မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဧပြီ ၂၄ ရက်မှ ၂၉ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
အချိန်အခါ မဟုတ် မိုးရွာခြင်းနှင့် အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ် စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင် သတိပြုလည်း တိုက်တွန်းထား သည်။
ထို့ပြင် မိုးတိမ်တောင် ဖြစ်ပေါ်သည့် ဒေသများတွင် မိုးတိမ်တောင်များကြောင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီး ကြွေခြင်းတို့ပါ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ရှင်း ပြသည်။
“ဒီကာလတွေက မိုးရွာပြီ ဆိုတာနဲ့ မိုးကြိုးပစ်တာတို့ လျှပ်စီးလက်တာတို့ ရှိတယ်။ ဒီကာလတွေမှာ ရွာတဲ့ မိုးကလည်း ပုံမှန် မုတ်သုံကြောင့် ရွာတဲ့မိုး မဟုတ်ဘူး။ အနောက်ဘက်က ရွေ့လျားလာသော လေပွေလှိုင်းတွေကြောင့်မို့လို့ အပူပျံတွေ တိမ် တွေ ဖြစ်ပြီးတော့ မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ ရွာတဲ့မိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထစ်ချုန်း ဆိုပြီး ထည့်ပေးထားတာ” ဟု ၎င်းက ပြောသည်။
အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန် ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထား သည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရ သည်။
လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် အပူချိန် မြင့်မားလျက်ရှိနေပြီး ဧပြီလ၏ ပုံမှန် အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ် မှ ၄ ဒီဂရီစင်တီဂရိတ်ထိ ပိုမိုမြင့်မားနိုင်ကြောင်း ဧပြီလ ၂၂ ရက်က မိုး/ဇလ၏ တိုင်းတာ ခန့်မှန်းချက်အရ သိရသည်။
ရန်ကုန်မြို့၏ အပူချိန်ကို ဧပြီလ ၂၀ ရက် တိုင်းတာချက်အရ အမြင့်ဆုံး အပူချိန်အဖြစ် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိ ခဲ့ပြီး ယခင် ၄၁ ဒသမ ၈ ဒီဂရီသာ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သဖြင့် ထိုအပူချိန်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ် ဖြစ် ကြောင်း မိုး/ဇလ က ဆိုထားသည်။
You may also like these stories:
ပုဂ္ဂလိကသို့ ငှားထားသည့် အစိုးရပိုင် ဟိုတယ်များ ငှားခ ၆ လ ဆိုင်းငံပေးထား
တီးတိန် နံပါတ် ၁ လူနာ ၅ ကြိမ်မြောက် စစ်ဆေးမှု Positive သာ ဖြစ်နေ
COVID-19 ဆက်လက်ပြန့်ပွားနေပါက ကျောင်းဖွင့်ရာသီ နောက်ဆုတ်ရနိုင်