• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီမြစ်ရေတက်၍ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့များတွင် ရေနစ်မြုပ်ကာ အခက်အခဲများ ကြုံ

by ဧရာဝတီ
24 June 2022
in သတင်း
A A
ဗန်းမော်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်နေစဉ်  / Myitkyina News Journal

ဗန်းမော်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်နေစဉ် / Myitkyina News Journal

4.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီမြစ် ရေတက်သဖြင့် ဗန်းမော်၊ ရွှေကူ၊ ကသာမြို့နယ်တို့ရှိ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ကာ မြစ် ကမ်း တလျှောက် ရွာများ ရေကြီးရေလျှံနေသဖြင့် ဒေသခံတို့ သောက်သုံးရေနှင့် စားသောက်ကုန်များ အရေးပေါ် လိုအပ်နေ ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကစ၍ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ကျေးရွာများနှင့် အနိမ့်ပိုင်းရပ်ကွက် ၃ ခုတွင် ရေဝင်ရောက်နေခြင်းဖြစ်ပြီး လမ်းမထက် ၄ ပေကျော်အထိ တက်ခဲ့ရာ ယမန်နေ့က ၁ ပေခန့် ရေကျစပြုလာ သော် လည်း သွားလာရန် အဆင်မပြေသည့်အတွက် သောက်သုံးရေနှင့် အခြေခံ စားသောက်ကုန်များ အရေးပေါ် လိုအပ် နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရေဘေးကယ်ဆယ်ရေး လုပ်နေသည့် ဒေသအခြေစိုက် ပရဟိတအဖွဲ့ဝင်တဦးက “မနေ့ကအထိတော့ မကျဘူး။ ဒီနေ့ ၁ ပေခွဲ စကျပြီ။ ၁၈ ရက်ကစပြီး ကားလမ်းပေါ်ကို မြစ်ရေ စကျော်တာ။ အဲဒီနေ့က ကားသွားလို့ရပြီ နောက် ၁၉ ရက်၂၀ မှာ လှေနဲ့ပဲ သွားရတော့တယ်။ အနိမ့်ပိုင်းတွေ ဝင်တာ။ မြစ်ကမ်းနားရပ်ကွက်တွေ” ဟု ပြောသည်။

ရေများ ဝင်ရောက်လာခြင်းကြောင့် ဗန်းမော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံများ ၁၆၀၀ ကျော်ကို ဇွန် ၁၅ ရက်မှ စ၍ ယာယီကယ်ဆယ်ရေးစခန်း ပြုလုပ်ထားသည့် ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့နေထိုင်နေရခြင်း ဖြစ် ကြောင်း သိရသည်။

ဒေသခံ တဦးကလည်း “အရေးပေါ် လိုအပ်တာက သောက်သုံးရေနဲ့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်တို့ ဆီတို့ အရေးပေါ် မုန့်ခြောက်တွေ လိုတာပေါ့။ ရေက ၁ ပေလောက်ပဲ စ ကျသေးတာဆိုတော့ ကားပြန်သွားဖို့တော့ မလွယ် သေးဘူး။ ရေတက်တုန်းက လူတယောက် ရင်ဘတ်လောက်အထိ ဖြစ်သွားတာ ဆိုတော့လေ။ အခု ၁ ပေပဲ ကျတာ ဆိုတော့ ချက်ချင်းတော့ သွားလို့ မရနိုင်သေးဘူး။ နောက်ထပ်၂ ရက်လောက်နေမှ အဆင်ပြေမှာ ဒါတောင် ရေက ဆက်တိုက်ကျသွားမှနော်” ဟု ပြောသည်။

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေ အမှတ် ၁၁၅၀ ရှိရာမှ ဇွန် ၂၁ ရက်နေ့တွင် ၁၁၁၂ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီးနောက် အနည်းငယ်စီ ပြန်လည်ကျလာရာ ယနေ့တွင် ၁၀၆၄ စင်တီမီတာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အလားတူပင် ဧရာဝတီမြစ်ဘေးရှိ ရွှေကူမြို့ပေါ်တွင်လည်း တပတ်ခန့်ကြာအောင် ရပ်ကွက် ၄ ခု အနိမ့်ပိုင်းများ ရေဝင် နေပြီး အိမ်အချို့ပင် နစ်မြုပ်သည့်အပြင် ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ဘေးရှိ ၁၀ ရွာကျော် ရေနစ်မြုပ်မှု ကြုံတွေ့ နေရကြောင်း ကူညီရေးအဖွဲ့များထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

ရွှေကူမြို့ ဒေသခံ တဦးက “ကတ္တရာလမ်း ရေကျော်တော့ နစ်တဲ့ အိမ်တွေကနေ လှေလေးနဲ့ မိန်းလမ်းကို လာရတော့ ပေါ့။ ကျနော်တိုနဲ့ ဗန်းမော်က မိုင် ၃၀ ပတ်ချာလည် ဝေးတယ်။ အဲဒီက ဆင်းလာတာနဲ့ ကျနော်တို့ဆီ တက်တော့တာ ပဲ” ဟု ဆိုသည်။

ဇွန်လ ၂၁ ရက်က စပြီး ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် ၁၁၄၀ စင်တီမီတာ အထက်ကို ၂ လက်မ ခန့် ကျော်လွန်ရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ရေကျစ ပြုနေပြီဖြစ်သော်လည်း မြစ်ဘေးကျေးရွာများတွင်မူ ရေနစ်မြုပ်နေ ဆဲ ဖြစ်သည်။

ရေဘေးကယ်ဆယ်ရေး လုပ်နေသည့် ပရိဟတ အဖွဲ့ဝင်တဦးကလည်း “မြို့ပေါ်ကတော့ ရေပြန်ကျနေပြီ။ ရွာပိုင်းတွေက တော့ မကျသေးဘူး။ အကုန် နစ်နေတာ။ ဧရာဝတီမြစ်ကမ်းဘေးက ရွာတွေက ရေတောထဲမှာပဲ ရှိသေးတယ်” ဟု ပြောသည်။

ထို့ပြင် ကသာမြို့၏ စိုးရိမ်ရေအမှတ် ၁၀၄၀ ကို ၁၀၃၇ အထိ ဇွန် ၂၂ ရက်တွင် ရောက်ရှိခဲ့သော်လည်း ယနေ့ မိုးလေ ဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်သည့် မြစ်ရေတိုင်းတာချက် ဇယားတွင်မူ ၃ စင်တီမီတာ ရေပြန်ကျနေသည်ကို တွေ့ရသည်။

“ဧရာဝတီမြစ်ရိုး တောက်လျှောက်ကတော့ ရေကြီးနေတာပဲ။ ရေကတော့ သိသိသာသာ မကျသေးဘူးဗျ။ ဗန်းမော်နဲ့ ရွှေကူကတော့ မြန်တာပေါ့။ ကျနော်တို့က နည်းနည်းနောက်ကျတာ” ဟု ကသာမြို့ခံ တဦးက ပြောသည်။

ဧရာဝတီမြစ်ရေကြီးမှုအပြင် ယခုလအတွင်း ဥရုချောင်း ရေကြီးမှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၀၀ ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အထိ ရခိုင် ကမ်းရိုးတန်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်တို့တွင် မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန် သတိပေးထားသည်။

You may also like these stories:

https://burma.irrawaddy.com/news/2022/06/18/252638.html ဥရုချောင်းဘေး ဒေသများ ကမ်းပြိုမည့်အန္တရာယ် ကြုံနေရ

https://burma.irrawaddy.com/news/2022/03/22/250783.html လပွတ္တာတွင် မုန်တိုင်းကြောင့် စေတီနှင့် နေအိမ်များပျက်စီး

Your Thoughts …
Tags: ကသာဗန်းမော်ရေကြီးရေလျှံရွှေကူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

KIA နှင့် AA ထိုးစစ်ရပ်ဖို့ တရုတ်အထူးကိုယ်စားလှယ် ဖိအားပေး

by ဧရာဝတီ
3 June 2025
9.7k

(KIA)နှင့် အာရက္ခတပ်တော် (AA)တို့အနေဖြင့် ဗန်းမော်နှင့် ကျောက်ဖြူတွင် ထိုးစစ်များ ဆက်မလုပ်ဘဲ ရပ်တန့်ရန် တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းမှ ဖိအားပေးပြောဆိုခဲ့သည်။

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

by ဧရာဝတီ
7 May 2025
9.5k

ဗန်းမော်စစ်မျက်နှာသို့ စစ်ကောင်စီ စစ်ကူများ ရောက်လာခြင်းနှင့် ပတ်သက်၍ စစ်ရေးသုံးသပ်ချက်များ ပြုလုပ်နေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ရဟတ်ယာဉ် သုံးစီးတိုက် အင်အားသည် KIA တပ်ပေါင်းစု၏ အသားစီးရနေမှုကို တိုက်ပွဲ ပြောင်းလဲမသွားန်ိုင်သော်လည်း စစ်ကူလမ်းကြောင်း ပွင့်သွားခြင်း၊...

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်

ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်

by ဧရာဝတီ
3 February 2025
6k

KIA နှင့် ပူးပေါင်းတပ်များသည် ဗန်းမော်ရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းနှင့် လေဆိပ်တို့ကို ပြီးခဲ့သော ဇန်နဝါရီနောက်ဆုံးပတ်အတွင်း၌ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထိုးစစ်အရှိန် ထပ်မြှင့်၍လက်ကျန်းတပ်စခန်းများအား တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး

ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး

by ဧရာဝတီ
2 May 2025
5.6k

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ထဲအထိ အနီးကပ်စီးနင်းတိုက်ခိုက်နေပြီဖြစ်ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

by ဧရာဝတီ
2 September 2023
5k

၂ နာရီကျော်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ အဲဒီဘက်မှာတိုက်နေတဲ့ KIA နဲ့ ကျောင်းသားတပ်မတော် (ABSDF) ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး

Next Post
ရေဦးမြို့အဝင်

ရေဦးတွင် PDF ထောက်ပံ့သူ ၁ ဦး ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခံရ

ပျူစောထီးရွာဖြစ်သည့် ကန့်ဘလူ မင်းကုန်း(ခ)

ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved