• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်တပ်နှင့် အလိုတူအလိုပါ ထိုင်း စစ်တပ်

by Thitinan Pongsudhirak
11 July 2022
in သူ့အတွေး သူ့အမြင်
A A
ထိုင်းနယ်စပ်တွင် မြန်မာ တိုက်လေယာဉ်များက ဗုံးကြဲမှုဖြစ်ပြီးနောက် တာ့ခ်ခရိုင်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် / 3rd Army Area

ထိုင်းနယ်စပ်တွင် မြန်မာ တိုက်လေယာဉ်များက ဗုံးကြဲမှုဖြစ်ပြီးနောက် တာ့ခ်ခရိုင်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် / 3rd Army Area

14k
VIEWS
Share on FacebookShare on Twitter

ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာ MiG-29 ဂျက်တိုက်လေယာဉ်တစင်း မကြာသေးမီက ကျူးကျော် ဝင်ရောက်ခြင်းသည် နှစ်နိုင်ငံလုံးမှ စစ်တပ်များအကြား ရင်းနှီးသော ဆက်ဆံရေးတွင် မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်သည်။

မြန်မာစစ်တပ်သည် လက်တွေ့တွင် ထိုင်းစစ်တပ်ကဲ့သို့ ဖြစ်ချင်နေသည်။ တဘက်တွင်လည်း တော်ဝင်ထိုင်းတပ်မတော်သည်လည်း မြန်မာစစ်တပ်ကဲ့သို့ပင် နိုင်ငံရေး အခန်းကဏ္ဍကို ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ဆောင်ရနိုင်သည်။ ထိုစစ်တပ်နှစ်တပ်သည် တကမ္ဘာလုံးမှ နိုင်ငံတော်များနှင့် လူမှုအဖွဲ့အစည်းများ အားလုံးအတွက် စမ်းသပ်ချက်ဖြစ်သည်။ ထိုနိုင်ငံများတွင် ပြည်သူ့ဆန္ဒနှင့် ပြည်သူ့ အကျိုးစီးပွားကို စနစ်တကျ ခိုးယူဖျက်ဆီးနိုင်ပါက တကမ္ဘာလုံးတွင်လည်း ထိုသို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

MiG-29 ဖြစ်ရပ်မတိုင်မီကပင် ထိုင်း-မြန်မာ ဆက်ဆံရေး၏ အခြေအနေကို လေ့လာခြင်းသည်ပင် မျက်ခုံးပင့်စရာ ဖြစ်သည်။ ထိုင်းစစ်တပ် ထိပ်တန်းအရာရှိများသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် အာဏာသိမ်းခဲ့သောကြောင့် နှစ်နိုင်ငံအကြား စစ်တပ်ချင်း ဆက်ဆံရေးသည် ပိုမိုနီးကပ်လာပြီး အဆင့်မြင့် အရာရှိများ အပြန်အလှန် သွားရောက်လည်ပတ်ခြင်းနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ၊ အဆက်အသွယ်များ ရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကွယ်လွန်သူ ထိုင်းစစ်တပ် အကြီးအကဲဟောင်းနှင့် ဘုရင့်အတိုင်ပင်ခံကောင်စီဝင် ဗိုလ်ချုပ်ကြီး ပရင်မ် တင်ဆူလာနွန်ဒါ၏ မွေးစားသားဖြစ်သည်ဟု ကျော်ကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကွယ်လွန်သူ ထိုင်းစစ်တပ် အကြီးအကဲဟောင်းနှင့် ဘုရင့်အတိုင်ပင်ခံကောင်စီဝင် ဗိုလ်ချုပ်ကြီး ပရင်မ် တင်ဆူလာနွန်ဒါ၏ မွေးစားသားဖြစ်သည်ဟု ကျော်ကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သူအာဏာသိမ်းပြီးသောအခါ ထိုင်းတွင် တော်ဝင် အဆောင်အယောင်များ ရရှိခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာထံ စာတစောင်ရေးသားပြီး မည်သည့်အတွက် အာဏာသိမ်းရသည်ကို ရှင်းပြကာ ထိုင်းအစိုးရ၏ ထောက်ခံမှုကို တောင်းဆိုသည်။

စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နောင်တွင် လမ်းပြမြေပုံတခုကို ထုတ်ဖော်ပြောဆိုလာသည်။ ထိုလမ်းပြမြေပုံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တခုနှင့် လာမည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲဆိုသည့်အရာ ပါဝင်သည်။

ထိုသို့သော စစ်တပ်၏ လုပ်ကြံရေးဆွဲသည့် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအတုသည် လွတ်လပ်မျှတပြီး တရားဝင်မှု ယုံကြည်လက်ခံရမည်ဟု မည်သူမျှ မျှော်လင့်ထားခြင်း မရှိပေ။ သို့သော် ဗြောင်ကျသည့် စစ်အုပ်ချုပ်ရေးကို ဖွဲ့စည်းပုံတခု၊ ရွေးကောက်ပွဲတခုနှင့် အစားထိုးရန် အားထုတ်မှုဖြစ်ကြောင်း သိသာသည်။

မြန်မာစစ်တပ်သည် ထိုင်းစစ်တပ်၏ လုပ်ရပ်အတိုင်း အာဏာသိမ်းယူပြီးနောက် အကန့်အသတ်မရှိ ရာထူးတည်မြဲရေးအတွက် စည်းမျဉ်းများကို လိမ်လည်ချင်ပုံရသည်။

မကြာသေးမီက ရရှိသော အချက်အလက်များသည် ဆိုးရွားလှသည်။ ထိုင်းနယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်များကို MiG-29 ဖြင့် တိုက်ခိုက်မှုမတိုင်မီ တရက်အလိုတွင် ထိုင်းထိပ်တန်း တပ်မှူးတဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သွားရောက်သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ လေတပ်အကြီးအကဲနှင့် ထိုင်းစစ်တပ် ပြောခွင့်ရသူ စသည့် လူများအားလုံးက ထိုဝေဟင်ပိုင်နက် ကျူးကျော်မှုသည် အရေးမကြီးကြောင်း ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ လေတပ်အကြီးအကဲနှင့် ထိုင်းစစ်တပ် ပြောခွင့်ရသူ စသည့် လူများအားလုံးက ထိုဝေဟင်ပိုင်နက် ကျူးကျော်မှုသည် အရေးမကြီးကြောင်း ပြောသည်။

ပွင့်လင်းသည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရှိသည့် စစ်ရေးမဟာမိတ်များအကြား ဖြစ်ပွားခြင်း မဟုတ်လျှင် ထိုသို့သော ဝေဟင်ပိုင်နက် ချိုးဖောက်မှုသည် လေကြောင်းကာကွယ်ရေးစနစ်ကို အချက်ပေးပြီး ကျူးကျော်သူကို မောင်းထုတ် ကြားဖြတ်ရန် အိမ်ရှင်နိုင်ငံက တိုက်လေယာဉ်များ ချက်ခြင်းစေလွှတ်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က မြန်မာစစ်တပ်မှ MiG-29 တိုက်လေယာဉ်တစင်း ထိုင်းလေပိုင်အတွင်း ဝင်လာစဉ်

ဥပမာတခုမှာ ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်လေကြောင်း ကျူးကျော်မှုများကို တားဆီးရန် တိုက်လေယာဉ်များကို မကြာခဏ စေလွှတ်နေရသည်။ သို့သော် ထိုင်းနိုင်ငံတွင်မူ အစိုးရသည် လမ်းချော်ပြီး ထိုဖြစ်ရပ်ကို ခွင့်ပြုသည်။

သေချာသောအချက်မှာ MiG-29 ဖြစ်ရပ်သည် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ အရေးပါသော ဖြစ်ရပ် ဖြစ်သည်။ ပထမအချက်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူများကို ပြည်ပရန်မှ မကာကွယ်နိုင်သလို ကာကွယ်ရန်လည်း ရည်ရွယ်ခြင်း မရှိကြောင်း ပြသနေသည်။

ပြည်သူများအကြား အကြီးအကျယ် ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် ထို ဆိုဗီယက်ခေတ် စတုတ္ထမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်သည် ထိုင်းလေပိုင်နက်အတွင်း ဝင်ထွက်ပြီး သူ၏ပစ်မှတ်များကို ရှာဖွေနေချိန်တွင် မြန်မာနယ်စပ် တာ့ခ်ခရိုင်မှ ကျေးရွာသားများနှင့် ကျောင်းသားငယ်များသည် အသက်လုပြီး ပြေးကြရသည်။

ထိုင်းလေကြောင်း ကာကွယ်ရေးစနစ်နှင့် လေတပ်၏ အသင့်ရှိမှုသည် နှေးကွေးလှသည်။ လေကြောင်း ကျူးကျော်မှုဖြစ်ပြီး အတန်ကြာမှသာ F-16 တိုက်လေယာဉ်များ မြင်ကွင်းအတွင်း ရောက်လာသည်။

ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ရှိမှုကို ရှောင်ရှားနိုင်ခြင်း မရှိပေ။ လွန်ခဲ့သော ၈ နှစ်က အာဏာသိမ်းပြီးနောက် သူ၏ အုပ်ချုပ်ရေးသည် နိုင်ငံကြွယ်ဝ ချမ်းသာရေးနှင့် ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေးထက် လုံခြုံရေးကို ပိုမိုဦးစားပေးသည်။ သူသည် ထိုင်းပြည်သူများကို ပြည်ပအန္တရာယ်မှ အကာအကွယ် မပေးနိုင်ပါက မည်သည့်နေရာတွင် အသုံးကျဦးမည်နည်း။

ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်ခြင်းအပြင် ဒုတိယအချက်မှာ ထိုင်းအစိုးရသည် မြန်မာစစ်တပ်က မြန်မာပြည်သူကို အကြမ်းဖက်ရာတွင် ကြံရာပါလုပ်ခြင်းဖြစ်သည်။

မြန်မာတွင် ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ် ဖြစ်နေသည်ကို လူတိုင်းသိသည်။ ထိုစစ်တွင် အရပ်သားများ ဦးဆောင်သည့် နိုင်ငံတဝှမ်း အုံကြွမှုနှင့် စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာစစ်တပ်နှင့် စစ်ကောင်စီကို ဆန့်ကျင်ပြီး အသက်ကို စတေးနေကြသည်ကို လူတိုင်းသိသည်။

အိမ်နီးချင်းနိုင်ငံမှ အသေအလဲတိုက်ပွဲတွင် ထိုင်းနိုင်ငံက ဘက်မလိုက် ကြားနေလိုလျှင် မိမိတို့သည် မြန်မာစစ်တပ်၏ ထိုးစစ်ကို မည်သည့်ပုံစံနှင့်မျှ ကူညီအားပေးခြင်းလုပ်မနေသင့်ပေ။

အိမ်နီးချင်းနိုင်ငံမှ အသေအလဲတိုက်ပွဲတွင် ထိုင်းနိုင်ငံက ဘက်မလိုက် ကြားနေလိုလျှင် မိမိတို့သည် မြန်မာစစ်တပ်၏ ထိုးစစ်ကို မည်သည့်ပုံစံနှင့်မျှ ကူညီအားပေးခြင်းလုပ်မနေသင့်ပေ။

အတိုက်အခံအုပ်စုတခုကို မြန်မာစစ်တပ်က ထိုင်းပိုင်နက်ကို အသုံးပြု တိုက်ခိုက်ခြင်းအား ခွင့်ပြုခြင်းသည် မည်သို့မျှ ခုခံချေပနိုင်သော ကိစ္စမဟုတ်ဘဲ ထိုင်းနိုင်ငံကို သံတမန် အခက်အခဲ ကျရောက်စေသည်။

တတိယအချက်မှာ လူသားချင်းစာနာမှု အကျိုးဆက်များသည် လွန်စွာကျယ်ပြန့်နေခြင်း ဖြစ်သည်။ ထိုင်းနှင့် မြန်မာအကြား ကီလိုမီတာပေါင်း ၂,၄၀၀ ရှည်လျားပြီး မလုံခြုံသောနယ်စပ်သည် အကြမ်းဖက်မှုနှင့် တိုက်ပွဲများမှ ထွက်ပြေးလာသော မြန်မာပြည်သူများအတွက် နောက်ဆုံး ခိုလှုံရာနေရာ ဖြစ်သည်။

မြန်မာစစ်တပ်သည် ဗုံးကြဲရန်၊ မြေပြင်တိုက်ခိုက်မှုလုပ်ရန် နယ်စပ်မှ ထိုင်းဝေဟင်ပိုင်နက်ကို အသုံးပြုနိုင်ပါက ဆိုးကျိုးများကို ခံစားနေရသည့် အပြစ်မရှိသော အရပ်သားများအတွက် ခိုလှုံစရာ မည်သည့်နေရာမျှ မရှိတော့ပေ။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံမှ ပြည်တွင်း ပဋိပက္ခများအတွက် ဘေးကင်းလုံခြုံ ခိုလှုံရန် နိုင်ငံတခုအဖြစ် ထိုင်းနိုင်ငံသည် နိုင်ငံရေးအရင်းအနှီးနှင့် ကောင်းမွန်သော နိုင်ငံတကာ ဂုဏ်သတင်းကောင်း ရခဲ့သည်။ ထို့ကြောင့် မြန်မာစစ်တပ်နှင် စစ်တပ်ချင်း ဆက်ဆံရေးသည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်းကို ထိခိုက်စေသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံမှ ပြည်တွင်း ပဋိပက္ခများအတွက် ဘေးကင်းလုံခြုံ ခိုလှုံရန် နိုင်ငံတခုအဖြစ် ထိုင်းနိုင်ငံသည် နိုင်ငံရေးအရင်းအနှီးနှင့် ကောင်းမွန်သော နိုင်ငံတကာ ဂုဏ်သတင်းကောင်း ရခဲ့သည်။ ထို့ကြောင့် မြန်မာစစ်တပ်နှင် စစ်တပ်ချင်း ဆက်ဆံရေးသည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်းကို ထိခိုက်စေသည်။

နောက်ဆုံးအချက်မှာ ထိုလေကြောင်း ကျူးကျော်မှုသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေခြင်း ဖြစ်သည်။ မြန်မာစစ်တပ်နှင့် ထိုင်းစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံရေး အကျိုးဆက်ရှိနေခြင်း ဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံပြု မစ္စတာ ပရာယွတ် ဦးဆောင်သည့် ထိုင်းအစိုးရက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ထောက်ခံခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ အရေးယူပိတ်ဆို့မှုများနှင့် လိုလားမှုများ၊ ကြားဝင်စေ့စပ်ပေးခြင်းနှင့် ဆွေးနွေးပွဲမှတဆင့် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် ငြိမ်းချမ်းသော နည်းလမ်းရှာသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အားထုတ်မှုတို့နှင့် ဆန့်ကျင်နေသည်။ ထိုင်းစစ်တပ်အနေဖြင့်လည်း အာဏာရှင် ပိုဆန်လာစေပြီး လူထုရွေးကောက်တင်မြှောက်သော အစိုးရအား ဖယ်ရှားခြင်းသည် အိမ်နီးချင်းမှ စစ်တပ် တခုတည်းသာ မဟုတ်ဟု အကြောင်းပြကောင်းသွားသည်။

သတင်းစကားမှာ ရှင်းလင်းလှသည်။ မြန်မာစစ်ကောင်စီသည် ကောက်ကျစ်သော ဖွဲ့စည်းပုံနှင့် လိမ်လည်သော ရွေးကောက်ပွဲဖြင့် ထိုင်းအစိုးရကဲ့သို့ ဖြစ်လာနိုင်ပါက ထိုင်းမှ ရှေးရိုးဆန်သည့် ထိုင်းစစ်တပ်သည် အာဏာရမည်ဆိုလျှင် ကိုယ့်ပြည်သူ၏ မဲကို ကိုယ်လိမ်လည်လုယူသည့် မြန်မာစစ်တပ်နှင့် ပိုတူလာမည်ဖြစ်သည်။

ထိုစစ်တပ်နှစ်တပ်၏ ဇာတ်လမ်းက ရှည်လျားသော ထိုင်း-မြန်မာနယ်စပ် နှစ်ဘက်လုံးမှ ပြည်သူများသည် တခုတည်းသောအရာအတွက် တိုက်ပွဲဝင်နေကြောင်း ပြသနေသည်။ နိုင်ငံရေး ရလဒ်များကို ကြီးကြပ် ထိန်းချုပ်နေသည့် အာဏာသိမ်းဗိုလ်ချုပ်များကို ဖယ်ရှားခြင်းဖြင့် မိမိတို့၏ နိုင်ငံရေးအနာဂတ်ကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ရေးသာ ဖြစ်သည်။

(Bangkok Post မှ Thitinan Pongsudhirak ၏ Myanmar, Thai militaries in cahoots ကို ဘာသာပြန် ဖော်ပြသည်။ Thitinan Pongsudhirak သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ မဟာဌာန၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျု ဒါရိုက်တာနှင့် ပါမောက္ခဖြစ်သည်။ လန်ဒန် စီးပွားရေးကျောင်းမှ ပါရဂူဘွဲ့ရပြီး အကောင်းဆုံး စာတမ်းဆုကို ၂၀၀၂ ခုနှစ်တွင် ရသည်။ အတွေးအမြင်ဆောင်းပါး များရေးသားရာတွင် အကောင်းဆုံးအဖြစ် အာရှထုတ်ဝေသူများအသင်းက အသိအမှတ်ပြုခံရပြီး သူ၏ အမြင်များ၊ ဆောင်းပါးများကို ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။)

You may also like these stories:

SU-30 ဂျက်တိုက်လေယာဉ် နှစ်စီး စစ်ကောင်စီထံ ရုရှား ပေးပို့ထား

စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သော ထိုင်းအထူးသံတမန်

ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်

စစ်ခေါင်းဆောင်နှင့် ဆွေးနွေးအပြီး မြန်မာတိုက်လေယာဉ်များ ထိုင်းလေပိုင်နက်သို့ ဝင်ရောက်မှုဖြစ်ပွား

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
665
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.9k

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

Your Thoughts …
Tags: MiG 29ဂျက်တိုက်လေယာဉ်စစ်ကောင်စီစစ်အုပ်ချုပ်ရေးထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရွေးကောက်ပွဲ
Thitinan Pongsudhirak

Thitinan Pongsudhirak

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ် / ဧရာဝတီ

ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က

ဘလင်ကန်နှင့် ပရာယွတ်တို့ ဇူလိုင်လ ၁၀ ရက် ဘန်ကောက်တွင် တွေ့ဆုံစဉ် / AFP

စစ်ကောင်စီကို ဖိအား အပြင်းအထန်ပေးမည်ဟု ထိုင်းရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved