• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဦးတွင် PDF ထောက်ပံ့သူ ၁ ဦး ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခံရ

by ဧရာဝတီ
24 June 2022
in သတင်း
A A
ရေဦးမြို့အဝင်

ရေဦးမြို့အဝင်

6.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်မြောက်ဘက်ရှိ လက်မထောင်းရွာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ပံ့သူ ၁ ဦးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုများကိုပါ သိမ်းယူလိုက်ကြောင်း အသတ်ခံရသူ၏ အစ်ကိုဖြစ်သူ ဦးတင်ဆန်းက ဧရာဝတီသို့ ပြောသည်။

အသတ်ခံရသူမှာ လက်မထောင်းရွာမှ ဦးတင်လင်းဆိုသူဖြစ်ပြီး ၂၀၂၂ မတ် ၁၁ ရက်၊ ည ၁၁ နာရီတွင် အုတ်ဖို ပ.က.ဖ နှင့် တာတိုင်ကျေးရွာအုပ်စု ပ.က.ဖ မှ အင်အား ၂၀ ခန့်တို့က သေနတ်များဖြင့် ၎င်း၏နေအိမ်သို့ ရောက်လာ ပြီး ခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်ထိ ပြန်ရောက်မလာခြင်း ဖြစ်ကြောင်း ဦးတင်ဆန်းက ဆိုသည်။

ဦးတင်ဆန်းသည် ကချင်ပြည်နယ် မြို့တမြို့တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦး လည်းဖြစ်သည်။

ညီဖြစ်သူ ဦးတင်လင်း သတ်ဖြတ်ခံလိုက်ရကြောင်းကို မတ်လ တတိပတ်ခန့်တွင် အုတ်ဖိုကျေးရွာ အုပ်စုရှိ PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြန်ပြောပြသဖြင့် သိရခြင်း ဖြစ်ကြောင်း၊ ညီဖြစ်သူ၏ အလောင်းကိုလည်း ပြန်ပေးခြင်း မရှိခဲ့ကြောင်း၊ ဦးတင်လင်း အသတ်မခံရမီ မတ်လ ၄ ရက်တုန်းကလည်း ဦးသောင်းခို ဦးဆောင်သော အုတ်ဖို ပ.က.ဖ သည် ဦးတင်လင်းအား ဖမ်းဆီးခဲ့ပြီး ဒလန်ဟုစွပ်စွဲကာ နှိပ်စက်မှုများ ပြုလုပ်ခဲ့သေးကြောင်း ဦးတင်ဆန်းက ပြောပြသည်။

၎င်းက “သူ့ကို ခြေသလုံးနှစ်ဖက်ကို ဓားမီးဖုတ်ပြီး ထိုးတယ်။ ပေါင်နှစ်ဖက်လုံးကိုလည်း ဓားနဲ့ထိုးတယ်။ ကျောတပြင် လုံးကိုလည်း အမြောင်းလိုက် ဓားနဲ့မွှန်းတယ်။ နောက်တခါ အက်ဆစ်နဲ့ လောင်းတယ်။ ရင်ဘတ်တွေကိုလည်း ခြေထောက်နဲ့ကန်ပြီး မျက်နှာအနှံ့ကိုလည်း ရိုက်နှက်တယ်။ ဒါ့ပြင် သူတို့ သုံးပြီးသား ကွန်ဒုံးတွေကိုလည်း ဝါးခိုင်းတယ်။ အဲဒီလို နှိပ်စက်ပြီး ဒလန် ဖြစ်တယ်လို့ ဝန်ခံခိုင်းတာ။ သူတို့ ဗီဒီယိုရိုက်ဖို့လုပ်တာ။ အဲဒီလို နှိပ်စက်နေတဲ့ အချိန်မှာ အုတ်ဖို ပ.က.ဖ ဦးသောင်းခိုရဲ့တူက ကျနော်ညီရဲ့သမီး အသက် ၁၄ နှစ်အရွယ် ကျနော့်တူမကို သူနဲ့ ပေးစားမလား ဆိုပြီး တောင်းသေးတယ်” ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးနှိပ်စက်ထားစဉ် အုတ်ဖိုရွာအုပ်စုနယ်ခံဖြစ်ပြီး ကချင်ပြည်နယ် မြို့တမြို့တွင် သီတင်းသုံးနေသည့် ဆရာ တော်တပါးက ဦးတင်လင်း မိသားစုဝင်များ၏ အကူအညီ တောင်းမှုကြောင့် ဦးတင်လင်းအား ပြန်လွှတ်ပေးရန် တောင်း ဆိုခဲ့သဖြင့် ပ.က.ဖ များက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြန်လွတ်လာပြီးနောက် ၎င်းအား နှိပ်စက်ခဲ့မှုများကို ဦးတင်လင်းက ဖုန်းဖြင့် ဆက်သွယ်ပြောပြသဖြင့် သိရကြောင်း အစ်ကိုဖြစ်သူ ဦးတင်ဆန်းက ပြောသည်။
ပြန်လွတ်လာသည့် နောက်တွင်လည်း ဦးတင်လင်းကို ပ.က.ဖ များက မြို့ပေါ်တွင် ဆေးကုသခွင့်မပေးဘဲ လက်မ ထောင်းရွာ၌ပင် နေထိုင်စေခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပ.က.ဖ များသည် ဦးတင်လင်းအား အိမ်သို့လာခေါ်ကာ လက် မထောင်းရွာ အပြင်ဘက်တနေရာတွင် သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးတင်ဆန်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက ညီဖြစ်သူ အသတ်ခံလိုက်ရခြင်းသည် လက်မထောင်းရွာတွင် နေထိုင်သည့် ကျေးရွာကာလသား ခေါင်းများဖြစ်သော ဦးဝင်းနိုင်၊ ဦးသိန်းဆွေနှင့် ဦးလှတင့်တို့၏ တိုင်တန်းချက်ကြောင့် ဖြစ်ကြောင်း အုတ်ဖို PDF နှင့် နီး စပ်သည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို အခြေခံ၍ ဆိုသည်။

ဦးတင်ဆန်းက “မတ်လ ၂ ရက်လောက်တုန်းက အုတ်ဖို ပ.က.ဖ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအောင်ဝင်းဟာ အုတ်ဖိုရွာကို သူ့ရဲဘော် ၂ ယောက်နဲ့ လာတဲ့အချိန်မှာ ကံထူးမရွာဘက်က ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ အဲဒီနေ့က ကျနော့်ညီကလည်း သူ့လယ် ၅ ဧကကို ကြည့်ဖို့ အုတ်ဖိုဘက်လာတဲ့အချိန် အဖမ်းခံလိုက်ရတယ်။ အဲဒီမှာ စစ်ကောင်စီက အုတ်ဖို ပ.က.ဖ ခေါင်းဆောင်နဲ့ ရဲဘော်တွေကို သတ်ပစ်လိုက်ပြီး ကျနော့်ညီကို ပြန်လွှတ်ပေး လိုက်တယ်။ ပြန်လွှတ်ပေးလိုက်တာကလည်း အုတ်ဖို ပ.က.ဖ ခေါင်းဆောင် ဦးအောင်ဝင်းက ကျနော့်ညီဟာ PDF မဟုတ်ဘူးလို့ ပြောပေးလိုက်လို့။ ဒါပေမဲ့ စစ်တပ်က မယုံတော့ ကျနော့်ညီရဲ့ ဖုန်းကို ယူထားတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီး အုတ်ဖို ပ.က.ဖကို လက်မထောင်းရွာ ကာလသားခေါင်း ၃ ယောက်က တိုင်လိုက်လို့ အခုလို ဖမ်းဆီးနှိပ်စက်ပြီး သတ်သွားတာ။ တကယ်တော့ ကျနော့်ညီဟာ ပ.က.ဖတွေ၊ PDF တွေ လိုအပ်တာရှိရင်လည်း ထောက်ပံ့တာတွေ လုပ် နေတာ” ဟု ရှင်းပြသည်။

၎င်း၏ ညီဖြစ်သူ အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ မေ ၁၅ ရက်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ တိုင်ကြားထားသော်လည်း တစုံတရာ ထူးခြားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အုတ်ဖို ပ.က.ဖ သည် ၎င်း၏ ညီဖြစ်သူပိုင်ဆိုင်သည့် အိမ်နှင့်ခြံ အပါအဝင် လယ် ၅ ဧကကို သိမ်းဆည်းပြီး လယ်မှထွက်သည့် စပါးတင်း ၄၀၀ ခန့်ကိုလည်း ရိတ်သိမ်း၍ ရောင်းစားထားသည်ဟု ဒေသခံများထံမှ သိရကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ဦးတင်လင်း၏ ဇနီးနှင့် သမီးများမှာလည်း ကျေးရွာတွင် မနေရဲဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရ ကြောင်း၊ ၎င်း ကိုယ်တိုင်သည်လည်း အုတ်ဖို ပ.က.ဖ များ လာရောက် သတ်ဖြတ်မည်ကို စိုးရိမ်ရသဖြင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် ချိတ်ဆက်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

ဦးတင်လင်းကို ဒလန်ဟု စွပ်စွဲကာ တိုင်ကြားခဲ့ခြင်း ရှိမရှိနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် လက်မထောင်းရွာတွင် နေ ထိုင်သည့် ကျေးရွာကာလသားခေါင်းများ ဖြစ်သော ဦးသိန်းဆွေနှင့် ဦးလှတင့်တို့ထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ် ခဲ့ရာ ၎င်းတို့က ဦးတင်လင်းကိစ္စကို မသိရှိကြောင်း ငြင်းဆိုကြသည်။

အသတ်ခံရသူ လက်မထောင်းရွာသား ဦးတင်လင်း

NUG ၏ လမ်းညွှန်ချက်များအတိုင်း လှုပ်ရှားနေသည့် ရေဦးမြို့နယ် PDF ခေါင်းဆောင်တဦးဖြစ်သူ ကိုမဟူရာ ကမူ အုတ်ဖိုကျေးရွာအုပ်စုသည် ရေဦးမြို့နယ်၏ အစွန်ဘက်ကျသည့် နေရာဖြစ်သဖြင့် ဦးတင်လင်း အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းသေချာ မသိရကြောင်း ပြောသည်။

ကိုမဟူရာက “ကျနော်တို့က NUG ရဲ့ လမ်းစဉ်အတိုင်းပဲ သွားတယ်။ အထက်က အကြီးအကဲတွေ အဆင့်ဆင့်ကို တင်ပြပြီးမှ သူတို့ရဲ့ အတည်ပြုချက်နဲ့ သွားပါတယ်။ တချို့ အဖွဲ့အစည်းလေးတွေတော့ ရှိတာပေါ့။ Local အဖွဲ့လေးတွေပေါ့။ အဲဒီလို အဖွဲ့ တွေကျတော့ ပုဂ္ဂိုလ်ရေး၊ လူမှုရေး မကျေလည်တာတွေကို တော်လှန်ရေးမှာ ရောထွေးလာတယ်။ သူတို့က ဒလန်လို့ သတ်မှတ်ရင် သူတို့ဘာသာပဲ ဆုံးဖြတ်ပြီးလုပ်တာ။ အထက်အကြီးအကဲတွေကို တင်ပြတာ မရှိဘူးပေါ့ဗျာ။ အဲဒါတွေ ကျတော့ တော်လှန်ရေးအပေါ် အခက်အခဲ ဖြစ်နိုင်တာပေါ့” ဟု မှတ်ချက်ပေးသည်။

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကလည်း အထောက်အထား မခိုင်လုံ ဘဲ ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုများ သိမ်းယူခြင်းသည် လက်ခံ၍ မရသည့်ကိစ္စ ဖြစ်ကြောင်း၊ အဆိုပါကိစ္စ ရပ်များအား သေချာစိစစ်ပြီး အမှန်တကယ် အရေးယူမည်ဆိုပါက ရပ်တန့်သွားမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက PDF များလည်း သိက္ခာကျရကြောင်း ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က လက်မထောင်းရွာမှ ဦးတင်လင်း အသတ်ခံရမှုနှင့် ပတ်သက်၍ NUG ၏ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က အမှုတွဲဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ တွေ့ရှိတယ်ဆိုရင် တရားဥပဒေနဲ့အညီ စီရင်နိုင်ဖို့။ အရပ်ဘက် တရားစီရင်ရေး ဒါမှမဟုတ် စစ်ဘက်တရားရေးနဲ့ စီရင်ရမယ့်ကိစ္စ။ ဒါတွေကို ခွဲခြားပြီးတဲ့အခါမှာ ဒီတွေ့ရှိချက်ကို မူတည်ပြီး ဥပဒေအတိုင်းစီရင်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကျနော်တို့ တော်လှန်ရေးကာလမှာလည်း မည်သူမျှ ပြစ်မှုကျူးလွန်တာတွေ လုပ် လို့မရပါဘူး။ ကျူးလွန်မှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသူများကို မည်ကဲ့သို့ NUG ဘက်က ထိထိရောက်ရောက် အရေးယူဆောင် ရွက်မည်ဆိုသည့် အချက်ကိုမူ ဦးနိုင်ထူးအောင် အနေဖြင့် တိတိကျကျ ပြောကြားခြင်း မရှိပေ။

ဦးတင်လင်းအမှုကဲ့သို့ပင် စစ်ကိုင်းတိုင်းထဲရှိ ယင်းမာပင်နှင့် အရာတော်မြို့နယ်ထဲတွင်လည်း PDF အဖွဲ့က အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ PDF ထောက်ပို့များ အပါအဝင်၊ ဒေသခံအရပ်သားများကို ဒလန်ဟုစွပ်စွဲကာ သတ် ဖြတ်ပြီး လုယက်မှုများ ကျူးလွန်ခဲ့သည်လည်း ရှိသည်။

အလားတူ ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်တုန်းကလည်း မြင်းခြံ Zero ပြောက်ကျားအဖွဲ့ဝင်များသည် အရာတော်မြို့နယ်၊ မလဲသာရွာရှိ စာကြည့်တိုက်တည်ထောင်သူနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့် ဦးမြင့်ဆန်းကို ပျူစောထီး ခေါင်းဆောင်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုများက အမှားကို ဝန်ချတောင်းပန်ပြီး ပြည်သူ့အာဏာတည်သောနေ့တွင် ဥပဒေ၏အဆုံးအဖြတ် ခံယူပါမည်ဟု ကတိပြုရန် ကြေညာ ချက်ထုတ်ပြန် တောင်းဆိုခဲ့ရသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
29
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
797
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
53

You may also like these stories:

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ

ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

Your Thoughts …
Tags: PDFဒလန်ပ.က.ဖရေဦးလက်မထောင်းရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ပျူစောထီးရွာဖြစ်သည့် ကန့်ဘလူ မင်းကုန်း(ခ)

ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်

ယနေ့တွေ့ရသည် စစ်တွေမြို့ပေါ်ရှိ နာရီစင်လမ်းဆုံ / CJ

စစ်တွေ၌ အဖမ်းအဆီးကြမ်း၊ စာသင်ကျောင်းနှင့်ဈေးများ ပိတ်ထား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved