• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငလျင်များကြောင့် ကမ်းခြေတလျှောက် ရေဘေးသတိပြုရန် ပညာရှင်များ သတိပေး

by ဧရာဝတီ
10 July 2022
in သတင်း
A A
ပြီးခဲ့သည့် ဇူလိုင် ၃ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြာကျွန်းမြောက်ပိုင်း ငလျင်ကြောင့် ဖြစ်လာသည့် ထိုင်နိုင်ငံ ဖူးကက်ကမ်းခြေတွင် မဟာရေလှိုင်းကြီး ဖြစ်လာသည်ကို တွေ့ရစဉ် / The Thaiger

ပြီးခဲ့သည့် ဇူလိုင် ၃ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြာကျွန်းမြောက်ပိုင်း ငလျင်ကြောင့် ဖြစ်လာသည့် ထိုင်နိုင်ငံ ဖူးကက်ကမ်းခြေတွင် မဟာရေလှိုင်းကြီး ဖြစ်လာသည်ကို တွေ့ရစဉ် / The Thaiger

4.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအနီး ကပ္ပလီပင်လယ်ပြင်တဝိုက် ငလျင်များ ဆက်တိုက် လှုပ်ခတ်နေရာ ကမ်းခြေတလျှောက် ရေဘေး သတိပြုဖို့ ငလျင်ပညာရှင်များက သတိပေးထားသည်။

ဆူနာမီ ဖြစ်နိုင်ခြေအလားအလာ နည်းပါးသော်လည်း ကျောက်လွှာထု ဘေးတိုက် ရွေ့လျားခြင်းကြောင့် ဖြစ် ပေါ်နေ သည့် အဆိုပါ ငလျင်များသည် လှုပ်ခတ်မှု ပြင်းအားများလာပါက ရေလွှမ်းမိုးမှု ဖြစ်နိုင်ကြောင်း ငလျင် ပညာရှင် ဒေါ်လှလှအောင်က သတိပေး ပြောဆိုသည်။

“ဘေးတိုက် လှုပ်နေတဲ့အတွက်ကြောင့် ဆူနာမီ ဖြစ်စရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ကျောက်ထုချပ်လှုပ်မှုက ပြင်းအား ပြင်းလာမယ် ၆ တို့ ၇ တို့ အထိ လှုပ်လာခဲ့မယ်ဆိုရင်တော့ ဆူနာမီ ဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ပင်လယ် ရေကိုဘေးကို တွန်းထုတ်တဲ့ အတွက်ကြောင့်မို့လို့ ကမ်းခြေတွေကို ပင်လယ်ရေ ရောက်ပြီးတော့ ရေလွှမ်းနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပင်လယ်ကြမ်းပြင် ကျောက်ထုချပ်ကြီးများကို တွန်းတင်သည့် ငလျင်မျိုးမှသာ ဆူနာမီဖြစ်ပေါ်ပြီး ယခုကဲ့သို့ ကျောက် ချပ်များ ဘေးတိုက်ရွေ့နေခြင်းက သဘောတရား မတူညီသည့်အတွက် ဆူနာမီ ဖြစ်မည့် အကြောင်းတရား မရှိကြောင်း သို့သော် ရေသည် ပူသည့်အခါ ပြန့်ထွက်တတ်သည့် သဘောရှိသည့်အလျှောက် ထုထည်ပိုကြီးများနိုင်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃ရက် နံနက်စောစောက အင်ဒိုနီးရှာနိုင်ငံ ဆူမာတြာကျွန်း မြောက်ပိုင်းတွင် ပြင်းအား ၄.၉ မဂ္ဂနီကျူ့ရှိ ငလျင်တခုလှုပ်ခတ်ရာ ယင်းကြောင့်ဖြစ်လာသည့် မဟာရေလှိုင်းကြီးများသည် ထိုင်းနိုင်ငံ ဖူးကက်ကမ်းခြေတိုင် ရိုက် ခတ်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီပင်လယ်ပြင်တွင် ဇူလိုင်လ ၄ ရက်နေ့မှ ၉ ရက်အတွင်း ပြင်းအား ၄ ဒသမ ၇ မှ ၅ ဒသမ ၀ ရှိ ငလျင် ၆ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မုတ္တမပင်လယ်တွင် လွန်ခဲ့သည့် ၂ ပတ်အတွင်း ပြင်းအား ၄ နှင့် ၅ ကြားတွင် အကြိမ် ၃၀ ကျော်ခန့်လှုပ်ရှားခဲ့ သကဲ့သို့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင်လည်း ငလျင်အလတ်စားများကို ခပ်စိပ်စပ် လှုပ်ခတ်ကြောင်း ငလျင် ပညာရှင် ဦးစောထွေးဇော်က ပြောသည်။

“ဒီ ၂ ခုက ဆက်စပ်မှု ရှိနေနိုင်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်း ၃၊ ၄ ပတ်လောက်ကတော့ နည်းနည်း သတိထားပြီး တော့ စောင့်ကြည့်ရမယ်။ အခုကတော့ Mainshock ကြီးကို မတွေ့ရဘူး။ ဒါပေမယ့် ရှေ့ပြေး ငလျင်ငယ်(Foreshock) လေးတွေ ဖြစ်မှာကိုလည်း စိုးရတယ်” ဟု ၎င်းက ပြောသည်။

အထပ်မြင့် အဆောက်အအုံ များပြားသည့် ရန်ကုန်မြို့ကို အခြေပြုပြီး ငလျင် လှုပ်ခတ်မှုများကြောင့်လည်း ငလျင်အပေါ် လူထု၏ စိုးရိမ်မှု ပိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

“ကြိုတင်ပြင်ဆင်ထားမှ လာမယ့် ငလျင်ဘေးကို ကြိုတင်ကာကွယ်နိုင်မယ်။ အဲဒါ အဓိကပဲ။ ငလျင်လှုပ်ရင် ရန်ကုန်က လူတွေက ပိုပြီး နည်းနည်းလေးနဲ့ အကြီးကြီး လှုပ်တယ် ခံစားရတာ အောက်ကမြေက အရမ်းပျော့တာကိုး၊ အဲဒီတော့ အောက်က နည်းနည်းလှုပ်တာနဲ့ အပေါ်မှာ ဒိန်းဒိန်းဆိုပြီး အကြီးကြီးဖြစ်ပြီး လူတွေက လန့်တာ” ဟု ဒေါ်လှလှအောင် က ပြောသည်။

မြန်မာနိုင်ငံတွင် နာဂတောင်၊ ချင်းတောင်နှင့် ပတ်ကွိုင်တောင်တန်းဒေသများ ပါဝင်သော အနောက်ရိုးမ ငလျင်ရပ်ဝန်း၊ နိုင်ငံအလယ်ပိုင်းရှိ ဗဟိုချိုင့်ဝှမ်း ငလျင်ရပ်ဝန်း၊ စစ်ကိုင်း- တကောင်းတောင်တန်း ရပ်ဝန်း၊ ရှမ်းကုန်းမြေမြင့် ရပ်ဝန်း၊ တနင်္သာရီရပ်ဝန်းဟု ပိုင်းခြားထားရာ ဇူလိုင်လအတွင်းက ပဲခူးတိုင်း၊ ဖြူးတောင် ဘက်၊ မန္တလေး၊ ညောင်ဦး အနောက် တောင်၊ ရခိုင်ပြည်နယ်၊ ဂွမြို့ အရှေ့မြောက်၊ ရှမ်းပြည်နယ်၊ နမ့်စန် အရှေ့မြောက်ဘက်၊ လင်းခေးမြို့ အနောက်ဘက်၊ ကျိုင်းတုံ အရှေ့တောင် ဘက်၊ မိုင်းလားမြို့ အနောက်မြောက်ဘက်၊ မကွေးတိုင်း သရက်မြို့တောင်ဘက်၊ အောင်လံမြို့ အနောက်ဘက်၊ ရန်ကုန် တိုင်း လှိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့ အရှေ့၊ ကလေးဝမြို့ အရှေ့မြောက်တို့တွင် ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။

ရုတ်တရက် ငလျင်လှုပ်ပါက အဆောက်အအုံအတွင်းထဲတွင် ဖြစ်နေလျှင် ဘီရိုမြင့်များ၊ ကျကွဲတတ်သည့်ပစ္စည်းများ ပြုတ်ကျနိုင်သည့် ပစ္စည်းများနှင့် ဝေးဝေးနေပြီး ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ကုတင်အောက်တို့တွင် ဝပ်၍ မိမိကိုယ်ကို အကာ အကွယ်ယူရန် လိုအပ်ကြောင်း သတိပေး ထုတ်ပြန်ထားကြသည်။

အဆောက်အအုံ အပြင်ဘက်တွင် ဖြစ်နေလျှင် သစ်ပင်များ၊ ဓာတ်ကြိုးများ၊ တိုင်များ အဆောက်အအုံများ နှင့်ဝေးသည့် ကွင်းပြင်၊ ကွပ်လပ်နေရာသို့ သွား၍နေပါ။ ငလျင်လှုပ်ခတ်မှု ပြီးဆုံးသည်အထိ ခေါင်းကိုငုံ့၍ ကာကွယ်ထားရန်၊ ဆိုင်ကယ် (သို့မဟုတ်) ကားမောင်းနေစဉ်ဖြစ်ပါက အဆောက်အဦးများ၊ တံတားများနှင့် မြေပြိုကျနိုင်သည့် နေရာ များကို ရှောင်ရှား၍ အရှိန်လျော့ကာ ရပ်နားသင့်ကြောင်းလည်း ငလျင်ဆိုင်ရာ သတိပေး ထုတ်ပြန်မှုများ ပြုလုပ် ထားကြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ရက်က အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေကို ဗဟိုပြုလှုပ်ခတ်သည့် ပြင်းအား ၉ .၁ မဂ္ဂနီကျူ့ရှိ ငလျင်ကြောင့် ဆူနီမီလှိုင်းများဖြစ်ပေါ်ကာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံ တမီလ်နာဒူး ပြည်နယ်၊ ထိုင်းကမ်းရိုးတန်းနှင့် မြန်မာ့ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ရာ လူပေါင်း ၂သိန်း ၂သောင်း ၇ထောင်ကျော် သေဆုံးခဲ့သည်။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ဧရာဝတီမြစ်ရေတက်၍ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့များတွင် ရေနစ်မြုပ်ကာ အခက်အခဲများ ကြုံ

ဥရုချောင်းဘေး ဒေသများ ကမ်းပြိုမည့်အန္တရာယ် ကြုံနေရ

နိုင်ငံသား ၂ ဦး အသတ်ခံရပြီးနောက် အိန္ဒိယက တမူးသို့ ပေးသည့် လျှပ်စစ်မီးဖြတ်တောက်

Your Thoughts …
Tags: ငလျင်ဆူနာမီမိုး/ဇလရေကြီးရေလျှံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.7k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.4k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

Next Post
ထိုင်းနယ်စပ်တွင် မြန်မာ တိုက်လေယာဉ်များက ဗုံးကြဲမှုဖြစ်ပြီးနောက် တာ့ခ်ခရိုင်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် / 3rd Army Area

မြန်မာစစ်တပ်နှင့် အလိုတူအလိုပါ ထိုင်း စစ်တပ်

မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ် / ဧရာဝတီ

ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved