• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က

by ကိုရွှေအောင်
11 July 2022
in ဆောင်းပါး
A A
မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ် / ဧရာဝတီ

မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ် / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

“ရွှေမိုးလေးကညိုတယ် …
ဝါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေညိုတော့
ချစ်တင်းနှောခဲ့တာရယ် …
အို … ရွှေမိုးလေးကညိုတယ် …

မိုးကလေးကတဖွဲဖွဲရွာတော့
ပျိုမေဝယ်သတိရတယ် …
မိုးကလေးကတဖွဲဖွဲရွာတော့
ပျိုမေဝယ်သတိရတယ် …

ဘယ်ဌာနေ ဘယ်လမ်းလျှောက်လည်
ပျိုလေးရှိရာ မေ့နေတော့တယ်
လူကို မြင်ပြန်ရင်ကွယ် တကယ်ပဲချွဲလေသူမို့
သူ့အပြောလေးကပါတယ်
အို … သူ့အပြောလေးကချိုတယ် …

ဖော်ကွာသူမို့ မိုးကလေးက စွေလွန်းတယ်
ဖော်ကွာသူမို့ မိုးကလေးက စွေလွန်းတယ်
ထင်ယောင်မြင် တရေး ရေး
ထင်ယောင်မြင် တရေး ရေး
ထင်ယောင်မြင် တရေးရေး
ဘယ်ဆီလမ်းကို မျှော်မှန်းလို့ ရော်ရမ်းလို့
ပျိုလွမ်းလှပါတော့တယ်
အို … ရွှေမိုးလေးကညိုတယ်

ဝါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေ ညိုတော့
ချစ်တင်းနှောခဲ့တာရယ်
အို … ရွှေမိုးလေးကညိုတယ် …

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
65
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
339
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k

ဒီသီချင်းလေးက သီချင်းချစ်သူများ နားထောင်ဖူး၊ သီဆိုဖူး၊ ညည်းဖူးကြတဲ့ သီချင်းလေးတပုဒ် ဖြစ်တယ်။ ဟေမာနေဝင်း၊ စိုးစန္ဒာထွန်းတို့ ခေတ်အထိ ပြန်ဆိုခဲ့ကြတဲ့ တေးသီချင်းကောင်းလေးလည်း ဖြစ်တယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လထဲရောက်တော့ Facebook လူမှုကွန်ရက် ကျေးဇူးနဲ့ ဒီသီချင်းလေးရဲ့ မူရင်းအဆိုနဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတခု ကြည့်လိုက်ရတယ်။ ရှေးအိန္ဒိယ ရုပ်ရှင်ဇာတ်ဝင်ခန်းတခုဖြစ်ပြီး အဲ့ဒါလေး ကြည့်မိမှပဲ “ရွှေမိုးလေးက ညိုတယ်” သီချင်းက ကော်ပီသီချင်းတပုဒ်ပါလားလို့ သိလိုက်ရတော့တယ်။

ဒါနဲ့ မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ်။ ကြည့်ပါဦး။ မြန်မာပြည်ကို ကော်ပီသီချင်းရောက်ခဲ့တာ နှစ်ပေါင်း ၉ဝ တိတိရှိခဲ့ပြီပဲ။

၁၉၃၂ ခုနှစ်မှာ ရွှေဂုဏ်မောင်ရေးပြီး မအေးမိ သီဆိုခဲ့တဲ့ “ရွှေနှင်းဆီ” သီချင်းဟာ ကော်ပီတေးတို့ရဲ့ အစမူလပထမ ဖြစ်တယ်လို့ စန္ဒယား လှထွတ်က သူ့ရဲ့ မြန်မာ့ဂီတရေစီးကြောင်းစာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။

၁၉၃၂ ခုနှစ်မှာ ရွှေဂုဏ်မောင်ရေးပြီး မအေးမိ သီဆိုခဲ့တဲ့ “ရွှေနှင်းဆီ” သီချင်းဟာ ကော်ပီတေးတို့ရဲ့ အစမူလပထမ ဖြစ်တယ်လို့ စန္ဒယား လှထွတ်က သူ့ရဲ့ မြန်မာ့ဂီတ ရေစီးကြောင်းစာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။ “မှုံရွှေရည် ခိုင်မာလာနှင်းဆီ မိုင်ဒါလင်ဆွီတီ ခင်ခင်ပျိုမဒီ နှင်းဆီခက်ကို လက်လှမ်းကာယူမည်” အစချီ ရွှေနှင်းဆီသီချင်းဟာ ရွှေနှင်းဆီရုပ်ရှင်ဇာတ်ကားက ဇာတ်ဝင်သီချင်း ဖြစ်တယ်။

“ခက်ခဲသောနရီဟန် စာသား အဆွဲအရစ်အလှည့် ပညာခန်းများမပါဘဲ အသံတသံစာတလုံး သဘောသီဆိုရသဖြင့် လူအများရလွယ်သည့်အပြင် နိုင်ငံခြားနရီဟန် သဘောသဘာဝများဖြင့် တန်ဆာဆင် တီးမှုတ်ပေးထားသဖြင့် သောတရှင်နားတွင် တမျိုးတဘာသာ ဆန်းသစ်နေသောကြောင့် လူကြိုက်များခဲ့ရာ နောက်ပိုင်းတွင် ယင်းသို့သော ဟန်သစ်သီချင်းများ ရေးစပ်လာကြသည်”။ (ကိုးကား – မြန်မာ့ဂီတရေစီးကြောင်း)

ကော်ပီသီချင်းများ ထွန်းကားခဲ့တာကတော့ ၁၉၃၈ ခုနှစ် အေဝမ်းဓာတ်ပြားကုမ္ပဏီခေတ်မှာ ဖြစ်တယ်

၁၉၃၂ ခုနှစ်ကတည်းက မြန်မာကော်ပီသီချင်းရှိခဲ့ရာက အမှန်တကယ် ကော်ပီသီချင်းများ ထွန်းကားခဲ့တာကတော့ ၁၉၃၈ ခုနှစ် အေဝမ်းဓာတ်ပြားကုမ္ပဏီခေတ်မှာ ဖြစ်တယ်။ နိုင်ငံခြားကော်ပီသီချင်းသံများ မြန်မာ့ဂီတနယ်ပယ်ထဲကို ပေါ်ပေါ်တင်တင် ဝင်ရောက်ခဲ့တဲ့ ကာလဖြစ်ပြီး အေဝမ်းထုတ် တေးသီချင်းဓာတ်ပြားခေတ်လည်း ဖြစ်တယ်။ သီချင်းရေးတဲ့ ဂီတစာဆိုတွေက တက္ကသိုလ် ဖေစန်း၊ ကြည်တံခွန်၊ တက္ကသိုလ် လှ၊ တက္ကသိုလ် စိုး (ရွှေမိုးလေးကညိုတယ် သီချင်းရေးသူ)၊ ခေတ္တရာအေး အစရှိတဲ့ ခေတ်ပညာတတ်များ ဖြစ်တယ်။

ဘိလပ်ပြန်သန်း၊ မောင်ဘအောင်၊ ခင်မောင်ရင် စတဲ့အဆိုတော်များအတွက် သီချင်းတွေ ရေးစပ်ပေးခဲ့ကြတယ်။ အဲ့ဒီခေတ်က ကော်ပီသီချင်းတချို့ကို ကောက်နုတ်ဖော်ပြလိုပါတယ်။

မေရှင်သီဆိုထားတဲ့ “မယ်ခုမျှော်” သီချင်းဟာ Its Now or Never သီချင်းနဲ့ In a little Rent Cabin in Honolulu သီချင်းနှစ်ပုဒ်ကို ရောမွှေပြီး စပ်ထားတယ်။ အောင်တင်မောင် သီဆိုထားတဲ့ “ဘရဏီ” သီချင်းဟာ O Susanna သီချင်းနဲ့ Bean Barral potka သီချင်းသံများနဲ့ စပ်ထားတယ်။

မေရှင်သီဆိုထားတဲ့ “မယ်ခုမျှော်” သီချင်းဟာ Its Now or Never သီချင်းနဲ့ In a little Rent Cabin in Honolulu သီချင်းနှစ်ပုဒ်ကို ရောမွှေပြီး စပ်ထားတယ်။ အောင်တင်မောင် သီဆိုထားတဲ့ “ဘရဏီ” သီချင်းဟာ O Susanna သီချင်းနဲ့ Bean Barral potka သီချင်းသံများနဲ့ စပ်ထားတယ်။

မေနုသီဆိုထားတဲ့ “အုံးစက်ရာ” သီချင်းဟာ နာမည်ကျော် Wizard of Oz ရုပ်ရှင်က အကယ်ဒမီဆုရသီချင်း Over the Rainbow သီချင်းအလိုက် ဖြစ်တယ်။ မေရှင်ဆိုတဲ့ “လေသာဆောင်” သီချင်းဟာ ဂျပန်သီချင်း Shinano Yoru သီချင်းအလိုက်၊ မောင်တင်မောင်၊ ခင်နှင်းရီတို့ဆိုထားတဲ့ “တလိမ်နှစ်လိမ်” သီချင်းဟာ Donkey Serenade သီချင်းအလိုက်၊ ဘိလပ်ပြန်သန်းရဲ့ “လှေကလေး” သီချင်းဟာ Red Sails in the Sunset သီချင်းအလိုက် ဖြစ်ပါတယ်။

ဒါ့အပြင် မေရှင်ရဲ့ “လဲ့လဲ့ဝင်း”၊ “ချစ်သည်းညှာ”၊ “မြတ်လေးငုံ”၊ “ချစ်သည်းစွဲ”၊ “ချစ်ပန်းလွှာ”၊ ဘိလပ်ပြန်သန်းရဲ့ “ဆောင်းကတ္တီပါ”၊ မကြည်အောင်ရဲ့ “ရာသီတော်ဦး” စတဲ့သီချင်းတွေဟာလည်း ကော်ပီတေးများပဲ ဖြစ်တယ်။

ကော်ပီလုပ်ရာမှာ တချို့သီချင်းတွေက တပုဒ်လုံး ကော်ပီလုပ်ထားတာဖြစ်ပြီး တချို့သောသီချင်းတွေကျ Chorus ပိုဒ်ကျမှ ကော်ပီယူထားတာမျိုးလည်း တွေ့ရတယ်။ ဥပမာ – မောင်တင်မောင်နဲ့ မေရှင်ဆိုထားတဲ့ “မမုန်းနိုင်” သီချင်းဟာ ဒုတိယပိုဒ်ကျမှ Please သီချင်းက အသံကိုယူပြီး ဖွဲ့ထားတာ တွေ့ရတယ်။

ကော်ပီသီချင်းတွေ နိုင်ငံခြားသီချင်းသွား၊ ဟန်ပန်၊ ပုံသဏ္ဌန်တွေပါရှိတဲ့ တေးသီချင်းတွေကို မြန်မာဂီတသမားများက ဘိုသံ Tune လို့ ခေါ်ကြတယ်။ Tune စတိုင်သီချင်းတွေ အမြောက်အမြား ရှိခဲ့တယ်။

“မေ့ပါနိုင်”၊ “ဇွတ်ချစ်မယ်”၊ “ရွှေနွယ်ရိုး၊ “ရွှေတံငါ”၊ “မြကေခိုင်”၊ “တနာရီတည်း မောင်နဲ့ချစ်ပါရစေ”၊ “ရုန်းတော် လွှတ်တော်” စတဲ့သီချင်းတွေဟာ Tune စတိုင်သီချင်းတွေ ဖြစ်တယ်။ မြန်မာသံနဲ့ Tune သံရောစပ်မွှေထားတဲ့ သီချင်းတွေလည်း ရှိတယ်။

ဥပမာ – “လှမဉ္ဇူ” သီချင်းမှာပထမ ဆွတ်ချုယူငင် အပိုဒ်၊ ဂန္ဓမာနတောင် အပိုဒ်တွေက မြန်မာသံဖြစ်ပြီး သံပြိုင်ပိုဒ်ဖြစ်တဲ့ ယုဂန်ဘွေစွန်း ငွေဝန်းသီတဂူကျမှ Tune ဟန်ပြန်ဝင်တယ်။ “ပျို့ဆုတောင်း” သီချင်းမှာ မြင်မြင်ချင်းပဲချစ်မိတယ် အပိုဒ်ကျမှ Tune ဟန်ဝင်တာမျိုး။ ဒါမျိုးသီချင်းတွေလည်း တွေ့ရတယ်။

သူ့ခေတ်သူ့အခါက မြန်မာကော်ပီသီချင်းနဲ့ Tune သီချင်းတွေကို သောတရှင်ပရိသတ်တွေ လက်ခံကြိုက်နှစ်သက်ခဲ့ကြတယ်။ သီချင်းတွေက လွယ်ကူတဲ့ အသံအဖွဲ့အစပ်နဲ့ သစ်ဆန်းတဲ့နရီဟန် ပေါင်းစပ်ထားတာကြောင့် နားစွဲလွယ်ပြီး အောင်မြင်ခဲ့တာဖြစ်တယ်။ နောက်တချက်က နိုင်ငံခြားသံ မြန်မာစာသားသွတ်ထားတဲ့ ကော်ပီသီချင်းကို သီဆိုသူတွေဟာ မြန်မာသံ ပီပီသသ သီဆိုခဲ့ကြလို့ မြန်မာသီချင်းအဖြစ် လက်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။

၁၉၃၇-၃၈ စစ်ကြိုခေတ်မှာ မြန်မာကော်ပီသီချင်း‌တွေ ပေါ်ထွက်ခဲ့တဲ့နောက် မြန်မာ့ကာလပေါ်သီချင်း ရေစီးကြောင်း ပိုမိုအားကောင်း ရှင်သန်လာတယ်လို့ ဂီတပညာရှင်တွေက သုံးသပ်ကြတယ်။ သမားရိုးကျ မြန်မာအစပ်အဖွဲ့ပုံစံကနေ နိုင်ငံခြားဟန်ပန်သီချင်း ပုံစံများသို့ ပြောင်းလဲခဲ့တယ်။ ခေတ်ဆန်တဲ့ သီချင်းများမှာပါတဲ့ သီချင်းစာသားတွေက ခေတ်မီခဲ့တယ်။

၁၉၃၇-၃၈ စစ်ကြိုခေတ်မှာ မြန်မာကော်ပီသီချင်းတွ ပေါ်ထွက်ခဲ့တဲ့နောက် မြန်မာ့ကာလပေါ်သီချင်း ရေစီးကြောင်း ပိုမိုအားကောင်း ရှင်သန်လာတယ်လို့ ဂီတပညာရှင်တွေက သုံးသပ်ကြပါတယ်။ သမားရိုးကျ မြန်မာအစပ်အဖွဲ့ ပုံစံကနေ နိုင်ငံခြားဟန်ပန်သီချင်း ပုံစံများသို့ ပြောင်းလဲခဲ့တယ်။ ခေတ်ဆန်တဲ့ သီချင်းများမှာပါတဲ့ သီချင်းစာသားတွေက ခေတ်မီခဲ့တယ်။

“မောင့်မျက်နှာ တဖြည်းဖြည်းပြုံးလို့ လှော်ပုံတွေဆန်းကျယ် … ကြက်သီးများ တဖြန်းဖြန်းထလို့ ခင့်ကိုကိုရယ် ရှက်အားကြွယ် … တိမ်တောင်ရယ်ညိုတယ် မိုးသက်လို့ ဂယက်ဆင်တယ် ချစ်တဲ့သူ ပျို့သက်လယ် တိုးဖက်ကွယ် မိုးသက်တော့မယ်”

ထိုခေတ်ထိုအခါက ခေတ်မီသလို ရဲတင်းတယ်။

“အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် … ချစ်တလင်းခေါ်မယ် … ချစ်ဗျုဟာကျင်းဆို့ တူမောင်မယ်”

ဒါကျတော့ အရဲလွန်ပြီး ကြမ်းသွားတယ်။

ဘယ်လိုပင်ဖြစ်စေ။ စစ်ကြိုခေတ်က ကော်ပီသီချင်းတွေဟာ မြန်မာတို့အသည်းနှလုံးမှာ စူးနစ်ဝင်ခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ရုံသာမက ဒီနေ့ထိတိုင် မရိုးနိုင်တဲ့ တေးသီချင်း အမြောက်အမြား ထွက်ပေါ်ခဲ့တယ်။ ကာလပေါ်သီချင်းခေတ် အစစ်ဖြစ်ပြီး ဂီတသမိုင်းမှာ အရေးပါတဲ့ကာလလည်း ဖြစ်တယ်။

You may also like these stories:

စစ်အရာရှိဟောင်းများ သတင်းနှင့် စာပေအဖွဲ့အစည်းများကို ဦးဆောင်မည်

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

ဂရိတ်ဖိုးစိန်၏ မျိုးဆက် ဇာတ်မင်းသားကြီး ညီဝင်းစိန် ကွယ်လွန်

ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ

Your Thoughts …
Tags: ကော်ပီသီချင်းဂီတစစ်ကြိုခေတ်ရွှေနှင်းဆီ သီချင်းအနုပညာအေဝမ်းဓာတ်ပြားကုမ္ပဏီ
ကိုရွှေအောင်

ကိုရွှေအောင်

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

by ဇေယျ (အညာ)
4 June 2024
4.5k

ဤသို့ ကွာခြားသည့် အခြေအနေအောက်တွင် NUG အား ဝေဖန်သည့် ဆန်းကျော်စွာဝင်း၏ ကဗျာရှည်မှာ ကြိုဆိုရမည့် ကဗျာရှည်တပုဒ်ဖြစ်၏။

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

by ဖိုးစိုင်း
10 February 2025
3.3k

“ကျနော်က လူထုနဲ့ ကင်းကွာမှာ မဟုတ်ဘူး၊ သေလည်း ကင်းကွာမှာ မဟုတ်ဘူး”

Next Post
ဘလင်ကန်နှင့် ပရာယွတ်တို့ ဇူလိုင်လ ၁၀ ရက် ဘန်ကောက်တွင် တွေ့ဆုံစဉ် / AFP

စစ်ကောင်စီကို ဖိအား အပြင်းအထန်ပေးမည်ဟု ထိုင်းရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

အသက် ၈၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အသတ်ခံရမှု  / พรชัย เอี่ยมโสภณ

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု မြန်မာ ၁၅ ဦးဖမ်းခံထားရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved