• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

by ဧရာဝတီ
7 May 2025
in သတင်း
A A
ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ
9.5k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တပ်ပေါင်းစုတွေဟာ ဗန်းမော်မြို့ကို သိမ်းဖို့ တိုက်ခိုက်နေတာ ငါးလရှိ ပြီဖြစ်ပေ မယ့် အပြီးမသတ်နိုင်သေးသလို စစ်ကောင်စီကလည်း လေကြောင်းမှ အင်အားဖြည့်ကာ ခုခံနေတာကြောင့် ယနေ့တိုင် တိုက်ပွဲပြင်းထန်နေဆဲပဲရှိပါတယ်။

ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မှာ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကစ ၂၁) အပြင် တပ်မ ၈၈ ရဲ့ တပ်ရင်းတွေ လက်ရုံးတပ်တွေပါ စုစုပေါင်း တပ်ရင်း ၂၀ခန့်ရှိတဲ့အပြင် မိုးမောက်နဲ့ မံစီတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်သားတွေပါ ပေါင်းရင် အင်အားထောင်ဂဏန်းလောက်ရှိပါတယ်။

ဗန်းမော်ဟာ မြေမျက်နှာသွင်ပြင်အရ အရှေ့ဘက် မိုးမောက်၊ အနောက်ဘက် ရွှေကူ၊ တောင်ဘက် မန်စီ၊ မြောက်ဘက်မှာ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်နှင့် ဆက်စပ်နေပြီး ဧရာဝတီမြစ်ဘေးတွင် ရပ်ကွက်ပေါင်း ၁၆ရပ်ကွက် ကျေးရွာပေါင်း ၇၁ ရွာဖြင့် တည်ထားသည်။

ထို့အတွက် KIA တို့က တိုက်ပွဲ မစခင်ကတည်းက ဗန်းမော်မြို့ဝင်ရောက်ရာ စင်းခန်း၊ မံစီ၊ မိုးမောက် တို့ကို သိမ်းပိုက်ပြီး ရေလမ်းကြောင်းကိုလည်း စိုးမိုးထားတဲ့အတွက် စစ်ကောင်စီဟာ လေကြောင်းတခုသာအားကိုးကာ ဗန်းမော်စစ်မျက်နှာကို စစ်ကူပေးနေရတဲ့ အခြေအနေပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ထိုးစစ်ဟာ အခုအခါ ဗန်းမော်မြို့ပေါ် ရပ်ကွက် အများစုနဲ့ လက်ရုံးတပ်ရင်းများ သိမ်း ပိုက်ထားနိုင်ပေမယ့် ဗန်းမော်အကျဉ်းထောင်အနီးရှိ စကခ ၂၁၊ ခလရ(၄၇)နဲ့ တပ်မ(၈၈) လက်အောက်ခံတပ်တွေရှိရာ တာမိုင်းလုံရပ်ကွက်တွေမှာ ဆက်လက်ထိုးစစ်ဆင်နေရဆဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ဒရုန်းတွေသုံးပြီး ခုခံနေတဲ့ အတွက် နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိမှာ အဓိကတပ်စခန်းဖြစ်တဲ့ စကခ-၂၁ တပ်ဝန်းထဲထိ စီးနင်းတိုက်ခိုက်မှုတွေရှိနေပေမယ့် တပ်ရင်းဌာနချုပ်နဲ့မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဓိကတားဆီးနေတဲ့ အခက်အခဲတချို့ကို KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောပါတယ်။

ပထမအချက်ကတော့ စစ်တပ်ဟာ လေယာဉ်နဲ့ဒရုန်းတွေ ပေါပေါသီသီသုံးကာ အပြင်းအထန်ခုခံနေတဲ့အပြင် လက်နက်ခဲ ယမ်းသာလွန်မှုဖြစ်ပြီး ဒုတိယအချက်ကတော့ များပြားတဲ့တပ်ရင်းဌာနချုပ်တွေနဲ့ တခြားသောတပ်စခန်းတွေက ဆုတ်ခွာ ထွက်ပြေးတဲ့ တပ်သားတွေနဲ့ စုပေါင်းခုခံနေမှုနဲ့ မိုင် ၂၀ ခန့် ကျယ်ဝန်းတဲ့ ပစ်ကွင်းနယ်မြေမှာ တိုက်ခိုက်ရမှု စတာတွေ ကြောင့် တိုက်ပွဲကြန့်ကြာနေမှုအတွက် အဓိကကျတဲ့ အချက်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “အင်အားနဲ့ပြောမယ်ဆိုရင် သူတို့က လေကြောင်းတအားသုံးတာ။ နောက်ပြီး ဒရုန်းတွေ ပေါပေါသီသီ သုံးလို့ရတာ။ နောက်တခုက ဗန်းမော်ဆိုတာ ကျနော်တို့ တိုက်ရမယ့်တပ်စခန်းတွေ အများကြီးရှိနေတာ။ နောက်တချက်က ကျနော်တို့တိုက်ရမယ့် ပစ်ကွင်းလို့ပြောရမှာပေါ့၊ အဲဒါကလည်း မိုင် ၂၀ ဝန်းကျင်လောက် ကျယ်တဲ့နေရာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျနော်တို့ မြန်မြန်နဲ့မပြီးဆုံးတာ ဖြစ်တယ်လို့” ထောက်ပြပါတယ်။

ဒါပေမယ့် ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ဟာ KIA တပ်ပေါင်းစုတွေ လက်ထဲ တဖြည်းဖြည်းချင်း ကျရောက်လာမှာ ပါလို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့်လည်း ဧပြီ ၂၅ ရက်နေ့က KIA တပ်ပေါင်းစုတွေ တကျော့ပြန်ထိုးစစ်မြှင့်တင်ရာ စကခ-၂၁ ကာကင်းစခန်း အချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်ပေါင်းစုရဲဘော်တဦးက ပြောပါတယ်။

ဒီလို နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ကြားမှာ မေလ ၄ ရက်က စစ်ကောင်စီဘက်က ဗန်းမော်ကို ရဟတ်ယာဉ်သုံးစင်းနဲ့ စစ်ကူ အင်အား ၆၀ ခန့် ပို့ဆောင်ဖြည့်တင်းခဲ့ရာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗန်းမော်ကို စစ်ကူပို့ခဲ့တဲ့စစ်ကြောင်းဟာ မင်းခေါင်စစ်ကြောင်း ဖြစ်ပြီး မြေပြင်ရှင်းလင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီလို့ ဖော်ပြထားပါတယ်။

လတ်တလောမှာ ဗန်းမော်ကို စစ်ကူတွေရောက်လာပြီးတဲ့နောက် စကခ ၂၁ ထဲက တပ်တွေကနေ စစ်ကြောင်းထွက် လာကာ KIA တပ်ပေါင်းစုတွေ စိုးမိုးနေရာယူထားတဲ့ မြို့တွင်းရပ်ကွက်တွေထဲ ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

၎င်းက “KIA တပ်ပေါင်းစုတွေက မြို့ထဲရပ်ကွက် တော်တော်များများကတော့ သိမ်းပိုက်ထားနိုင်ပါပြီ။ စစ်ကောင်စီဘက်က လည်း သူတို့ လက်လွှတ်သွားတဲ့ ရပ်ကွက်တွေကိုပြန်ရဖို့ စခန်းကနေမြို့ဘက်ကို မျက်နှာမူပြီးမှ ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ ကျနော်တို့ဘက်ကလည်း အဲဒါကိုခုခံရင်းနဲ့ စကခ ၂၁ ဘက်ကို ကျနော်တို့ ပစ်မှတ်ထားပြီးမှ တိုက်ပွဲတွေ ဖော်ဆောင် နေပါတယ်” လို့ ပြောပါတယ်။

ဗန်းမော်စစ်မျက်နှာကို စစ်ကောင်စီ စစ်ကူများ ရောက်လာတာနဲ့ ပတ်သက်ပြီး စစ်ရေးသုံးသပ်ချက်တွေလုပ်နေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ရဟတ်ယာဉ် သုံးစီးတိုက် အင်အားဟာ KIA တပ်ပေါင်းစုရဲ့ အသားစီးရနေမှုကို ပြောင်းလဲမသွားနိုင်ပေမယ့် စစ်ကူလမ်းကြောင်း ပွင့်သွားခြင်း၊ ဒဏ်ရာရလူနာများ ကယ်ထုတ်နိုင်ခြင်းကြောင့် စစ်ကောင်စီတပ်များ ကျဆင်းနေသည့် စိတ်ဓာတ်ရေးရာ မြင့်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့တပြိုင်နက် စစ်ကောင်စီကလည်း KIA တပ်ပေါင်းစုတွေ ပိတ်ဆို့ထားတဲ့ ဖားကန့်မြို့ကို အင်အားထောင်ဂဏန်းခန့် အသုံးပြုပြီး ကာမိုင်း-ဖားကန့်လမ်းကြောင်းနဲ့ အင်းတော်ကြီး-ဖားကန့် လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ဘက်ကို စစ်တပ်မှ တန်ပြန်စစ်ကြောင်းထိုးမှုကြောင့် ကာမိုင်းနဲ့ဖားကန့်ကြားက နန့်ယာရွာပတ်ဝန်းကျင်နဲ့ တနိုင်း-လီဒိုလမ်းမပေါ်ရှိ လဝါးရွာပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ် လျက်ရှိပါတယ်။

You may also like these stories:

ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး

ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
426
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
151
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ဗန်းမော် တင့်ကားတပ် KIA သိမ်း

Your Thoughts …
Tags: KIAစစ်ကောင်စီဒရုန်းဗန်းမော်မြို့သိမ်းတိုက်ပွဲလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

အကြိမ်ကြိမ် စစ်ဖြစ်ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် စစ်ပွဲသစ် စတင်

အကြိမ်ကြိမ် စစ်ဖြစ်ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် စစ်ပွဲသစ် စတင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved