာပဲ။ အဲဒီလို များများတွေ့မှပဲ ယုံကြည်မှုလည်း များများတိုးပွားမှာပေါ့” ဟု ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အခြေစိုက်သည့် UWSA နှင့် NDAA တပ်ဖွဲ့များ ထိန်းချုပ်ဒေသ၌ ရောဂါပိုး ကူးစက်ခံရ သူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါကလည်း အသုံးပြုရန် ဆေးရုံ၊ ဆေးခန်းများ အသင့်ပြင်ဆင်ထားကြောင်း ၎င်းတို့က ဆိုသည်။

NDAA တပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဦးကြည်မြင့်က “ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အကူအညီနဲ့ လမ်းညွှန်မှုတွေ ပေးထားတယ်လေ။ အစိုးရနဲ့ အတိုင်ပင်ခံဘက်က လုပ်တာရှိတော့ တပ်မတော် အနေနဲ့ မဝင်နိုင်ဘူးလေ။ တပ်မတော် ဘက်ကတော့ လိုအပ်တဲ့ အကူအညီရှိရင် လုပ်ပေးမယ် ပြောထားတယ်။ ဆေးအဖွဲ့နဲ့ ကာကွယ်ရေး လုပ်ငန်းတွေ ဝင်ကူ မယ် ပြောထားတယ်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော် အနေဖြင့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာထားသည့် လက်နက်ကိုင် တပ်ဖွဲ့များရှိရာ ဒေသများမှ လွဲ၍ ကျန်နေရာများတွင် အပစ်အခတ် ၃ လကြာ ရပ်စဲထား မည် ဖြစ်ကြောင်း ကြေညာထားသည်။

လတ်တလော၌ ရက္ခိုင်စစ်တပ် (AA) နှင့် အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော်(ARSA) တို့ကို အကြမ်းဖက် အဖွဲ့အစည်း အနေဖြင့် အစိုးရက သတ်မှတ်ကြေညာထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင်လည်း တပ်မတော် နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် UWSA (ဝ)၊ NDAA (မိုင်းလား) အဖွဲ့တို့ တွေ့ဆုံနေမှု (ဓာတ်ပုံ- cincds.gov)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် UWSA နှင့် NDAA အဖွဲ့တို့အား သီးသန့်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်ပြီး ကပ် ရောဂါ ပူးပေါင်း တိုက်ဖျက်ရေးမှ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်သည့် သဘောဟု ထင်မြင်မိကြောင်း၊ တဖက်တွင်လည်း “လက်နက်ရှိမှ လူရာဝင်တယ်” ဆိုသည့် အမြင်မျိုး စောင်းမသွားစေဖို့ လိုအပ်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုးက “ဒီနှစ်ဖွဲ့ရဲ့ ထူးခြားချက်ကြောင့်ပဲ ထင်ပါတယ်။ သူတို့က အစိုးရနဲ့ ပဋိပက္ခ မဖြစ်တာ နှစ် ၃၀ လောက် ကြာပြီပေါ့နော်။ ဝ တို့ မိုင်းလားတို့ ဒေသတွေက တကယ်တမ်း ဆေးကုသတဲ့ စနစ်က တရုတ်ကုသမှုစနစ်နဲ့ ကုနေတဲ့ ကြောင့်မို့လို့ ဒီဘက်ကို လာစစ်ဖို့တော့ သိပ်မလွယ်လောက်ဘူး ထင်ပါတယ်။ တဖက်ကလည်း လက်နက် အင်အား၊ တပ် အင်အား တောင့်တင်းတယ် ဆိုရင် တပ်ကနေ အလေးထား ဆက်ဆံတယ် ဆိုတဲ့ ပုံစံမျိုး မြင်သွားမယ်ဆိုရင်တော့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စဉ်းစားချက်တွေမှာတော့ ပိုပြီးတော့ တမျိုး ဖြစ်နိုင်တာပေါ့” ဟု ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် UWSA နှင့် NDAA တို့အား တွေ့ဆုံရာတွင်လည်း ရောဂါကာကွယ်ရေး အတွက် PPE ဝတ်စုံ၊ Mask စသည့် ပစ္စည်းများ ထောက်ပံ့ခဲ့ပြီး ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံတွင် တပ်ဆင်ထား ပြီဖြစ်သည့် COVID-19 ရောဂါစစ်ဆေးသည့် စက်မှာလည်း တနေ့လျှင် လူဦးရေ ၂၀၀ ခန့် စစ်ဆေးပေးနိုင်ကြောင်း သိရ သည်။

ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့်လည်း တနိုင်လုံး အတိုင်းအတာ ပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆောင်ရွက်မှုများ ရှိနေ ပြီး မည်သူမျှ မကျန်ခဲ့စေရေး မူအရ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောထားသည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

Your Thoughts …
Tags: NDAA (မိုင်းလား)UWSA (ဝ)ကိုဗစ်ကာကွယ်ရေးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.4k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

Next Post
၂၀၁၇ ခုနှစ်က H1N1 ကာကွယ်ရန် Mask တပ်၍ ကျောင်းတက်ခဲ့သည့် ကျောင်းသားများ  / ဧရာဝတီ

ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော

မေ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းမပေါ်ရှိ စက်ရုံအချို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ် / ဇော်ဇော် / ဧရာဝတီ

လေပြင်းတိုက်ခတ်မှု ဖြစ်စေသည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေဟု မိုး/ဇလ ပြော

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate