၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ တရုတ်နိုင် ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း အတိုက်အခံအားလုံးနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်း ထားပါတယ်။
တရုတ်နဲ့ အာဆီယံက နိုင်ငံရေးအရ ဆွေးနွေးကြဖို့ တိုက်တွန်းနေပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေရဲ့ အ ဓိကပြဿနာဟာ စစ်တပ်ကြောင့်ဖြစ်ပြီး၊ စစ်တပ်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ် နှောင့်နှေးကျန့်ကြာအောင် လုပ်ဆောင်နေတယ် လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။
လက်ရှိမှာလည်း စစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက် ရရှိနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပါတီတွင်းက လူအချို့ကို စည်းရုံးပြီး သွေးခွဲသပ်လျိုမှုတွေ လုပ်ဆောင်နေတယ်လို့ NLD က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိပ်ပိုင်း ခေါင်းဆောင် တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလအတွင်းက စစ်ကောင်စီနဲ့ လူပုဂ္ဂိုလ်အချို့ ပူးပေါင်းပြီး စု၊ ရွေး၊ လွှတ် မူဝါဒကို အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို၊ ဇူလိုင်လ (၇) ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည် တော် အချုပ်ထောင်ကနေ၊ ရန်ကုန်မြို့က အမှတ် (၅၄) နေအိမ်ကို ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။