• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

No Vote ကမ်ပိန်း ရိုးသားရဲ့လား

by ဇင်လင်းထက်
31 July 2020
in သတင်း
A A
လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်နေသည့် No Vote Page /  မျိုးမင်းစိုး / ဧရာဝတီ

လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်နေသည့် No Vote Page / မျိုးမင်းစိုး / ဧရာဝတီ

18.8k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၀၀ ခန့်သာ လိုတော့သည့် ကာလတွင် မဲမပေး (No Vote) ဟု လှုံ့ဆော်ပြောဆိုမှုများ Facebook လူမှုကွန်ရက်၌ များပြားလာပြီး အပြန်အလှန် ငြင်းခုံမှုများ ပြင်းထန်နေသည်။

No Vote ဟု ဆိုကြသူများက လက်ရှိ အစိုးရ၏ စီမံအုပ်ချုပ်မှုများကို စိတ်ပျက်နေပြီး လက်ရှိ အစိုးရထက် ပိုကောင်းသည့် ပါတီကိုလည်း မတွေ့သဖြင့် မဲမပေးဟု ဆိုရခြင်း ဖြစ်ကြောင်း အကြောင်းပြကြသည်။

No Vote အယူအဆကို ဆန့်ကျင့်သူများကမူ မဲမပေးခြင်းသည် နိုင်ငံသား တာဝန်မကျေခြင်း ဟု အပြစ်ဆိုနေသည်။

မြန်မာနိုင်ငံအတွက် အထွေထွေ ရွေးကောက်ပွဲဆိုသည်မှာ အုပ်ချုပ်သည့် အစိုးရတရပ်ကို လူထု ဆန္ဒမဲရလဒ်ဖြင့် အပြောင်းအလဲ လုပ်နိုင်မည့် အခွင့်အရေးတရပ် ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုအတွက် အရေးပါသော လုပ်ငန်းစဉ်လည်း ဖြစ်သည်။

ယင်းလုပ်ငန်းစဉ်တွင် နိုင်ငံသားတိုင်း ပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲ ရလဒ်၏ တရားဝင်မှုသည် ပိုမို အထမြောက်လာမည် ဖြစ်သည်။

တဦးချင်းအနေနှင့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသော်လည်း အခြားသူများအား မဲမပေးရန် လှုံ့ဆော်နေမှု များသည် ဖြစ်သင့်ပါ၏ လောဟု စဉ်းစားစရာ ရှိသည်။

အခြားတဖက်တွင်လည်း မဲမပေးဘဲ နေမည့်သူများအား ရန်သူသဖွယ် ပြစ်တင် ဝေဖန်နေခြင်းများ ရှိနေပြန်ရာ ထိုသို့ ဝေဖန် ပြစ်တင်မှုများ၏ အပြုသဘောဆောင်မှု ရှိမရှိဆိုသည့် အချက်မှာလည်း ဆန်းစစ်စရာ ဖြစ်လာသည်။

No Vote ဘာလဲ

No Vote ဟု ကြွေးကြော်ကာ ပြောဆိုစည်းရုံးမှုများသည် ဇူလိုင်လ တတိယပတ်တွင် Facebook လှုမှုကွန်ရက်၌ ထင်ထင် ရှားရှား စတွေ့လာရသည်။

ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသည် မဲဆန္ဒရှင်များ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သဖြင့် ရွေးကောက်ပွဲကို မယုံ ကြည်ဟု အကြောင်းပြကာ မဲမပေးဟု ဆိုသူများက ၎င်းတို့၏ ကိုယ်ပိုင် အကောင့်များမှတဆင့် ရွေးကောက်ပွဲ၌ မဲမပေးဟု ပြောဆို စည်းရုံးလာကြခြင်း ဖြစ်သည်။

ယင်းသို့ ပြောဆိုမှုများ များပြားလာပြီးနောက် လာမည့် အထွေထွေ ရွေးကောက်ပွဲ၌ No Vote လုပ်ရန် သဘောထားရှိသူ များက Facebook တွင် No Vote Group ဖွင့်လိုက်ပြီး Page တခုလည်း ထောင်လိုက်သည်။ Page အမည်မှာ No Vote 2020 ဖြစ်သည်။

လက်ရှိ အခြေအနေအရ Page ကို like လုပ်ထားသူမှာ လူ ၂၀၀ ကျော်သာ ရှိပြီး Group ထဲဝင်ထားသူမှာလည်း လူ ၁၅၀ ခန့်သာ ရှိသေးရာ No Vote ဟု ရပ်တည် ပြောဆိုသူ နည်းပါးသေးသည်ဟု ဆိုရနိုင်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သည့် ဦးသီဟသွေးကမူ No Vote ဟု ပြောဆိုလှုပ်ရှားသူများကို လေ့လာကြည့်ပါက အုပ်စု ၂ စု ရှိနေသည်ကို တွေ့ရကြောင်း ဆိုသည်။

NLD ပါတီကို တချိန်က ထောက်ခံခဲ့သော်လည်း အစိုးရ ဖြစ်လာပြီးနောက် NLD ကို စိတ်ပျက်သွားသူများက ပြောဆိုနေကြ သည်လည်း ရှိသကဲ့သို့ NLD ပါတီ မဲကွဲရန် ရည်ရွယ်ကာ နိုင်ငံရေးပါတီ တချို့က No Vote လှုပ်ရှားမှုကို အသုံးချသည်များ လည်း ရှိနေကြောင်း ၎င်းက ပြောသည်။

“တချိန်က NLD ကို ထောက်ခံတဲ့သူ အများစုပေါ့။ ဒါက စိတ်ပျက်လို့ NLD ကို ဖိအားပေးတဲ့ သဘောပဲ။ အဲဒီအချိန်မှာ တခြား ပါတီကလည်း ဒါကို အကွက်ပေါ့။ NLD မဲကို လျော့နိုင်တဲ့ နည်းလမ်းတခုပဲ ဆိုတော့ ဒါကို အသုံးချနေတဲ့ သဘော လည်း တွေ့ရတာပေါ့” ဟု ဦးသီဟသွေးက ဆိုသည်။

တကယ်တမ်းအားဖြင့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ ယှဉ်ပြိုင်ခွင့် ရှိသည့် အခင်းအကျင်း မဟုတ်ပေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ခံ မဟုတ်သော တပ်မတော်သားများက လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို အလိုအလျှောက် ရရှိနေပြီး နိုင်ငံရေးပါတီများ အတွက်မူ ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်းအတွက်သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် အခြေအနေ ဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် လည်း NLD သာ အများအပြား အနိုင်ရနိုင်သည်ဟု ခန့်မှန်း သုံးသပ်မှုများရှိနေရာ NLD ကို စိတ်ပျက်နေသူများသာ မဲမပေး တော့ပါက NLD အတွက် မဲလျော့နိုင်ခြေ ရှိသည်။

NLD မဟုတ်သော နိုင်ငံရေး ပါတီအချို့ ပါဝင် ပတ်သက်နေသည့် No Vote လှုံ့ဆော်မှုများသည် အဆိုပါ အယူအဆအပေါ် အခြေတည်ကာ ဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူ အချို့က ယုံကြည်နေကြသည်။

NLD ပါတီ ထောက်ခံသူများကလည်း ယင်းအချက်ကို တွေးမိပုံရသည်။ ထို့ကြောင့်ပင် No Vote လှုပ်ရှားသူများအား ရန်သူ သဖွယ် ပြင်းပြင်းထန်ထန် ဝေဖန်နေသူအချို့ကို Facebook လူမှုကွန်ရက်တွင် မြင်နေရသည်။

NLD ဗဟိုသုတေသန လုပ်ငန်းအဖွဲ့၏ တချိန်က အတွင်းရေးမှူး ဖြစ်ခဲ့သူ ဦးမျိုးရန်နောင်သိမ်းသည်ပင် “မဲမပေးဖို့ လှုံ့ဆော် နေသူများကို ဆန့်ကျင်ကြပါ၊ ချေမှုန်းကြပါ” ဟု ၎င်း၏ Facebook အကောင့်တွင် ဇူလိုင်လ ၂၅ ရက်က ရေးသားထား သည်။

မဲမပေးရန် လှုံ့ဆော်နေသူများသည် “မစားရတဲ့ အမဲသဲနှင့် ပက်ချင်သူ”၊ “စိတ်ဓာတ်နိမ့်ကျနေသူ” ၊ “ပြည်သူ့အန္တရာယ်များ” ဖြစ်သည်ဟု ၎င်းက သုံးနှုန်း ဝေဖန်ထားသည်။

No Vote ဂရုထူထောင်ထားသူများကမူ ၎င်းတို့ လူမှုကွန်ရက်တွင် Group ဖွဲ့ရခြင်းသည် မဲမပေးရန် လှုံဆော်နေခြင်း မဟုတ်ဘဲ တဦးတယောက်ချင်း သဘောထားအရ မဲမပေးချင်သူများ အားလုံးကို တစုတစည်းတည်း ဖြစ်ရန် ရည်ရွယ်ကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ထားသည်။

သေချာသည့် အချက်မှာ အပြန်အလှန် ပြစ်တင် ငြင်းခုံမှုများက အတောမသပ်သွားဘဲ Facebook လှုမှုကွန်ရက်တွင် ဆက်လက် ရှိနေဆဲဖြစ်သည်။

No Vote လုပ်သင့်/ မလုပ်သင့်

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင် ဒါရိုက် တာ ကိုစိုင်းရဲကျော်စွာမြင့် ကမူ မဲမပေးဟု ပြောဆိုနေမှုများ အပေါ် နိုင်ငံရေးပါတီတခု ရှုံးနိမ့်ရန် လုပ်ဆောင်နေခြင်းဆို သည်ထက် ပိုမိုကျယ်ပြန့်သော ပြဿနာ အဖြစ် ရှုမြင်နေသည်။

“လက်ရှိ ရှိနေတဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ သူတို့ လိုလားချက်တွေကို မဖြည့်ပေးနိုင်ဘူးလို့ ယုံကြည်လို့ ဖြစ်လာတာလည်း ဖြစ် နိုင်တယ်။ ဒါဟာ စနစ်ကို မထောက်ခံတာ လက်ရှိ စနစ်ကို ဆန့်ကျင်တဲ့ သဘောလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဟု ပြောဆိုနေခြင်းသည် ပြောဆိုခွင့်ရှိပြီး မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ရှင်းပြသည်။

ထို့ကြောင့် မဲမပေးဟု ပြောဆိုသူများကို ရန်သူသဖွယ် သဘောထားကာ ချေမှုန်းပစ်ဟု ပြောဆိုနေမှုများသည် အစွန်း ရောက်လွန်းသည်ဟု ၎င်းက ဝေဖန်သည်။

“ချေမှုန်းပစ် ဆိုတာမျိုးကတော့ ကျနော်တော့ လက်မခံဘူး။ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်တယ် ဆိုတာက အမျိုးမျိုးလုပ်လို့ ရတာပဲ” ဟု ကိုစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း မဲပေးခွင့်ရရေး ဆိုသည်မှာ အလွယ်တကူ ရရှိလာသည့် အခြေအနေ မဟုတ်သဖြင့် မဲမပေး ရ ဟု ပြောဆိုနေမှုများအပေါ် သဘာမတူသူများလည်း ရှိသည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က “ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်အရ ပြောရရင် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်း ကပဲ ဖြစ်ဖြစ် မဲမပေးရဘူးလို့ ပြောတာကို သဘောမတူဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “လူတိုင်း မဲပေးခွင့်ရအောင်ဆိုတာက ကမ္ဘာ့သမိုင်းမှာ တောက်လျှောက် တိုက်ပွဲဝင်ပြီးမှ ရလာတဲ့ အခွင့်အရေး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့ အတွက် မဲပေးဖို့က ပိုအရေးကြီးတယ်လို့ မြင်တယ်” ဟု ပြောဆိုသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ နိုင်ငံရေးမှတဆင့် မျှော်မှန်းချက်များ မရနိုင်သောကြောင့် ရွေးကောက်ပွဲတွင် မဲမပေးဟု ပြောဆိုနေမှုများ အပေါ်လည်း လက်မခံကြောင်း ဦးရဲထွဋ်က ဆိုသည်။

“စနစ်ကို မယုံဘူး ဆိုတာက မဲဆန္ဒရှင်အများစုက ပြောရင်တော့ ဟုတ်တာပေါ့။ အနည်းစုကပဲ မပေးရင်တော့ ဘာမှမထူး ဘူးပေါ့။ No Vote ဆိုတာက နိုင်ငံရေးစနစ် တခုကို လက်မခံနိုင်လို့ ပစ်ပယ်တယ်ဆိုတဲ့ အပြောမျိုးက တပါတီစနစ်မှာ ဆို ရင်တော့ ဟုတ်တာပေါ့။ အခုလို ပါတီစုံ စနစ်မှာတော့ No Vote လုပ်မယ့်အစား ကိုယ့်ရဲ့ဆန္ဒကို ဖော်ပြနိုင်မယ့် ပါတီတွေ ကို ရွေးချယ်တာက ပိုအကျိုးရှိမယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လှုံ့ဆော်မှု ဥပဒေနှင့် ငြိနေသည်

ဥပဒေ ကျွမ်းကျင်သူများ၏ ရှုထောင့်အရ မဲမပေးဟု တဦးတယောက်ခြင်းအားဖြင့် ပြောဆိုခွင့် လုပ်ဆောင်ခွင့် ရှိနေသည်။

သို့သော် လူများအား ရွေးကောက်ပွဲတွင် မဲမပေးကြရန် လှုံ့ဆော်ပြောဆိုမှုများသည်ကား ဥပဒေကြောင်းအရ ငြိစွန်းနိုင် ကြောင်း ဥပဒေ ကျွမ်းကျင်သူများက ထောက်ပြသည်။

ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က “နိုင်ငံသား တဦးဟာ သူမဲပေးတာကို သူ စွန့်လွှတ်ပိုင်ခွင့် ရှိတယ်။ သို့သော် သူ့ အတွက်ပဲ။ တခြားသူ တဦးကို စည်းရုံးတာတို့ တိုက်တွန်းတာတို့၊ အတင်းအကြပ် ပြုတာတို့၊ အနိုင်အထက် ပြုတာတို့၊ သြဇာလွှမ်းမိုးတာ တို့လုပ်ရင်တော့ ရွေးကောက်ပွဲ ဥပဒေအရ ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ်ချမှတ်လို့ရတဲ့ ပြစ်ဒဏ်မျိုး ဖြစ် သွားမယ်” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

No Vote လှုပ်ရှားသူများကမူ လက်ရှိ အာဏာရပါတီ NLD သည်ပင်၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးကြရန် စည်းရုံး လှုံ့ ဆော်မှုများ ရှိခဲ့ကြောင်း၊ ထိုစဉ်က NLD ကို ရွေးကောက်ပွဲ ကော်မရှင်က အရေးယူမှု မရှိခဲ့ကြောင်း စောဒကတက်ကြ သည်။

ဦးခင်မောင်မြင့်က NLD လှုပ်ရှားခဲ့သည့် No Vote လှုပ်ရှားမှုနှင့် လက်ရှိဆောင်ရွက်နေသည့် No Vote ပြောဆိုမှုသည် ရည်ရွယ်ချက်ခြင်း မတူကြောင်း ပြောသည်။

NLD ၏ လှုပ်ရှားမှုသည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေစဉ်တွင် လူထုဆန္ဒမပါဘဲ အတည်ပြုလိုက်သည့် အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာသော ရွေးကောက်ပွဲ၏ တရား မမျှတမှုကို ကန့်ကွက်သည့် သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးခင်မောင်မြင့်က “အခု လှုပ်ရှားမှုက NLD အစိုးရ မဖွဲ့နိုင်ရေး ဆိုတဲ့ မရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာ တွေ့ရတယ်။ နိုင်ငံရေး လှုပ်ရှားမှု တခုလုပ်တယ် ဆိုတာက နိုင်ငံနဲ့ ပြည်သူအတွက် အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်တခု ရှိရတယ်။ အခုက အဲဒါမျိုး မတွေ့ရဘူး” ဟု မှတ်ချက်ပေးသည်။

No Vote လှုပ်ရှားသူများအနေနှင့်လည်း ၎င်းတို့၏ လှုပ်ရှားမှုအပေါ် ပြန်လည် ဆန်းစစ်သင့်သည်ဟု၎င်းက ဝေဖန် ပြော ကြားသည်။

မဲမပေးရင် ဘာဖြစ်မလဲ

ရွေးကောက်ပွဲမှ တဆင့် တက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို အားမရသောကြောင့် စိတ်ပျက်ပြီး မဲမပေးဟု ဆိုသူများအား မဲပေးကြရန် တိုက်တွန်းနားချ နေသူများလည်းရှိသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းလည်း ဖြစ် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးကိုကိုကြီးကမူ နိုင်ငံသားတိုင်းမဲ ပေးခွင့်သည် အလွယ်တကူရရှိလာသော အခွင့်အရေးမဟုတ်ဘဲ အသက်၊ ဘဝများစွာ ရင်းနှီးပြီးမှ ရရှိလာသော အခွင့်အရေးဖြစ်ကြောင်း ပြောသည်။

ထိုသို့ ခက်ခက်ခဲခဲ ရင်းနှင်းပြီးမှ ရရှိလာသော အခွင့်အရေးကို ငြင်းပယ်သည်ဟု ပြောဆိုနေခြင်းအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

“မဲပေးလည်း မထူးပါဘူးကွာဆိုပြီးတော့ ကိုယ့်ထမင်း ကိုယ်ရှာစားရတာ။ ဘာမှလည်း ထူးမှာ မဟုတ်ဘူးဆိုပြီးတော့ အဲဒါက ကျနော်တို့ အင်မတန် စိတ်ထိခိုက်ဖို့ကောင်းတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

ထို့ကြောင့် မဲမပေးဟု ဆိုနေသူများ မဲရုံသွား၍ မိမိနှစ်သက်ရာ ပါတီ တခုခုကို မဲပေးသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဦးမြအေးကလည်း မဲမပေးဟု ပြောဆိုနေမှုများ အပေါ်ယခုကဲ့သို့ ၂ ပိုင်းခွဲခြား၍ သုံးသပ်ပြသည်။

“မဲပေးနဲ့ဆိုပြီး စိတ်ပျက်အောင် ၊ ညိုးငယ်အောင် လုပ်လာတာတွေ သွားတွေ့တယ်။ တချို့က ရိုးရိုးသားသားလုပ်တယ်။ တချို့က ရိုးရိုးသားသားနဲ့ လုပ်တာမဟုတ်ဘူး။ အာဂျင်တာ ပါလာတာကို တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီ လိုလားသော နိုင်ငံရေးပါတီများသည် လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်းအတွက်သာ ယှဉ်ပြိုင်ခွင့်ရသည့် အခြေအနေဖြစ်ရာ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေပါက ဒီမိုကရေစီလိုလားော နိုင်ငံရေးပါတီများအတွက် ရမည့်မဲများ လျော့ကျသွားနိုင်သည်ဟု ၎င်းက သတိပေးသည်။

“၂၅ ကတော့ ၂၅ အတိုင်းသွားမှာပဲ။ တချို့ူတွေက သူတို့ တည်ဆောက်ထားပြီးသား ပရိတ်သတ်က အခိုင်အမာရှိထားပြီးသား ။ ကိုယ့်ဆီက မဲမပေးတဲ့လူက ကိုယ့်ထဲကပဲ ပဲ့သွားမှာ ။ ဒါကိုတော့ မြင်တတ်ဖို့လိုလိမ့်မယ်။ ငါတို့ကတော့ကွာ ဘယ်ကောင်မှ မကြိုက်လို့ မဲမပေးဘူးဆိုရင် ကိုယ်မကြိုက်တဲ့ ဟာထက် ပိုဆိုးတဲ့အခြေအနေ တရပ်ရောက်သွားရင် ဘယ့်နှယ်လုပ်မတုန်း” ဟု ဦးမြအေးက ထောက်ပြဝေဖန်သည်။

မြန်မာနိုင်ငံသည် တပါတီအာဏာရှင်စနစ်မှ၊ စစ်အာဏာရှင်စနစ် ယင်းနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် ပန်းတိုင်သို့ မရောက်မီတွင် မဲမပေးဟု ဆိုသူများ ၏ လှုံ့ဆော်မှုနှင့် ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မဲ့မူများကြောင့် မဲမပေးကြဘဲနေပါက ရွေးကောက်ပွဲအနှစ်သာရဖြင့် အဓိပ္ပာယ်ရှိမည့် မြန်မာနိုင်ငံ၏ ပန်းတိုင်သည် အလှမ်းဝေးနိုင်သည်ဖြစ်ရာ ဦးမြအေးထောက်ပြသည့် အချက်သည်လည်း စဉ်းစားသင့်သော အကြောင်းအချက်တခုပင် ဖြစ်သည်။
သတိထား စောင့်ကြည့်ရန် လိုသည်

လက်ရှိတွင် မဲမပေးဟု ပြောဆိုနေမှုများသည် Facebook လူမှုကွန်ရက်တွင်သာ အငြင်းအခုံ ဖြစ်နေကြခြင်း ဖြစ်သည်။

တခု စဉ်းစားစရာ ရှိသည်က Facebook ဆိုသည်မှာ မည်သည့် အကြောင်းအရာ ဖြစ်စေ လူများများထံ အချိန်တိုတွင်း ရောက်ရှိနိုင်ရန်နှင့် လူအများ စိတ်ဝင်စားရန် အကြောင်းအရာကို လိုအပ်သလို ပုံဖော်နိုင်သည့် နေရာဖြစ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲတွင် မဲမပေးဆိုသည့် အယူအဆသည် လူများထံ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့သွားပြီး ရွေး ကောက်ပွဲ၌ မဲပေးမည့်သူ အရေအတွက် ကျလာမည့် အခြေအနေလည်း ဖြစ်နိုင်စရာရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်တွင်လည်း လူထု စိတ်ဝင်စားမှု နည်းပြီး မဲပေးသည့် အရေအတွက် ကျခဲ့ သည်။ သမ္မတ ဦးဝင်းမြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် တာမွေ မဲဆန္ဒနယ်တွင်ပင် သမ္မတ မဲလာထည့်သည့် အချိန်သာ လူစည်ကားပြီး သမ္မတပြန်ပြီးနောက်တွင် မဲလာထည့်သူ နည်းပါးခဲ့သည်။

ထိုသို့ မဲပေးမည့်သူ အရေအတွက် လျော့နည်းလာမည်ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အချို့က ပူပန်နေကြ သည်။

ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က “မဲပေးမှုနည်းတယ် ဆိုတာ က ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို တိုင်းတာတဲ့ ကိစ္စပဲလေ။ မဲပေးနိုင်တဲ့သူ သန်း ၄၀ မှာ မဲလာပေးတဲ့သူက ၁ သန်း လောက်ပဲဆိုရင် အဲဒီရွေးကောက်ပွဲရဲ့ အနှစ်သာရက မပြည့်ဝဘူး။ ရွေးကောက်ပွဲ ရလဒ်ရဲ့ တရားဝင်မှုကို တိုက်ရိုက် ထိ ခိုက်တယ်” ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံရေး ခေါင်းဆောင်များအနေနှင့် No Vote လုပ်ဆောင်နေမှုများကို လစ်လျူမရှုသင့်ဘဲ မည်သည့် အကြောင်းကြောင့် မဲမပေးချင်ရသည်ကို စူးစမ်းကာ No Vote လုပ်ဆောင်နေသူများ၏ မျှော်လင့်ချက်ကို နားလည်ရန် အားထုတ်သင့်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသီဟသွေးကမူ No Vote လှုပ်ရှားမှုသည် အရှိန်မကျဘဲ စက်တင်ဘာလ အထိ လူမှုကွန် ရက်တွင် ကျယ်ပြန့်လာပါက ရွေးကောက်ပွဲအပေါ်တွင် သက်ရောက်မှု ရှိနိုင်သည်ဟု ဆိုသည်။

“ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က ကိုင်တွယ်ရာမှာ ပါးပါးနပ်နပ် သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ဖို့ လိုတယ်။ လူတဦးချင်း စီရဲ့ အခွင့်အရေးကို ခြောက်လှန့်သလို တားဆီးသလို မဖြစ်ဖို့ လိုသလို ဒါကြီးက လှုံ့ဆော်ပြီး လူအများကြီးပါလာအောင် ကမ်ပိန်းသဘောမျိုး ဖြစ်လာရင်တော့ တနည်းနည်းနဲ့ တားရတော့မှာပေါ့” ဟု ၎င်းက သုံးသပ်သည်။

လူမှုကွန်ရက်တွင် လူပြောများသော အကြောင်းအရာ၏ သဘောသဘာဝ အရ လူစိတ်ဝင်စားမှု မြင့်ပြီးနောက်တွင် ပြန်ကျ တတ်သည့် သဘောရှိသည်။

ထို့ကြောင့် No Vote ကိစ္စသည်လည်း မည်မျှ ပြောဆိုကျယ်ပြန့်လာပြီး ရွေးကောက်ပွဲကို မည်ကဲ့သို့ သက်ရောက်လာမည် ဆိုသည်မှာ လက်ရှိ အခြေအနေအရ အသေအချာ ပြောဆိုရန် စောနေသေးကြောင်း ဦးသီဟသွေးက ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

No Vote ပြောဆိုနေမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က တစုံတရာ တရားဝင် ပြောကြားခြင်း မရှိသေး သ ကဲ့သို့ အာဏာရ NLD ပါတီကလည်း တရားဝင် ထုတ်ဖော်ပြောကြားမှု မရှိသေးပေ။

သို့သော်လည်း ဖြစ်နိုင်ခြေ ရှိသည့်အချက်မှာ အွန်လိုင်းပေါ်က No Vote လှုပ်ရှားမှုသည် ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ပါဝင်ခြင်းဖြင့် ရွေးကောက်ပွဲ၏ တရားဝင်မှု တန်ဖိုးမြင့်တက်လာခြင်းကို တစထက် တစ ခြိမ်းခြောက်လာမည့် သဘောရှိရာ လျှော့မတွက်သင့်ဘဲ သတိထားရမည့် ကိစ္စဟုသာ ဆိုရမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်

NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote

Your Thoughts …
Tags: NLDNo Vote
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ ICJ တရားရုံးတွင် မြင်တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့  /  ICJ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အဖြေတရပ်ထွက်လာဖို့ အစိုးရမျှော်လင့်နေ

KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း  / ဧရာဝတီ

ညီလာခံဖြစ်စေချင်ပါတယ်၊ တက်လည်းတက်မှာပါ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved