• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော

by မင်းအောင်ခိုင်
13 July 2020
in သတင်း
A A
ရခိုင်အမျိုးသားပါတီရုံး  / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်အမျိုးသားပါတီရုံး / မင်းအောင်ခိုင် / ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

ရခိုင် အမျိုးသားပါတီ (ANP) မှ နုတ်ထွက်စာ တင်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များကို လာမည့် ၂၀၂၀ ရွေး ကောက်ပွဲကာလအထိ နုတ်ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း ယင်းပါတီမှ နိုင်ငံရေး မူဝါဒ ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦး ထွန်းအောင်ကျော်က ပြောသည်။

၎င်းက “၂၀၂၀ ရွေးကောက်ပွဲပြီးမှသာလျှင် ကျနော်တို့က ဆုံးဖြတ်မယ်။ ပါတီညီလာခံ ဆုံးဖြတ်ချက်အရ နုတ်ထွက်စာ တင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ် သက်တမ်း မကုန်းဆုံးဘဲနဲ့ ကျနော်တို့ မစဉ်းစားဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ANP ပါတီ၏ အလံ၊ တံဆိပ် စသည့် ပါတီ အရှိန်အဝါဖြင့် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အား ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးသွားသည့် အချိန်မှသာလျှင် နုတ်ထွက်ခွင့်ပြုရန် ပါတီ ညီလာခံက ဆုံးဖြတ်ထားကြောင်းလည်း ဦးထွန်းအောင်ကျော်က ဆက်လက် ပြောကြားသည်။

ANP နုတ်ထွက်စာ တင်ထားသူများမှာ ရမ်းဗြဲ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ စစ်တွေ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်၊ ဘူးသီးတောင်မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေတို့ ဖြစ်သည်။

ထို့ပြင် မြောက်ဦး မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် (ကွယ်လွန်)၊ ရသေ့တောင် မဲဆန္ဒ နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ စစ်တွေ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဇောဦး၊ ကျောက်ဖြူမဲ ဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦကျော်လွင်တို့ ဖြစ်ကြောင်း သိ ရသည်။

ANP ပါတီက နုတ်ထွက်ခွင့်တင်ထားသူ ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပါတီကနေ အပြီးအပိုင် နုတ်ထွက်ထားပြီ ဖြစ်သည့်အတွက် ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည် ဖြစ်စေ နုတ်ထွက်ထားပြီး သားဟု မှတ်ယူထားကြောင်း ပြောသည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က “ကျနော်က ပါတီမှာ သဘောထား မတိုက်ဆိုင်လို့ နုတ်ထွက်ထား တာ။ သူတို့ မထုတ်ပယ်ဘူး ဆိုရင်လည်း ကျနော်တို့ကတော့ ထုတ်ပယ်ပြီးသကဲ့သို့ မှတ်ထားတယ်” ဟု ဧရာဝတီသို့ ပြော ဆိုသည်။

ရခိုင်အမျိုးသား ပါတီ၏ မူဝါဒတွင် ပါတီဝင် တဦးအနေဖြင့် လွတ်လပ်စွာ ပါတီဝင်ခွင့် ရှိသလို လွတ်လပ်စွာ နုတ်ထွက်ခွင့် ရှိသည်ဟု ပါရှိသော်လည်း ထိုသို့ နုတ်ထွက်ခွင့် မပြုခြင်းမှာ လာမည့် ရွေးကောက်ပွဲသို့ မဝင်စေချင်၍ ဖြစ်သည်ဟုလည်း နုတ်ထွက်စာ တင်ထားသူ ၎င်းက ဆိုသည်။

ANP ပါတီ နိုင်ငံရေးမူဝါဒ ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းတဦး အနေဖြင့် ပါတီနှစ်ခု ဝင်ထားသူ မဖြစ်ရဟု ပါရှိသည့် အတွက် တခြား ပါတီ တခုမှနေ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဥပဒေပါ အတိုင်း ကန့်ကွက်သွားမည်ဟု ဆိုသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ANP ပါတီမှ ၂၀၁၈ ခုနှစ် ကတည်း က တရားဝင် နုတ်ထွက်ထားပြီး ပါတီတွင်လည်း တာဝန်ထမ်းဆောင်ခြင်း မရှိတော့သည့်အတွက် ကိုယ်စားလှယ်လောင်း တဦး ပါတီနှစ်ခုတွင် ဝင်ထားသူ မဖြစ်ရဆိုသည့် ဥပေဒေပါ အကြောင်းအရာနှင့် ၎င်းတို့ကို ကန့်ကွက်၍ မရဟု ပြောသည်။

၎င်းက “ကျနော်တို့က ပါတီကလည်း တရားဝင် နုတ်ထွက်ထားပြီ။ အဲဒီ ပါတီမှာလည်း လက်ရှိ တာဝန် ထမ်းဆောင်နေတာ မရှိတော့ဘူး။ ကိုယ်စားလှယ် တဦး နှစ်ပါတီဝင် မဖြစ်ရဘူး ဆိုတဲ့ ဥပဒေပါ အကြောင်းအရာနဲ့ ကျနော်တို့ကို ကန့်ကွက်လို့ မရဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ပြီးခဲ့သော ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲတွင် ANP ပါတီ ကိုယ်စားလှယ်လောင်း ဦးလှမြင့်က ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (ALD) ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်အား ANP ပါတီဝင်အနေဖြင့် ရှိနေသေးသည့်အတွက် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဟု ကန့်ကွက်ဖူးသည့် သာဓက ရှိခဲ့သည်။

သို့သော်လည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ မိမိဆန္ဒအလျှောက် နုတ်ထွက်ထားပြီး ဖြစ်သည့်အတွက် ကန့်ကွက် မှုကို ပယ်ချပြီး ရွေးကောက်ပွဲကို ဝင်ခွင့်ပြုသည့် ဖြစ်စဉ်များ ရှိသည့်အတွက် ANP ကန့်ကွက်လာလျှင်လည်း ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဦးကျော်လွင်က ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

လက်ရှိ အချိန်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေမှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီသို့ ဝင် ရောက်ထားသလို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သောင်းရွှေ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦကျော်ဇောဦးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် တို့မှာလည်း ရခိုင့် ဦးဆောင်ပါတီ (AFP) ပါတီသို့ ဝင်ရောက် တာဝန်ထမ်းဆောင်သူများ ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ

ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို

စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ANP လူငယ်တဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: ANP ပါတီကိုယ်စားလှယ်နုတ်ထွက်ရွေးကောက်ပွဲ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးညွန့် / ဧရာဝတီ

ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ကို ဘာကြောင့် ဖျက်သိမ်းလဲ

မင်းသမီး Naya Rivera

မင်းသမီး Naya Rivera ရဲ့ ရုပ်အလောင်းကို ရေကန်ထဲမှ ပြန်ရှာတွေ့

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved