လွန်ခဲ့သောလက စင်ကာပူတွင် ကျင်းပသည့် လုံခြုံရေးအရာရှိများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက်ချိုလက်က မြန်မာစစ်ကောင်စီ လာမည့်နှစ်တွင် ကျင်းပမည်ဟု ကတိပြုထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည့် အလားအလာမရှိကြောင်း ပြောသောအခါ နိုင်ငံတကာလေ့လာသူ အများစု ထင်မြင်သည့် အချက်ကို ပြောခဲ့သည်။
“ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို လိမ်လည်ဖို့ အားထုတ်မှုတခုသာ ဖြစ်တယ်” ဟု သူကပြောခဲ့သည်။
မှတ်သားစရာကောင်းသော ခြွင်းချက်မှာ ထိုင်းနိုင်ငံက အသစ်ခန့်ထားလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ပွန်ပီမို ပေါ်လင်း ကန်ချနာလက် ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ပြောကြားရာ၌ ထိုင်းအထူးသံတမန်က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပမည့် ကတိကို အရှိအတိုင်း လက်ခံရမည်ဖြစ်ပြီး စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခြင်း၊ အရေးယူပိတ်ဆို့ခြင်းနှင့် ဝိုင်းကျဉ်ခြင်းတို့သည် အောင်မြင့်သင့်သလောက် မအောင်မြင်သော အခြေအနေသို့ ရောက်နေပြီဟု ပြောခဲ့သည်။
မစ္စ ပွန်ပီမိုသည် သူ့စကားကို သူ အမှန်တကယ် ယုံကြည်သည် သို့မဟုတ် စစ်ကောင်စီကို ညှာတာထောက်ထားခြင်း နားလည်မှု တစုံတရာပေးခြင်းက ရလဒ်များဖြစ်စေနိုင်မည်ဆိုသည့် အယူအဆမှ လာသည်ကို ပြောရန် ခက်ခဲသည်။
မစ္စ ပွန်ပီမိုသည် သူ့စကားကို သူ အမှန်တကယ် ယုံကြည်သည် သို့မဟုတ် စစ်ကောင်စီကို ညှာတာထောက်ထားခြင်း နားလည်မှု တစုံတရာပေးခြင်းက ရလဒ်များဖြစ်စေနိုင်မည်ဆိုသည့် အယူအဆမှ လာသည်ကို ပြောရန် ခက်ခဲသည်။
သို့သော် လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုက အထင်အရှား ပြသနေသောအချက်မှာ ထိုစစ်အာဏာသိမ်းမှု မတိုင်မီက အနောက်နိုင်ငံများမှ ပညာရှင်များ၊ သံတမန်များနှင့် အကူအညီပေးရေး အရာရှိများ အပါအဝင် ပြင်ပမှလူ အများအပြား လုပ်ဆောင်ခဲ့သည့် အပြုသဘော ထိတွေ့ဆက်ဆံမှုမျိုးသည် လွန်စွာ လမ်းလွဲနေသည်ဆိုသည့် အချက်ဖြစ်သည်။
သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့သကဲ့သို့ပင် မြန်မာ ဗိုလ်ချုပ်များသည် ၎င်းတို့ကိုယ်၎င်းတို့မှအပ မည်သူ့စကားကိုမျှ နားမထောင်ကြပေ။ မစ္စ ပွန်ပီမိုသည် ထိုင်းမူဝါဒ ချမှတ်သူများအကြား တွေ့ရများသည့် နောက်ထပ် နားလည်မှု လုံးဝမှားယွင်းခြင်း၏ သားကောင် ဖြစ်နိုင်သည်။
ထိုလုံးဝ မှားယွင်းသော နားလည်မှုမှာ ၎င်းတို့သည် အခြားသူများ မရနိုင်သည့် မြန်မာစစ်တပ်နှင့် အပြုသဘောဆောင်ပြီး ထူးခြားသော ဆက်ဆံရေးရှိသည်၊ ထို့ကြောင့် မြန်မာဗိုလ်ချုပ်များသည် ထိုင်းညီအစ်ကို မောင်နှမများ၏ စကားကို နားထောင်မည်ဟု ထင်နေခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချခြင်း မပြုလျှင် သူတို့စကားကို မြန်မာဗိုလ်ချုပ်များ ပိုမိုနားထောင်မည်ဟု ထင်နေခြင်းဖြစ်သည်။
ပြဿနာ သမိုင်းကြောင်း
သို့သော် မြန်မာဗိုလ်ချုပ်များသည် မစ္စ ပွန်ပီမိုနှင့် အခြားထိုင်းအရပ်ဘက် စစ်ဘက်အရာရှိများ ယုံကြည်နေပုံရသကဲ့သို့ ဆွဲဆောင်စည်းရုံးရန် မလွယ်နိုင်လောက်ပေ။ တရားဝင် အခမ်းအနားများတွင်တွေ့ရသည့် လက်ဆွဲနှုတ်ဆက်ခြင်းများနှင့် အပြုံးများ၏ နောက်ကွယ်တွင် အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော မြန်မာနှင့်ထိုင်းတို့အကြား ရှည်လျားပြီး ပြဿနာရှိသော သမိုင်းကြောင်းရှိနေသည်။
ခေတ်သစ်တွင်ပင် ထိုင်းကလေးများက မြန်မာကျူးကျော်စစ်တပ်သည် မြို့တော်ဟောင်း အယုဒ္ဓယကို ၁၇၆၇ ခုနှစ်တွင် ဖျက်ဆီးခဲ့သည် ဆိုသည့်အချက်ထက် ပိုပြီး များများစားစား မသိကြပေ။
ခေတ်သစ်တွင်ပင် ထိုင်းကလေးများက မြန်မာကျူးကျော်စစ်တပ်သည် မြို့တော်ဟောင်း အယုဒ္ဓယကို ၁၇၆၇ ခုနှစ်တွင် ဖျက်ဆီးခဲ့သည် ဆိုသည့်အချက်ထက် ပိုပြီး များများစားစား မသိကြပေ။
မြန်မာဘက်ကလည်း ထိုင်းတို့ကို မနှစ်မြို့စရာအကြောင်း ရှိနေသည်။ ထိုအကြောင်းမှာ ၁၉၄၉ ခုနှစ်တွင် မော်စီတုံး၏ ကွန်မြူနစ်တပ်များကို ရှုံးနိမ့်ပြီးနောက် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆုတ်ခွာလာသော ကူမင်တန် (KMT) တပ်များကို ၁၉၅၀ ပြည့်နှစ်များက ထောက်ပံ့ရာတွင် ထိုင်းနိုင်ငံက တက်ကြွစွာ ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)၊ ၎င်း၏ထိုင်ဝမ်နှင့် ထိုင်းမဟာမိတ်များသည် လက်နက်နှင့် အခြားလိုအပ်သော ပစ္စည်းများကို ကူမင်တန်တပ် အခြေစိုက်စခန်းများရှိရာ ရှမ်းပြည်နယ်သို့ နယ်စပ်ဖြတ်ကျော် ပေးပို့နေချိန်တွင် မြန်မာစစ်တပ်သည် ထိုမခေါ်ဘဲရောက်လာသော ကျူးကျော်သူများကို တိုက်ခိုက်ခဲ့ရသည်။
ထိုနောက် ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာစစ်တပ်က တောင်ပိုင်း ယနေ့ ကယားပြည်နယ်ဘက်သို့ တက်လာသော ကူမင်တန်များကို ပိတ်ဆို့ရန် ကြိုးစားပြီး မြန်မာလေယာဉ်တစီးသည် ထိုင်းနိုင်ငံထဲသို့ လမ်းချော်ဝင်ရောက်ကာ မယ်ဟောင်ဆောင် ပြည်နယ်အတွင်းမှ ရွာတရွာကို မတော်တဆ ဗုံးကြဲမိသောကြောင့် လူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသောအခါ ထိုင်းတို့၏ အစဉ်အလာအရ မြန်မာအပေါ် စိုးရိမ်ကြောက်လန့်စိတ်သည် ပိုမိုကြီးမားလာသည်။
ထိုင်းမီဒီယာများက အယုဒ္ဓယကို ဖျက်ဆီးမှုကဲ့သို့သော စိုးရိမ်ပူပန်မှုများကို စိတ်ခံစားမှု ပြင်းထန်သည့် သတင်းများကို ဖော်ပြကြပြီး ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ပလက် ဖီဘန်ဆောင်ခရန်က နိုင်ငံလေကြောင်း ပိုင်နက်အတွင်း ဝင်လာသည့် မည်သည့်မြန်မာလေယာဉ်ကိုမဆို ပစ်ချမည်ဟု လူသိရှင်ကြား ခြိမ်းခြောက်ခဲ့သည်။
မွန်နှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များကို ဘန်ကောက်သို့ ဖိတ်ခေါ်ပြီး မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ထိုင်းအဆင့်မြင့် အရာရှိများအကြား လျှို့ဝှက်ညှိနှိုင်းမှုများကို ပထမဆုံးအကြိမ် ပြုလုပ်ကြသည်။
သူသည် မွန်နှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များကို ဘန်ကောက်သို့ ဖိတ်ခေါ်ပြီး မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ထိုင်းအဆင့်မြင့် အရာရှိများအကြား လျှို့ဝှက်ညှိနှိုင်းမှုများကို ပထမဆုံးအကြိမ် ပြုလုပ်ကြသည်။
၁၉၅၄ ခုနှစ် မတ်လတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ မြို့တော်သို့ ရောက်လာကြသည်။ မွန်တို့က မွန်လက်နက်ကိုင်အဖွဲ့အစည်းကို တည်ထောင်သူများအနက် တဦးဖြစ်သော နိုင်ရွှေကျင်နှင့် ထိုင်းရှိ မွန်လူမှုအသိုက်အဝန်းများအကြားတွင် အဆက်အသွယ်ကောင်းသူ မိဟံသာကို စေလွှတ်သည်။
ဝါရင့်ခုခံတိုက်ခိုက်ရေးသမား စောသာဒင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ကိုယ်စားပြုသည်။ ၎င်းတို့သည် ထိုင်းဝန်ကြီးချုပ် ပလက်နှင့် ခေတ္တမျှသာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲများကို တော်ဝင်ထိုင်းလေတပ်မှ လေယာဉ်အုပ်စုမှူး ဆစ်ဒီ စဘက်စီလာနှင့် ထင်ရှားသော ရဲမှူးကြီးတဦး ဖြစ်သည့် ချာရိုအန်တစ် ချာရွန်ဂျမ်ရက်ထရွန်ရမ် တို့နှင့် ပြုလုပ်ခဲ့သည်။ ဆစ်ဒီသည် နောင်တွင် နိုင်ငံရေးသမားဖြစ်လာပြီး ၁၉၈၀ မှ ၁၉၉၀ ပြည့်နှစ်အထိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာကာ ၁၉၉၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်ချိန်အထိ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သည်။
မူဝါဒသစ်
၁၉၅၄ ခုနှစ်တွင် မွန်နှင့် ကရင်သူပုန် ခေါင်းဆောင်များ လျှို့ဝှက်သွားရောက် လည်ပတ်ခြင်းသည် မြန်မာနှင့် ပတ်သက်သည့် ထိုင်းမူဝါဒသစ်၏ နိဒါန်းဖြစ်ပြီး ထိုမူဝါဒသည် မြန်မာတပ်မှူးများအတွက် လွန်စွာစိတ်ပျက်စရာ ဆယ်စုနှစ်များစွာကြာသည့် မူဝါဒဖြစ်သည်။
ထိုင်းနိုင်ငံအတွက် ရာဇဝင် ရန်သူတော်ကြီးနှင့် ၂၄၁၆ ကီလိုမီတာ ရှည်လျားပြီး မလုံခြုံသော နယ်စပ်ကို ကြီးကြပ်ရခြင်းသည် ခက်ခဲကာ အကုန်အကျများသော ကိစ္စဖြစ်နေသည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကြားခံအဖြစ် ထားရန် အားပေးရေးဖြစ်သည်။
ထိုင်းခေါင်းဆောင်များသည် တိုက်ရိုက်ထောက်ပံ့ရန် ကတိမပြုသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များကို နယ်စပ်တလျှောက်တွင် စခန်းများ ထူထောင်ခွင့်ပေးသည်။ ၎င်းတို့၏ မိသားစုများကို ထိုင်းဘက်ခြမ်းရှိ မြို့ရွာများတွင် နေထိုင်ခွင့်ပေးပြီး ထိုင်း လက်နက်ရောင်းချသူများထံမှ လက်နက်နှင့်ခဲယမ်း ဝယ်ယူခွင့်ပေးသည်။
ထိုင်းခေါင်းဆောင်များသည် တိုက်ရိုက်ထောက်ပံ့ရန် ကတိမပြုသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များကို နယ်စပ်တလျှောက်တွင် စခန်းများ ထူထောင်ခွင့်ပေးသည်။ ၎င်းတို့၏ မိသားစုများကို ထိုင်းဘက်ခြမ်းရှိ မြို့ရွာများတွင် နေထိုင်ခွင့်ပေးပြီး ထိုင်း လက်နက်ရောင်းချသူများထံမှ လက်နက်နှင့်ခဲယမ်း ဝယ်ယူခွင့်ပေးသည်။
၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံး စစ်အာဏာသိမ်းမှုဖြစ်ပြီး ဆိုးရွားလှသော မူဝါဒဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးလိုက်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို အင်အားတောင့်တင်းစေခဲ့သည်။

အာဏာရှင်သစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ မြင်မြင်သမျှ အစိုးရကသိမ်းပြီး စစ်တပ်က စီမံသည့် နိုင်ငံပိုင် ကော်ပိုရေးရှင်း ၂၀ သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများကို အလွန် ညံ့ဖျင်းစွာ စီမံသောကြောင့် မြန်မာ့လူသုံးကုန် ထုတ်လုပ်ရေးလုပ်ငန်း ပြိုလဲသွားသည်။
ပြည်ပကုန်သည်များသည် မြန်မာစစ်တပ် ကော်ပိုရေးရှင်းများနှင့် မည်သို့ဆက်ဆံရမည်ကို မသိသလို ထိုကော်ပိုရေးရှင်းများကို ဦးဆောင်သည့် စစ်အရာရှိများသည် စီးပွားရေးအတွေ့အကြုံ အနည်းငယ်သာ ရှိသောကြောင့် တရားဝင် တင်သွင်းမှုလည်း ရပ်ဆိုင်းသွားသည်။
သို့သော် စွန့်စားလုပ်ကိုင်သည့် မှောင်ခိုသမားများသည် ထိုလိုအပ်ချက်ကို မကြာမီ ဖြည့်ဆည်းလိုက်ကြသည်။ ကုန်ပစ္စည်းအများစုကို ထိုင်းနိုင်ငံမှ သွင်းပြီး KNU နှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များသည် နယ်စပ်တလျှောက်တွင် စခန်းများဖွင့်ပြီး ထိုမှောင်ခိုပစ္စည်းများကို အခွန်ကောက်ကြသည်။ အကျိုးစီးပွားချင်း အပြန်အလှန် ဆက်စပ်နေသော ထိုင်းကုန်သည်များနှင့် စစ်အရာရှိများနှင့် အချိတ်အဆက်များ ထူထောင်ကြသည်။
လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်၊ စက်ယန္တရား၊ ရေဒီယို၊ ကက်ဆက်၊ မော်တော်ယာဉ် အပိုပစ္စည်းနှင့် ဆေးဝါးများ ထိုင်းမှ ဝင်လာပြီး ကျွန်းနှင့် သစ်တောထွက် ပစ္စည်းများ၊ တွင်းထွက်များ၊ ကျောက်စိမ်းနှင့် ကျောက်မျက်များ၊ ရှေးဟောင်းပစ္စည်းများနှင့် ဘိန်းတို့သည် ထိုင်းသို့ ပြန်ထွက်သွားသည်။
လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်၊ စက်ယန္တရား၊ ရေဒီယို၊ ကက်ဆက်၊ မော်တော်ယာဉ် အပိုပစ္စည်းနှင့် ဆေးဝါးများ ထိုင်းမှ ဝင်လာပြီး ကျွန်းနှင့် သစ်တောထွက် ပစ္စည်းများ၊ တွင်းထွက်များ၊ ကျောက်စိမ်းနှင့် ကျောက်မျက်များ၊ ရှေးဟောင်းပစ္စည်းများနှင့် ဘိန်းတို့သည် ထိုင်းသို့ ပြန်ထွက်သွားသည်။
ထိုမှောင်ခိုရောင်းဝယ်မှုတန်ဖိုး စုစုပေါင်းကို အသေးစိတ် သုတေသန ပြုလုပ်ထားခြင်း မရှိသော်လည်း ၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များက ထိုင်းစီးပွားရေး လျင်မြန်စွာ တိုးတက်မှုသည် မြန်မာ မှောင်ခိုကုန်သွယ်မှုနှင့် အတော်အတန် ပတ်သက်နေသည်။
မြန်မာအစိုးရသည် နယ်စပ်တလျှောက်မှ ထိုမှောင်ခိုကုန်သွယ်မှုကို မျက်စိမှိတ်ထားရသည်။ မှောင်ခိုပစ္စည်းများကို လက်မခံပါက မည်သည့်ကုန်ပစ္စည်းမျှ မရှိဘဲ နိုင်ငံရေးနှင့် လူမှုမတည်ငြိမ်မှုများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး နေဝင်း စီမံသည့် စီးပွားရေးမူဝါဒများ၏ လွှဲရှောင်မရသော ရလဒ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပိုမိုကောင်းမွန်အဆင့်မြင့်သော လက်နက်များ ဝယ်ယူနိုင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသအများစုကို ထိန်းချုပ်ထားနိုင်ကြသည်။

မြန်မာမှ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ မတိုင်မီက ထိုင်းနိုင်ငံသည် နယ်စပ်တွင် ကြားခံထားသည့် မူဝါဒကို ပြန်လည်သုံးသပ်ခြင်း မရှိပေ။ ဆန္ဒပြသူများသည် စစ်တပ်ကို ဖြုတ်ချနိုင်ခြင်း မရှိသော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်ပစ်ပြီး လွတ်လပ်သော စီးပွားရေး လုပ်ငန်းများကို ခွင့်ပြုစေခဲ့ပြီး ထိုစဉ်က စစ်အုပ်စုဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ တင်းကျပ်သော ကြီးကြပ်မှုအောက်တွင် ခွင့်ပြုခြင်းဖြစ်သည်။
ထိုအရေးတော်ပုံ နောက်ပိုင်းတွင် စစ်အုပ်စုဆန့်ကျင်သူ ထောင်ပေါင်းများစွာသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ခွင့်ပြုသည့် ထိုင်းနယ်စပ်သို့ သွားရောက်ကြသည်။ သို့သော် ထိုစဉ်က ယခင်မရှိဖူးသည့် လွန်စွာ အငြင်းပွားဖွယ်ရာ သဘောတူညီချက်တခုကို မြန်မာစစ်အာဏာပိုင်များနှင့် ထိုစဉ်က ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချိုင်ယုတို့အကြား ချုပ်ဆိုလိုက်သည်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် သူသည် ရန်ကုန်သို့ သွားရောက်ပြီး မြို့တော်ရန်ကုန်နှင့် အခြားမြို့ကြီး မြို့ငယ်များ၏ လမ်းမများတွင် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သောကြောင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ဝိုင်းကျဉ်မှုကို ချိုးဖျက်ပေးလိုက်သည်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် သူသည် ရန်ကုန်သို့ သွားရောက်ပြီး မြို့တော်ရန်ကုန်နှင့် အခြားမြို့ကြီး မြို့ငယ်များ၏ လမ်းမများတွင် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သောကြောင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ဝိုင်းကျဉ်မှုကို ချိုးဖျက်ပေးလိုက်သည်။
အပြန်အလှန်အားဖြင့် ထိုင်းကုမ္ပဏီများသည် အကျိုးအမြတ်များသော သစ်ထုတ်လုပ်ရေး ကန်ထရိုက်များ၊ ငါးဖမ်းခွင့်များနှင့် ဟိုတယ်လုပ်ငန်းများ လုပ်ခွင့်ရကြသည်။ လူသတ်ပွဲကြောင့် ထိုင်းနယ်စပ်သို့ ရောက်လာသည့် ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ပြန်လည်ပို့ဆောင်ပေးရန်လည်း ဗိုလ်ချုပ်ကြီး ချာဗာလစ်က သဘောတူခဲ့သည်။ သို့သော် ထိုသို့ ပြန်လည်ပို့ဆောင်ခြင်းသည် ကာယကံရှင်၏ ဆန္ဒအရ ပို့ဆောင်ပေးခြင်း မဟုတ်သည့်အခါများလည်း ရှိသည်။
တိုက်ရိုက် အချိတ်အဆက်များ
ထိုင်းနှင့်မြန်မာ အကျိုးစီးပွားများအကြား တိုက်ရိုက်အချိတ်အဆက်များ ထူထောင်ပြီးသောအခါ နယ်စပ်တွင် ကြားခံထားရေး မူဝါဒဟောင်းသည် အသုံးမဝင် ဖြစ်လာသည်။ အစိုးရဆန့်ကျင်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နယ်စပ်တွင် လှုပ်ရှားနိုင်သော်လည်း ပိုမိုခက်ခဲလာသည်။
ကရင်၊ ကချင်နှင့် ပအို့ဝ် အပါအဝင် မြန်မာမှ တိုင်းရင်းသားအုပ်စု အများအပြားသည် ထိုင်းစစ်ဘက်၊ အရပ်ဘက် အရာရှိများနှင့် အဆက်အသွယ်များ ရှိနေဆဲ ဖြစ်သောကြောင့် ဘန်ကောက်မှ အာဏာပိုင်များသည် မူဝါဒသစ်များကို အပြည့်အဝ အကောင်အထည်ဖော်ရာတွင် အခက်အခဲဖြစ်နေကြသည်။

ထို့အပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကဲ့သို့သော အဖွဲ့များလည်း ရှိနေသည်။ ထိုအဖွဲ့ကို ထိုင်းက လက်နက်တပ်ဆင်ပေးထားပြီး နယ်စပ် ကြားခံအဖြစ် ဆက်လက် အသုံးပြုနေသော်လည်း အဓိအားဖြင့် တရုတ်၏ မဟာမိတ် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိုင်းနယ်စပ်တွင် စခန်းများ လာရောက်ထူထောင်ပြီး မြန်မာစစ်တပ်ကို ထိန်းချုပ်မည်ကို တားဆီးရန် နယ်စပ်ကြားခံအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။
သို့သော် RCSS နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲငယ်များ တခါတရံ ဖြစ်တတ်သည်။ ထို့အပြင် သေနတ်၊ လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းအချို့သည် ကရင်ပြောက်ကျားများနှင့် ၎င်းတို့နှင်မဟာမိတ် ဖွဲ့ထားသည့် မြို့ပြမှ အစိုးရဆန့်ကျင်သူများထံသို့လည်း ရောက်နေသည်။
မြန်မာစစ်တပ်က ထိုင်းများသည် မရိုးသားဟု မြင်သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ထိုင်းစစ်တပ်ကို မြန်မာစစ်တပ်က အထင်မကြီးကြောင်း မြန်မာစစ်အရာရှိဟောင်းတဦးနှင့် အလွတ်သဘော ဆွေးနွေးသောအခါ သိရသည်။ ထိုင်းစစ်တပ်သည် အားနည်းပြီး တိုက်ပွဲအတွေ့အကြုံမရှိဟု ၎င်းတို့က မြင်သည်။
မြန်မာစစ်တပ်က ထိုင်းများသည် မရိုးသားဟု မြင်သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ထိုင်းစစ်တပ်ကို မြန်မာစစ်တပ်က အထင်မကြီးကြောင်း မြန်မာစစ်အရာရှိဟောင်းတဦးနှင့် အလွတ်သဘော ဆွေးနွေးသောအခါ သိရသည်။ ထိုင်းစစ်တပ်သည် အားနည်းပြီး တိုက်ပွဲအတွေ့အကြုံမရှိဟု ၎င်းတို့က မြင်သည်။
ထို့အပြင် မေ့မထားသင့်သည့် အချက်မှာ မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်များကို လုံးဝမျက်နှာသာပေးသည့် ထိုင်းနယ်စပ်နိုင်ငံရေး ဆယ်စုနှစ်များစွာနှင့် ထိုင်းတို့သည် မြန်မာ့စီးပွားရေး အခက်အခဲများမှ အမြတ်ထုတ်သည်ကို မှတ်သားထားပြီး လျစ်လျူရှု မထားဆိုသည့် အချက်ဖြစ်သည်။
ထိုင်းတို့ကို အသုံးချနိုင်သော်လည်း မယုံကြည်ရဆိုသည့် အချက်မှာ မြန်မာစစ်အရာရှိများအားလုံး ယုံကြည်ထားသည့် အချက်ဖြစ်သည်။ မြန်မာစစ်တပ်သည် ထိုင်းနှင့် လွန်စွာထူးခြားသော ဆက်ဆံရေးရှိသည်ဟု မစ္စ ပွန်ပီမို ယူဆခြင်းသည် မှန်ကောင်းမှန်နိုင်သည်။ သို့သော် သူထင်သလို မဟုတ်ဘဲ နေပြည်တော်မှ ဗိုလ်ချုပ်များကို သဘောကောင်းပြသောကြောင့် အပြန်အလှန်အားဖြင့် သူမျှော်လင့်ထားသည့် ရလဒ်ကို ရမည်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘာတေးလ် လစ်တနာ Bertil Lintner ၏ Thailand’s Special Envoy Risks Becoming a Tool of Myanmar Junta ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ
မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး
အထူးသံတမန် ခန့်ခြင်းဖြင့် မြန်မာအကျပ်အတည်း ထိုင်းကိုင်တွယ်မည်