• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု မြန်မာ ၁၅ ဦးဖမ်းခံထားရ

by ဧရာဝတီ
11 July 2022
in သတင်း
A A
အသက် ၈၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အသတ်ခံရမှု  / พรชัย เอี่ยมโสภณ

အသက် ၈၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အသတ်ခံရမှု / พรชัย เอี่ยมโสภณ

8.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် ထိုင်းလွှတ်တော်အမတ် လက်ထောက်၏ ဖခင်ဖြစ်သူ ပြန်ပေးဆွဲ အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအလုပ်သမား ၁၅ ဦးအား သံသယဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးခံထားသူ မြန်မာအလုပ်သမား ၁၅ ဦးအား ကရပူရီရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက ပြောသည်။

ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ ပါကျန်အုပ်စု ဘန်ဟက်ထွန်းရပ်ကွက်ရှိ ရာဘာခြံတခြံထဲတွင် ဇူလိုင် ၁၀ ရက်နေ့ မနက်က အသတ်ခံထားရသည့် အလောင်း တလောင်းတွေ့ရှိခဲ့ကြောင်း အကြောင်းကြားလာသည့်အတွက် တာဝန်ရှိသူများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ပါကျန်နယ်မြေ ရဲတပ်ဖွဲ့က သတင်းထောက်များကို ပြောခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သေဆုံးသူမှာ အသက် ၈၁ နှစ်အရွယ် နိုင်ထနူးကျိုင်ဒီဖြစ်ပြီး ရနောင်းလွှတ်တော် အမတ်လက်ထောက် နိုင်းထဝပ်ကျိုင်ဒီ နှင့် ပါကျန်အုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့်တို့၏ ဖခင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူသည် ရာဘာခြံထဲတွင် အနေများပြီး အိမ်သို့ တခါတလေမှသာ ပြန်လာကာ မြန်မာအလုပ်သမားများနှင့် နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာကြောင်း သေဆုံးသူ၏ သားဖြစ်သူ နိုင်းထဝပ်ကျိုင်ဒီ၏ ပြောပြချက်ကို ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက် မွန်းတည့်အချိန်က ဖခင်ဖြစ်သူအတွက် စားစရာများသွားပို့ပေးပြီး လူမတွေ့သဖြင့် အိမ်ရှေ့တွင် ချိတ်ဆွဲထားပေးခဲ့ကြောင်း၊ ၉ ရက်နေ့က ဖခင်ဆီ ဖုန်းဆက်ကာ အဆက်အသွယ်မရတော့သဖြင့် ခြံကိုလိုက်လာပြီး မြန်မာအလုပ်သမားများကို မေးကြည့်ရာ ၉ ရက်နေ့ မနက်ကတည်းက ဆေးခန်းသွားမည်ဟု ဆို၍ ဆိုင်ကယ်တစီးက လာကြိုသွားကြောင်း သိရသည်။

၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သေဆုံးသူ၏ မြေးဖြစ်သူ တယ်လီဖုန်းထဲသို့ မက်ဆေ့ချ်တခုဝင်လာပြီး နိုင်းထနူးကျိုင်ဒီကို ပြန်ပေးဆွဲထားကြောင်း၊ ပြန်လွှတ်ပေးစေချင်ပါက ဘတ်ငွေ ၈ သိန်းဖြင့် လဲရမည်ဖြစ်ကြောင်း ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

အဆိုပါ ဖုန်းကို ဆက်သွယ်ရာတွင် တဖက်က ဘာမှပြန်မပြောဘဲ ခဏအကြာ ဘတ်ငွေ ၁ သန်းကို လေဟာပြင်ဈေးနားလာပို့ပေးရန် မြန်မာလို ရေးလာကြောင်း၊ အဆိုပါ လေဟာပြင်ဈေးမှာ မြန်မာနိုင်ငံ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်၏ မျက်နှာချင်းဆိုင်တွင်ရှိကြောင်း ဆိုသည်။

သားဖြစ်သူက ဖခင်ပြန်ပေးဆွဲခံရခြင်းကို မယုံကြည်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဖခင်၏ အိမ်ထဲနှင့် အနီးတဝိုက်စစ်ဆေးကြည့်ရှုရာတွင် ဖခင်၏ တောပစ်ပြောင်းရှည်သေနတ် တလက်ပျောက်ဆုံးနေပြီး အိမ်ပြင်ဘက် အုတ်နံရံတွင် သွေးစများ၊ အနီးတွင် ပေါက်ပြား တလက်နှင့် ဖခင်၏ တုတ်ကောက်လဲကျနေကြောင်း၊ ၈ ရက်နေ့က ၎င်းလာထားသွားသည့် စားစရာအထုပ်တွင်လည်း မူလချိတ်ထားသည့်အတိုင်း လက်ရာမပျက်ရှိနေသောကြောင့် မသင်္ကာသည့်အတွက် အိမ်အနီးနားနှင့် ခြံထဲတွင် လှည့်ပတ်ရှာဖွေရာ ကျင်းထဲပစ်ထားသည့် အလောင်းအား တွေ့ခဲ့ကြောင်း ဆိုသည်။

တာဝန်ရှိသူများအနေဖြင့် လမ်းထဲမှ စီစီတီဗီကင်မရာများအား ပြန်စစ်ဆေးရာတွင် သေဆုံးသူဆိုင်ကယ်စီးပြီး ထွက်လာသည့် ပုံများမရှိခြင်းကြောင့် လိမ်လည်ထွက်ဆိုသည့် အလုပ်သမားနှင့် အဆိုပါခြံတွင်းရှိ မြန်မာလုပ်သား ၁၅ ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေပြီး ခြံတွင်းရှိ မြန်မာအလုပ်သမား နှစ်ယောက်မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

FED အဖွဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦး က “ဒီလိုအမှုတွေ ဖြစ်လိုက်တိုင်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် ရိုက်ခတ်မှုက အနည်းနဲ့အများရှိတာပဲ။ သတင်းတွေအောက်က ကောမန့်တွေကို ဖတ်ကြည့်လိုက်ရင် ဒါကြောင့် မြန်မာတွေကို မငှားပါနဲ့ပြောတာ မြန်မာတွေက အန္တရာယ်ရှိတယ်။ နောက်ကြောင်းရာဇဝင်မသိဘဲ မငှားနဲ့။ ဒါတွေက နေ့တဓူဝဖြစ်နေတာ အစသဖြင့် ကောမန့်တွေ တွေ့ရတယ်။ ထိုင်းလူထုရဲ့ အမြင်မှာ မြန်မာတွေကို မသင်္ကာစရာဖြစ်စေတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်လာမှုများ များပြားလာသည့် အချိန်တွင် ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် ထိုင်းနိုင်ငံသားများ၏ ကူညီချင်စိတ်များအား အဆိုးမြင်စေနိုင်သည့် စိတ်ဖြစ်စေကြောင်း ဦးမင်းဦးက သုံးသပ်သည်။

ထိုင်းနိုင်ငံ၊ ဟတ်ရိုင်မြို့တွင်လည်း ထိုင်းအမျိုးသားတဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အထောက် အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထားရာ ကနဦးအနေဖြင့် ၉ ဦးအား ဇွန် ၈ ရက်က စတင် စစ်ဆေးမှုနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်က ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့နယ်ထဲရှိ သစ်တော ဧရိယာတွင် ပါးစပ်ပိတ်ဆို့၍ ကြိုးတုတ်ကာ အသတ်ခံ ထားရသည့် အသက် ၄၀ အရွယ် ရှိ ထိုင်းအမျိုးသား တဦးကို တွေ့ပြီးနောက် သစ်တောအတွင်း ရောက်နေသည့် တရားမဝင်မြန်မာ ၉ ဦးကို ဖမ်းမိရာမှစ၍ အထောက်အထားမဲ့များ သာမက တရားဝင် အလုပ်သမားများ နေထိုင်သည့် တန်းလျားနေအိမ်များပါမကျန် ဝင်ရောက် ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ဖမ်းဆီးခံခဲ့ရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များက လိပ်ကျွန်း လူသတ်မှု၊ ထိုင်း- မြန်မာ နယ်စပ် ရနောင်းမြို့ လူသတ်မှုများတွင် မြန်မာလူမျိုးများ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးထောင်ချခဲ့သည့် အမှုအခင်းများလည်း ရှိခဲ့သည်။

Your Thoughts …
Tags: ထိုင်းရနောင်းရွှေ့ပြောင်းလုပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

Next Post
မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာဟာ စစ်တပ်ပဲ (ရုပ်/သံ)

မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာဟာ စစ်တပ်ပဲ (ရုပ်/သံ)

၂၀၂၁ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့တွင် တွေ့ရသည် စားသောက်ကုန်နှင့် လူသူကုန်းရောင်းသည့် ကုန်စုံဆိုင်တဆိုင် / ဧရာဝတီ

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved